ရန်ကုန်- ၂၀၂၁ အောက်တိုဘာ ၁ (မော်ကွန်း) ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ်က ထန်တလန်စစ်ဘေးရှောင်ပြည်သူတွေရဲ့စခန်းမှာ လာမယ့် နှစ်ပတ်အတွင်း စားနပ်ရိက္ခာ ပြတ်လပ်တော့မယ်လို့ စစ်ဘေးရှောင်ပြည်သူတွေ ကိုကူညီပေးနေတဲ့အဖွဲ့ကပြောပါတယ်။ “လောလောဆယ်တော့အဆင်ပြေသေးတယ်ဆိုပေမယ့် အစားအစာတွေကတစ်ဖြည်းဖြည်းလျော့လာနေပြီ။ လာမယ့် နှစ်ပတ်လောက်ကျရင်တော့ အခက်ကြုံနိုင်တယ်” လို့ ထန်တလန်စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ Thantlang Placement Affairs Committee- IDPs အဖွဲ့မှ တာဝန်ခံ ဆလိုင်းလျန်က ပြောပါတယ်။ ထန်တလန်မြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ အင်အားသုံး ပစ်ခတ်ခဲ့တာကြောင့် သင်းအုပ်ဆရာတော်တစ်ဦး သေဆုံးခဲ့ပြီး မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ချင်းပြည်နယ်အခြေစိုက် သတင်းဌာနတွေက ရေးသားထားပါတယ်။ လက်ရှိ ထန်တလန်က စစ်ဘေးတိမ်းရှောင်သူ တစ်သောင်းနီးပါးရှိနေပါတယ်။ အဲ့ထဲကမှ လူဦးရေ ၂,၅၀၀ နီးပါးလောက်က အိန္ဒိယနိုင်ငံ […]
ရေး – ၂၀၂၁ အောက်တိုဘာ ၁ (မော်ကွန်း) မွန်ပြည်နယ် ရေးမြို့က အစင်စံပြကျေးရွာမှာ စက်တင်ဘာ ၃၀ရက်ညက စစ်ကောင်စီတပ်တွေက တစ်အိမ်တက် တစ်အိမ်ဆင်း ဧည့်စာရင်းဝင်စစ်ပြီး ငွေတောင်းခံမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “ရွာထဲက အိမ်တိုင်းကို တစ်အိမ်ဝင် တစ်အိမ်ထွက် ဧည့်စာရင်းစစ်တယ် ၊ တအိမ်ကို ၂၅,၀၀၀တောင်းတယ်၊ အကြောင်းအမျိုးမျိုးပြပြီးတောင်းတယ် ၊ အိမ်ထောင်စုစာရင်းရှိလည်းပေးရတယ် “လို့ဒေသခံတစ်ဦးကဆိုပါတယ်။ ရေးမြို့က အစင်စံပြကျေးရွာမှာ စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၃၀ရက်ညမှ စတင်ပြီး ဧည့်စာရင်းစစ်ပိုက်ဆံတောင်းတာဖြစ်တယ်လို့ သိရပါတယ်။ မွန်ပြည်နယ် ရေးမြို့အစင်စံပြကျေးရွာက သတင်းပေးတစ်ဦး အသတ်ခံရပြီးနောက်ပိုင်းစစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်လာပြီး ဧည့်စာရင်းတွေစစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ #Dailynews
ရန်ကုန် – ၂၀၂၁ စက်တင်ဘာ ၃၀ (မော်ကွန်း) ကယားပြည်နယ် ကရင်နီဒေသအတွင်းမှာ ဖမ်းဆီးထားတဲ့ စစ်ကောင်စီသတင်းပေးတချို့ကို ကရင်နီ ရဲဋ္ဌာနက ဆက်လက်ဖမ်းဆီးအရေးယူသွားမယ်လို့ ဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်။ အဲ့လို ဖမ်းဆီးတာဟာ ကရင်နီပြည်ရဲဌာန နဲ့ သက်ဆိုင်ရာအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ သတင်းပေးသူဟု ယူဆရသူ ၁၀ ဦးကိုဖမ်းဆီးခဲ့ပြီးနောက် သက်သေအထောက်အထား မခိုင်လုံတဲ့ ငါးဦးကို ပြန်လည်လွှတ်ပေးခဲ့တာပါ။ ကျန်ခဲ့တဲ့ စစ်ကောင်စီသတင်းပေးငါးဦးကို ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ကရင်နီပြည်ရဲဌာနဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်းရှိ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ရည်ရွယ်ပြီး ဩဂုတ် ၅ ရက် မှ စတင်ကာ CDM ရဲဝန်ထမ်း ၃၂၀ နဲ့ ကရင်ပြည်နယ် အတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေးဦးဆောင်မှု အောက်မှာဖွဲ့စည်းခဲ့တဲ့ အဖွဲ့ […]
ဂန့်ဂေါ – ၂၀၂၁ စက်တင်ဘာ ၃၀ (မော်ကွန်း) မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို မနေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးမီးရှို့မှုတွေ ပြုလုပ်ခဲ့ရာ နေအိမ်ရှစ်လုံးထက်မနည်းမီးလောင်ပြာကျပြီး ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မနေ့က နံနက် ၉ နာရီဝန်းကျင်မှာ သေနတ်တွေပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့ကြတာပါ။ နေအိမ်တွေတင်မကဘဲ ကားနဲ့အခြားအဖိုးတန်ပစ္စည်းတွေကိုလည်း ရိုက်ခွဲဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ နှမ်းခါးရွာမှာ ဖျက်ဆီးနေစဥ်မှာပဲ ဂန့်ဂေါ-ကလေး လမ်းပိုင်းတစ်နေရာမှာ ကလေးဖက်ကနေ ဂန့်ဂေါဘက်တက်လာတဲ့ စစ်ကောင်စီတပ်တွေကို ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-GanGaw)နဲ့ ဒေသကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီလို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရနိုင်ပြီး ဒေသခံတော်လှန်ရေးတပ်များဘက်ကမူ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဂန့်ဂေါ PDF က ကြေညာပါတယ်။ […]
ဂန့်ဂေါ – ၂၀၂၁ စက်တင်ဘာ ၂၉ (မော်ကွန်း) မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်ကောင်စီတပ်တွေ ဒီနေ့ နံနက် ၉ နာရီဝန်းကျင်မှာ ထပ်မံဝင်ရောက်လာကာ သေနတ်တွေပစ်ဖောက်ပြီး ကျေးရွာအတွင်းမီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ သေနတ်တွေနဲ့ပစ်ခတ်နေတာကြောင့် မကြာခင်ကမှ ရွာအတွင်းပြန်နေခဲ့ရတဲ့ ရွာသူရွာသားတွေလည်း ပြန်လည်ထွက်ပြေးခဲ့ရတာကြောင့် ပျက်စိးဆုံးရှုံးမှုအခြေအနေတွေကို မသိရသေးကြောင်း ဒေသခံများက ပြောပါတယ်။ နှမ်းခါးရွာကို စက်တင်ဘာ ၁၀ ရက် ညနေပိုင်းကတစ်ကြိမ်၊ စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းမှာတစ်ကြိမ် မီးရှိ့ဖျက်ဆီးခဲ့ပြီး နေအိမ် ငါးဆယ်ကျော် လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့တာတော့ ခုနှစ်ကြိမ်ထက်မနည်း ရှိခဲ့ကာ မပြေးနိုင်လို့ ကျန်ခဲ့တဲ့ အဘိုးအိုတစ်ဦးလည်း ရိုက်နှက်ခံရပြီး သေဆုံးခဲ့ဖူးပါတယ်။ စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာဒုတိယပတ်အတွင်းက နှမ်းခါးရွာတင်မက […]
မန္တလေး – ၂၀၂၁ စက်တင်ဘာ ၂၉ (မော်ကွန်း) မန္တလေးမြို့က ဘုန်းကြီးကျောင်းတချို့ကို မနေ့က စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့ပြီး သံဃာတချို့ ဖမ်းဆီးခံခဲ့ရကြောင်း မန္တလေးမြို့ခံတွေက မော်ကွန်းကို ပြောပါတယ်။ စက်တင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊၈၆လမ်း၊၃၇လမ်းနဲ့ ၃၈လမ်းကြားရှိ ကင်းဝန်မင်းကြီးကျောင်းတိုက်သို့ အရပ်ဝတ် လက်နက်ကိုင် စစ်ကောင်စီတပ်သားတွေ ဝင်ရောက် စီးနင်းပြီး သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှာပါဝင်တဲ့ ဆရာတော် ဦးပညာသီဟကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆရာတော်ရဲ့ကားကိုပါ သိမ်းယူသွားကြောင်း သံဃသမဂ္ဂအဖွဲ့က ပြောပါတယ်။ ဆက်လက်ပြီး မန္တလေးမြို့တွင်းက မဟာဝိဇိတာရာမတိုက်နဲ့ တေဇာလင်္ကါရကျောင်းကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး ဆရာတော်နှစ်ပါးနဲ့ လူ နှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့အပြင် အဆိုပါ ကျောင်းတိုက်တွေထဲမှာရှိတဲ့ ကားနှစ်စီးနဲ့ ဆိုင်ကယ်လေးစီးကိုပါ သိမ်းယူသွားကြောင်း သံဃသမဂ္ဂအဖွဲ့က ဆိုပါတယ်။ ပြည်ကြီးတံခွန်မြို့နယ် […]
အရာတော် – ၂၀၂၁ စက်တင်ဘာ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ကြွေပုဂံရွာတောကျောင်းက သံဃာတော်တစ်ပါးဟာ အရာတော်မြို့ပေါ်ကို ကပ္ပိယတစ်ဦးနဲ့အတူ ဒီမနက်ပိုင်းက ဆိုင်ကယ်လာရောက်ပြင်နေစဥ် စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး ဖမ်းဆီးသွားကြောင်း အရာတော်ဒေသခံတွေက ပြောပါတယ်။ မြို့ထဲမှာ အရပ်ဝတ်နဲ့ ရှိနေတဲ့ စစ်သားတစ်ယောက်က ကြွေပုဂံရွာကို ဝင်ရောက်စီးနင်းစဥ် မြင်ဖူးထားတဲ့ ဆရာတော်ကို တွေ့ရှိသွားရာကနေ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံတွေက ဆိုပါတယ်။ “အတူပါလာတဲ့ ကပ္ပိယကိုထားခဲ့တယ်။ဦးဇင်းကိုတော့ ဖမ်းခေါ်သွားတယ်”လို့ အရာတော်နယ်ခံတစ်ဦးက ပြောပါတယ်။ စက်တင်ဘာ ၂၆ ရက်နံနက်ပိုင်းကလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ဆင်ချောင်းရွာဘုန်းတော်ကြီးကျောင်းမှာ ရဟန်းဝတ်နေတဲ့ ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ သဩဂုတ် ၂၅ ရက်က စစ်ကောင်စီတပ်တွေဟာ ကြွေပုဂံရွာကို ရောက်ရှိလာပြီး ကျေးရွာအတွင်း […]
မိုးကုတ် – ၂၀၂၁ စက်တင်ဘာ ၂၉ (မော်ကွန်း) မိုးကုတ်မြို့မှာ ဒီကနေ့ နံနက် ၅နာရီဝန်းကျင်က သပိတ်ခေါင်းဆောင်ဦးစိုးဋ္ဌေးရဲ့သားအကြီးအပါဝင် လူငယ်ကိုးဦးကို စစ်ကောင်စီတပ်သားတွေက လာဖမ်းသွားတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။ မိုးကုတ်သပိတ်ခေါင်းဆောင်ဦးစိုးဋ္ဌေးရဲ့သားအကြီး ကိုဥက္ကာစိုးဟာ Mogok Delivery to Home(ဝန်ဆောင်မှုလုပ်ငန်း) ကို လုပ်ကိုင်နေသူတစ်ဦးပြီး Delivery ရုံးမှာလာအိပ်ကြတဲ့လူငယ်တွေပါ အဖမ်းခံရတာဖြစ်ပါတယ်။ ” ရုံးကိုဝင်ပြီးမွှေနှောက်သွားတယ် ၊ အရှေ့က ကပ်ထားတဲ့ ဗီနိုင်းတွေလဲ အကုန်ဆွဲခွာသွားတယ်၊ မွှေထားတာမှ အမှိုက်ပုံးတောင်မချန်ဘူး ၊ အကုန်သွန်ပြီးမွှေထားတာ ၊ ဘာလို့ လာဖမ်းသွားတယ်ဆိုတာလည်းမသိရဘူး “လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်က ဆိုပါတယ်။ ဇွန်လပိုင်းတုန်းက စစ်ကောင်စီတပ်တွေဟာ သပိတ်ခေါင်းဆောင် ဦးစိုးဋ္ဌေးကို ဖမ်းဆီးဖို့ လာရောက်ချိန်မှာ မမိတာကြောင့် အိမ်မှာရှိတဲ့ ဇနီး ဒေါ်ကြည်ကြည်ခိုင်၊ သမီး […]
မူဆယ် – ၂၀၂၁ စက်တင်ဘာ ၂၈ (မော်ကွန်း) မူဆယ်မြို့မှာ ယနေ့ တရုတ်ငွေ ယွမ်တစ်ရာကို မြန်မာကျပ်ငွေ ၃၄,၅၀၀ ထိ စျေးရောက်ရှိနေတယ်လို့ ငွေလဲဈေးကွက်ကနေ သတင်းရရှိပါတယ်။ “နာရီပိုင်းတောင်စျေးမတူတော့ဘူး။ မြန်မာငွေက ဆက်တိုက်ကျနေတာ။ ခုက မြန်မာငွေကနေ ယွမ်ငွေလာလဲသူ နည်းသွားပြီ”လို့ ဒေသခံ ငွေလဲသူတစ်ဦးကဆိုပါတယ်။ စက်တင်ဘာလထဲမှာတင် တရုတ်ငွေ ယွမ် တစ်ရာကို မြန်မာငွေဟာ၂၅,၀၀၀ ကနေ့ ၃၄,၀၀၀ ကျော်ထိ တဖြည်းဖြည်းရောက်ရှိလာတာပါ။ ” မူဆယ်မှာကုန်စျေးနှုန်းတွေ ဆက်တက်အုံးမယ်၊ငွေစျေးကလည်း ထပ်ကျဖို့ပဲရှိတယ်။ တစ်နာရီနဲ့တစ်နာရီတောင်စျေးမတူဘူး”လို့ ဒေသခံက ဆိုပါတယ်။ တရုတ် – မြန်မာနယ်စပ်မှာ တန်ဖိုးကျဆင်းလာတဲ့ မြန်မာငွေကနေ တရုတ်ငွေကို လဲလှယ်ပြီး ပစ္စည်းတွေ ဝယ်ယူရတာဖြစ်လို့ ဒေသခံတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ #Dailynews
မန္တလေး – ၂၀၂၁ စက်တင်ဘာ ၂၇ (မော်ကွန်း) မန္တလေးမြို့က က.ည.န ရုံးမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လိုင်စင်ကိစ္စလာလုပ်သူတချို့ ထိခိုက်မိကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ကိုးနာရီခွဲဝန်းကျင်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းမှာရှိတဲ့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(က•ည•န)ရုံးမှာ ပေါက်ကွဲခဲ့ကာ လူရှစ်ဦးလောက် ထိခိုက်မိသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ က.ည.န ရုံးတွေမှာ စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး ရုံးပြန်ဖွင့်ကာ ယာဥ်ကိစ္စတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ မြို့နယ်အသီးသီးက ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီအတွက် ဝင်ငွေရလမ်းဖြစ်နေတဲ့ က.ည.န ရုံးတွေမှာ လက်တလောဆောင်ရွက်ခြင်းမပြုဖို့ သတိပေးခဲ့ကြပါတယ်။ မန္တလေးမြို့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(က•ည•န)ရုံးရှေ့မှာ […]
မိုးကုတ် – ၂၀၂၁ စက်တင်ဘာ ၂၆ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်ကောင်စီ တပ်စွဲထားတဲ့လယ်ဦးရပ်ကွက် အမက ၂၃ မူလတန်းကျောင်းထဲမနေ့ညက ဗုံးပေါက်ကွဲခဲ့ပြီး ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။ ” ညကမီးကပျက်၊မိုးကရွာဆိုတော့ ပေါက်ကွဲသံကြားလိုက်ရတယ်။ ပြီးတော့ကျောင်းထဲက ပစ်ခတ်သံ ကြားရတာ ကျောင်းဝင်းထဲကနေ ပစ်နေတာ ကျောင်းဝင်းအပြင်တော့မထွက်လာဘူး “လို့ဒေသခံတစ်ဦးကဆိုပါတယ်။ မိုးကုတ်မြို့က အထက ၁ ကျောင်းမှာလဲ စစ်ကောင်စီတပ်တွေက အင်အားထပ်ဖြည့်တင်းပြီး စစ်ကား ၅စီးနဲ့ အင်အား ၂၀၀ ဝန်းကျင် တပ်စွဲထားတယ်လို့ ပြောပါတယ်။ မိုးကုတ်မြို့အနီးက ရွာတချို့မှာလည်း စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းပြီးရောက်ရှိလာတယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၂၃ရက်နေ့ကလဲ မိုးကုတ်မြို့ လျှပ်စစ်မီတာရုံးမှာ ဗုံးပေါက်ကွဲ ခဲ့သေးပါတယ်။ #Dailynews
ရေစကြို – ၂၀၂၁ စက်တင်ဘာ ၂၆ (မော်ကွန်း) မကွေးတိုင်း ရေစကြိုမြို့နယ်မှာ CDM ပြုလုပ်ထားပြီး ရဟန်းဝတ်နေတဲ့ ဆရာတစ်ဦးအပါအဝင် ကျောင်းဆရာ ၃ ဦးကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂၆ ရက် မနက် ၆ နာရီလောက်က ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာမှာ နေထိုင်တဲ့ CDM ကျောင်းဆရာ ၃ ဦးကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ပါတယ်။ ကျောင်းဆရာတစ်ဦးဟာ CDM ပြုလုပ်ပြီး ရဟန်းဝတ်နေကာ ဘုန်းကြီးကျောင်းထိ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ရေစကြိုဒေသခံတွေက ပြောပါတယ်။ “အုပ်ကြီးသားနဲ့ ရန်စရှိဖူးလို့ PDF လို့စွပ်စွဲပြီး အတိုင်ခံရတယ်လို့ ကြားတယ်”လို့ ရေစကြိုဒေသခံတစ်ဦးက ပြောပါတယ်။ ဆင်ချောင်းရွာက ဖမ်းဆီးခံရသူ လူငယ်ကျောင်းဆရာတွေဟာ အလုပ်ကနုတ်ထွက်ပြီးနောက် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."