သတင်းများ

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် တရုတ်ကကြက်သွန်ဖြူတင်သွင်းမရတော့လို့ စျေးတက်

November 7, 2023

ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၇ (မော်ကွန်း) ရှမ်းမြောက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်ဘက်က ကြက်သွန်ဖြူမဝင်တော့လို့ ပြည်တွင်းစားသုံးနေတဲ့ ကြက်သွန်ဖြူဈေးနှုန်းတွေ မြင့်တက်လာတယ်လို့‌ ကုန်စည်ဒိုင်တွေနဲ့ စားသောက်ကုန်ရောင်းဝယ်သူတွေဆီက သိရပါတယ်။ ကြက်သွန်ဖြူတွေကို ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့က ထွက်ရှိတဲ့အပြင် တရုတ်နိုင်ငံဘက်က တင်သွင်းတဲ့ ကြူကုတ်ကြက်သွန်ဖြူကိုလည်း ပြည်တွင်းမှာ စားသုံးနေကြတာပါ။ တရုတ်ပြည်ဘက်က ဝင်ရောက်လာတဲ့ ကြူကုတ် ကြက်သွန်ဖြူဈေးနှုန်းဟာ တစ်ပိဿာ ၇,၀၀၀ ကျပ် ဝန်းကျင်ရှိရာကနေ ရှမ်းမြောက်တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ တစ်ပိဿာကို ကျပ်တစ်သောင်းခွဲကျော်အထိ ဈေးနှုန်းမြင့်တက်သွားပြီး ဈေးကွက်အတွင်းလည်း ပစ္စည်းပြတ်လပ်နေတယ်လို့ ကြက်သွန်ဖြူ ကုန်သည်တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ပြည်တွင်းထွက်ကြက်သွန်ဖြူလည်း တစ်ပိဿာကို ကျပ်တစ်ထောင်ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ ကြက်သွန်ဖြူဈေးကွက်အတွင်းက သိရပါတယ်။ ဘုရင့်နောင် ကုန်စည်ဒိုင်က ကြက်သွန်ဖြူကုန်သည်တစ်ဦးကတော့“ရှမ်းကြက်သွန်ဖြူတို့ ဗမာကြက်သွန်ဖြူတို့က ဝင်သေးတယ်၊ လက်ကျန်တွေ […]

အပြည့်အစုံဖတ်ရန်

စစ်ရေးတင်းမာနေတဲ့ လောက်ကိုင်မြို့မှာ နေရပ်ပြန်ချင်သူအများအပြားကျန်နေ၊ လမ်းစရိတ်ငါးဆခန့်မြင့်တက်သွား

November 6, 2023

ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၆ (မော်ကွန်း) စစ်ရေးတင်းမာနေတဲ့ လောက်ကိုင်မြို့က နေရပ်ပြန်လိုသူတွေဟာ “ဝ” ဒေသကနေ ပတ်ပြီး ပြန်ရတာကြောင့် ကုန်ကျစရိတ် ငါးဆထိမြင့်တက်သွားတယ်လို့ ဒေသခံတွေနဲ့ နေရပ်ပြန်လာသူတွေက ပြောပါတယ်။ ယခုရက်ပိုင်းအတွင်းမှာ လောက်ကိုင်မြို့ကို မြောက်ပိုင်းညီနောင်တပ်တွေ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့စစ်သတင်း ပေါ်ထွက်နေပြီး မြို့တွင်းမှာအလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ မိမိတို့ရဲ့ ဒေသတွေကို ပြန်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကိုးကန့်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ MNDAA အဖွဲ့ဟာ ကိုးကန့်ဒေသကို ပြန်လည်ထိန်းချုပ်ဖို့ တိုက်ခိုက်နေပြီး လောက်ကိုင်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကိုလည်း ပိတ်ဆို့ထားတာပါ။ လောက်ကိုင်မြို့မှာ လုပ်ကိုင်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း သူတို့ရဲ့အလုပ်တွေကိုပိတ်ပြီး ထွက်ခွာသွားကြသလို အလုပ်သမားတွေနဲ့ နေရပ်ပြန်လိုသူတွေ အများအပြားဟာ ဒီနေ့မနက်ပိုင်းမှာ လောက်ကိုင်ကားဂိတ်မှာ စောင့်ဆိုင်းနေကြတယ်လို့ လောက်ကိုင်မြို့ပေါ်ရောက်ရှိနေတဲ့ အလုပ်သမားတစ်ဦးဖြစ်သူ ကိုဖြိုးက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ကောလင်းမြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီလို့ NUG ထုတ်ပြန်

November 6, 2023

ကောလင်း-၂၀၂၃ နိုဝင်ဘာ ၆ (မော်ကွန်း) စစ်ကိုင်းတိုင်းမြောက်ပိုင်းက ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းနဲ့ရထားလမ်းဆုံမြို့ ကောလင်းကို လေးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် အလုံးစုံသူတို့ထိန်းချုပ်လိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့လယ်ပိုင်းမှာ ထုတ်ပြန်အသိပေးပါတယ်။ ဒါဟာ အာဏာသိမ်းစစ်ကောင်စီကို အထိနာစေပြီး မြို့လေးမြို့နဲ့ စစ်စခန်းပေါင်းတစ်ရာကျော်အထိ သိမ်းထားနိုင်ပြီဖြစ်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ‘ ၁၀၂၇ စစ်ဆင်ရေး’ ကို ထောက်ခံပြီး ဟန်ချက်ညီစစ်ဆင်ရေးတွေ ဖော်ဆောင်မယ်လို့ NUG က ကြွေးကျော်ပြီးနောက် ၁၀ ရက်အကြာမှာ ခရိုင်မြို့ကြီးတစ်မြို့ကို ပထမဆုံးအကြိမ် သိမ်းလိုက်နိုင်တာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက ကားလမ်း၊ရထားလမ်းဆုံမြိုဖြစ်တဲ့ ဒီမြို့ကို သိမ်းဖို့ အမှတ်(၁)စစ်ဒေသ၊ ကောလင်းခရိုင် ကွပ်ကဲရေး အစီအစဉ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ […]

အပြည့်အစုံဖတ်ရန်

TNLA က အာဏာသိမ်းစစ်တပ်ရဲ့ စခန်းငါးခုကို တိုက်ခိုက်သိမ်းပိုက်ကြောင်းကြေညာ

November 4, 2023

ရှမ်းမြောက် – ၂၀၂၃ နိုဝင်ဘာ ၄ (မော်ကွန်း) တအောင်းတပ်ဖွဲ့ (TNLA ) ဟာ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းငါးခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့ တိုက်ပွဲသတင်းအနှစ်ချုပ်အနေနဲ့ ကြေညာပါတယ်။ လားရှိုးမြို့၊ TNLA တပ်မဟာ (၆) ဒေသက ဂျာယန်ပြည်သူ့စစ်စခန်းကို ဒီကနေ့နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ရာမှာ ပြည်သူ့စစ် ၃၈ ဦးနဲ့အတူ လက်နက်မျိုးစုံ ၇၈ လက်နဲ့ခဲယမ်းတွေအပါအဝင် ရာဘမူးယစ်ဆေးဝါး အထုတ်ကြီး ၃၉ ထုတ်ကျော်ကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ ဂျာယန်ပြည်သူ့စစ်စခန်းက တာဝန်ရှိသူ လေးဦးကို ဆက်လက်ဖမ်းဆီးထားပြီး ကျန်တဲ့ တပ်ဖွဲ့ဝင် ၃၄ ‌ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ တပ်မဟာ (၆) ဒေသမှာပဲ လားရှိုးမြို့နယ်၊ မိုင်းယန်းပြည်သူ့စစ်စခန်းကိုလည်း ဒီကနေ့နံနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ […]

အပြည့်အစုံဖတ်ရန်

ရှမ်းမြောက် မြို့ငါးမြို့က ရွေ့ပြောင်းလုပ်သားတွေ မိသားစုဝင်တွေနဲ့အဆက်သွယ်ပြတ်နေ

November 4, 2023

ရှမ်းမြောက် – ၂၀၂၃ နိုဝင်ဘာ ၄ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တွေ အာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ သီတင်းတစ်ပတ်ကျော်ကြာပြီးနောက် မြို့ငါးမြို့မှာ ဖုန်းလိုင်းတွေပြတ်တောက်နေတာကြောင့် ရွေ့ပြောင်းလုပ်သားတွေရဲ့မိသားစုဝင်တွေနဲ့အဆက်အသွယ် ပြတ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ ကွမ်းလုံမြို့တွေမှာ မနေ့ကစတင်ပြီး ဆက်သွယ်ရေးဖုန်းလိုင်းတွေပြတ်တောက်နေပြီး လောက်ကိုင်မှာတော့ ဖုန်းလိုင်းပြတ်တောက်နေတာ ငါးရက်ခန့်ရှိပြီလို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဆက်သွယ်ရေးဖုန်းလိုင်းပြတ်တောက်နေတာကြောင့် မူဆယ်နဲ့လောက်ကိုင်မြို့တွေကို လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ရပ်ဝေးကအလုပ်သမားတွေဟာ မိသားစုဝင်တွေနဲ့ အဆက်သွယ်ပြတ်နေပါတယ်။ “အိမ်ပြန်မလာတာ သုံးနှစ်ရှိပြီ၊ မူဆယ်ကဟိုတယ်မှာလုပ်နေတာ၊ ဒီနှစ်သီတင်းကျွတ်ပြန်လာမယ်ဆိုပြီးခွင့်မရလို့မလာရဘူး၊ အခုတော့တိုက်ပွဲတွေဖြစ်ကုန်ပြီ၊ လစာလည်းတစ်လစာမရသေးဘူးပြောတယ်၊ ခုအဆက်သွယ်ပါပြတ်သွားပြီ၊ ဘယ်လိုဖြစ်မလဲမသိတော့ဘူး”လို့ မိုးကုတ်မြို့ကနေ မူဆယ်မြို့ကို သွားရောက် အလုပ်လုပ်ကိုင်နေသူတစ်ဦးရဲ့မိခင်ကပြောပါတယ်။ သမီးဖြစ်သူနဲ့ အဆက်သွယ် ပြတ်တောက်သွားတာကြောင့် စိတ်ပူနေပြီး အဆက်သွယ်ပြန်ရဖို့စောင့်နေတယ်လို့ အဆိုပါမိခင်က ပြောပါတယ်။ “တစ်ချက်တစ်ချက်တော့ Ooredoo က မက်ဆေ့ချ်ပို့ရတယ်ပြောတယ်၊ ကိုယ်လည်းအဲ့မှာအသိရှိတယ်၊ဆက်သွယ်လို့မရဘူ၊ […]

အပြည့်အစုံဖတ်ရန်

‘၁၀၂၇ စစ်ဆင်ရေး’ တစ်ပတ်ကျော်ကြာတဲ့ထိ စစ်ကောင်စီစခန်းတွေကို ဆက်လက်သိမ်းပိုက်နေ

November 4, 2023

ရန်ကုန်-၂၀၂၃ နိုဝင်ဘာ-၃(မော်ကွန်း) ‘၁၀၂၇ စစ်ဆင်ရေး’ ရဲ့ စစ်ရေးပစ်မှတ်တွေကို အပြင်းအထန် ဆက်လက်တိုက်ခိုက်နေပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ စခန်းတွေကို သူတို့ ဆက်သိမ်းနေတယ်လို့ ထိုးစစ်စတင်မှု ရှစ်ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ညနေပိုင်းမှာ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းကတည်းက စစ်ကောင်စီပစ်မှတ်တွေကို ထိုးစစ်ဆက်လက်ဆင်နွှဲနေပြီး တအာင်းဒေသနဲ့ ကိုးကန့် အထူးဒေသ(၁)ဘက်မှာ တိုက်ပွဲတွေ ပိုမိုဖော်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီနေ့မှာ နမ့်ခမ်းနဲ့မန့်ဝိန်းကြီးကြား ဆက်သွယ်ထားတဲ့ ရွှေလီမြစ်ကူးကြိုးတံတားက စစ်ကောင်စီစခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့သလို မန်တုံရဲစခန်း၊ မန်တုံမြို့ရှိစစ်ကောင်စီနဲ့ ပြည်သူစစ်ပူးပေါင်းစခန်းတွေကိုလည်း အပြီးသတ်ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် မိုးမိတ်မြို့နယ်က စစ်ကောင်စီရဲ့ ‘ကွန်ခါတပ်စခန်း’ကိုလည်း တိုက်ခိုက်ချေမှုန်းခဲ့သလို စစ်ကောင်စီဘက်ကလည်း လေယာဉ်တွေသုံးပြီး ဗုံးကျဲတာတွေနဲ့ တုန့်ပြန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တိုက်ပွဲတွေအတွင်း ဖမ်းဆီးမိသူတွေကို စောင့်ရှောက်ထားသလို ဆန္ဒအရ […]

အပြည့်အစုံဖတ်ရန်

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် တရုတ်ကိုဖရဲသီးမတင်ပို့နိုင်လို့ တောင်သူတွေအရှုံးပေါ်

November 4, 2023

ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၃ (မော်ကွန်း) ဖရဲသီးပေါ်တဲ့ရာသီကို ရောက်ရှိလာပြီဖြစ်ပေမယ့် တရုတ်နိုင်ငံနယ်စပ်လမ်းကြောင်းမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် တောင်သူတွေ အရှုံးပေါ်နေကြတယ်လို့ ဖရဲသီးစိုက်ပျိုးသူတွေက ပြောပါတယ်။ ပြည်တွင်းက ဖရဲသီးကားတွေ တရုတ်နိုင်ငံဘက်ကို ဖြတ်သန်းမယ့်လမ်းကြောင်း ပိတ်နေတာကြောင့် ထွက်ရှိလာတဲ့ ဖရဲသီးတွေကို ပြည်တွင်းဈေးကွက်မှာပဲ ပြန်လည်ရောင်းချနေကြရပြီး တွက်ခြေမကိုက်ဘူးလို့ ဖရဲစိုက်တောင်သူတွေက ပြောပါတယ်။ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ MNDAA ၊ TNLA ၊ AA စတဲ့ လက်နက်ကိုင်သုံးဖွဲ့ဟာ ၁၀၂၇ ဆိုတဲ့ စစ်ဆင်ရေးအမည်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက နယ်မြေအချို့ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက် ကုန်စည်စီးဆင်းမှုတွေလည်း လက်ရှိအချိန်ထိ ရပ်တန့်နေပါတယ်။ မကွေးမြို့နယ်က ဖရဲစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ကိုသန့်စင်ကတော့ သူ့ရဲ့ ဖရဲသီးတွေကို တရုတ်ဈေးကွက်ကို တင်ပို့ဖို့ ရည်မှန်းစိုက်ပျိုးခဲ့ပေမယ့် […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်ထဲက စစ်ကောင်စီတပ်တွေပြန်ဆုတ်၊ စစ်ရှောင်တွေနေရပ်ပြန်

November 4, 2023

ယင်းမာပင်-၂၀၂၃ နိုဝင်ဘာ ၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေမှာသုံးလနီးပါးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ အခုလ ၁ ရက်က တပ်ပြန်ဆုတ်သွားတာကြောင့် စစ်ဘေးရှောင်အများစု မနေ့ကစပြီး သူတို့နေရပ်တွေဆီပြန်နေကြပြီလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက မော်ကွန်းကိုပြောပါတယ်။ အဲဒီစစ်ကောင်စီတပ်တွေဟာ တပ်ပြန်ဆုတ်ရင်း ရွာတွေထဲက အဖိုးတန်ပစ္စည်းတွေနဲ့ အသုံးအဆောင်တွေလည်း ယူဆောင်သွားတယ်လို့ ကျောက်မှော်ရွာသားတစ်ဦးကပြောပါတယ်။ “ ပစ္စည်းတွေကော၊ ရွာထဲရှိတာတွေပါအကုန်ယူသွားလို့ နေအိမ်ပြန်ရပေမယ့် စားနပ်ရိက္ခာကတော့ အခက်အခဲရှိနေတုန်းပဲ။ အဖွဲ့အစည်းတွေ လာကူညီနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ” လို့ သူကပြောပါတယ်။ စစ်ရှောင်နေရတဲ့ ကာလအတွင်း ဒေသခံစစ်ရှောင်တွေ ရိက္ခာပြတ်လို့ ဆန်ပြုတ်သောက်ရတဲ့ အခြေအနေထိပါကြုံခဲ့ရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ ယင်းမာပင်အရှေ့ခြမ်းမှာရှိတဲ့ ကျောက်မှော်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်ကတည်းက စေသူသစ်ကွင်းမှာ သစ်ထုတ်ရင်းတပ်စွဲထားတာကြောင့် ထောင်ချီတဲ့ ဒေသခံတွေဟာ […]

အပြည့်အစုံဖတ်ရန်

စစ်ရှုံးသတင်းတွေတင်လို့ တပ်ထောက်ခံသူတစ်ဦးကို ဒုတပ်ရင်းမှူးဇနီးက လားရှိုးမှာ အမှုဖွင့်

November 4, 2023

လားရှိုး – ၂၀၂၃ နိုဝင်ဘာ ၃ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ရဲ့ လက်ရှိရှမ်းပြည်မြောက်ပိုင်း စစ်ရေးမှာ ရှုံးနိမ့်နေရတဲ့သတင်းတွေကို Facebook စာမျက်နှာတင်တဲ့ လားရှိုးမြို့က တပ်ထောက်ခံသူတစ်ဦးကို ဒုတပ်ရင်းမှူးတစ်ဦးရဲ့ဇနီးဖြစ်သူက အမှုဖွင့်ထားကြောင်း ဒေသခံဆီကသိရပါတယ်။ အမှုဖွင့်ခံရတဲ့ တပ်ထောက်ခံသူဟာ ၁၉၉၈ ခုနှစ်ကတည်းက စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့ သာမာန်စစ်သားတစ်ဦးဖြစ်ပြီး မြဝတီဘဏ်မှာ လုံခြုံရေးလုပ်နေသူလို့ပြောပါတယ်။ သူဟာ ရှမ်းမြောက်မှာ ခုလို အာဏာသိမ်းစစ်တပ်ဘက်က အလုံးအရင်းအထိမနာခင်ကတည်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အားမရတဲ့အတွက် Facebook မှာ ပေါ်ပေါ်ထင်ထင်ဝေဖန်သူဖြစ်တယ်လို့ဆိုပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ “၁၀၂၇ စစ်ဆင်ရေး” စတင်ချိန်မှာတော့ ရှေ့တန်းကစစ်သားတွေဆီ ဆက်သွယ်ပြီး စစ်ရှုံးသတင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေကို မချိတင်ကဲဝေဖန်တဲ့စာတွေနေ့စဉ်ဖော်ပြတာကြောင့် တပ်ထောက်ခံသူတချို့က ဒလန်လုပ်နေတာဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သလို ခုလိုအမှုဖွင့်ခံရတာလည်း မှန်ကန်ကြောင်း သူကိုယ်တိုင် Facebook မှာတင်ထားတယ်လို့ ဒေသခံကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ယနေ့နံနက်တွင် TNLA က အာဏာသိမ်းစစ်တပ်ရဲ့ စခန်းလေးခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်

November 4, 2023

ရှမ်းမြောက် – ၂၀၂၃ နိုဝင်ဘာ ၃ (မော်ကွန်း) ဒီကနေ့နံနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းလေးခုကို ဝင်ရောက်တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့ကြောင်း တအောင်းတပ်မတော်(TNLA) က သတင်းထုတ်ပြန်ပါတယ်။ နမ့်ခမ်းနဲ့မန့်ဝိန်းကြီးကို ဆက်သွယ်ထားတဲ့ ရွှေလီကြိုးတံတားက စစ်တပ်စခန်း၊ မန်တုံမြို့က ရဲစခန်းနဲ့ ပြည်သူ့စစ်စခန်း၊ နောင်ချိုမြို့နယ်က ကွန်ခါစခန်းတွေကို ဒီကနေ့ နံနက်အစောပိုင်းတွေမှာ သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ ရွှေလီကြိုးတံတား စခန်းသိမ်းနေချိန်မှာတော့ အာဏာသိမ်းစစ်တပ်ဘက်က ဂျက်ဖိုက်တာနဲ့သုံးကြိုလာရောက်ပစ်ကူပေးခဲ့ရပြီး စခန်းတွေဆီက လက်နက်နဲ့ ခဲယမ်းတွေ သိမ်းပိုက်ရမိထားတယ်လို့ ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။ နောင်ချိုမြို့နယ်၊ ဟိုခိုရွာကိုတော့ တိုက်ပွဲမဖြစ်ဘဲ အာဏာသိမ်းစစ်တပ်ဘက်က ပေါင် ၅၀၀ ဗုံးနဲ့ ‌ညသန်းခေါင် ၁၂း၃၀ ‌လာရောက် ပစ်ချသွားပြီး အရပ်သားနေအိမ်သုံးလုံးပျက်စီးသွားတယ်လို့ ပါရှိပါတယ်။ နမ့်ခမ်းမြို့နယ်က လွယ်အင်ရွာမှာလည်း တိုက်ပွဲမဖြစ်ဘဲ […]

အပြည့်အစုံဖတ်ရန်

‘၁၀၂၇ စစ်ဆင်ရေး’ ဆက်လက်အရှိန်မြင့်၊ စစ်ကောင်စီရဲ့ မြို့လေးမြို့အထိ မဟာမိတ်တွေ သိမ်းထားနိုင်

November 2, 2023

ရန်ကုန်- ၂၀၂၃ နိုဝင်ဘာ ၂ (မော်ကွန်း) မြောက်ပိုင်းမဟာမိတ်တွေရဲ့ ပြင်းထန်လွန်းတဲ့ ထိုးစစ်တွေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေ အလူးအလဲခံနေရသလို တစ်ပတ်ခန့်ကြာလာပြီးဖြစ်တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီထိန်းချုပ်ခဲ့တဲ့ မြို့လေးမြို့အထိ သူတို့ထိန်းချုပ်ထားနိုင်ပြီလို့ မဟာမိတ်တပ်တွေဘက်က ထုတ်ပြန်ပါတယ်။ “၁၀၂၇ စစ်ဆင်းရေး” စတင်လာတာ တစ်ပတ်နီးပါးရှိလာချိန်မှာ ရှမ်းမြောက်ဒေသက သိန္နီ၊ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း) နဲ့ ဖောင်းဆိုင်မြို့တွေကို သူတို့ ထုတ်ချုပ်ထားနိုင်ပြီလို့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေက ထုတ်ပြန်ပါတယ်။ ဒီနေ့အထိ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အရပ်သားသေဆုံးမှုတွေ၊ စစ်ဘေးရှောင်တွေ တိုးလာနေသလို ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း ပြတ်တောက်နေတာ တစ်ပတ်လောက်ရှိလာပါပြီ။ ဒီကာလအတွင်း စစ်ကောင်စီရဲ့ သံချပ်ကာတိုက်ခိုက်ရေးယာဉ်ခြောက်စီးအထိ မဟာမိတ်တွေဘက်က သိမ်းနိုင်ခဲ့သလို ထောင်နဲ့ချီတဲ့ လက်နက်ခဲယမ်းတွေကိုလည်း စခန်းသိမ်းတိုက်ပွဲတွေအတွင်းမှာ ရရှိထားတယ်လို့ ထုတ်ပြန်လာပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးတဲ့တပ်သားတွေ အများအပြားရှိသလို ရာနဲ့ချီတဲ့တပ်သားတွေ အလင်းဝင်လာကြပြီး […]

အပြည့်အစုံဖတ်ရန်

တောင်သမန်စစ်ဆင်ရေးမှာ စစ်သုံ့ပန်း ကိုးဦးရှိလာပြီး အလင်းဝင်လိုတဲ့စစ်သားတွေကို ဂုဏ်သိက္ခာရှိစွာ ထားမယ်

November 2, 2023

နောင်ချို – ၂၀၂၃ နိုဝင်ဘာ ၂ (မော်ကွန်း) မန္တလေး PDF ရဲ့ တောင်သမန်စစ်ဆင်ရေးမှာ စစ်သုံ့ပန်းတွေဖမ်းဆီးရမိထားတာရှိပြီး လက်နက်ချအလင်းဝင်လိုတဲ့ စစ်သားတွေရှိရင်လည်း ဂုဏ်သိက္ခာရှိစွာနဲ့ထားမယ်လို့ မန္တလေး PDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က မော်ကွန်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်ကစတဲ့ တောင်သမန်စစ်ဆင်ရေးဟာ ရှမ်းပြည်နဲ့ မန္တလေးတိုင်းနယ်စပ်ဖြစ်တဲ့ နောင်ချိုမြို့နယ်ဝန်းကျင်မှာ လှုပ်ရှားနေပြီး အာဏာသိမ်းစစ်တပ်ဘက်က ဗိုလ်မှူးအဆင့်၊ ဗိုလ်ကြီးအဆင့်၊ ဗိုလ်အဆင့်အပါအဝင် စုစုပေါင်း ကိုးဦးကို စစ်သုံ့ပန်းအနေနဲ့ မန္တလေး PDF က ဖမ်းဆီးရမိထားပါတယ်။ “လက်ရှိမှာ သူတို့ကိုဆေးကုဖို့လိုတဲ့သူတွေကို ဆေးကုပေးထားတယ်၊ ကျန်တဲ့သူတွေကိုလည်းကောင်းကောင်းမွန်မွန်ပဲထိန်းသိမ်းထားပါတယ်”လို့ မန္တလေး PDF ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ၊ ကိုအော်စမွန်ကပြောပါတယ်။ မန္တလေး PDF ဟာ နောင်ချိုတဝိုက်တင်မကဘဲ မိုးကုတ် – ပြင်ဦးလွင်လမ်းပိုင်း၊ […]

အပြည့်အစုံဖတ်ရန်
1 … 88 89 90 91 92 93 94 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."