မြိုင် – ၂၀၂၁ ဒီဇင်ဘာ ၁၇ (မော်ကွန်း)
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ငါးမြောင်းရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့လို့ အိမ်ခြေ ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။
မနေ့က မနက် ၁၁း၃၀ ဝန်းကျင်မှာ မြိုင်မြို့နယ်အနောက်ပိုင်းရှိ ငါးမြောင်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၂ဝကျော် မီးရှို့ဖျက်ဆီးခံရကာ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မီးရှို့ဖျက်ဆီးပြီးထွက်သွားတဲ့ စစ်ကောင်စီတပ်တွေကို ငါးမြောင်းရွာအနီးမှာပဲ ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦး ထိခိုက်ခဲ့ကြောင်း၊ ရဲဘော်တစ်ယောက် လက်ထိခိုက်ဒဏ်ရာရသွားတာကလွဲလို့ ကျန်တဲ့ ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင် PDFက ကြေညာပါတယ်။
ငါးမြောင်းရွာဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အစပ်နဲ့ မြောင်မြို့နယ်ကြားမှာ တည်ရှိပါတယ်။
ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်မြို့
#Dailynews

