သတင်းများ

မုန်တိုင်းသင့် ပုဏ္ဏားကျွန်းကရွာတချို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေ

June 8, 2023

ပုဏ္ဏားကျွန်း- ၂၀၂၃ ဇွန် ၈ (မော်ကွန်း) ပုဏ္ဏားကျွန်းမြို့နယ်ထဲက အောင်မကျော်နဲ့ ဥယျာဉ်သာရွာတွေမှာ သောက်သုံးရေမသန့်တာကြောင့် ရွာလုံးကျွတ်နီးပါး ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်နေတယ်လို့ ပုဏ္ဏားကျွန်းအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ တကယ်ဝေးတဲ့ ရွာတွေပါ။ တောင်သုံးလေးလုံးလောက်ကျော်ပြီးမှ ရောက်တဲ့ ရွာတွေပါ။ အဲဒီမှာ ဝမ်းပျက်ဝမ်းလျှောတွေ တစ်ရွာလုံးဖြစ်နေကြပြီလို လှမ်းပြောတယ်။ နီးစပ်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုတော့ လှမ်းပြီးအကြောင်းကြားတယ်။ အဲဒီဘက်ကို တစ်ရက်နှစ်ရက်လောက် ဆင်းပြီး ကူညီပေးဖို့ပြောထားတယ်” လို့ သူက ပြောပါတယ်။ အဲဒီရွာတွေဟာ ပုဏ္ဏားကျွန်းမြို့ရဲ့ မြောက်ဘက်ခြမ်းမှာ တည်ရှိပြီး မြို၊ခမီ စတဲ့လူနည်းစု တိုင်းရင်းသားတွေနေထိုင်ရာ ကျေးရွာတွေဖြစ်တယ်လို့ သူက ပြောပါတယ်။ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်း မြို့နယ်ထဲကရွာတွေမှာ သောက်သုံးရေကန်တွေကို ပင်လယ်ရေငံတွေဖုံးအုပ်ခံခဲ့ရပြီး ရေအရင်းအမြစ်တွေပျက်စီးခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ […]

အပြည့်အစုံဖတ်ရန်

ပခုက္ကူ၊ အင်ပင်ကျေးရွာက အာဏာသိမ်းစစ်တပ်စစ်ဆေးရေးဂိတ်ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်

June 8, 2023

ပခုက္ကူ – ၂၀၂၃ ဇွန် ၈ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာက အာဏာသိမ်းစစ်တပ်စစ်ဆေးရေးဂိတ်ကို ဒီနေ့ မွန်းလွဲ ၁:၀၀ ဝန်းကျင်မှာ လက်နက်ငယ်တွေနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပ.က.ဖ ဆီကနေသိရပါတယ်။ အင်ပင်ကျေးရွာစခန်းမှာ စစ်သား ၂၀ ဝန်းကျင်ရှိပြီး စခန်းရှေ့ဘန်ကာမှာ ၁၀ ယောက်ဝန်းကျင်ရှိနေကာ စစ်သားသုံးယောက် လမ်းပေါ်ထွက်စစ်ဆေးရေးလုပ်ချိိန် အနီးကပ်ပစ်ခတ်ခဲ့တာလို့ Earthquake Peoples Defense Force အဖွဲ့ခေါင်းဆောင်က မော်ကွန်းကိုပြောပါတယ်။ “စစ်ဆေးရေးဂိတ်ထိအနီးကပ်ပစ်ခဲ့တာ၊ ကြာချိန်ကတော့ ၃မိနစ်လောက်ပဲကြာတယ်၊သူတို့ဘက်ကအင်အားများတယ်ဆိုတော့၊ ဘန်ကာထဲကလည်း ပြန်ထွက်ပစ်တယ်၊ သူတို့ပစ်နေတဲ့အချိန်မှာ ဘန်ကာထဲက ကတုတ်ကျင်းထဲမှာရှိတဲ့စစ်သားတွေကိုဒရုန်းနဲ့ ဗုံးသီးချခဲ့တယ် “လို့ သူကပြောပါတယ်။ အနီးကပ်ပစ်ခတ်ရာမှာ စစ်သားနှစ်ဦးနေရာတင်သေဆုံးခဲ့တာကို မျက်မြင်တွေ့ခဲ့ပြီး ဒရုန်းနဲ့ဗုံးကျဲတာကြောင့်စစ်သားတွေထိခိုက်မှုရှိနိုင်တယ်လို့ သူကပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)၊ တပ်ရင်း(၂)တပ်ခွဲ(၁) Earthquake […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းအပြီး ရက် ၂၀ ကျော်လာတဲ့အထိ အကူအညီတွေမရောက်သေး

June 7, 2023

ရန်ကုန်- ၂၀၂၃၊ ဇွန် ၇ (မော်ကွန်း) မိုခါမုန်တိုင်းအပြီး ရက် ၂၀ ကျော်ကြာလာတဲ့အထိမြောက်ဦးမြို့နယ် တိမ်ညိုစစ်ရှောင်စခန်းကိုအကူအညီထောက်ပံ့မှုတွေရောက်မလာသေးဘူးလို့ တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံကပြောပါတယ်။ “တစ်ပြည်လုံးဖြစ်သွားတော့ ကျွန်တော်တို့စခန်းအာရုံမစိုက်ကြလို့မလာတာများတယ်။ စားနပ်ရိက္ခာအရေးကြီးလိုအပ်နေတယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်အစိုးရမှ ထောက်ပံ့ပေးတာလည်းမရှိဘူး။ INGOs အဖွဲ့တွေရောက်လာတာလည်းမရှိသေးဘူး။” လို့ စခန်းတာဝန်ခံကပြောပါတယ်။ အခုစစ်ဘေးရှောင်ပြည်သူတွေဟာ နေအိမ်အပျက်အစီးအမိုးအကာတစ်ပိုင်းတစ်စတွေကိုပြန်အသုံးပြုကာ နေအိမ်တွေဆောက်ပြီးနေနေကြရတယ်လို့ဆိုပါတယ်။ မုန်တိုင်းဖြစ်ပြီးတော့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လူတစ်ဦးကို ၂၅,၀၀၀ ကျပ်ပေးလှူခဲ့တာရှိပေမယ့်ဒီထက်ကြီးမားတဲ့အကူအညီတွေလိုအပ်နေသေးတယ်လို့ပြောကြပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ လျှပ်စစ်မီးအတွက် ဆိုလာပြားတွေကိုအဓိကအသုံးပြုကြပါတယ်။ ဒါပေမယ့်လည်း မုန်တိုင်းကြောင့် နေအိမ်တွေက ဆိုလာပြားတွေအကုန်ပျက်စီးသွားခဲ့လို့ လျှပ်စစ်မီးအခုချိန်ထိမရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ မိုခါမုန်တိုင်းကြောင့် တိမ်ညိုစစ်ရှောင်စခန်းမှာ လူအသေအပျောက်တော့မရှိခဲ့ပေမယ့်၊နေအိမ် အဆောက်အဦ အကုန်လုံးနီးပါးပျက်စီးသွားခဲ့တယ်လို့စခန်းတာဝန်ခံကပြောပါတယ်။ မုန်တိုင်းမဖြစ်မီက တိမ်ညိုစစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူ ၂,၈၀၀ ကျော် ရှိပေမယ့် နေရပ်ပြန်ကြတဲ့သူတွေရှိလာတာကြောင့် စစ်ရှောင် ၂,၀၀၀ ကျော်ရုံသာရှိတော့တယ်လို့ စခန်းတာဝန်ခံကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီက တိုက်ခန်းတွေဝင်ရောက်စီးနင်းရှာဖွေတာကြောင့် လူငယ်တွေ ရန်ကုန်မှာ အဆောင်ငှါးရခက်လာ

June 7, 2023

ရန်ကုန် – ၂၀၂၃ ဇွန် ၇ (မော်ကွန်း) ရန်ကုန်မြို့တွင်းမှာ နယ်အသီးသီးကနေ အလုပ်လုပ်အတွက်၊ သင်တန်းတက်ကြဖို့အတွက် ရောက်နေကြတဲ့ လူငယ်တွေ အခုကာလမှာ နေစရာအဆောင်ရဖို့ ခက်ခဲလာတယ်လို့ အဆောင်နေလူငယ်အများစုက ပြောကြပါတယ်။ စစ်ကောင်စီတပ်တွေက ရန်ကုန်မြို့တွင်းမှာ ဧည့်စာရင်းအကြောင်းပြ အဆောင်တွေကို ဝင်စစ်ပြီး လူငယ်တွေကိုဖမ်းဆီးတာမျိုးတွေ ရှိလာတဲ့နောက်ပိုင်း အဆောင်ငှားရာမှာ ပိုခက်ခဲလာကြတာလို့ လူငယ်တွေကပြောကြပါတယ်။ “အဆောင်ကအရင်ကထက် ရှာရပိုခက်သွားတယ်။ အလုပ်က နေရာပြောင်းသွားတော့ အလုပ်နဲ့နီးအောင် အဆောင်ထပ်ရှာတာ။ အခုထိ မရသေးဘူး။ လူငယ်ဖြစ်နေတော့ ပိုဆိုးတယ်။ အလုပ်ရှိမရှိမေးပြီး အလုပ်ရှိမှ၊ ဝန်ထမ်းဖြစ်မှ လက်ခံတာများတာ။ ဒါတောင် တချို့အဆောင်တွေဆို နယ်ကသန်းခေါင်စာရင်းလည်းတောင်းတယ်။ ဧည့်စာရင်းတိုင်ဖို့အတွက် လက်တလောရိုက်ထားတဲ့ ကာလာပါတဲ့ဓာတ်ပုံတစ်ပုံပါပေးရတာ” လို့ နယ်ကနေ ရန်ကုန်ကကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။ အဆောင်ပိုင်ရှင်တွေအနေနဲ့လည်း လူတိုင်းကို […]

အပြည့်အစုံဖတ်ရန်

စစ်တပ်ပစ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံး

June 7, 2023

ကော့ကရိတ် – ၂၀၂၃ ဇွန် ၇ (မော်ကွန်း) ကော်သူးလေ၊ ဒူးပလာယာခရိုင်၊ ကေအဲန်ယူတပ်မဟာ ၆ နယ်မြေထဲကို ဒီကနေ့ ကော့ကရိတ်မြို့အခြေစိုက် လှိုင်ဝအမြောက်တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း တပ်မဟာ ၆ က သတင်းထုတ်ပြန်ပါတယ်။ လှိုင်ဝအမြောက်တပ်ကနေ ၁၂၀ မမ တာဝေးပစ်လက်နက်ကြီးတွေနဲ့ ဒီကနေ့နံနက် ၉း၃၀ ဝန်းကျင်မှာပစ်ခတ်ခဲ့လို့ သားအမိသုံးဦးကိုကျည်စထိမှန်ပြီး သားဖြစ်သူအသက် ၁၂ နှစ်အရွယ် စောကျော်သန်းအောင် သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ အသက်မသေဆုံးဘဲကျန်ခဲ့တဲ့ အသက် ၄၃ နှစ်အရွယ်မိခင်နဲ့နဲ့ လေးနှစ်သမီးတို့ဟာလည်း လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာတွေရရှိသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ‌မနေ့ကနောက်ဆုံးထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေးမှာ သေဆုံးရတဲ့ ကလေးသူငယ်ဟာ အနည်းဆုံး ၄၀၀ နီးပါးရှိနေပါတယ်။ ကော့ကရိတ်မြို့ပေါ်မှာရှိနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးကုန်းတွေကနေ မြို့တောင်ပိုင်းမှာရှိတဲ့ […]

အပြည့်အစုံဖတ်ရန်

ပုဂ္ဂလိကဘဏ်တွေ ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ ဒေါ်လာရောင်းပေးမယ်

June 7, 2023

ရန်ကုန်၊ ၂၀၂၃ ဇွန် ၇ (မော်ကွန်း) ပြည်ပကိုသွားရောက်မယ့်သူတွေကို ပုဂ္ဂလိကဘဏ်တွေက ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ ဒေါ်လာ ၃၀၀ ကနေ ၅၀၀ အတွင်း ရောင်းချပေးသွားမှာဖြစ်တယ်လို့ အဆိုပါဘဏ်တွေဆီကစုံစမ်းသိရပါတယ်။ ပြည်ပကိုအလုပ်အကိုင်သွားလုပ်ကိုင်မယ့်သူတွေ၊ ဆေးကုသမှုခံယူမယ့်သူတွေ၊ ပညာတော်သင်သွားရောက်မယ့်သူတွေအတွက် အသေးသုံးငွေကြေးအဖြစ် တစ်ဦးလျှင် ဒေါ်လာ ၃၀၀ ကနေ ၅၀၀ ရောင်းချပေးမယ်လို့ ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ AYA ၊ AGD ၊ YOMA အစရှိတဲ့ ဘဏ်တွေက မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဝယ်ယူမယ့်သူတွေဟာ ဘာအတွက်ဝယ်ယူချင်တာလဲဆိုတဲ့ အထောက်အထားစာရွက်စာတမ်းတွေနဲ့တကွ ဘဏ်ကိုလာရောက်ပြသကာ ဝယ်ယူရမှာဖြစ်တယ်လို့ AGD ဘဏ်တာဝန်ရှိသူတစ်ဦးက မော်ကွန်းရဲ့စုံစမ်းမေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။ AGD ဘဏ် တာဝန်ရှိသူက “နိုင်ငံခြားသွားမယ်ဆို ကိုယ်သွားမှာနဲ့ပတ်သက်လို့ အထောက်အထား စာရွက်စာတမ်းတွေ အကုန်ပြနိုင်ရမယ်၊ ဆေးသွားကုမယ်ဆိုလည်း ဆေးသွားကုတာနဲ့ ပတ်သက်တဲ့အထောက်အထား […]

အပြည့်အစုံဖတ်ရန်

ဆားလင်းကြီးမှာ စစ်တပ်က အင်အားရာကျော်နဲ့ စစ်ကြောင်းထိုးပြီး ဒေသခံ ၁၅ ဦးကို လူသားတံတိုင်းအဖြစ် ဖမ်းဆီးသွား

June 6, 2023

ဆားလင်းကြီး – ၂၀၂၃ ဇွန် ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖမ်းဆီးခံရပြီးနောက် အာဏာသိမ်းစစ်တပ်ဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေကာ ဒီနေ့နံနက်မှာလည်း ဒေသခံ ၁၅ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဒီနေ့ နံနက် ၆း၀၀ နာရီလောက်မှာ ဆားလင်းကြီးနယ်၊ မိုးကြိုးပြင်အလယ်ရွာနဲ့ တောင်ရွာတွေမှာ တပ်စွဲနေတဲအာဏာသိမ်းစစ်တပ်ဟာ စစ်ရှောင်ရင်းတောထဲမှာ အိပ်နေတဲ့ ဒေသခံပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွားတာလို့ ဒေသခံဆီကသိရပါတယ်။ ဇွန် ‌၆ ရက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ)ကနေ ချင်းတွင်းမြစ်ကမ်းကူးပြီး ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အင်အား ၁၃၀ ကျော်နဲ့ လက်ပံတောင်းကြေးနီစီမံကိန်းတဝိုက်ကို စစ်ကြောင်းစထိုးခဲ့တာဖြစ်ပါတယ်။ ဒီနေ့ နံနက်မှာတော့ ဖမ်းထားတဲ့ ဒေသခံတွေကို လူသားတံတိုင်းအဖြစ် ခေါ်ဆောင်သွားပြီး ဖိုလ်ဝင်တောင်အရှေ့ဘက် ကြက်ရိုးပင်တောတိုက်မှာ ရောက်ရှိနေတယ်လို့ […]

အပြည့်အစုံဖတ်ရန်

ယနေ့ နေ့ခင်း စစ်ကြောင်းထိုးလို့ ယင်းမာပင် ၊ ဆားလင်းကြီးဒေသခံများ ‌ထွက်ပြေးနေကြရ

June 6, 2023

ဆားလင်းကြီး – ၂၀၂၃ ဇွန် ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းတွေကို အာဏာသိမ်းစစ်တပ်က ဒီနေ့ မွန်းလွဲ ၁း၀၀ နာရီလောက်မှာ စစ်ကြောင်းထိုးလို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ-မုံရွာ) ကနေ စစ်ကားအကြီးတစ်စီးဟာ ချင်းတွင်းတံတားကိုဖြတ်ပြီး ပုသိမ်-မုံရွာလမ်းအတိုင်း စစ်ကြောင်းထိုးလာတာလို့ ဒေသခံကပြောပါတယ်။ ဘာကြောင့်စစ်ကြောင်းထိုးတယ်ဆိုတာ မသိရသေးဘဲ အာဏာသိမ်းစစ်တပ်အပြင် သူတို့လက်အောက်ခံရဲတွေပါ ပါဝင်တယ်လို့ဒေသခံကပြောပါတယ်။ ကျေးစာကျ၊ ဘိန်းနွယ်ချောင်၊ ပေကုန်း၊ ဒုန်းတော၊ ဂုဏ်တော၊ ရွာသာ၊ ကံကုန်း စတဲ့ကျေးရွာတွေဟာ နေပူပြင်းပြင်းထဲမှာ ထွက်ပြေးနေကြရပြီလို့ ဒေသခံကပြောပါတယ်။ ပုံစာ – ယနေ့ထွက်ပြေးကြရတဲ့ ယင်းမာပင်၊ ဆားလင်းကြီးဒေသခံများ ဓါတ်ပုံ – Mawkun Magazine #Dailynews

အပြည့်အစုံဖတ်ရန်

လီလီနိုင်ကျော်ကိုပစ်ခတ်သူတွေ့လို့စွပ်စွဲပြီး အမျိုးသားနှစ်ဦးကိုစစ်ကောင်စီဖမ်းဆီး

June 6, 2023

ရန်ကုန် -၂၀၂၃ ဇွန် ၆ (မော်ကွန်း) မေ ၃၀ ရက်က သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရတဲ့ အဆိုတော်လီလီနိုင်ကျော်ကို ပစ်ခတ်သူတွေလို့ဆိုပြီး အမျိုးသားနှစ်ဦးကို စစ်ကောင်စီကဖမ်းဆီးလိုက်ပြီး သူတို့ဟာ Special Task Force – STF အဖွဲ့ဝင်တွေဖြစ်တယ်လို့ စွပ်စွဲထုတ်ပြန်ပါတယ်။ စွပ်စွဲဖမ်းဆီးခံရသူတွေဟာ အသက် ၂၃ နှစ်အရွယ် ကောင်းဇာနည်ဟိန်း (ခ) လပြည့်နဲ့ အသက် ၃၀ အရွယ် ကျော်သူရ(ခ) အီးတီဆိုသူတို့ ဖြစ်ပြီး ဇွန် ၄ ရက်မနက်ပိုင်းက ကမာရွတ်မြို့နယ်အတွင်းက အမျိုးသားအဆောင်တစ်ခုမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ အမျိုးသားရေးတက်ကြွလှုပ်ရှားသူအဖြစ် နာမည်ကြီးတဲ့လီလီနိုင်ကျော်ဟာ ဒီနေ့ မနက်မှာ အဲဒီဒဏ်ရာနဲ့ မင်္ဂလာဒုံစစ်ဆေးရုံမှာသေသွားပြီလို့ သူရဲ့လူမှုကွန်ရက်မှာ မိသားစုဝင်တစ်ဦးကရေးသားထားပါတယ်။ သူဟာ ရန်ကင်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်မှာ မေ […]

အပြည့်အစုံဖတ်ရန်

ဆန်ဈေးဆက်တိုက်မြင့်တက်လာနေ

June 6, 2023

ရန်ကုန်-၂၀၂၃ ဇွန် ၆ (မော်ကွန်း) ဒီလစကတည်းက ဆန်ဈေးနှုန်း ဆက်တိုက် မြင့်တက်လာနေတယ်လို့ ဆန်ကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။ ” ရွှေဘိုပေါ်ဆန်းက ကျွန်တော်တို့ပွဲရုံအဝင်ဈေးမှာကို တစ်အိတ်ကို(ကျပ်)တစ်သိန်း ဖြစ်သွားတယ်။ နေရာဒေသအလိုက် စရိတ်စကတွေနဲ့ တွက်ကြည့်လိုက်ရင် တစ်သိန်းတစ်သောင်းကျော်၊ နှစ်သောင်းလောက်ထိဖြစ်လာပြီ” လို့ ရွှေဘိုမြို့နယ်က ဆန်ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ ရွှေဘိုပေါ်ဆန်းဈေးနှုန်းဟာ မေလကုန်ပိုင်းတုန်းက တစ်အိတ်ကို ကိုးသောင်းဝန်းကျင်ပဲရှိတယ်လို့ သူကပြောတယ်။ ဒါအပြင် ရက် ၉၀ ဆန် (ဆန်ကြမ်း) တစ်အိတ်ကို မေလကုန်ပိုင်းက ကျပ်ခြောက်သောင်းဝန်းကျင်ရှိရာက ဒီလဆန်းပိုင်းမှာ ခုနှစ်သောင်းနှစ်ထောင်ထိမြင့်တက်နေပြီး သီးထပ်ဆန်တစ်အိတ်ကို ကျပ်ငါးသောင်းဝန်းကျင်ရှိရာကနေ ခြောက်သောင်းခွဲဝန်းကျင်ထိ မြင့်တက်ခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဆန်ဈေးကွက်အတွင်း စပါးသိုလှောင်သူ များပြားနေသလို ဝယ်လိုအားမြင့်တက်နေပြီး စပါးဈေးကောင်းနေတဲ့အတွက် ဆန်ဈေးလည်းမြင့်တက်လာတာဖြစ်တယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။ “ စပါးဈေးက […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းသင့်ရခိုင်မှာ အငတ်ဘေးနဲ့ရောဂါဘယဘေးကျနိုင်တယ်လို့သတိပေး

June 6, 2023

ရန်ကုန်- ၂၀၂၃ ဇွန် ၆ (မော်ကွန်း) အလွန်အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် အပြင်းအထန်ထိခိုက်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို ထိရောက်တဲ့တုံ့ပြန်မှုတွေမရောက်ရှိနိုင်ပါက အငတ်ဘေးနဲ့ ရောဂါဘယဘေးတွေ ကြုံတွေ့နိုင်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က မနေ့ကထုတ်ပြန်ပါတယ်။ “ စိုက်ပျိုးရေးနဲ့အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အိမ်ထောင်စုတွေဟာ လာမယ့်စိုက်ပျိုးရာသီအတွက် သိုလှောင်ထားတဲ့မျိုးစေ့တွေ မုန်တိုင်းကြောင့်ပျက်စီးသွားပြီ။ ထိရောက်တဲ့ အထောက်အပံ့တွေမရပါက စားနပ်ရိက္ခာပြဿနာဟာ ကြီးမားတဲ့ပြဿနာတစ်ခု ဖြစ်လာတော့မယ်လို့” UNDP ရဲ့ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Titon Mitra က ထုတ်ပြန်ချက်မှာသတိပေးပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက တာဝန်ရှိသူတွေဟာလည်း ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့မယ့်အစီအစဉ်တွေကို စစ်ကောင်စီထံတင်ပြထားပြီး အမြန်ဆုံးခွင့်ပြုအမိန့်ကျဖို့နဲ့ လွတ်လပ်စွာ သွားလာခွင့်ရရှိရေးကိုလည်း တင်ပြထားတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ပေးနေတာတွေလုပ်နေတယ်လို့ ပြောပါတယ်။ “ဆိုင်ကလုန်းမုန်တိုင်းမတိုက်ခတ်မီတုန်းက ကျွန်တော်တို့ WFP အနေနဲ့ […]

အပြည့်အစုံဖတ်ရန်

မီးငြှိမ်းသတ်ဖို့ပြန်သွားတဲ့ ပြည်သူခုနစ်ဦးရဲ့ အရိုးနဲ့အလောင်းတွေတွေ့ရှိ

June 5, 2023

စဉ့်ကူး – ၂၀၂၃ ‌ဇွန် ၅ (မော်ကွန်း) ပြီးခဲ့တဲ့ မေလကုန်ပိုင်းက မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ရွာတချို့ကို အာဏာသိမ်းစစ်တပ်က မီးရှို့ခဲ့ပြီး ရွာကိုမီးငြှိမ်းသတ်ဖို့ပြန်သွားတဲ့သူတွေကိုပါ သတ်ဖြတ်ခဲ့ကာ မနေ့ကတော့ အသတ်ခံရသူတွေရဲ့ အရိုးတွေနဲ့အလောင်းတွေကို တွေ့ရှိရပြီဖြစ်ကြောင်း Bo Tiger အဖွဲ့ ခေါင်းဆောင် ဗိုလ်ကျားကြီးကပြောပါတယ်။ မနေ့ညနေပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရှင်းလင်းရေးဝင်တဲ့အချိန်မှာ မီးငြှိမ်းသတ်ဖို့ပြန်သွားခဲ့တဲ့ ပြည်သူ ခုနစ်ဦးရဲ့အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဗိုလ်ကျားကြီးကပြောပါတယ်။ ကြက်တူရွေးရွာက နေအိမ်မှာပစ္စည်းပြန်ယူဖို့သွားတဲ့ဇနီးမောင်နှံနဲ့ အခြားအမျိုးသားတစ်ဦးရဲ့အလောင်းကို မီးရှို့ခံထားရတာတွေ့ခဲ့ရပြီး သဲအင်းရွာမှာလည်း အမျိုးသားအလောင်း လေးလောင်းကို တွေ့ခဲ့ရတယ်လို့ ဗိုလ်ကျားကြီးကပြောပါတယ်။ ” သူတို့က တစ်ရက်နေ့(၂၀၂၃ ဇွန်)က စစ်ကြောင်းပြန်ထွက်သွားတယ်၊ မနေ့ကမှရှင်းလင်းရေးဝင်နိုင်တာ၊ သဲအင်းမှာလေးလောင်း၊ တစ်လောင်းက အိမ်သာမှာတွေ့တာ၊ ကျန်သုံးလောင်းကရွာထဲမှာမီးရှို့ခံထားရတယ်”လို့ဗိုလ်ကျားကြီးကပြောပါတယ်။ စဥ့်ကူးမြို့နယ် ကြက်တူရွေးရွာနဲ့သဲအင်းရွာတွေကို အာဏာသိမ်းစစ်တပ်မီးရှို့တာ​ကြောင့် မေလ ၂၇ရက်က […]

အပြည့်အစုံဖတ်ရန်
1 … 124 125 126 127 128 129 130 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."