ဆားလင်းကြီး – ၂၀၂၃ ဇွန် ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းတွေကို အာဏာသိမ်းစစ်တပ်က ဒီနေ့ မွန်းလွဲ ၁း၀၀ နာရီလောက်မှာ စစ်ကြောင်းထိုးလို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ-မုံရွာ) ကနေ စစ်ကားအကြီးတစ်စီးဟာ ချင်းတွင်းတံတားကိုဖြတ်ပြီး ပုသိမ်-မုံရွာလမ်းအတိုင်း စစ်ကြောင်းထိုးလာတာလို့ ဒေသခံကပြောပါတယ်။
ဘာကြောင့်စစ်ကြောင်းထိုးတယ်ဆိုတာ မသိရသေးဘဲ အာဏာသိမ်းစစ်တပ်အပြင် သူတို့လက်အောက်ခံရဲတွေပါ ပါဝင်တယ်လို့ဒေသခံကပြောပါတယ်။
ကျေးစာကျ၊ ဘိန်းနွယ်ချောင်၊ ပေကုန်း၊ ဒုန်းတော၊ ဂုဏ်တော၊ ရွာသာ၊ ကံကုန်း စတဲ့ကျေးရွာတွေဟာ နေပူပြင်းပြင်းထဲမှာ ထွက်ပြေးနေကြရပြီလို့ ဒေသခံကပြောပါတယ်။
ပုံစာ – ယနေ့ထွက်ပြေးကြရတဲ့ ယင်းမာပင်၊ ဆားလင်းကြီးဒေသခံများ
ဓါတ်ပုံ – Mawkun Magazine
#Dailynews

