သတင်းများ

မုံရွာ – အမြင့် လမ်းမှာ လမ်းသွားလမ်းလာတွေကို စစ်တဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရ

December 19, 2021

မုံရွာ – ၂၀၂၁ ဒီဇင်ဘာ ၁၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာ-အမြင့်လမ်းပေါ်မှာ ခရီးသွားတွေကိုစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်း မုံရွာ-အမြင့်လမ်း ထနောင်းတော သုသာန်နားမှာ စစ်ကောင်စီတပ်တွေဟာ လမ်းသွားလမ်းလာတွေကို စစ်ကောင်စီတပ်တွေ တားဆီးစစ်ဆေးမှုတွေကို ပြုလုပ်နေတာပါ။ ဒီလို တားဆီး စစ်ဆေးနေချိန်မှာပဲ ပေါက်ကွဲမှုတွေဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ ပြည်သူတစ်ဦး မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံက ပြောပါတယ်။ အဆိုပါစစ်ကောင်စီတပ်အား ပဒေသာမိုင်း​ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာအခြေစိုက် Monywa Phoenix Warrior အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေဘက်က ထုတ်ပြန်တာတော့ မရှိသေးပါဘူး။ မုံရွာမြို့မှာ ကျန်းမာရေးကိစ္စနဲ့ အရေးကြီးကိစ္စများကလွဲပြီး မြို့အတွင်း လမ်းပေါ် သွားလာကူးသန်းမှုများ မပြုလုပ်ကြဖို့နဲ့ […]

အပြည့်အစုံဖတ်ရန်

အင်တာနက်ဖြတ်တောက်ခံရဆဲ ဖားကန့်မြို့ပင်မသပိတ်စစ်ကြောင်း ယနေ့မြင်ကွင်း

December 19, 2021

ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၁၈ (မော်ကွန်း) ဖားကန့်မြို့ကို စစ်အာဏာရှင်က အင်တာနက်ဖြတ်တောက်ထားတာ လေးလနီးပါးရှိလာပြီဖြစ်ပေမယ့် ပင်မသပိတ်ကတော့ ပျက်ရက်မရှိဘဲ လမ်းမပေါ်တက်ကာ ဆန္ဒထုတ်ဖော်နေတဲ့ ဒီကနေ့မြင်ကွင်းတွေဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

မန္တလေးမှာ ရွှေဆိုင် ဓားပြတိုက်ခံရ

December 19, 2021

မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၁၈ (မော်ကွန်း) မန္တလေးမြို့လယ်မှာ ဒီကနေ့ညနေပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ မန္တလေးမြို့၊ လမ်း၈၀ ၊ ၂၉လမ်းနဲ့ လမ်း ၃၀ ကြားရှိ ဝိန့်လီရွှေဆိုင်ကို ဒီကနေ့ ညနေ ၅:၂၀ ခန့်က ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်ပြီး လူ ခြောက်ယောက်က ဆိုင်ကယ်နှစ်စီးနဲ့ လာတိုက်သွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ဆိုင်ဝန်ထမ်း ၃ ဦးလည်း သေနတ်ဒဏ်ရာ ရရှိသွားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။ “အရေးပေါ်ကားတစ်စီးလည်းရပ်ထားတာတွေ့တယ်။ လမ်းကိုတော့ပိတ်ထားတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ရွှေထည်အချို့ပါသွားတယ်လို့ဆိုကြပြီး အတိအကျတော့မသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။ အခင်းဖြစ်ပွားပြီးချိန်မှာတော့ စစ်ကောင်စီတပ်တွေရောက်ရှိလာပြီး ရွှေဆိုင်ရှေ့က လမ်း ၈၀ ကို ကားသုံးစီးထိုးပြီး ပိတ်ထားလိုက်ကြောင်း မြို့ခံတွေက […]

အပြည့်အစုံဖတ်ရန်

နှမ်းခါးရွာကို လေကြောင်းက တိုက်ခိုက်ပစ်ခတ်ပြီးနောက် ဒေသခံ ၃၀၀၀ နဲ့အထက် ထွက်ပြေးနေရ

December 18, 2021

ဂန့်ဂေါ – ၂၀၂၁ ဒီဇင်ဘာ ၁၈ (မော်ကွန်း) မနေ့က ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို အာဏာသိမ်းစစ်ကောင်စီဟာ ကြည်းတပ်တွေအပြင် လေယာဉ်တွေနဲ့ပါ တိုက်ခိုက်ခဲ့လို့ သေဆုံးသူတွေရှိကာ ဒေသခံ အနည်းဆုံး ၃၀၀၀ နဲ့အထက် ထွက်ပြေးနေရကြောင်း မြေပြင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။ ဂန့်ဂေါနယ်တဝိုက် မူးယစ်ဆေးဝါး ရောင်းချ သုံးစွဲမှုတွေ ပိုမိုများပြားလာတာကြောင့် ထိန်းချုပ်ဖို့ အစည်းအဝေးကို မနေ့က နှမ်းခါးရွာအပါအဝင် ရွာပေါင်း ၂၅ ရွာလောက် စုစည်း ပြုလုပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ တိုက်ခိုက်ခံရတာဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုပါတယ်။ စစ်ရဟတ်ယဉ် ငါးစီးက နှမ်းခါးရွာရဲ့ တောင်နဲ့မြောက်ဘက်တွေမှာ အင်အားချကာ ‌ဝေဟင်ကနေ ရွာရဲ့ ခန်းမကို ပစ်ခတ်ခဲ့တာလို့ သတင်းရင်းမြစ်ကဆိုပါတယ်။ ” ဟတ်စကီးတွေက ဝိုင်းပစ်နေတဲ့အချိန် တိုက်လေယာဉ်တစ်စီးက ရွာပေါ်မှာ ဝဲပေးနေတာ”လို့ […]

အပြည့်အစုံဖတ်ရန်

ဈေးလာဝယ်တဲ့ စစ်ကောင်စီရဲတွေ အပြန်လမ်းမှာ မိုင်းဆွဲခံရပြီး တစ်ယောက်သေ

December 18, 2021

တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ စျေးဝယ်လာတဲ့ ရဲလေးယောက် မနေ့ကမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရဲတစ်ယောက် ဒဏ်ရာနဲ့ ဒီကနေ့ သေဆုံးသွားကြောင်း ဒေသခံများက ပြောပါတယ်။ မနေ့ မနက်က ဆိုင်ကယ်နှစ်စီးနဲ့ စျေးဝယ်ပြန်လာတဲ့ ရဲလေးယောက်ဟာ တန့်ဆည်မြို့ခန်းမအနီး၊ စာကြည့်တိုက်နားမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ရဲလေးယောက် ထိခိုက် ဒဏ်ရာတွေရရှိကာ ဒီကနေ့မှာ တစ်ယောက်သေဆုံးသွားတာပါ။ “နှစ်ယောက်ဆေးရုံပို့လိုက်ရပြီး နှစ်ယောက်ထဲကတစ်ယောက် သေသွားပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကို တန့်ဆည်အခြေစိုက် Phoenix Defence Force – Taze (တန့်ဆည်ဖီးနစ်) အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က အသိပေးပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လယ် ၁၂:၀၀ နာရီခန့်ကလည်း တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းရွာအနောက် […]

အပြည့်အစုံဖတ်ရန်

“ဖက်ဆစ်တွေသွေးနဲ့ ကျုံးကို ဖြည့်မယ်” အာဏာသိမ်းစစ်ကောင်စီ ဖိနှပ်တင်းကြပ်နေတဲ့ မန္တလေးမြို့မှာ လူငယ်တွေ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ

December 18, 2021

မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၁၈ (မော်ကွန်း) ပစ်ခတ်ဖမ်းဆီးမှုတွေနဲ့ ပြင်းထန်တဲ့အခြေအနေမှာ မန္တလေးမြို့က လူငယ်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ ညနေပိုင်းမှာ မန္တလေး GenZ လူငယ်တွေက “ဖက်ဆစ်တွေသွေးနဲ့ ကျုံးကိုဖြည့်မယ်၊အသက်ကိုလောင်းကြေးထပ် ငါတို့ထွက်ခဲ့တယ်” ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးမြို့တွင်း လူစည်ကားရာလမ်းမထက်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြမှု အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း ပါဝင်တဲ့လူငယ်တွေက ပြောပါတယ်။ ဓာတ်ပုံ-SIMULATION #Dailynews

အပြည့်အစုံဖတ်ရန်

“ထောင်ထဲက ရဲဘော်တွေထိလည်း ငါတို့နာတယ် လေးကေ့ကော်ထိလည်း မြေပြန့်ကနာတယ်” ကလေးမြို့ ပင်မသပိတ် ယနေ့မြင်ကွင်း

December 18, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၁၈ (မော်ကွန်း) ပျက်ရက်မရှိဘဲ စစ်အာဏာရှင်ကို တွန်းလှန် ဆန္ဒပြနေတဲ့ ကလေးမြို့ ပင်မသပိတ်ရဲ့ ရက်ပေါင်း ၃၁၄ ရက် ရှိလာတဲ့ ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ကြည့်မြင်တိုင်မြို့နယ် လျှပ်စစ်ရုံးတွင်ပေါက်ကွဲမှုဖြစ်

December 17, 2021

ရန်ကုန် – ၂၀၂၁ ဒီဇင်ဘာ ၁၇ (မော်ကွန်း) ယနေ့ နံနက် ၆:၀၀ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းရှိ လျှပ််စစ်ရုံးမှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။ “ အသံ အကျယ်ကြီး အုံးကနဲဆိုပြီး ကြားရတယ်။ လူတွေ ထိ မထိ မသိဘူး။ အခု စစ်ကောင်စီ တပ်တွေ တော်တော်ခြေရှုပ်နေတယ်” လို့ ၎င်းရုံးအနီးနေထိုင်သူတစ်ဦးက ပြောပြခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်ပွါးပြီးချိန်တွင် စစ်ကောင်စီတပ်များမှ နတ်စင်လမ်းထိပ်ဘက် Double Cab လေးစီး၊ နိဗ္ဗာန်လမ်းဘက် Double Cab တစ်စီး၊ မီးတန်းဆလွန်းတစ်စီးတို့နဲ့ လမ်းတွေကိုပိတ်ဆို့ကာ ရှာဖွေစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဖောက်ခွဲမှုကို မည်သည့်အဖွဲ့ အစည်းက လုပ်ဆောင်တယ်ဆိုတာကို မသိရသေးပါဘူး။ #Dailynews

အပြည့်အစုံဖတ်ရန်

မြိုင်မြို့နယ် ငါးမြောင်းရွာကို စစ်ကောင်စီမီးရှို့ဖျက်ဆီး

December 17, 2021

မြိုင် – ၂၀၂၁ ဒီဇင်ဘာ ၁၇ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ငါးမြောင်းရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့လို့ အိမ်ခြေ ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။ မနေ့က မနက် ၁၁း၃၀ ဝန်းကျင်မှာ မြိုင်မြို့နယ်အနောက်ပိုင်းရှိ ငါးမြောင်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၂ဝကျော် မီးရှို့ဖျက်ဆီးခံရကာ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ မီးရှို့ဖျက်ဆီးပြီးထွက်သွားတဲ့ စစ်ကောင်စီတပ်တွေကို ငါးမြောင်းရွာအနီးမှာပဲ ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦး ထိခိုက်ခဲ့ကြောင်း၊ ရဲဘော်တစ်ယောက် လက်ထိခိုက်ဒဏ်ရာရသွားတာကလွဲလို့ ကျန်တဲ့ ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင် PDFက ကြေညာပါတယ်။ ငါးမြောင်းရွာဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အစပ်နဲ့ မြောင်မြို့နယ်ကြားမှာ တည်ရှိပါတယ်။ ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်မြို့ #Dailynews

အပြည့်အစုံဖတ်ရန်

“ထောင်ထဲက ရဲဘော်တွေထိလည်း ငါတို့ နာတယ်။ လေးကေ့ကော်ထိလည်း မြေပြန့်က နာတယ်” ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

December 17, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၁၇ (မော်ကွန်း) ပျက်ရက်မရှိဘဲ လမ်းပေါ်တက် ဆန္ဒပြနေတဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ဟာ ဒီကနေ့ဆို ရက်ပေါင်း ၃၁၃ ရက် ရှိလာပါပြီ။ ဒီကနေ့မှာလည်း “ထောင်ထဲက ရဲဘော်တွေထိလည်း ငါတို့ နာတယ် လေးကေ့ကော်ထိလည်း မြေပြန့်က နာတယ်” ဆိုတဲ့ သပိတ်ဆောင်ပုဒ်နဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ကရင်တိုက်ပွဲ ငါတို့တိုက်ပွဲ” ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

December 16, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၁၆ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့သပိတ်ဟာ ပျက်ရက်မရှိဘဲ လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်တာ ဒီကနေ့ဆိုရင် ၃၁၂ ရှိလာခဲ့ပါပြီ။ ဒီကနေ့မှာတော့ ” ကရင်တိုက်ပွဲ ငါတို့တိုက်ပွဲ၊ ကရင်အောင်ပွဲ ငါတို့အောင်ပွဲ” “အမှောင်မိုက်ဆုံးအချိန်ဟာ ရောင်နီလာတော့မယ့် အချိန်ပါပဲ” “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ ပြန်သိမ်းပိုက်ကြ” စတဲ့ ဆောင်ပုဒ်တွေနဲ့ လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

တန့်ဆည်မှာ မိုင်းဆွဲခံရလို့ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရမှုရှိ

December 15, 2021

တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နေ့လယ် ၁၂:၀၀ နာရီဝန်းကျင်က တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းရွာ အနောက်တံတားကနေ ဒေါင့်ကြီးရွာကို ခြေလျင်ဝင်ရောက်လာတဲ့ ၁၅ယောက်ခန့်ပါတဲ့စစ်ကောင်စီတပ်ဟာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား သုံးဦးခန့် ပွဲချင်းပြီးသေဆုံးကာ တပ်သား နှစ်ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ထိခိုက်သေဆုံးသူတွေနဲ့ ကျန်တဲ့တပ်သားတွေကို ဖလံချိုင်ကျေးရွာက စစ်ကောင်စီသတင်းပေးတစ်ယောက်က ကားနဲ့လာသယ်သွားတယ်လို့ ဒေသခံက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါ် ပကဖ က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က အသိပေးပါတယ်။ အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေဘက်က ထုတ်ပြန်တာတော့ မရှိသေးပါဘူး။ […]

အပြည့်အစုံဖတ်ရန်
1 … 210 211 212 213 214 215 216 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."