အရာတော် – ၂၀၂၁ စက်တင်ဘာ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ကြွေပုဂံရွာတောကျောင်းက သံဃာတော်တစ်ပါးဟာ အရာတော်မြို့ပေါ်ကို ကပ္ပိယတစ်ဦးနဲ့အတူ ဒီမနက်ပိုင်းက ဆိုင်ကယ်လာရောက်ပြင်နေစဥ် စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး ဖမ်းဆီးသွားကြောင်း အရာတော်ဒေသခံတွေက ပြောပါတယ်။
မြို့ထဲမှာ အရပ်ဝတ်နဲ့ ရှိနေတဲ့ စစ်သားတစ်ယောက်က ကြွေပုဂံရွာကို ဝင်ရောက်စီးနင်းစဥ် မြင်ဖူးထားတဲ့ ဆရာတော်ကို တွေ့ရှိသွားရာကနေ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံတွေက ဆိုပါတယ်။
“အတူပါလာတဲ့ ကပ္ပိယကိုထားခဲ့တယ်။ဦးဇင်းကိုတော့ ဖမ်းခေါ်သွားတယ်”လို့ အရာတော်နယ်ခံတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၂၆ ရက်နံနက်ပိုင်းကလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ဆင်ချောင်းရွာဘုန်းတော်ကြီးကျောင်းမှာ ရဟန်းဝတ်နေတဲ့ ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ သဩဂုတ် ၂၅ ရက်က စစ်ကောင်စီတပ်တွေဟာ ကြွေပုဂံရွာကို ရောက်ရှိလာပြီး ကျေးရွာအတွင်း ဖျက်ဆီးမှုတွေ ပြုလုပ်သွားခဲ့ကြပါတယ်။
ကြွေပုဂံရွာမှာ PDF တွေများပြားပြီး ၎င်းတို့ကိုလည်း မိုင်းခွဲဖူးတယ်လို့စွပ်စွဲကာ ကြွေပုဂံနှစ်ရွာလုံးကို ရွာရွှေ့ပြောင်းပစ်မယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
#Dailynews

