မန္တလေး – ၂၀၂၁ စက်တင်ဘာ ၂၇ (မော်ကွန်း)
မန္တလေးမြို့က က.ည.န ရုံးမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လိုင်စင်ကိစ္စလာလုပ်သူတချို့ ထိခိုက်မိကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ကိုးနာရီခွဲဝန်းကျင်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းမှာရှိတဲ့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(က•ည•န)ရုံးမှာ ပေါက်ကွဲခဲ့ကာ လူရှစ်ဦးလောက် ထိခိုက်မိသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ က.ည.န ရုံးတွေမှာ စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး ရုံးပြန်ဖွင့်ကာ ယာဥ်ကိစ္စတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။
မြို့နယ်အသီးသီးက ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီအတွက် ဝင်ငွေရလမ်းဖြစ်နေတဲ့ က.ည.န ရုံးတွေမှာ လက်တလောဆောင်ရွက်ခြင်းမပြုဖို့ သတိပေးခဲ့ကြပါတယ်။
မန္တလေးမြို့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(က•ည•န)ရုံးရှေ့မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့မနက်ပိုင်းကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ဖူးပါတယ်။
ပုံစာ – ယမန်နေ့က မန္တလေး ကညနရှေ့ ယာဥ်ကိစ္စဆောင်ရွက်ရန် ရောက်ရှိနေကြသူများအား တွေ့ရစဥ်။
ဓါတ်ပုံ-Cj
#Dailynews

