ရန်ကုန် – ၂၀၂၅ ဇွန် ၆ (မော်ကွန်း) စစ်ကောင်စီဟာ ဒီရက်ပိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ PDF တပ်တွေ စိုးမိုးထားတဲ့ သပိတ်ကျဉ်းနဲ့ စဉ့်ကူးမြို့တွေကို လေကြောင်းကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ၎င်းပြည်သူ့ကာကွယ်ရေးတပ်တချို့က ထုတ်ပြန်ထားပါတယ်။ မနေ့က ညနေပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ တံတားဦးလေဆိပ်ကနေ ထွက်ခွာလာတဲ့ ဂျက်ဖိုက်တာတစ်စင်းဟာ သပိတ်ကျဉ်းမြို့နယ် ကြက်ရိုးပင်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။ ၎င်းတိုက်ခိုက်မှုမှာ ကြက်ရိုးပင်ရွာ ဘုန်းတော်ကြီးကျောင်းထိမှန်ခဲ့ကာ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသွားပြီး ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့သုံးရက်က စဉ့်ကူးမြို့ပေါ်က မြသိန်းတန်ဘုရားနဲ့ ဘုန်းတော်ကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းဆောင် နှစ်ခု ပျက်စီးခဲ့ပါသေးတယ်။ အခုလ ၁ […]
ရန်ကုန်-၂၀၂၅ ဇွန် ၆ (မော်ကွန်း) စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်အတွင်း အလုပ်သမားတွေရဲ့ ရှင်သန်နေထိုင်မှုစရိတ် ၅၀ ရာခိုင်နှုန်းကျော် ထိုးတက်လာပေမယ့် လုပ်ခလစာ တိုးမလာဘူးလို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ သတိပေးပါတယ်။ ‘ရုန်းကန်ခြင်းနှင့်မျှော်လင့်ခြင်းကြားကစက်ချုပ်ရာများ’လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာမှာ ရန်ကုန်နဲ့ပဲခူးတိုင်းထဲက အထည်ချုပ်နဲ့ လူ့အသုံးအဆောင်ပစ္စည်းချုပ်လုပ်မှု လုပ်သားတွေကို စစ်တမ်းကောက်ယူပြီး လူမှုဘဝ အခြေအနေတွေကို ဒီအစီရင်ခံစာမှာ UNDP က ဖော်ပြထားတာ ဖြစ်ပါတယ်။ စစ်တမ်းရဲ့ အဓိကဆန်းစစ်မှုအဖြစ် လုပ်ခလစာ လုံလောက်မှု ရှိ၊ မရှိကို ဖော်ထုတ်ထားတယ်လို့ ဖော်ပြပါတယ်။ စံသတ်မှတ်ထားတဲ့ အနိမ့်ဆုံးသုံးစွဲငွေစံနှုန်း(Minimum Expenditure Basket- MEB)ထက်တောင် မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေက နည်းနေတယ်လို့ UNDP က သတိပေးပါတယ်။ အလုပ်သမားတွေရဲ့ နေ့စဉ်အခြေခံဝင်ငွေဟာ […]
ရန်ကုန် – ၂၀၂၅ ဇွန် ၉ (မော်ကွန်း) ရှမ်းတောင်ပိုင်းနဲ့ ကရင်နီနယ်စပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုးလာတာကြောင့် ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ လက်ရှိမှာ မိုးဗြဲမြို့ပေါ်ထိ တိုက်ပွဲတွေဖြစ်နေပြီး မြို့အဝင်လမ်းမကိုလည်း တော်လှန်ရေးတပ်တွေက ယာယီပိတ်ထားလိုက်ပြီလို့ ဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မိုးဗြဲမြို့ပေါ်ကို လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတချို့ထိခိုက်မှုတွေရှိသလို နေအိမ်တွေအများအပြားပျက်စီးနေတယ်လို့ ၎င်းဒေသခံကပြောပါတယ်။ “မိုးဗြဲမြို့ပေါ်လမ်းတွေမှာ တိုက်ပွဲတွေဖြစ်နေတယ်။ မြို့ပေါ်တော့ ဘယ်သူမသွားရဲကြတော့ပါဘူး။ အရင်ကလည်း စစ်ဘေးရှောင်တွေလောက်ပဲ သွားလာနေတာရှိတယ်။ အဲဒီမှာနေတဲ့လူတွေလည်း ရှောင်နေကြပြီ။ လက်နက်ကြီးတွေလည်း နေ့တိုင်းပစ်နေလို့ မြို့ပေါ်မှာ အပျက်အစီးများတယ်လို့သိရတယ်” လို့ မိုးဗြဲဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ဒေသခံ PDF တပ်တွေကလည်း မိုးဗြဲမြို့ပေါ် တိုက်ပွဲပြင်းထန်နေတယ်လို့ အသိပေးထုတ်ပြန်ထားပြီး မြို့ပေါ်ကို […]
ရန်ကုန် – ၂၀၂၅ ဇွန် ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စင်းကို ဒီနေ့မွန်းလွဲပိုင်းမှာ ပစ်ချလိုက်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီကတော့ စက်ချို့ယွင်းပျက်ကျခြင်းသာဖြစ်ကြောင်း နာရီပိုင်းအတွင်းတုန့်ပြန်လာပါတယ်။ ၎င်းလေယာဉ်ဟာ လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်နေစဉ် ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ အရှေ့ဘက် မီတာ ၂,၀၀၀ ခန့်အကွာ စပါးစေ့ကျေးရွာအနီးအရောက် စက်ချို့ယွင်းတာကြောင့် မြေပြင်ပေါ်ပျက်ကျပြီး မီးလောင်ခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ ပြီးခဲ့တဲ့လပိုင်းကလည်း ဗန်းမော်မြို့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်နှစ်စင်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ပစ်ချခဲ့စဉ်ကလည်း စစ်ကောင်စီအနေနဲ့ အထက်ပါအတိုင်း စက်ချို့ယွင်းလို့ ပျက်ကျခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။ လက်ရှိမှာ ပုလဲမြို့နယ်ထဲက ကန့်ဒေါင့်ရွာ စစ်ကောင်စီရဲစခန်းကို PLA နဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေ တိုက်ခိုက်နေပြီး […]
ရန်ကုန် – ၂၀၂၅ ဇွန် ၅ (မော်ကွန်း) စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ထိုးစစ်ဆင်လာတာကြောင့် မြို့ပေါ်မှာ နေထိုင်တဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။ လက်ရှိမှာ နောင်ချိုမြို့နဲ့ ၁၀ မိုင်အကွာခန့်အထိ စစ်ကောင်စီတပ်တွေ ရောက်ရှိလာနေပြီး မနေ့ကစတင်ကာ နောင်ချိုမြို့ပေါ်ကနေ လက်နက်ကြီးပစ်ခတ်သံတွေ စတင်ကြားနေရတယ်လို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။ “မြို့ပေါ်ကလူတွေကတော့ အခုအထုပ်တွေ ပြင်နေကြပါပြီ။ ရှောင်တဲ့လူတွေလည်း နီးစပ်ရာရှောင်နေကြပြီ။ အခုလည်း လက်နက်ကြီးသံတွေ၊ သေနတ်သံတွေ စကြားနေပြီ” လို့ ၎င်းဒေသခံက ပြောပါတယ်။ စစ်ကောင်စီက လေကြောင်းရော မြေပြင်ကနေပါ ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းကစပြီး နောင်ချိုမြို့နယ်က TNLA ထိန်းချုပ်နယ်မြေတချို့ကို စစ်ကောင်စီထံ လက်လွှတ်ပေးခဲ့ရတာပါ။ ပြီးခဲ့တဲ့နှစ်ရက်ကလည်း နောင်ချိုမြို့အဝင်က […]
ရန်ကုန် – ၂၀၂၅ ဇွန် ၄ (မော်ကွန်း) သင်္ကြန်ပိတ်ရက်ကာလအပြီးမှာ ခုန်တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ လက်ရှိမှာ အမြင့်ဈေးမှာပဲ ဆက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာပဲ တစ်ကျပ်သားကို ကျပ်နှစ်သိန်းထိ ဆက်လက်မြင့်တက်သွားတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းထိ တစ်ကျပ်သားကို ကျပ် ၇၅ သိန်းကျင်မှာပဲရှိရာ ရက်ပိုင်းအတွင်း တဖြည်းဖြည်း ပြန်လည်မြင့်တက်ခဲ့ပြီး ဒီနေ့မွန်းလွဲပိုင်း ဈေးကွက်ဖွင့်လှစ်မှုအရ တစ်ကျပ်သားကို ကျပ် ၇၇ သိန်းကျော်ကို ရောက်ရှိလာပါတယ်။ သင်္ကြန်မတိုင်မီကာလတုန်းကတော့ ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ်သိန်း ၇၀ ဝန်းကျင်မှာရှိနေခဲ့တာဖြစ်ပြီး တစ်လကျော်ကာအတွင်း ခုနစ်သိန်းနီးပါး မြင့်တက်သွားတာပါ။ လက်ရှိမှာ နိုင်ငံတကာဈေးကွက်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ခွန်တိုးကောက်မှုတွေကြောင့် ကမ္ဘာ့ရွှေဈေးဟာ သမိုင်းတစ်လျှောက် စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် အခုလို ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်ခဲ့တယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က သုံးသပ်ကြပါတယ်။ […]
ရန်ကုန် – ၂၀၂၅ ဇွန် ၃ (မော်ကွန်း) စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ကျေးရွာတွေကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသခံတချို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်ကစပြီး အင်အားထောင်ချီတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ရွှေမြို့နယ် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ရေပူကျေးရွာနဲ့ ဘုရားတောင်ကျေးရွာကို စစ်ကြောင်းထိုးခဲ့တာပါ။ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်တွေပါတဲ့ ၎င်းစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပေမယ့် အင်အားမမျှတာကြောင့် ဒေသကာကွယ်ရေးတပ်တွေက ၎င်းကျေးရွာတွေကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။ ၎င်းစစ်ကြောင်းဟာ လက်နက်ကြီးအလုံး ၁၀၀ ကျော်ပစ်ခတ်ကာ ထိုးစစ်ဆင်လာပြီး ဘုရားတောင်နဲ့ ရေပူရွာတွေက ပြည်သူပိုင်နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(IPDF) က ထုတ်ပြန်ပါတယ်။ လက်ရှိမှာ ၎င်းကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေရာနဲ့ချီပြီးတော့ စစ်ဘေးရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။ […]
ရန်ကုန် – ၂၀၂၅ ဇွန် ၃ (မော်ကွန်း) ဒီရက်ပိုင်းအတွင်း ရန်ကုန်တိုင်းက ဆင်ခြေဖုံးမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘေးတွဲဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးပြီး ငွေကြေးတောင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာတဲ့ ကယ်ရီသမားတချို့က ပြောပါတယ်။ သင်္ဃန်းကျွန်း၊ ဒဂုံတောင်၊ ဒဂုံမြောက်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ဘေးတွဲဆိုင်ကယ်တွေကို ဒီရက်ပိုင်းမှာ လိုက်လံဖမ်းဆီးနေတာပါ။ စစ်သား၊ ထွေအုပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့အဖွဲ့တွေဟာ ဘေးတွဲဆိုင်ကယ်တွေကို ရပ်ကွက်အတွင်းပိုင်းတွေအထိ လိုက်လံဖမ်းဆီးနေတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်က ကယ်ရီပြေးဆွဲသူတစ်ဦးက ပြောပါတယ်။ ဘေးတွဲဆိုင်ကယ်ကယ်ရီတွေ အများအပြားရှိနေတဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့လပိုင်းကလည်း ဆိုင်ကယ်ဘေးတွဲတွေရဲ့ အမိုးတွေကိုဖြုတ်ပြီးမောင်းဖို့ စစ်ကောင်စီက ညွှန်ကြားခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဆိုင်ကယ်အမိုးမပါလည်း ဖမ်းဆီးနေတာဖြစ်ပြီး ရပ်ကွက်တွေထဲက နေအိမ်တွေထိ ဝင်ရောက်ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဘေးတွဲကယ်ရီပြေးဆွဲသူတစ်ဦးက ပြောပါတယ်။ “သူတို့ပြောတာ ထီးတပ်ထားရင်ဖမ်းတယ်ဆိုပြီး ထီးတွေဖြုတ်လိုက်တော့ ထီးမပါလည်းဖမ်းတယ်။ ထီးဖိုးဆိုပြီး တောင်းတယ်။ ထီးအခိုင်အမာလုပ်ထားရင်လည်း […]
ရန်ကုန်-၂၀၂၅ ဇွန် ၃ (မော်ကွန်း) ရန်ကုန်မြို့မှာ နေထိုင်သူ ၂ ဒသမ ၇ သန်းကျော်ဟာ ဆင်းရဲနွမ်းပါးသူတွေဖြစ်နေကြပြီလို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) က ဒီနေ့ ထုတ်ပြန်တဲ့ ‘ရန်ကုန်မြို့ပြဆင်းရဲနွမ်းပါးမှုအား လှစ်ဟသုံးသပ်ခြင်း’ဆိုတဲ့ အစီရင်ခံစာမှာ သတိပေးပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် မြို့ပြဆင်းရဲသူတွေ သိသိသာသာတိုးလာတာလို့ ဖော်ပြပါတယ်။ ဒီအစီရင်ခံစာကို မနှစ်က ဇူလိုင်လထဲမှာ ကောက်ယူခဲ့တာဖြစ်ပြီး စစ်တမ်းဖြေဆိုသူပေါင်း ၄,၈၀၀ ကျော်ရဲ့ အချက်အလက်တွေ ကို အခြေခံထားတာလို့ ဆိုပါတယ်။ နိုင်ငံတွင်းမှာစီးပွားရေးကျဆင်းလာတာ၊ နိုင်ငံရေးမတည်ငြိမ်တာနဲ့ နေရပ်ရွှေ့ပြောင်း အခြေချတာတွေကြောင့် ရန်ကုန်မြို့နဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ ကြုံနေရတဲ့ ဆင်းရဲဒုက္ခ အချက်အလက်တွေကို ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၇ က ရန်ကုန်မြို့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းသာ ဆင်းရဲသားအဖြစ် ရှိနေရာကနေ ၂၀၂၃ […]
ရန်ကုန် – ၂၀၂၅ မေ ၂၉ (မော်ကွန်း) ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတချို့ကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းလာပြီး လက်နက်ကြီးတွေနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို ပစ်ခတ်တာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေရတယ်လို့ ၎င်းဒေသခံတချို့ က ပြောပါတယ်။ ပြည်ခရိုင်၊ ပေါက်ခေါင်း-ပေါင်းတလည်-ပြည် ကားလမ်းဘေးမှာရှိတဲ့ ကွမ်းအုံစု၊ သိုက်ချောင်း၊ အိုင်စောက် ကျေးရွာတွေကို ဒီမနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဝင်ရောက်ခဲ့ပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်နေတာလို့ ၎င်းဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က ဝင်ရောက်သွားတဲ့ ၎င်းကျေးရွာတွေက နေအိမ်တချို့ မီးလောင်နေတဲ့ ရုပ်သံမှတ်တမ်းတွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ ဒေသခံတွေကဖြန့်ဝေနေကြပါတယ်။ ပေါက်ခေါင်းဒေသခံတစ်ဦးကတော့ “ဒီမနက် ငါးနာရီလောက်တည်းက အဲဒီရွာတွေ မီးလောင်နေတယ်။ ဘေးရွာတွေကိုလည်း လက်နက်ကြီးတွေထုနေတာ” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကွမ်းအုံစု၊ သိုက်ချောင်း […]
ရန်ကုန် – ၂၀၂၅ မေ ၂၈ (မော်ကွန်း) ဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် ဧရာဝတီမြစ်ရဲ့ မြစ်အထက်ပိုင်းမှာရှိတဲ့ မြစ်ကြီးနားမြို့မှာ မြစ်ရေဟာ မနေ့ကထက် ၁၀ ပေထိ မြင့်တက်လာတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားဦးစီးဌာန (ကချင်ပြည်နယ်) က ဒီနေ့မွန်းလွဲပိုင်းမှာ အသိပေးထားပါတယ်။ မနေ့က နေ့လယ်ပိုင်းကနေ ဒီနေ့လယ်ပိုင်းထိ တိုင်းတာချက်အရ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ ၃၀၆ စင်တီမီတာ (၁၀ ပေခန့်) မြင့်တက်ခဲ့ကာ ဆက်လက်ပြီးလည်း တဖြည်းဖြည်းမြင့်တက်နေတယ်လို့ ကချင်ပြည်နယ် မိုးဇလအရာရှိ ဦးနိုင်လင်းထွေးရဲ့ လူမှုကွန်ရက်မှာ အသိပေးပါတယ်။ မြစ်အထက်ပိုင်းမှာ မြစ်ရေတက်လာတာကြောင့် မြစ်ရိုးတစ်လျောက်ကမြို့တွေမှာ အစဉ်လိုက် ဆက်တိုက်မြင့်တက်လာမှာဖြစ်တဲ့အတွက် မြစ်ကမ်းအနီး၊ မြေနိမ့်ဒေသတွေမှာ နေထိုင်သူတွေနဲ့ ရေလုပ်သားတွေ သတိပြုဖို့အသိပေးထားတာပါ။ ဧရာဝတီမြစ်ရေဟာ ဒီနေ့မွန်းလွဲပိုင်းအထိတော့ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၁,၂၀၀ စင်တီမီတာကို ရောက်ဖို့ ၅၆၃ […]
ရန်ကုန်-၂၀၂၅ မေ ၂၈ (မော်ကွန်း) နိုင်ငံအလယ်ပိုင်းကို ခပ်ကြမ်းကြမ်းဖျက်ဆီးခဲ့တဲ့ အင်းအားပြင်းစစ်ကိုင်းငလျင်ကြီးလှုပ်ခဲ့တာ ဒီနေ့ နှစ်လပြည့်လာပေမယ့် ဒီငလျင်ဘေးကို ကြုံခဲ့ရတဲ့ ထောင်ပေါင်းများစွာသော လူတွေဟာ မြေပြင်မှာ ရုန်းကန်နေကြရဆဲပဲလို့ ကူညီကယ်ဆယ်သူနေသူတွေက ပြောပါတယ်။ အခုထိ ငလျင်ဘေးသင့် နေအိမ်တွေဖျက်ဖို့ စစ်ကောင်စီက မလုပ်ပေးနိုင်သေးတာ၊ မိုးရာသီဝင်လာတာကြောင့် အမိုးအကာမလုံလောက်တာနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ကိစ္စတွေကို ငလျင်ဒဏ်သင့် အလယ်ပိုင်းမြို့ကြီးတွေက ဘေးသင့်သူတွေ ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ ကူညီနေသူတချို့က ပြောပါတယ်။ “ ကြီးကြီးမားမားဆုံးရှုံးခဲ့ရတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေကတော့ အများကြီးပါပဲ။ အခုလောလောဆယ် မိုးတွင်းကဝင်ပြီ။ သူတို့ (ဘေးဒဏ်သင့်ခဲ့သူတွေ) ကြီးကြီးမားမားခံစားနေကြရတာက ရာသီဥတုဒဏ်ပဲ” လို့ မန္တလေးမြို့မှာ ငလျင်ဘေးစသင့် ကတည်းက အခုအထိကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ ယာယီတဲတွေမို့ ယာယီအခြေအနေမှာသာ အသုံးဝင်ပြီး အခုလို လချီကြာမြင့်လာတဲ့ အခြေအနေမှာ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."