ကလေး – ၂၀၂၂ ဇန်နဝါရီ ၇ (မော်ကွန်း)
လူပေါင်းများစွာကို သတ်ဖြတ်ထားတဲ့ အာဏာသိမ်းစစ်တပ်ကို အသိအမှတ်ပြုတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကို ကန့်ကွက်ကြောင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်က ဒီကနေ့ ဆန္ဒဖော်ထုတ်ပါတယ်။
ဟွန်ဆန်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရန်ကုန်မြို့ကို ဒီကနေ့ ရောက်ရှိလာပြီး မြန်မာနိုင်ငံအနှံ့က ပြည်သူ့သပိတ်အသီးသီးက ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသကြပါတယ်။
ကလေးမြို့ပင်မသပိတ်ကတော့ လမ်းပေါ် ချီတက်ဆန္ဒပြလာတာ ဒီကနေ့ဆို ၃၃၄ ရက်ရှိလာပါပြီ။
ဓာတ်ပုံ – CJ
#Dailynews

