လောက်ကိုင် – ၂၀၂၂ ဒီဇင်ဘာ ၆ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ တိုက်ပွဲ ဖြစ်ပွားနိုင်တယ်လို့သတင်းတွေထွက်လာပြီးနောက် မြို့ထဲမှာအလုပ်လုပ်နေတဲ့ အလုပ်သမားအတော်များများဟာ အလုပ်ထွက်ပြီးနေရပ်ကိုပြန်နေကြပြီလို့ လောက်ကိုင်မြို့ကဒေသခံတစ်ဦးကပြောပါတယ်။ ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ အာဏာသိမ်းစစ်တပ်တို့ စစ်ဖြစ်လာနိုင်တာကြောင့် အလုပ်သမားတွေပြန်ကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ‘ကျွန်တော်တောင်မနက်ဖြန်ပြန်မှာ၊ ဒီရက်ပိုင်းသေနတ်သံတွေလည်းကြားနေရတယ်၊ စစ်သားတွေလည်း သေနေကြတယ်ဆိုတော့စစ်ဖြစ်လာဖို့ကသေချာတယ်၊ အကုန်ပြန်ကြပြီ”လို့ အလုပ်လာလုပ်နေသူတစ်ဦးကပြောပါတယ်။ လောက်ကိုင်မြို့မှာစစ်ဖြစ်လာရင် အလုပ်ရှင်တွေကလည်းတာဝန်မယူနိုင်ဘူးလို့ဆိုတာကြောင့် အလုပ်သမားတွေအားလုံးနီးပါး အလုပ်ထွက်ပြီးနေရပ်ပြန်ကြတာလို့ဒေသခံကပြောပါတယ်။ မြို့တွင်းမှာ အခြေအနေထူးခြားတာမျိုးမရှိသေးပေမယ့် မြို့အနီးဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်တို့ မကြာခဏထိတွေ့မှုဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လောက်ကိုင်မြို့တွင်းက ဂိမ်းရုံမှာအလုပ်လုပ်နေသူတွေဟာ အလုပ်စာချုပိ နှစ်ချုပ်ချုပ်ထားတာကြောင့် ပြန်လို့မရသေးသူတွေရှိနေသေးတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ပုံစာ – ယနေ့လောက်ကိုင်မြို့မြင်ကွင်း ဓာတ်ပုံ – CJ #Dailynews
ရန်ကုန်- ၂၀၂၂၊ ဒီဇင်ဘာ ၅ (မော်ကွန်း) ပတ်စ်ပို့လျှောက်ထားဖို့ အွန်လိုင်းကနေ QR ကုဒ်နဲ့ဘွတ်ကင်ယူရတဲ့စနစ်ကို ယနေ့မှစ၍ရပ်ဆိုင်းလိုက်ပြီး ပြန်လည်လျှောက်ထားနိုင်မယ့်နေ့ကို ထပ်မံအသိပေးသွားမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးက သတင်းထုတ်ပြန်ပါတယ်။ “QR ကုဒ်စျေးတွေကအပြင်မှာ သိန်းချီပြီးပေါက်နေတာ။ အဲ့ဒါအပေါ်ထိရောက်သွားတာ။ ဒီနေ့ကစပြီးရပ်ဆိုင်းလိုက်တာ။ အခုက ဘယ်လိုစနစ်နဲ့ ဆက်သွားမလဲဆိုတာ တာဝန်ရှိသူတွေ တိုင်ပင်ဆွေးနွေးကြဦးမှာ။ တစ်လ နှစ်လလောက်တော့ကြာမယ်ထင်တယ်” လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ တာဝန်ရှ်ိသူတစ်ဦးကပြောပါတယ်။ ယခင် QR ကုဒ်ယူထားသူများကတော့ ဆက်လက်အသုံးပြုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ လျှောက်ထားသူတွေအနေနဲ့လည်း ပွဲစားတွေထံက QR ကုဒ်တွေကို စျေးအဆမတန်ပေးဝယ်တာ၊ တစ်ခြားသူတွေရဲ့ QR ကုဒ်တွေကို လက်လွှဲ အသုံးပြုတာတွေမလုပ်ဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက အွန်လိုင်းဘွတ်ကင်စနစ်ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ရတဲ့စနစ်ကို ပြီးခဲ့တဲ့ မတ် ၂၃ ရက်က စတင်လုပ်ဆောင်ခဲ့တာပါ။ အဲ့လိုလုပ်ဆောင်ခဲ့ပြီးတဲ့နောက်ပိုင်း ရန်ကုန်မြို့ကနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံရှေ့မှာ နေ့စဉ် […]
ကလေးမြို့ – ၂၀၂၂ ဒီဇင်ဘာ ၄ (မော်ကွန်း) နေ့စဉ်မပြတ် ချီတက်ဆန္ဒပြနေဆဲ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ညမှာ ဒေသခံပြည်သူလူထုများစွာနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆိုရင် ၆၆၆ ရက်ရှိလာခဲ့ပါပြီ။ ဓာတ်ပုံ – CJ #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၂ ဒီဇင်ဘာ ၄ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်တွေ နေ့စဉ်မပြတ်ချီတက်နေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ တောင်ယာစိုက်ခင်းထဲက ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ယင်းမာပင်- ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဟာ နေ့စဉ်မပြတ်ဆန္ဒထုတ်ဖော်လာတာ ဒီနေ့ဆိုရင် ၆၃၃ ရက်ရှိလာခဲ့ပါပြီ။ ဓာတ်ပုံ – CJ #Dailynews
ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ရေစကြို – ၂၀၂၂ ဒီဇင်ဘာ ၂ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငါမြာကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်ဟာ မနေ့ညက လာရောက်မီးရှို့ခဲ့ပြီး ငါမြာကြီးကျေးရွာက ရွာသား ၃၀နဲ့ ငါမြာလေးကျေးရွာက ရွာသား ၅၀ ကိုဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရေစကြိုမြို့နယ်၊ ဆင်မရဲရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်က လာရောက်မီးရှို့၊ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ “ဒလန်သတင်းပေးလို့ ဆိုပြီးရွာထဲဝင်လာပြီးမီးရှို့တာ၊ ရွာသားတွေကိုလည်း NLD ပါတီထောက်ခံတဲ့ပစ္စည်းတွေ့လို့ဆိုပြီးဖမ်းသွားတာ၊ဒီနေ့တစ်ယောက်သုံးသောင်းပေးပြီးပြန်လွှတ်လာတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ငါမြာကြီးကျေးရွာကနေအိမ် လေးလုံး မီးလောင်ပြာကျသွားခဲ့ပြီး ရွာသားတွေအကုန် ဘေးလွတ်ရာရှောင်တိမ်းခဲ့ရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ #Dailynews
ပခုက္ကူ – ၂၀၂၂ ဒီဇင်ဘာ ၂ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ နိုဝင်ဘာ ၂၄ရက်ကစပြီး ဆိုင်ကယ်တစ်စီးကို နှစ်ယောက်မစီးရဘူးလို့ အာဏာသိမ်းစစ်တပ်က ကန့်သတ်ပြီးနောက် ဖမ်းဆီးခံရသူ ၆၀ ကျော်ထိရှိလာတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ပခုက္ကူစက်မှုဇုန်မှာလည်း ဆိုင်ကယ်တစ်စီးနှစ်ယောက်စီးတဲ့ အမျိုးသမီးနှစ်ဦးကိုလည်း မနေ့မနက်ပိုင်းကသေနတ်နဲ့လေးချက်ခန့်ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အာဏာသိမ်းစစ်တပ်က မနက် ရှစ်နာရီကနေ ညနေ ခြောက်နာရီအထိ ဆိုင်ကယ်တစ်စီးတစ်ယောက်ထဲစီးခွင့်ပြုထားပေမယ့် မနက် ရှစ်နာရီမထိုးခင် အိမ်ရှေ့ဆိုင်ရှေ့မှာရပ်ထားတဲ့ဆိုင်ကယ်တွေကိုပါ လိုက်လံသိမ်းဆည်းနေတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ “ရှစ်နာရီမထိုးခင်အိမ်ပြင်မှာရပ်ထားတဲ့ဆိုင်ကယ်တွေ၊အိမ်ပြင်ဆိုင်ပြင်တွေမှာရပ်ထားတာတွေကို လမ်းကြိုလမ်းကြားမကျန် အမေးအမြန်းမရှိကားပေါ်တင်သိမ်းသွားတာ” လို့ဒေသခံတစ်ဦးကပြောပါတယ်။ သတ်မှတ်ထားချိန်မတိုင်ခင်စီးတဲ့ဆိုင်ကယ်တွေကိုလူပါဖမ်းပြီးငွေတောင်းတာကြောင့် မြို့ပေါ်မှာဆိုင်ကယ်စီးသူနည်းသွားပြီးလမ်းလျှောက်သွားကြသူများလာတယ်လို့ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ဆိုင်ကယ်တွေကို အာဏာသိမ်းစစ်တပ်က ကားနဲ့တင်သွားပြီး တစ်စီးကို ငါးသောင်းကျပ်ငွေတောင်းခံနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ #Dailynews
ရန်ကုန် – ၂၀၂၂ နိုဝင်ဘာ ၃၀ (မော်ကွန်း) တပ်ပိုင်မြေဆိုပြီးဖျက်ဆီးခံရတဲ့ မင်္ဂလာဒုံမြို့နယ်ထဲက ရပ်ကွက်ငါးခုကဒေသခံတွေဟာ နေဖို့စားဖို့ အခက်ကြုံနေကြရတယ်လို့ အိမ်ဖျက်ဆီးခံလိုက်ရသူတွေကပြောပါတယ်။ “တချို့က အငှားလက်မခံဘူး။ နေဖို့စားဖို့က အခက်အခဲတွေဖြစ်နေကြတယ်။ အဆင်မပြေဘူးဖြစ်နေတာ အကုန်လုံး။ လမ်းဘေးမှာအိပ် လမ်းဘေးမှာစားဖြစ်နေရတယ်” လို့ ဖျက်ဆီးခံခဲ့ရတဲ့ စံသမာဓိရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ ဆွေမျိုးနီးစပ်ရှိသူတွေကတော့ နီးစပ်ရာနေရာတွေမှာသွားနေကြပြီး အများစုကတော့ နေစရာ အခက်အခဲဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။ “အိမ်ဆို ဘာမှပစ္စည်းသိမ်းချိန်မရဘူး။ ကျွန်တော်တို့လုပ်ငန်းသုံးမယ့်ပစ္စည်းတွေကအစ၊ ဝင်ဖြိုတယ် ဖျက်ဆီးတယ်။ အိမ်တွင်းပစ္စည်းတော်တော်များများလည်းပါသွားပါတယ်”လို့ အိမ်ဖျက်ခံရသူတစ်ဦးကဆိုပါတယ်။ စံသမာဓိရပ်ကွက်မှာတော့ စစ်ကောင်စီက ခြံစည်းရိုး စကာနေပြီလို့သူကဆိုပါတယ်။ ပြောင်းရွှေ့ခိုင်းထားတဲ့ရပ်ကွက်ငါးခုဟာ မင်္ဂလာဒုံမြို့နယ် ပျဥ်းမပင်ကျေးရွာအုပ်စုထဲက စံသမာဓိ၊ မြဝတီ၊ ဓမ္မပါလ၊မြဲမြံအောင်နဲ့ ဂုံညှင်းနီး ရပ်ကွက်တွေဖြစ်ပြီး လူဦးရေငါးသောင်းနီးပါးနေထိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ အဲဒီလိုဖယ်ရှားခိုင်းတာကြောင့် စိတ်ကျပြီး အဆုံးစီရင်သွားသူတွေလည်းရှိပါတယ်။ ပုံစာ […]
သိမ်ဇရပ် – ၂၀၂၂ နိုဝင်ဘာ ၃၀ (မော်ကွန်း) မွန်ပြည်နယ်၊ သိမ်ဇရပ်ရဲစခန်းကနေ လက်နက်ကြီးနဲ့ပစ်တာကြောင့် လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံးနဲ့ ကလေးငယ်နှစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၆ ရက် ညနေ ၆း၃၀ မှာ သိမ်ဇရပ်ရဲစခန်းထဲက စစ်ကောင်စီတပ်တွေက ၄၀ မမနဲ့ ပစ်ခတ်ခဲ့တာကြောင့် သိမ်ဇရပ်မြို့အမှတ် ၃ ရပ်ကွက်ကြီး တောင်တခြမ်းရပ်ကွက်မှာရှိတဲ့ ဦးကျော်တင့်ရဲ့နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ပျက်စီးကာ အသက်ရှစ်နှစ်အရွယ် မောင်မြင့်မြတ်နဲ့ တူဖြစ်သူ မောင်သန့်စင်တို့နှစ်ဦး လက်နက်ကြီးကျည်စထိမှန်ခဲ့တာပါ။ လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တဲ့ကလေးငယ်နှစ်ဦးထဲက မောင်မြင့်မြတ်က မစိုးရိမ်ရတာကြောင့် သိမ်ဇရပ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေပြီး မောင်သန့်စင်က စိုးရိမ်ရဒဏ်ရာရတာကြောင့် ပဲခူးမြို့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။ အဲဒီသိမ်ဇရပ်ရဲစခန်းဟာ မကြာခဏ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေရှိပြီး အရပ်သားတွေကိုလည်း မတရားဖမ်းဆီးမှုတွေလုပ်ဆောင်နေတာကြောင့် […]
စစ်ကိုင်း-၂၀၂၂ နိုဝင်ဘာ ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း လေယာဉ်ဆီ၊ ရိက္ခာနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေတင်ဆောင်ကာ ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ ရေယာဉ်တွေကို နိုဝင်ဘာ ၂၈ ရက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကာ အများအပြားသေဆုံးနိုင်တယ်လို့ Yinmarbin Local People’s Defence Force ကဒီနေ့သတင်းထုတ်ပြန်ပါတယ်။ ချင်းတွင်းမြစ်ကြောင်းတလျောက်တိုက်ခိုက်မှုကို ချင်းတွင်းဂဠုန်ရာဇာနဲ့ Triple Two Task Force, Yinmarbin Local People’s Defence Force, Monywa Trust of Force, Alpha Special Force, Salingyi Regional Defense Force-SRDF, Dragon Brother Task Force နဲ့ ညီနောင်မဟာမိတ်တပ်တွေပူးပေါင်းကာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ […]
စစ်ကိုင်းတိုင်း – ၂၀၂၂ နိုဝင်ဘာ ၂၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ဟာ နယ်မြေမငြိမ်သက်မှုတွေကြားက ၆၂၈ ရက်မြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
မုံရွာ – ၂၀၂၂ နိုဝင်ဘာ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့တစ်ဖက်ကမ်း ချင်းတွင်းမြစ်အနောက်ဖက်ကမ်းတကြောက စစ်ဘေးရှောင်တွေဟာ အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။ “ ကျွန်တော်တို့(အနွေးထည်တွေ)ပို့နေတာတော်တော်များပြီ၊ ပို့လို့မလောက်ဘူး။ အခုလိုအပ်တဲ့အရေအတွက်က ထောင်ဂဏန်းလောက်လိုအပ်တယ်။ ယင်းမာပင်၊ ကနီ၊ မင်းကင်းတကြောလုံးပဲ။ ဒါက တစ်ယောက်ကို တစ်ထည်နှုန်းပဲ၊ စစ်ရှောင်က တော်တော်များတယ်” လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးကပြောပါတယ်။ ဒေသခံတွေဟာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးတာတွေ၊ အကြမ်းဖက်သတ်ဖြတ်တာတွေကြောင့် ရွာတွေထဲမှာလည်းမနေရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ပြေးဒုက္ခသည်စုစုပေါင်း ခုနစ်သိန်းနီးပါးရှိတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ရဲ့ နိုဝင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ ပုံစာ – စစ်ကိုင်းတိုင်းအတွင်းမှ စစ်ရှောင်များ Photo – RSG […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."