သတင်းများ

လေပြင်းတိုက်မှုကြောင့် ဝိုင်ဖိုင်ကြိုးတွေပြတ်ပြီး ရန်ကုန်က မြို့နယ်အချို့မှာ အင်တာနက်လိုင်းတွေပြတ်တောက်နေ

May 15, 2023

ရန်ကုန်၊ ၂၀၂၃ မေ ၁၅ (မော်ကွန်း) ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာ လေပြင်းတိုက်ခတ်မှု‌တွေကြောင့် ဓာတ်တိုင်တွေမှာ သွယ်တန်းထားတဲ့ ဝိုင်ဖိုင်အင်တာနက်ကြိုးတွေ ပြတ်ကျမှုတွေရှိခဲ့ပြီး မြို့နယ်အချို့မှာ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။ ရန်ကုန်တိုင်း ကိုကိုးကျွန်း၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) ၊ ကြည့်မြင်တိုင်မြို့နယ် အစရှိတဲ့ မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုတွေရှိခဲ့ပြီး သစ်ပင်သစ်ကိုင်းကျိုးကျတာတွေ၊ ဓာတ်တိုင်များလဲကျမှု၊ ဆက်သွယ်ရေးတာဝါတိုင်ထိခိုက်ပျက်စီးမှုတွေ၊ ဓာတ်ကြိုးပြတ်တောက်မှုတွေနဲ့ သစ်ပင်ပြိုလဲမှုတွေ ရှိခဲ့ပါတယ်။ အဲ့ဒီလို ပျက်စီးမှုတွေကြောင့် ဓာတ်တိုင်တွေမှာ သွယ်တန်းထားတဲ့ အင်တာနက် ဝိုင်ဖိုင်ကြိုးတွေလည်း ပြတ်ကျခဲ့ပြီး မြို့နယ်အချို့မှာ အင်တာနက်လိုင်းပြတ်တောက်နေတာဖြစ်တယ်လို့ Tiger Net အင်တာနက်ဝိုင်ဖိုင်ဝန်ဆောင်မှုကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ ဒီနေ့ မေလ ၁၅ ရက်မှာ […]

အပြည့်အစုံဖတ်ရန်

ကနီမှာ မုန်တိုင်းကြောင့်ရော စကစစစ်ကြောင်းထိုးတာကြောင့်ပါ စစ်ဘေးရှောင်တွေအခက်ပိုတွေ့

May 14, 2023

ရန်ကုန်-၂၀၂၃ မေ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်တကြောက စစ်ဘေးရှောင်တွေ မိုခါမုန်တိုင်းကြောင့် မိုးသက်လေပြင်းဒဏ်အပြင် စစ်ကောင်စီတပ်တွေပါ စစ်ကြောင်းထိုးတာကြောင့် အခက်ခဲကြုံနေတယ်လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ” လေမိုးကျတာကောဆိုတော့ နေရေးထိုင်ရေးအခက်ခဲဖြစ်တာပေါ့ဗျာ။ မိုးကတောက်လျောက်ရွာနေတာ၊ သုံးရက်ရှိပြီ။ အခုက စားစရာ ရိက္ခာလိုတယ်။ ဆေးဝါးအထောက်ပံ့ နေစရာ ခင်းစရာမိုးကာတွေလည်းလိုတယ်။ စစ်ရှောင်အားလုံးပေါင်း နှစ်ထောင်ဝန်းကျင်လောက်ရှိတယ်” လို့ ပြောပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေအနေနဲ့လည်း စစ်ကောင်စီတပ်တွေ‌နေ့စဉ်စစ်ကြောင်းထိုးတာကြောင့် ကူညီကယ်ဆယ်ရေးတွေလုပ်ပေးဖို့ အခက်ခဲဖြစ်နေတယ်လို့ ကနီမြို့နယ်ထဲက Spring Guerrilla Platoon အဖွဲ့က တာဝန်ရှိသူက‌ပြောပါတယ်။ “ကာကွယ်ရေးအဖွဲ့တွေကတော့ သူတို့(စစ်ဘေးရှောင်တွေ) ကို ဘေးကင်းလုံခြုံတဲ့ဆီပို့ပေးနိုင်တာပဲရှိတယ်ဗျ။ စားနပ်ရိက္ခာတော့ ထောက်ပံ့မပေးနိုင်သေးဘူး။ ခွေးစစ်ကြောင်းနဲ့ တိုက်ရိုက်ထိတွေ့နေရတာမို့။ ဒီကောင်တွေက အခုကိုစစ်ကြောင်းထိုးနေတာ”လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းအတွင်းက […]

အပြည့်အစုံဖတ်ရန်

တာချီလိတ်မှာ မိုးကြီးပြီးမြေပြိုလို့ အိပ်နေတဲ့လင်မယားနှစ်ဦးသေဆုံး

May 14, 2023

ရန်ကုန်-၂၀၂၃ မေ ၁၄ (မော်ကွန်း) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် ဆန်ဆိုင်း (ခ) ရပ်ကွက်မှာ ဒီကနေ့မနက်ပိုင်းက မိုးအဆက်မပြတ်ရွာလို့ မြေပြိုကျပြီး အိပ်ပျော်နေတဲ့လင်မယား သေဆုံးခဲ့တယ်လို့ ဦးလှမိုး လူမှုကူညီရေးအသင်းက တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ “ည ၁ နာရီလောက်ကနေစပြီး မိုးအဆက်မပြတ်ရွာတာ၊ မြေပြိုတာကတော့ အနီးနားကလူတွေခန့်မှန်းတာက သုံးနာရီလောက်ကပြိုတာပေါ့။ အစ်ကိုတို့သွားတော့ အထဲမှာ အိပ်နေတဲ့လူနှစ်ယောက်ပျောက်နေတာပေါ့။ အဲ့တာနဲ့ အခြားအဖွဲ့အစည်းတွေလည်း ရောက်လာပြီးတော့ စက်တွေနဲ့ ဝိုင်းပြီးရှာဖွေကယ်ဆယ်ရေးလုပ်တော့ ၈နာရီဝန်းကျင်လောက်မှာ အလောင်းစတွေ့တယ်။ ဆုံးတာက လင်မယားနှစ်ယောက်။ ၃:၀၀ နာရီလောက်ဆိုတော့ အိပ်နေရင်းပါသွားတာ၊ အလောင်းတွေကို တာချီလိတ်ဆေးရုံကြီးမှာ ထားထားတယ်” လို့ပြောပါတယ်။ သေဆုံးခဲ့တဲ့လင်မယားနှစ်ယောက်မှာ ယောက်ျားဖြစ်သူက အသက်သုံးဆယ်ဝန်းကျင်ရှိပြီး မိန်းမဖြစ်သူက ၂၂ နှစ်လို့ သိရပါတယ်။ အဲဒီမြေပြိုမှုဖြစ်ခဲ့တဲ့နေရာဟာ ရပ်ကွက်သစ်ဆောက်တဲ့နေရာက အလုပ်သမားလိုင်းခန်းတွေဖြစ်ပြီး ယာယီသွပ်မိုးနဲ့ […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းဝင်မယ့် စစ်တွေမှာ အငှါးယာဉ်တွေ စျေးသုံးဆတင်တောင်းနေ

May 14, 2023

ရန်ကုန်- ၂၀၂၃၊ မေ ၁၄ (မော်ကွန်း) မိုခါဆိုင်ကလုန်းဝင်ရောက်ဖြတ်ကျော်မယ့် စစ်တွေမြို့မှာ အငှါးယာဉ်စီးခတွေ သုံးဆနီးပါးတက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ “Hijet တို့၊ တုတ်တုတ်ဆိုက်ကယ်တို့ တစ်ချို့ကားတွေကြတော့စျေးကိုသုံးဆလောက်ထိတက်နေတာ။ ခါတိုင်းစျေး ငါးထောင်ဆို တစ်သောင်းခွဲထိတောင်းတယ်။ မြောက်ဦးထိဆို သုံးသောင်းထိတင်တောင်းတာတွေရှိတယ်။” လို့ စစ်တွေမြို့ဒေသခံတစ်ဦးကပြောပါတယ်။ ဆန်စျေးဆိုရင်လည်း မုန်တိုင်းသတင်းကြောင့် အနည်းအကျဉ်းစျေးတင်ရောင်းတာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ “ဥပမာအရင်က ဆန်တစ်အိတ်ရှစ်သောင်းဆို အခုကိုးသောင်းလောက်ရှိတယ်။ တစ်ချို့ကျတော့မုန်တိုင်းကြောင့်စျေးတင်မရောင်းဘဲပုံမှန်စျေးအတိုင်းရောင်းတာတွေလည်းရှိတယ်” လို့ စစ်တွေမြို့ပေါ်ရှိဒေသခံတစ်ဦးကပြောပါတယ်။ ငါးခြောက်စျေးတွေဆိုလည်းနှစ်ဆနီးပါးပေးဝယ်နေရတယ်လို့ဒေသခံတွေကဆိုပါတယ်။ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့လယ်ပိုင်းမှာစစ်တွေမြို့အနီးတဝိုက်ကနေဖြတ်ကျော်သွားမှာဖြစ်ပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ ကနေ ၁၃၇ မိုင်ထိရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှထုတ်ပြန်ထားပါတယ်။ ပုံစာ- စစ်တွေမြို့၊အာကျတ်တော်ကုန်း အဓိဌာန်ဘုန်းကြီးကျောင်းက်ိုလာရောက်ခိုလှုံနေကြသည့်မြင်ကွင်း Photo-K kaung San #Dailynews

အပြည့်အစုံဖတ်ရန်

လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်ပိပြီး ရဲတစ်ဦးသေဆုံး

May 14, 2023

ပြင်ဦးလွင် – ၂၀၂၃ မေ ၁၄ (မော်ကွန်း) မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ အနီးစခန်းရဲကင်းရှေ့နားမှာ ဒီနေ့မနက် ၈:၀၀ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲပြီး လူတစ်ဦးပေါ်ပိမိသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မနေ့ကတည်းကမိုးတွေရွာ၊ လေပြင်းတွေတိုက်နေတာ၊ သစ်ပင်ပိတာတော့ကြားတယ်၊ပြင်စာကရဲတဲ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သစ်ပင်ပိသေဆုံးသူဟာ အနီးစခန်းက အာဏာသိမ်းစစ်တပ် လက်အောက်ခံရဲတစ်ဦးလို့သိရပြီး ဦးခေါင်းပွင့်ဒဏ်ရာနဲ့သေဆုံးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ သေဆုံးသူကို ပြင်ဦးလွင်နာ​ရေးကူညီမှုအသင်းကားနဲ့ ပြင်ဦးလွင်ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ပြင်ဦးလွင်မြို့မှာ မနေ့ကစတင်ပြီး မိုးရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်တွေနဲ့ဓာတ်တိုင်တွေလဲတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပုံစာ – သစ်ပင်ပိပြီး သေဆုံးသူအလောင်းအား သယ်ဆောင်နေစဉ်။ ဓာတ်ပုံ – တုသိတာလူမှုကူညီရေးအသင်း #Daillynews

အပြည့်အစုံဖတ်ရန်

စစ်တွေအနောက်ဘက် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မုန်တိုင်းကြောင့်အပျက်စီးများရှိ

May 14, 2023

ရန်ကုန်- ၂၀၂၃၊ မေ ၁၄ (မော်ကွန်း) စစ်တွေမြို့မှာမိုခါဆိုင်ကလုန်းမုန်တိုင်းဖြတ်ကျော်ဝင်ရောက်နေပြီးစစ်တွေအနောက်ဘက်၊ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာသစ်ပင်လဲပြိုတာတွေ၊ နေအိမ်ပျက်စီးတာတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ “မနက် ၆ နာရီ ကနေ ၁၁ နာရီထိလေကအသင့်သင့်ပဲ။ အခု ၁၂ နာရီနောက်ပိုင်းမှာတော့လေကတော်တော်ပြင်းလာတယ်။ လမ်းပေါ်လူတောင်ရပ်မရဘူး။” လို့ စစ်တွေမြို့အနောက်ဘက်၊ ဘုမေကျေးရွာအုပ်စု၊သက္ကယ်ပြင်ကျေးရွာမှဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိမှာဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ဖုန်းလိုင်းတွေပြတ်တောက်နေပြီး လူအထိအခိုက်တော့မရှိသေးဘူးလို့ဆိုပါတယ်။ စစ်တွေမြို့အနောက်ဘက်က ဘုမေကျေးရွာအုပ်စုမှာ ရိုဟင်ဂျာဒုက္ခသည်စခန်း ၁၄ ခုရှိပြီး လူဦးရေ ခုနှစ်သောင်းကျော်နေထိုင်ကြတယ်လို့ဆိုပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကတော့ မိုခါဆိုင်ကလုန်းမုန်းတိုင်းဟာ လက်ရှိ စစ်တွေမြို့အနီးမှဖြတ်ကျော်လျက်ရှိပြီး အညိုရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်ကြောင်းထိုးလို့ မိုးထဲလေထဲပြေးနေရချိန်မှာ စစ်တပ်က မုံရွာကနေ လက်နက်ကြီးတွေနဲ့ပါပစ်ခတ်

May 14, 2023

ယင်းမာပင် − ၂၀၂၃ မေ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်းမှာ မိုခါဆိုင်ကလုန်းရှိနေပေမယ့်လည်း စစ်ကြောင်းထိုးလို့ ပြည်သူတွေ မိုးထဲလေထဲပြေးနေရချိန် စစ်တပ်က လက်နက်ကြီးတွေနဲ့ပါ မုံရွာမြို့ကနေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ−မုံရွာ)ကနေ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ယင်းမာပင်နဲ့ကနီနယ်က ရွာတွေဆီကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာပါ။ မုံရွာ−နမခကနေ ၁၂၀ မမ၊ အဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး”ယင်းမာပင်မြောက်ခြမ်းကရွာတွေဆီကို လက်နက်ကြီးတွေကျသွားတယ်”လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။ မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီးနယ်တွေမှာ မိုးတွေသည်းထန်စွာရွာနေပေမယ့် အာဏာသိမ်းစစ်တပ်ဘက်ကတော့ စစ်ကြောင်းထိုးမှုတွေကို မရပ်နားဘူးလို့ ဒေသခံကပြောပါတယ်။ လတ်တလော လက်နက်ကြီးတွေပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေတွေမသိရသေးဘဲ စည်သူရွာနဲ့ နဘူးတောရွာတွေကို ထိမှန်ထားပါတယ်။ ကနီမြို့နယ်၊ မင်းမရွာမှာ ဒီနေ့မနက်ကတည်းက တိုက်ပွဲတွေဖြစ်ပွားနေပြီး ရာသီဥတုအခြေအနေကြောင့် လေကြောင်းစစ်မကူနိုင်လို့ လက်နက်ကြီးနဲ့ပစ်ခတ်နေတာဖြစ်နိုင်ကြောင်း ဒေသခံတွေက ယူဆကြပါတယ်။ “ဒါပေမဲ့ မင်းမရွာကို မုံရွာကနေ ဘယ်လောက်ထုထု […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းဝင်နေချိန် ယင်းမာပင်မှာ ဆည်လက်တံကျိုးလို့ ဒေသခံတွေ ပြောင်းရွှေ့နေရ

May 14, 2023

ယင်းမာပင် − ၂၀၂၃ မေ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မှာ ဒီကနေ့ည ဆည်လက်တံကျိုးလို့ ဒေသခံတွေ ညတွင်းချင်း ပြောင်းရွှေ့နေရပါတယ်။ ယင်းမာပင်က မြောက်ယမားဆည် လက်တံကျိုးပြီး ဆည်အနီးတဝိုက်က ရွာတွေမှာ ရေတွေတက်လာတယ်လို့ ဒေသတော်လှန်ရေးလုပ်ဆောင်နေသူတစ်ဦးကပြောပါတယ်။ “ရေတွေက တက်လာ ခုဆိုပေါင်လယ်လောက်ရှိပြီ၊ ရွာထဲမှာ တချို့ကပြေးလာကြပြီ၊ တချို့ကပစ္စည်းတွေ နှမျောလို့လားမသိဘူး၊ ခုထိရောက်မလာသေးဘူး”လို့ ဘေးလွတ်ရာမှာရှိနေတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ လတ်တလော ပြောင်းရွှေ့နေရတဲ့ရွာတွေကတော့ ပြန်လှည့်၊ သီးကုန်း၊ လက်ပံတော၊ ရှမ်းရွာ၊ သဲတောကြီး၊ ရွှေပန်းခိုင်၊ ရေကြည်ပင်နဲ့ ကျေးစာကျရွာတွေဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ လတ်တလော ကျေးရွာတွေထဲမှာတော့ နေအိမ်တွေတဝက်မြုပ်ထားပြီးလို့ ဒေသခံကပြောပါတယ်။ ဆည်လက်တံကျိုးတဲ့အခြေအနေမှာ ရေတွေဒီထက်ပို တက်လာနိုင်တယ်လို့ ဒေသခံကခန့်မှန်းပါတယ်။ ဒီကနေ့ မုန်တိုင်းအခြေအနေကတော့ မိုးတွေတနေကုန်ရွာပြီး ညနေပိုင်းလောက်မှာ လေပြင်းတွေစတိုက်လာတယ်လို့ ဒေသခံကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်ပစ်ခတ်လို့ မိခင်နှင့် လသားကလေးအပါအဝင် လေးဦးသေဆုံး

May 12, 2023

ယင်းမာပင် − ၂၀၂၃ မေ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်းဇင်ရွာမှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်လို့ မိခင်နဲ့လေးလသား၊ ၁၆ နှစ်သမီးတစ်ဦးနဲ့ ခုနစ်နှစ်သမီးတစ်ဦးတို့ ဒီကနေ့ သေဆုံးခဲ့ရပါတယ်။ ယင်းမာပင်၊ ဘန့်ဘွေးရွာကနေ မုံရွာ − ယာကြီး − ကလေးလမ်းကို ဖြတ်ကာ တိတ်တဆိတ်ဝင်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဟာ ဒီကနေ့နံနက်မှာ ထန်းဇင်ရွာသား ၁၁ ဦးကိုဖမ်းဆီးပြီး ရွာထဲက နာရေးအိမ်တစ်အိမ်ကို ဝိုင်းဝန်းပစ်ခတ်ခဲ့ကြတာပါ။ “သူတို့က ဒရုန်းတွေဘာတွေနဲ့ လှမ်းကြည့်လားတော့မသိဘူး၊ နာရေးအိမ်က လူစုနေတာတွေ့တော့ ပစ်တာ”လို့ ဒေသခံကပြောပါတယ်။ ဒီလို ပစ်ခတ်လို့ နာရေးအိမ်မှာရောက်နေတဲ့ အသက် ၂၈ နှစ်အရွယ် မိခင်နဲ့ လေးလသား၊ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ ခုနစ်နှစ်အရွယ်မိန်းကလေးတစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။ “၁၆ […]

အပြည့်အစုံဖတ်ရန်

ပအိုဝ်းပြည်သူ့စစ် (PNA)က ဒေသခံတွေကို စစ်သားအတင်းအဓမ္မစုဆောင်း

May 12, 2023

လွိုင်လင် – ၂၀၂၃ မေ ၁၂ (မော်ကွန်း) ဦးအောင်ခမ်းထီခေါင်းဆောင်သည့် အသွင်ပြောင်း ပအိုဝ်းပြည်သူ့စစ်(PNA)သည် လွိုင်လင်မြို့နယ်ရှိဒေသခံများကို စစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းနေကြောင်း ဒေသခံများကပြောသည်။ လွိုင်လင်မြို့နယ် နားယမ်းအုပ်စု၊ အင်းချစ်၊ နောင်နိန်း၊ လွယ်ခွင်၊ ပန်းတိုင်စသည့်ကျေးရွာတို့တွင်လည်း စစ်သားစုဆောင်းနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ဧပြီလမှစတင်ပြီး အသွင်ပြောင်းပအိုဝ်းပြည်သူ့စစ် (PNA)သည် ကျေးရွာသူကြီးများကို အစည်းအဝေးခေါ်ယူပြီး တစ်အိမ်ထောင်လျှင် လူတစ်ဦးနှုန်း မဖြစ်မနေစစ်ထဲဝင်ရန် အမိန့်ပေးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “လူတွေက စစ်ထဲဝင်ရမှာ အရမ်းကြောက်ကြတယ်၊ ရွာကလူတွေ စဉ်းစားကြတာက ပိုက်ဆံပေးပြီး လူငှားမယ်ပေါ့လေ။ အခုတော့ တစ်အိမ်တစ်ယောက် သွားခိုင်းမယ်ဆိုတော့ ကိုယ်စားသွားခိုင်းဖို့ လူတွေငှားလို့လည်းမရတော့ဘူး။ နောက်ဆုံးတော့ ဒေသခံအချင်းချင်း ညှိလို့လည်းမရတော့ဘူး။ မဲနှိုက်ပြီး သွားဖို့ ဖြစ်သွားတယ်။ မဲနှိုက်လို့ ကျတဲ့အစဉ်လိုက် နံပတ်အတိုင်းသွားကြရမယ် […]

အပြည့်အစုံဖတ်ရန်

လေးလအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ၁,၇၀၀ ကျော်သေဆုံးကြောင်း ကေအဲန်ယူထုတ်ပြန်

May 11, 2023

ကော်သူးလေ − ၂၀၂၃ မေ ၁၁ (မော်ကွန်း) ၂၀၂၃ ဇန်နဝါရီကနေ ဧပြီထိ ကော်သူးလေအုပ်ချုပ်နယ်မြေတွေက တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ နယ်ခြားစောင့်တပ်ဘက်က ၁,၇၀၀ ကျော်သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီကနေ့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲပေါင်း ၁,၆၄၂ ကြိမ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ဘက်က တပ်ရင်းမှူး(ဒုဗိုလ်မှူးကြီးအဆင့်) လေးဦးနဲ့ ဒုတပ်ရင်းမှူး(ဗိုလ်မှူးအဆင့်) ငါးဦးအပါအဝင် စစ်သား ၁,၇၃၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁,၁၀၀ ကျော်ရှိတယ်လို့ ကေအဲန်ယူကထုတ်ပြန်ပါတယ်။ ကေအဲန်ယူဘက်ကတော့ ၅၉ ဦး သေဆုံးခဲ့ပြီး ၂၀၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၁ အာဏာသိမ်းချိန်ကစလို့ ကေအဲန်ယူအုပ်ချုပ်နယ်မြေထဲမှာ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ လေးသိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးမလုံလောက်မှု အခက်အခဲတွေကြုံတွေ့နေရတယ်လို့ […]

အပြည့်အစုံဖတ်ရန်

ဘိန်းစျေးကောင်းလာလို့ လာမယ့်ရာသီမှာ ပိုမိုစိုက်ပျိုးဖို့ ဒေသခံများပြင်ဆင်နေကြ

May 11, 2023

ဟိုပုံး – ၂၀၂၃ မေ ၁၁ (မော်ကွန်း) ဘိန်းစျေးကောင်းလာခြင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် လာမည့်ရာသီမှာ ဘိန်းစိုက်ပျိုးမှုများ ပိုလုပ်နိုင်ရန် ပြင်ဆင်နေကြသည်။ လာမည့် ဩဂုတ်လတွင် ဘိန်းစတင်စိုက်ပျိုးနိုင်ရန် ဘိန်းစိုက်တောင်သူများသည် ယခင်နှစ်ကစိုက်ပျိုးထားသောဘိန်းခင်းများအပြင် ယခင်နှစ်က ချန်လှပ်ထားသောမြေများကိုပါ ခုတ်ထွင်ရှင်းလင်း၊ မီးရှို့ခြင်းများပြုလုပ်နေပြီဖြစ်ကြောင်း ဘိန်းစိုက်တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။ “ အခုတော့ ချုံတွေရှင်း၊ မီးရှို့တယ်၊ ခြံတွေကြိုတင်ပေါက်တာတွေလုပ်တယ်။ အထွက်နှုန်းကောင်းဖို့အတွက်လည်း မြေဩဇာနဲ့ တိရိစ္ဆာန်ချေး( ကြက်ချေး၊နွားချေး)တွေကို ကြိုတင်ဝယ်စုထားရတယ်” ဟုဘိန်းစိုက်တောင်သူတစ်ဦးက ပြောသည်။ ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်များတွင် ဘိန်းတစ်ကီလိုလျှင် ကျပ်သုံးသိန်းခန့်သာရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ တွင် တစ်ကီလို ကျပ်ခြောက်သိန်းခန့် ဈေးရှိလာခဲ့သည်။ ၂၀၂၂ တွင် ဘိန်းဈေးပိုတက်လာပြီး တစ်ကီလိုလျှင် ပျမ်းမျှ ကျပ် ၁၀ […]

အပြည့်အစုံဖတ်ရန်
1 … 131 132 133 134 135 136 137 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."