ချင်းတွင်းမြစ်အတိုင်းဆန်တက်လာတဲ့စစ်ကောင်စီရေယာဉ်အုပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက်

ချင်းတွင်းမြစ်အတိုင်းဆန်တက်လာတဲ့စစ်ကောင်စီရေယာဉ်အုပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက်

စစ်ကိုင်း-၂၀၂၂ နိုဝင်ဘာ ၃၀ (မော်ကွန်း)

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း လေယာဉ်ဆီ၊ ရိက္ခာနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေတင်ဆောင်ကာ ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ ရေယာဉ်တွေကို နိုဝင်ဘာ ၂၈ ရက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကာ အများအပြားသေဆုံးနိုင်တယ်လို့ Yinmarbin Local People’s Defence Force ကဒီနေ့သတင်းထုတ်ပြန်ပါတယ်။

ချင်းတွင်းမြစ်ကြောင်းတလျောက်တိုက်ခိုက်မှုကို ချင်းတွင်းဂဠုန်ရာဇာနဲ့ Triple Two Task Force, Yinmarbin Local People’s Defence Force, Monywa Trust of Force, Alpha Special Force, Salingyi Regional Defense Force-SRDF, Dragon Brother Task Force နဲ့ ညီနောင်မဟာမိတ်တပ်တွေပူးပေါင်းကာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိရဖို့ ဆက်သွယ်ထားပေမယ့် လက်ရှိအချိန်ထိတော့ ဆက်သွယ်လို့မရသေးပါဘူး။
Video – yinmarbin local people’s defense force


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."