မိုးကုတ် – ၂၀၂၁ စက်တင်ဘာ ၂၆ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်ကောင်စီ တပ်စွဲထားတဲ့လယ်ဦးရပ်ကွက် အမက ၂၃ မူလတန်းကျောင်းထဲမနေ့ညက ဗုံးပေါက်ကွဲခဲ့ပြီး ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။
” ညကမီးကပျက်၊မိုးကရွာဆိုတော့ ပေါက်ကွဲသံကြားလိုက်ရတယ်။ ပြီးတော့ကျောင်းထဲက ပစ်ခတ်သံ ကြားရတာ ကျောင်းဝင်းထဲကနေ ပစ်နေတာ ကျောင်းဝင်းအပြင်တော့မထွက်လာဘူး “လို့ဒေသခံတစ်ဦးကဆိုပါတယ်။
မိုးကုတ်မြို့က အထက ၁ ကျောင်းမှာလဲ စစ်ကောင်စီတပ်တွေက အင်အားထပ်ဖြည့်တင်းပြီး စစ်ကား ၅စီးနဲ့ အင်အား ၂၀၀ ဝန်းကျင် တပ်စွဲထားတယ်လို့ ပြောပါတယ်။
မိုးကုတ်မြို့အနီးက ရွာတချို့မှာလည်း စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းပြီးရောက်ရှိလာတယ်လို့ဆိုပါတယ်။
စက်တင်ဘာ ၂၃ရက်နေ့ကလဲ မိုးကုတ်မြို့ လျှပ်စစ်မီတာရုံးမှာ ဗုံးပေါက်ကွဲ ခဲ့သေးပါတယ်။
#Dailynews

