ရေစကြို – ၂၀၂၂ ဒီဇင်ဘာ ၂ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငါမြာကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်ဟာ မနေ့ညက လာရောက်မီးရှို့ခဲ့ပြီး ငါမြာကြီးကျေးရွာက ရွာသား ၃၀နဲ့ ငါမြာလေးကျေးရွာက ရွာသား ၅၀ ကိုဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ရေစကြိုမြို့နယ်၊ ဆင်မရဲရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်က လာရောက်မီးရှို့၊ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
“ဒလန်သတင်းပေးလို့ ဆိုပြီးရွာထဲဝင်လာပြီးမီးရှို့တာ၊ ရွာသားတွေကိုလည်း NLD ပါတီထောက်ခံတဲ့ပစ္စည်းတွေ့လို့ဆိုပြီးဖမ်းသွားတာ၊ဒီနေ့တစ်ယောက်သုံးသောင်းပေးပြီးပြန်လွှတ်လာတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ငါမြာကြီးကျေးရွာကနေအိမ် လေးလုံး မီးလောင်ပြာကျသွားခဲ့ပြီး ရွာသားတွေအကုန် ဘေးလွတ်ရာရှောင်တိမ်းခဲ့ရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။
#Dailynews

