ကန့်ဘလူ – ၂၀၂၂ ဇန်နဝါရီ ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကံကြီးအရှေ့ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးနေလို့ ရွာသူရွာသားတွေထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီကနေ့ မနက် ၆း၃၀ ဝန်းကျင်က ကန့်ဘလူမြို့နယ်၊ ချပ်သင်းရွာမှာတပ်စွဲထားတဲ့ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေ၊ အရပ်ဝတ်တွေနဲ့ ကံကြီးအရှေ့ရွာကို သေနတ်ပစ်ဖောက်ကာ ဝင်ရောက်လာခဲ့ကြောင်း၊ ဝင်လာပြီးမကြာခင် မိုင်းခွဲခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံကပြောပါတယ်။ အိမ်တင်မီးရှို့တာမဟုတ်ဘဲ အိမ်ဝိုင်းထဲရှိ ဈေးဆိုင်၊မီးဖို၊အိမ်မွေးဝက်ကိုပါ ပစ်သတ်ပြီး မီးရှို့ထားခဲ့ကြောင်း၊ တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး ကံကြီးအနောက်ရွာမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံက ပြောပါတယ်။ ဖမ်းဆီးရိုက်နှက်ခံရသူများလည်းရှိနိုင်ပြီး လမ်းပေါ်ဖြတ်သန်းသွားလာနေတဲ့ ကားသုံးစီးကိုလည်း ချက်သင်းဘက်ကို အဓမ္မစေခိုင်း အချောဆွဲသွားကြောင်း ဒေသခံကပြောပါတယ်။ ဇန်နဝါရီလ ၅ […]
ကလေး – ၂၀၂၂ ဇန်နဝါရီ ၇ (မော်ကွန်း) လူပေါင်းများစွာကို သတ်ဖြတ်ထားတဲ့ အာဏာသိမ်းစစ်တပ်ကို အသိအမှတ်ပြုတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကို ကန့်ကွက်ကြောင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်က ဒီကနေ့ ဆန္ဒဖော်ထုတ်ပါတယ်။ ဟွန်ဆန်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရန်ကုန်မြို့ကို ဒီကနေ့ ရောက်ရှိလာပြီး မြန်မာနိုင်ငံအနှံ့က ပြည်သူ့သပိတ်အသီးသီးက ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသကြပါတယ်။ ကလေးမြို့ပင်မသပိတ်ကတော့ လမ်းပေါ် ချီတက်ဆန္ဒပြလာတာ ဒီကနေ့ဆို ၃၃၄ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews
ဝက်လက် – ၂၀၂၂ ဇန်နဝါရီ ၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောရွာမှာ အာဏာသိမ်းစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် တောင်ယာလုပ်ကိုင်နေတဲ့ ရွာသားနှစ်ဦးသေဆုံးသွားကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ ၃ ရက်နေ့က ဝက်လက်နယ် ညောင်ပင်ကြီးတောရွာနဲ့ ရွာနန်းရွာအနီးတစ်ဝိုက် ရဟတ်ယာဥ်နဲ့ပါ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီအချိန် ညောင်ပင်ကြီးတောရွာက တောင်ယာလုပ်ကိုင်နေတဲ့ ပြည်သူနှစ်ဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်သတ်မှုကို ခံရကာ သေဆုံးသွားကြောင်း၊ သေဆုံးသူတွေရဲ့ရုပ်အလောင်းကို ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ နယ်ခံက ပြောပါတယ်။ ဒါ့အပြင် မနေ့က ထွက်ပြေးတိမ်းရှောင်ရင်း သက်ကြီးရွယ်အိုတစ်ဦး အအေးမိပြီး သေဆုံးသွားကြောင်း နယ်ခံတစ်ဦးက ပြောပါတယ်။ ဝက်လက်မြို့နယ် ပေါက်ကန်ရွာ၊ ညောင်ပင်ကြီးတောရွာ၊ ဝက်လည်ရွဲရွာတွေမှာလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက် တပ်စွဲထားလို့ရွာနားဝန်းကျင်က ရွာတွေအပါအဝင် ရွာငါးရွာက […]
ရန်ကုန်-၂၀၂၂ ဇန်နဝါရီ ၆ (မော်ကွန်း) ရန်ကုန်တိုင်း ဒေါပုံမြို့နယ် ဗန္ဓုလတံတားအဆင်းနားက အ.လ.က (၂) ကျောင်းအနီးမှာ ဒီနေ့ မနက် ၇:၀၀ ကျော်လောက်က စစ်ကောင်စီသတင်းပေးဟု အမည်ထွက်နေသည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရတယ်လို့ ဒေါပုံမြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ ပစ်သတ်ခံရသူဟာ စစ်ကောင်စီတပ်တွေကို သတင်းပေးတဲ့ ဒလန်လို့ ရပ်ကွက်အတွင်း ကျော်ကြားပြီး သေနတ်နဲ့ ခြောက်ချက်ခန့်ပစ်သတ်ခဲ့တာလို့လည်း ဆိုပါတယ်။ “ အသံတော်တော်ကျယ်တယ်။ ဖြစ်ဖြစ်ချင်း အနားမှာ ဘယ်သူမှ မရှိကြဘူး။ ကြာတော့မှ လူနာတင်ကားနဲ့ လာသယ်သွားတာ” လို့ ဒေသခံက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွါးပြီး မကြာခင်မှာပဲ စစ်ကောင်စီ တပ်တွေရောက်ရှိလာပြီး လမ်းပိတ်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။ လက်ရှိမှာတော့ ပစ်ခတ်မှုဖြစ်ပွါးရာနေရာရှိ လမ်းကို ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ မနေ့ည ၇:၀၀ ခန့်ကလည်း […]
မုံရွာ – ၂၀၂၂ ဇန်နဝါရီ ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူအဖွဲ့တွေကို ထောက်ပံ့နေသူလို့ဆိုတဲ့ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ပစ်သတ်ခံရသူဟာ မုံရွာမြို့နယ်၊ တောပုကျေးရွာမှာနေထိုင်တဲ့ ပန်းရောင်းသူ အသက်၄၅နှစ်အရွယ်ရှိ ဒေါ်ကြည်လှ ဖြစ်ပါတယ်။ ဒီကနေ့ မနက် ၈:၃၀ လောက်က တောပုကျေးရွာအဝင်ဇရပ်နားမှာ အဖွဲ့တစ်ဖွဲ့ကနေ ဒေါ်ကြည်လှကို သေနတ်နဲ့ ခြောက်ချက် ပစ်ခတ်ခဲ့ပြီး ၄ချက် ထိမှန်ကာ သေဆုံးသွားကြောင်း ဒေသခံက ပြောပါတယ်။ “သေတဲ့အမျိုးသမီးက မုံရွာမြို့ထဲဘုရားနီနားမှာပန်းရောင်းတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အဆိုပါ အမျိုးသမီးကို Monywa Ranger Group/Truth Army အထူးစုံစမ်းရေးအဖွဲ့ကနေ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။ ပစ်ခတ်ခံရသူ အမျိုးသမီးဟာ ရပ်ရွာကို စစ်တပ်ခေါ်ဆောင်ဖို့ […]
ရန်ကုန် – ၂၀၂၂၊ ဇန်နဝါရီ ၆ (မော်ကွန်း) လှိုင်သာယာမြို့နယ်၊ ရုံးရှေ့မှတ်တိုင်အနီးမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီနေ့ နံနက် ၉:၄၅ ခန့် က ဒေသဆ်ိုင်ရာပျောက်ကျားတပ်ဖွဲ့ Spring Revolution Flames – SRF က အနီးကပ်ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့တယ်လို့ အဲဒီ့အဖွဲ့ရဲ့ မဟာမိတ် မြို့ပြပျောက်ကြားအဖွဲ့ ဖြစ်တဲ့ CGF – Yangon က ထုတ်ပြန်ထားပါတယ်။ အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီ တပ်သားနှစ်ဦးသေပြီး ဒေသပျောက်ကျားတပ်ဖွဲ့ ဝင်တွေ အောင်မြင်စွာ ဆုတ်ခွါလာနိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ အဲဒီရုံးရှေ့ မှတ်တိုင်အနားမှာ ရဲစခန်း ရှိနေပြီး မလှမ်းမကမ်းမှာတော့ အထွေထွေအုပ်ချုပ်ရေးမှူးရုံရှိနေတာပါ။ ဒီနေ့ မနက်ပိုင်းက မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက္ကံဘောလုံးကွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို Area 21 မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ […]
ထားဝယ်-၂၀၂၂ ဇန်နဝါရီ ၆ (မော်ကွန်း) ထားဝယ်မြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုထွန်းဦးကို ထားဝယ်ထောင်တွင်းတရားရုံးက ဒီဇင်ဘာ ၃၀ က ပုဒ်မ ၅၀၅(က)၊ ၁၉(စ) နှစ်မှု၊ ၅၁၊၅၂(က)စတဲ့ ပုဒ်မငါးခုအတွက် ထောင်ဒဏ် ၁၉နှစ်ချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ယက် DPPN က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်ဖြစ်တဲ့ ဦးထွန်းကြည်က ကိုထွန်းဦးကို နှစ်ကြီးပြစ်ဒဏ်ချတဲ့အပေါ် အခုလိုမှတ်ချက်ပြုပါတယ်။ “ပြည်သူလူထုထောက်ခံတဲ့သူတွေကို သူတို့(စစ်ကောင်စီ)က စံပြရွေးချယ်ပြီးတော့နှစ်ကြီးတွေချလိုက်တာ။ ဒါကဘာလဲဆိုတော့ ပြည်သူကိုခြိမ်းခြောက်တာ။ သူတို့က ဒီလူတွေကိုပုဒ်မမျိုးစုံတပ်ပြီးထောင်တွေချလိုက်တော့ နောက်လူတွေအတွက်တစ်ခါတည်း ဟန့်တားပြီးသားဖြစ်မယ်လို့ သုံးသပ်တာ။ရှင်းရှင်းပြောရင် ကိုထွန်းဦးကိုထောင်ချရင် ကိုထွန်းဦးမြောက်မြားစွာထပ်ထွက်လာမယ်လို့ မှတ်ချက်ပြုချင်ပါတယ်ဗျ” စစ်ကောင်စီတပ်ဖွဲ့တွေက ကိုထွန်းဦးကို စက်တင်ဘာ ၂၄ ရက်က မြို့သစ် ၁၀လမ်းမှာရှိတဲ့ နေအိမ်မှာလာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ကိုထွန်းဦးဟာ ထားဝယ်အကျဉ်းထောင်မှာ ပုဒ်မအများဆုံးနဲ့ […]
ကလေး – ၂၀၂၂ ဇန်နဝါရီ ၆ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ လမ်းပေါ် ချီတက်ဆန္ဒပြခဲ့တာ ၃၃၃ ရက်ရှိလာတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ ဇန်နဝါရီ ၅ (မော်ကွန်း) စစ်အာဏာရှင်နဲ့ ပူးပေါင်းမယ်ဆိုတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကလေးမြို့ ပင်မသပိတ်က ဒီကနေ့ ဆန္ဒဖော်ထုတ်တဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ လမ်းပေါ်တက် ဆန္ဒပြလာတာ ဒီကနေ့ဆို ရက်ပေါင်း ၃၃၂ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews
မန္တလေး – ၂၀၂၂ ဇန်နဝါရီ ၄ (မော်ကွန်း) မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းမှာ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၈:၀၀ နာရီဝန်းကျင်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၈ လမ်း လမ်း ၄၀ နဲ့ ၄၁ လမ်းကြား၊ သင်္ဂဇာချောင်းအနီးမှာ တည်ရှိတဲ့ မဟာအောင်မြေကျောက်ဝိုင်းအတွင်း တာမခံ Aအဆောင်နဲ့ လုံးခင်း Aအဆောင်ကြား ကျောက်ဖြတ်ခုံဘက်မှာ ဖြစ်ပွါးခဲ့ကြောင်း မြို့ခံက ပြောပါတယ်။ ကျောက်ဝိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတာမျိုး မရှိတဲ့အတွက် သေဆုံးသူမှာ အရပ်သားတစ်ဦးဖြစ်နိုင်ကြောင်း မြို့ခံတချို့က ပြောပါတယ်။ “မြေကြီးတောင်တုန်သွားတယ်။ သေတဲ့သူက သန့်ရှင်းရေးဝန်ထမ်းလို့လည်းပြောတယ်။ ပွဲစားလို့လည်းကြားတယ်။ ပေါက်ကွဲမှုက အတော်ဝေးဝေးကကို ကြားရတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ကျောက်ဝိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်နဲ့ […]
ကလေး – ၂၀၂၂ ဇန်နဝါရီ ၄ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်ဟာ လမ်းမပေါ် ချီတက်ဆန္ဒပြလာခဲ့ရာ ၃၃၁ ရက်မြောက်ရှိလာတဲ့ ဒီကနေ့မြင်ကွင်းတွေဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ဝက်လက် – ၂၀၂၂ ဇန်နဝါရီ ၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောကျေးရွာမှာ ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်နေလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နယ်ခံတွေက ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ညောင်ပင်ကြီးတောရွာကို ရဟတ်ယာဥ်နှစ်စီးနဲ့ ပစ်ခတ်သွားကြောင်း၊ အထိအခိုက်စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။ ဝက်လက်နယ် ရွှေဘို-မန္တလေးလမ်းရဲ့အရှေ့ခြမ်း၊ အနောက်ခြမ်းနဲ့ တောင်ဘက် ဆားတောင်နယ်ဘက်အထိ ရဟတ်ယာဥ်တွေ ပျံသန်းနေပြီး လေးစင်းခန့် တွေ့ရကြောင်း၊ ညောင်ပင်ကြီးတောရွာအပြင် အခြားရွာတွေလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံက ပြောပါတယ်။ “အရင်ရက်က ဖြစ်ထားတဲ့အရှိန်ကြောင့် ဝက်လက်နယ်ကို ရဟတ်ယာဥ်နဲ့ပါ ပစ်ကူနေတာ”လို့ ဝက်လက်နယ်ခံတစ်ဦးက ထင်မြင်ချက်ပေးပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့နဲ့ ဇန်နဝါရီလ ၁ ရက်နေ့တွေက ဝက်လက်မြို့နယ် အရှေ့ခြမ်း ဘုရားလေးကုန်းကျေးရွာအတွင်း တပ်စွဲထားတဲ့စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."