” လက်ရှိပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုကို လုပ်သင့်လို့ လုပ်တာဖြစ်တဲ့အတွက် သဘောထားက ဘာကိုမှ ပြောင်းလဲစရာမရှိဘူး။ ဆရာတို့ချည်းပဲ ဒါကို အောက်ကနေပြီးတော့ ပြီးစလွယ်လုပ်တာမဟုတ်ဘူး။” ယခု ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် အခြေခံပညာအတန်းများမတ်လကုန်အထိ ပညာရေးဝန်ကြီးဋ္ဌာနက စာသင်ကာလတိုးမြှင့်လိုက်သည့်အပေါ်တွင် ဆရာ၊ ဆရာမထုနှင့် မိဘများ၊ လူမှုကွန်ရက်၊ လူ့အသိုင်းအဝန်းကြားတွင် ဂယက်ရိုက်ခဲ့သည်။ လာမည့် ဇန်နဝါရီ ၉ ရက်နေ့တွင်လည်း ပြည်နယ်နှင့်တိုင်းပညာရေးမှူးများကို နေပြည်တော်ရှိ အခြေခံပညာဦးစီးဋ္ဌာနရုံးချုပ်သို့ အစည်းအဝေးခေါ်ယူထားသည်ဟုသိရှိရပြီး လတ်တလောအခြေအနေများအပေါ် မော်ကွန်းမဂ္ဂဇင်းက ပညာရေးဝန်ကြီးဋ္ဌာန၊ အခြေခံပညာဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းထံ ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြလိုက်ရပါသည်။ သဇင်လတ်မေးသည်။ မော်ကွန်း – အခြေခံပညာအတန်းတွေအတွက် စာမေးပွဲကာလသတ်မှတ်ရေးနဲ့ပတ်သက်ပြီး တိုင်းနဲ့ပြည်နယ်ပညာရေးမှူးတွေကို အစည်းအဝေးခေါ်တာ ဘာအတွက်လဲ။ ဦးကိုလေးဝင်း – ဒီလုပ်ငန်းတွေ ဆောင်ရွက်မယ်ဆိုရင် ဘယ်လိုအခက်အခဲတွေရှိလဲ။ ဘယ်လိုဖြေရှင်းပေးရမယ်ဆိုတာ […]
” ပြည်ထောင်စုအဆင့်ကလုပ်သည်ဖြစ်စေ။ ဘယ်အဆင့်ကလုပ်သည်ဖြစ်စေပါ။ အဓိကက အလုပ်လုပ်ရတာ အောက်ခြေကပါ။ အောက်ခြေကဆရာ၊ ဆရာမတွေကိုယ်တိုင်အလုပ်လုပ်ရတာပါ။ Stakeholder တွေက အဆင်မပြေဘူးလို့ပြောရင် ပြည်ထောင်စုအဆင့်ကလည်း ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံလို ပြင်ဆင်စရာခက်ခက်ခဲခဲမှ မဟုတ်တာ။” ယခု ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် အခြေခံပညာအတန်းများမတ်လကုန်အထိ ပညာရေးဝန်ကြီးဋ္ဌာနက စာသင်ကာလတိုးမြှင့်လိုက်သည့်အပေါ်တွင် ဆရာ၊ ဆရာမထုနှင့် မိဘများ၊ လူမှုကွန်ရက်၊ လူ့အသိုင်းအဝန်းကြားတွင် ဂယက်ရိုက်ခဲ့သည်။ လတ်တလောအခြေအနေများနှင့်ပတ်သက်၍ ထုတ်ပြန်ချက်နှစ်စောင်ထုတ်ထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (Myanmar Teacher’s Federation)၏အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာဇော်မျိုးလှိုင်ကို မော်ကွန်းမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထားသည်ကိုဖော်ပြလိုက်ရပါသည်။ သဇင်လတ်မေးသည်။ မော်ကွန်း – တစ်လထပ်တိုးလိုက်တဲ့ ပညာရေးဝန်ကြီးဋ္ဌာနရဲ့ စနစ်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ဆရာမများအဖွဲ့ချုပ်က ဘယ်လို ယူဆလဲ။ ဦးဇော်မျိုးလှိုင် – စာသင်ဖို့ သင်ရိုးရေးဆွဲထားတာက […]
အောင်ပိုင် ၊ ဇန်နဝါရီ ၆ ကန်ကြီးထောင့်မြို့နယ်၊ ဟွာမန်အထည်ချုပ်စက်ရုံ သပိတ်မှောက်အလုပ်သမားများအတွက် ဆုံးဖြတ်ချက်ပေးနိုင်သည့် စက်ရုံပိုင်ရှင်နှင့် တွေ့ဆုံနိုင်ရေး ဆောင်ရွက်နေသည်ဟု ဧရာဝတီတိုင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက ယနေ့မနက်ပိုင်းက မော်ကွန်းကို ပြောသည်။ လက်တလောတွင် ယင်းစက်ရုံပိုင်ရှင်၊ တရုတ်နိုင်ငံသားကို ဆက်သွယ်လျက်ရှိပြီး အလုပ်သမားများကို ဇန်နဝါရီ ၈ ရက်နောက်ဆုံးထား အကြောင်းပြန်နိုင်အောင် ကတိပေးထားသည်ဟု ၎င်းကဆိုသည်။ “စက်ရုံရဲ့ ရှယ်ရာအများဆုံးကိုင်ထားတဲ့သူက တရုတ်ပြည် ရှန်ဟိုင်းမှာနေတယ်လို့ သိထားတယ်။ သူကမှ အဓိက ဆုံးဖြတ်ချက်ပေးနိုင်တာဆိုတော့ သူ့ကိုဆက်သွယ်ဖို့ လုပ်နေတယ်။ ဒီတစ်လအတွင်းမှာ ဗမာပြည်ကို တစ်ခေါက်မှ ရောက်မလာဘူးလို့ သိရတယ်။ ဒီစက်ရုံမှာ ရှိနေတဲ့သူတွေနဲ့က ဘယ်လိုမှ ညှိနှိုင်းလို့အဆင်မပြေဘူး။” ဟု ၎င်းက ပြောသည်။ ကန်ကြီးထောင့်မြို့နယ်မှ ယင်းအထည်ချုပ်စက်ရုံအလုပ်သမားများသည် အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ […]
ကျော်ဇေယျ၊ဇန်နဝါရီ-၇ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်လာနိုင်ရေး အစိုးရနဲ့ ညှိနှိုင်းကာ နည်းလမ်းမျိုးစုံ ရှာဖွေဖော်ထုတ်ဖို့ သဘောထားချမှတ်နိုင်ခဲ့တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၊ ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။ နေပြည်တော်က Horizon Lake View Hotel မှာ ဒီနေ့ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (NCA-S EAO) ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၀၇/ ၂၀၂၀) နိဂုံးချုပ်မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောတာပါ။ “ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ရာမှာ မိမိတို့လက်ရှိ NCA-S EAO ၁၀ ဖွဲ့တည်းနဲ့ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှာ […]
FDA က ထုတ်ပြန်သည့် စားသုံးရန်မသင့်သည့်အစားအသောက်အမှတ်တံဆိပ်များနှင့် တွေ့ရှိသည့်နေရာများ (၂၀၁၉ အောက်တိုဘာမှဒီဇင်ဘာထိစာရင်း) ဓါတ်ပုံများ – FDA #dailynews
သဇင်လတ်၊ ဇန်နဝါရီ-၂ ဗစ်တိုးရီးယားရဲ့ကိုယ်ရေးအချက်အလက်ကို လူသိရှင်ကြားထုတ်ပြောပြခဲ့တဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို တရားမကြောင်းအရရော ပြစ်မှုကြောင်းအရပါ တရားစွဲဆိုသွားမယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောတယ်။ ဗစ်တိုးရီးယားအမှန်တရားကော်မတီနဲ့ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (Independent Lawyers’ Association of Myanmar –ILAM) တို့ ပူးပေါင်းကာ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ၎င်းအသင်းရဲ့ အထွေထွေအတွင်းရေးမှူး၊ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ “ ဗစ်တိုရီးယားလေးရဲ့ ထိခိုက်နစ်နာမှုကိစ္စကို ကုစားဖို့ ပြစ်မှုကြောင်း၊ တရားမကြောင်းအရ တရားစွဲပါမယ်” လို့ ဦးသိန်းသန်း ဦးက ပြောတယ်။ တရားမကြောင်းအရ နစ်နာကြေးရရှိအောင်ဆောင်ရွက်သွားမှာဖြစ်ပြီး ပြစ်မှုကြောင်းအရ ၂၀၁၉ ခုနှစ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) တို့နဲ့စွဲဆိုဖို့ဆောင်ရွက်သွားမယ်လို့ ၎င်းကဆိုပါတယ်။ ဗစ်တိုးရီးယားအမှန်တရားကော်မတီရဲ့ ရှေ့ထွက်ဆောင်ရွက်ပေးဖို့ တာဝန်ပေးခံထားရတဲ့ စာရေးဆရာထင်လင်းဦးက တရားမကြောင်းအရ တရားစွဲဆိုဖို့ မိသားစုရဲ့ကိုယ်စားလှယ်လွှဲစာရယူထားပြီဖြစ်ပေမယ့် […]
ဇေယျာမြင့်၊ ဇန်နဝါရီ-၂ ရန်ကုန်မြို့ရှိ သမိုင်းဝင် ဝန်ကြီးများရုံးတွင် အရက်ရောင်းချရန် လိုင်စင်လျောက်ထားမှုကို ကန့်ကွက်သူတွေရှိတာကြောင့် လိုင်စင်ချပေးတော့မှာမဟုတ်ဘူးလို့ ဗိုလ်တစ်ထောင်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ယနေ့ပြောပါတယ်။ ဝန်ကြီးများရုံးမှာ အရက်တွေရောင်းချမှာနဲ့ပတ်သက်လို့ ” ပြည်သူတွေကလည်း ကန့်ကွက်တယ်။ မီဒီယာတွေ ကလည်းကန့်ကွက်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကန့်ကွက်ကြတယ်” လို့ ၎င်းက ပြောတယ်။ ဒီဇင်ဘာ ၉ ရက်တွင် ဝန်ကြီးများရုံးအတွင်း အရက်ရောင်းချဖို့ ယစ်မျိုးလိုင်စင် လျောက်ထားခဲ့ရာ အများပြည်သူကန့်ကွက်မှုရှိ၊မရှိသိရဖို့ ဗိုလ်တစ်ထောင်မြို့နယ်၊ ထွေအုပ်ရုံးက ထုတ်ပြန်စာနဲ့ ကြေညာခဲ့ပါတယ်။ ဗိုလ်တစ်ထောင်မြို့နယ်အတွင်းမှာပဲနေထိုင်တဲ့ နိုင်ငံခြားဖြစ်အရက်ရောင်းချခွင့်လိုင်စင် ရရှိပြီးသား ပုဂ္ဂိုလ်နှစ်ဦး ဖြစ်တဲ့ ဦးသော်တာနှင့် ဦးကျော်သူလတ်တို့က သူတို့ရရှိထားတဲ့ အရက်ရောင်းချခွင့်လိုင်စင်တွေကို ဝန်ကြီးများရုံးအတွင်း ပြောင်းလဲလုပ်ကိုင်ခွင့်ပြုရန် တင်ပြခဲ့တာလို့ ထွေအုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ ယခင်ကလည်း […]
ထက်မြတ်အောင်၊ ဇန်နဝါရီ-၂ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ဒီနှစ်အတွင်းမှာ ပြဌာန်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မိုးမိုးသွယ်က ပြောပါတယ်။ ရန်ကုန်မြို့၊ ကုန်သည်များနှင့်စက်မှု၊လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှာ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ နဲ့မူပိုင်ခွင့်ဌာနတို့ ဒီနေ့ပူးပေါင်းကျင်းပတဲ့ ကုန်ထုတ်လုပ်ငန်းအမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအကောင်အထည်ဖော်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲမှာ သူက ပြောခဲ့တာပါ။ ” ကျွန်မတို့ဆောင်ရွက်နေတဲ့လုပ်ငန်းအဆင့်ဆင့်က ကျွန်မတို့ဌာနတစ်ခုတည်းနဲ့မပြီးဘဲ အခြားဌာနတွေရဲ့ ဆောင်ရွက်မူ ကိုပါ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ၂၀၂၀ မှာတော့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို အမြန်ဆုံးအကောင်အထည် ဖော်နိုင်ဖို့ ကြိုးပမ်းလျှက်ရှိပါတယ်” လို့ သူက ပြောပါတယ်။ ဒီဥပဒေပြဌာန်းနိုင်ရင် ပြည်တွင်းလုပ်ငန်းတွေဟာ ကိုယ့်ကုန်ပစ္စည်းမူပိုင်ခွင့်ကို အခိုင်အမာရရှိမှာဖြစ်သလို စားသုံးသူ အကာအကွယ်ပေးရေးအတွက်လည်း အထောက်အကူပြုနိုင်မှာ ဖြစ်တယ်လို့ သူက ပြောတယ်။ မြန်မာနိုင်ငံမှာ ယှဉ်ပြိုင်မှုဥပဒေကိုပြဌာန်းကာ ကော်မရှင်ဖွဲ့ ထိန်းသိမ်းကြီးကြပ်နေပြီဖြစ်ပေမယ့် မူပိုင်ခွင့်ဆိုင်ရာ […]
လွတ်လပ်ရေးနေ့အထိမ်းအမှတ် မသန်စွမ်းသူများအားကစားပြိုင်ပွဲကို ယနေ့တွင် ရန်ကုန်မြို့၊ မြောက်ဒဂုံရှိ မသန်စွမ်းအားကစားကွင်းမှာပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် အပြေးပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲများ ထည့်သွင်းယှဉ်ပြိုင်ကြသည်။ ဓါတ်ပုံ – ဂေထော #dailynews
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဠ ဦးရဲသိန်းသေဆုံးမှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှုတ်ချကြောင်းထုတ်ပြန်ကြေညာ #dailynews
ဗညားကျော်၊ ဒီဇင်ဘာ-၂၇ သစ်တင်ကားတစ်စီးကို ဖမ်းဆီးပြီး ကျပ်ငွေ ၁၀ သိန်း လာဘ်ယူခဲ့တဲ့ ပဲခူးတိုင်း၊တောင်ငူမြို့က နယ်ထိန်းရဲကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့် အရေးယူလိုက်တယ်လို့ ကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။ တောင်ငူမြို့မရဲ့စခန်းက နယ်ထိန်း ဒုရဲအုပ်ဟန်လင်းအောင်နဲ့ အဖွဲ့ဟာ ဖေဖော်ဝါရီ ၂ရက် နံနက်ပိုင်းက ပျဉ်းကတိုးသစ် တွေ တင်ဆောင်လာတဲ့ ယာဉ်တစ်စီးကို မြို့အဝင်မှာ ဖမ်းခဲ့ပြီး ကျပ်ငွေ သိန်း ၅၀ တောင်းယူခဲ့တယ်လို့ ကော်မရှင်က ထုတ်ပြန်တယ်။ ဒီနောက် ယာဉ်ပိုင်ရှင်က အကြိမ်ကြိမ်ညှိနှိုင်းကာ နောက်ဆုံး ကျပ်ငွေ ၁၀ သိန်းနဲ့ ဈေးတည့်ခဲ့ပြီး ဒီငွေကို နှစ်ကြိမ်ခွဲလို့ ဒုရဲအုပ်က လက်ခံရယူခဲ့တာ စစ်ဆေးပေါ်ပေါက်တဲ့အတွက် အဂတိဥပဒေနဲ့ အမှုဖွင့်အရေးယူလိုက်တာလို့ ကော်မရှင်က ထုတ်ပြန်တယ်။ ဒါကြောင့် ဒုရဲအုပ်ဟန်လင်းအောင်ကို တောင်ငူမြို့မရဲစခန်းမှာ […]
ဂေထော၊ ဒီဇင်ဘာ ၂၈ မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်ကို မွန်ဘာသာဖြင့် ထုတ်ပြန်ပြီး အပြည့်အစုံမှာ မွန်လူငယ်များသို့ ပန်ကြားလွှာ ဒသမကြိမ်မြောက် မွန်ပြည်သစ်ပါတီ ညီလာခံမှ အားလုံးကိုယ်စား “ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာကျရောက်တဲ့ အဠမကြိမ်မြောက် (၈ ကြိမ်မြောက် ) မွန်လူငယ်နေ့ကို ကျိုက်မရောမြို့နယ်၊ ခရုံဂူအနီးက ကွင်းပြင်မှာ ကျင်းပခဲ့ပါတယ်။ ဒေသအသီးသီးမှာ ရှိတဲ့ မွန်လူငယ်တွေ လူမျိုးရဲ့ ဇာတိသွေး၊ ဇာတိမာန်နဲ့ အခမ်းအနားကို ချီတက်လာကြတာဟာ အလွန်ပဲဝမ်းသာအားရမိပါတယ်။ မွန်လူမျိုးတွေရဲ့ ရည်မှန်းထားတဲ့ နိုင်ငံရေးခရီးမှာကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးဖို့၊ လူငယ်များအနေနဲ့ လက်နက်ကိုင်မွန်နိုင်ငံရေးပါတီတွေမှာ ပါဝင်ပြီး တာဝန်ထမ်းဆောင်ဖို့နဲ့ ဥပဒေဘောင်ကနေ မွန်နိုင်ငံရေးပါတီထဲ တာဝန်ထမ်းဆောင်လာနိုင်ဖို့ မွန်ပြည်သစ်ပါတီရဲ့ အစည်းအဝေးကနေ တိုက်တွန်းနှိုးဆော်ပါတယ်။” #dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."