ပခုက္ကူ – ၂၀၂၃ ဇွန် ၈ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာက အာဏာသိမ်းစစ်တပ်စစ်ဆေးရေးဂိတ်ကို ဒီနေ့ မွန်းလွဲ ၁:၀၀ ဝန်းကျင်မှာ လက်နက်ငယ်တွေနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပ.က.ဖ ဆီကနေသိရပါတယ်။
အင်ပင်ကျေးရွာစခန်းမှာ စစ်သား ၂၀ ဝန်းကျင်ရှိပြီး စခန်းရှေ့ဘန်ကာမှာ ၁၀ ယောက်ဝန်းကျင်ရှိနေကာ စစ်သားသုံးယောက် လမ်းပေါ်ထွက်စစ်ဆေးရေးလုပ်ချိိန် အနီးကပ်ပစ်ခတ်ခဲ့တာလို့ Earthquake Peoples Defense Force အဖွဲ့ခေါင်းဆောင်က မော်ကွန်းကိုပြောပါတယ်။
“စစ်ဆေးရေးဂိတ်ထိအနီးကပ်ပစ်ခဲ့တာ၊ ကြာချိန်ကတော့ ၃မိနစ်လောက်ပဲကြာတယ်၊သူတို့ဘက်ကအင်အားများတယ်ဆိုတော့၊ ဘန်ကာထဲကလည်း ပြန်ထွက်ပစ်တယ်၊ သူတို့ပစ်နေတဲ့အချိန်မှာ ဘန်ကာထဲက ကတုတ်ကျင်းထဲမှာရှိတဲ့စစ်သားတွေကိုဒရုန်းနဲ့ ဗုံးသီးချခဲ့တယ် “လို့ သူကပြောပါတယ်။
အနီးကပ်ပစ်ခတ်ရာမှာ စစ်သားနှစ်ဦးနေရာတင်သေဆုံးခဲ့တာကို မျက်မြင်တွေ့ခဲ့ပြီး ဒရုန်းနဲ့ဗုံးကျဲတာကြောင့်စစ်သားတွေထိခိုက်မှုရှိနိုင်တယ်လို့ သူကပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)၊ တပ်ရင်း(၂)တပ်ခွဲ(၁) Earthquake People`s Defence Force နဲ့ Middle Revolution Task Force – MRTF တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာပါ။
ရုပ်သံဖိုင် – မြိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များက အာဏာသိမ်းစစ်တပ်အား ယနေ့အနီးကပ်ပစ်ခတ်စဉ်
မှတ်တမ်း – Earthquake People`s Defence Force
#Dailynews

