ရန်ကုန်-၂၀၂၅ ဇူလိုင် ၄ (မော်ကွန်း) ဆွတ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ရုံးချုပ်ရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ထံကို မြန်မာလူထုနဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်း ၁၄၀ ကျော်က ဒီနေ့ တိုင်ကြားစာ ပို့လိုက်ပါတယ်။ အဓိကအကြောင်းအရင်းကတော့ ဒုက္ခသည်တွေရဲ့ အချက်အလက်ကို အိန္ဒိယနိုင်ငံ ဆိုင်ရာ UNHCR ရုံးက အိန္ဒိယအစိုးရထံပေးလိုက်တဲ့ နောက်ဆက်တွဲ ဒုက္ခသည်အခွင့် အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ရုံးချုပ်က စစ်ဆေးကာ တာဝန်ယူ၊ တာဝန်ခံလာစေဖို့ပဲ ဖြစ်ပါတယ်။ ဒီလို အချက်အလက်တွေပေးလိုက်တဲ့အတွက် အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေ အပါအဝင် ဒုက္ခသည် ၂၆၀ ကျော် အိန္ဒိယအစိုးရရဲ့ နိုင်ငံခြားသားဥပဒေနဲ့ ဖမ်းဆီးထောင်ချတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက မြန်မာဒုက္ခသည် ၁၃၀ ကျော်ဟာလည်း စစ်ကောင်စီထံကို လွှဲအပ်ပေးလိုက်တာခံရပြီး နိုင်ငံတကာဥပဒေပါအခွင့်အရေးတွေကို ချိုးဖောက်ခံခဲ့ရတာပါ။ […]
မော်ကွန်း။ ။ NUG နဲ့ပတ်သတ်လို့ ဘယ်လိုသတ်မှတ်ထားလဲ။ တော်လှန်ရေးအစိုးရတစ်ခုအနေနဲ့ သတ်မှတ် ထားလား။ ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေးကာလထဲမှာ သူနဲ့ပတ်သတ်နေတဲ့အမြင်တွေ အများကြီးရှိတယ်။ Mandate ပေါ့။ သူယူလာတဲ့ Mandate က ၂၀၂၀ ရွေးကောက်ပွဲဖြစ်နေတာမျိုးပေါ့။ ပြီးတော့ ဒီတော်လှန်ရေးမှာ သူကသာ ဗဟိုပုံစံလိုမျိုး ဒါမျိုးတွေအမျိုးမျိုးရှိတာပေါ့။ သီရိမွန်ချမ်း။ ။ တော်လှန်ရေးကာလအတွင်းမှာ ပေါ်ပေါက်လာတဲ့အစိုးရကို တော်လှန်ရေးအစိုးရအနေနဲ့ ကျွန်တော်တို့ အသိအမှတ်ပြုတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ မွန်ပြည်ဖက်ဒရယ်ကောင်စီကလည်း ကိုယ်စားလှယ်တွေလွှတ်ထား တာရှိတယ်။ မွန်ပြည်ဖက်ဒရယ်ကောင်စီမဖွဲ့ခင်အတည်းက MSICC (မွန်ပြည် ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ) ဖွဲ့ထားပြီးတော့ အခု ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီကပို့ထားတဲ့ ဘဏ္ဏာရေး ဒုဝန်ကြီး မင်းဇေယျာဦးလည်းရှိတယ်။ နောက်ပြီးတော့ အလုပ်သမားရေးရာဝန်ကြီးပေါ့။ ကျွန်တော်တို့ အချိတ်အဆက်ရှိနေပါတယ်။ သို့သော်ငြားလည်း […]
“ရွေးကောက်ပွဲက စကစရဲ့ထွက်ပေါက်။ တစ်တိုင်းပြည်လုံးမှာရှိနေကြတဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ ဒီမိုကရေစီရေး၊ အမျိုးသားရေးအတွက် အကျိုးမဖြစ်ဘူးဆိုတော့ ဒီရွေးကောက်ပွဲမဖြစ်အောင်၊ စကစမှာ ကျန်နေတဲ့ အသက်ရှူပေါက်ကို ပိတ်နိုင်အောင်၊ ပြတ်ပြတ်သားသားဆန့်ကျင်ကြဖို့ စီမံချက်ချထားတယ်။” ဒေါက်တာ သီရိမွန်ချမ်း (ရာမညပူးတွဲစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ၊ မွန်ပြည်ကာကွယ်ရေးတပ်-တပ်မှူး) ကော့ကရိတ် – ၂၀၂၅ ဖေဖေါ်ဝါ်ရီ ၁၈ (မော်ကွန်း) မကြာသေးခင်က မွန်လက်နက်ကိုင်တပ်ဖွဲ့တွေစုစည်းပြီး ရာမညပူးတွဲစစ်ကြောင်းအဖြစ် ဖွဲ့စည်းလိုက်သလို မွန်တပ်တော်တစ်ခုဖြစ်ပေါ်လာဖို့ထိ ဆွေးနွေးနေကြတာလည်းရှိပါတယ်။ ဒီအကြောင်းတွေကို ရာမညပူးတွဲစစ်ကြောင်းရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်သလို မွန်ပြည်ကာကွယ်ရေးတပ်ရဲ့တပ်မှူးဖြစ်တဲ့ ဒေါက်တာသီရိမွန်ချမ်းကို မော်ကွန်းကတွေ့ဆုံမေးမြန်းခဲ့တာတွေထဲကတချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ မော်ကွန်း။ ။ နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ မွန်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးရည်မှန်းချက်က ဘယ်လိုမျိုးလဲ။ ဒေါက်တာသီရိမွန်ချမ်း။ ။ကျွန်တော်တို့ မွန်ပြည်နယ်မှာလှုပ်ရှားနေတဲ့ မွန်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နိုင်ငံရေးရည်ရွယ်ချက်ကျတော့ တချို့ ပီဒီအက်ဖ်တွေနဲ့ နည်းနည်းကွဲလွဲမှုရှိတယ်။ ကျွန်တော်တို့ရဲ့ ပထမရည်မှန်းချက်က နွေဦးတော်လှန်ရေးအောင်မြင်ဖို့။ […]
ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂၂ (မော်ကွန်း) တရုတ်နိုင်ငံရဲ့ကြားဝင်မှုနဲ့အတူ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ဟာ စစ်ကောင်စီနဲ့ အပစ်ရပ်သဘောတူညီချက် ရရှိခဲ့တယ်လို့ တရုတ်အစိုးရက တရားဝင်ထုတ်ပြောလာပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးအထိသိမ်းယူထားတဲ့ MNDAA ဟာ တရုတ်နိုင်ငံရဲ့ဖိအားပေးမှုကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပြီး အပစ်ရပ်သဘောတူညီခဲ့တာပါ။ MNDAA ရဲ့ အပစ်အခတ်ရပ်စဲမှု၊ တရုတ်နိုင်ငံရဲ့ ကြားဝင်ပတ်သက်မှုတွေဟာ ပြည်တွင်းမှာဖြစ်နေတဲ့ စစ်ရေးနဲ့နိုင်ငံရေးအခြေအနေတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို ဝါရင့်နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကို မော်ကွန်းကဆက်သွယ်မေးမြန်းထားပါတယ်။ မော်ကွန်း – အခု တရုတ်နဲ့ ကြားဝင်မှုနဲ့ကိုးကန့် (MNDAA) က အပစ်ရပ်လိုက်တယ်ဆိုပြီး တရုတ်ဘက်က ထုတ်ပြောလာတယ်။ အဲဒီအတွက် ရှမ်းမြောက်အပါအဝင် တစ်နိုင်ငံလုံးရဲ့ စစ်ရေး၊ […]
ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၁၀ (မော်ကွန်း) ချင်းပြည်နယ်တော်လှန်ရေးမှာ ၁၉၈၈ လူထုအရေးတော်ပုံကတစ်ဆင့် မွေးဖွားခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသား တပ်မတော် (Chin National Front/ Chin National Army- CNF/CNA ) နဲ့ ၂၀၂၁ နွေဦးအရေးအခင်းကနေ ပေါက်ဖွားလာတဲ့ ချင်းကာကွယ်ရေးတပ်(Chin Defense Force – CDF) အင်အားစုတွေကြား နိုင်ငံရေး၊ စစ်ရေး အကွဲအပြဲတွေရှိနေပါတယ်။ ၁၉၈၈ ကတည်းက CNF/CNA တိုက်လာပေမယ့် တုတ်တုတ်တောင် မလှုပ်ခဲ့တဲ့ ချင်းပြည်နယ်က စစ်အာဏာရှင်တပ်ဖွဲ့တွေကို နွေဦးအရေးအခင်းမှာပေါ်လာပြီး ချင်းလူငယ်တွေဦးဆောင်ကြတဲ့ CDF တွေက အချိန်တိုအတွင်း ပြားပြားဝပ်သွားအောင် ဦးချိုးထားနိုင်ခဲ့သလို အခုဆိုချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေဟာ တပ်တွင်းကနေအပြင်မထွက်ရဲဘဲ ကျီးလန့်စာစား ဖြစ်နေရတဲ့အခြေအနေပါ။ ချင်းပြည်တော်လှန်ရေး၊ […]
ပဲခူး – ၂၀၂၄ စက်တင်ဘာ ၂ (မော်ကွန်း) ပဲခူးရိုးမထဲကို ကျွဲတွေနဲ့သစ်ဆွဲလာတဲ့ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာသားငါးဦးကို သတ်ဖြတ်ခဲ့တဲ့ NUG အဖွဲ့လက်အောက်ခံ ၃၈၀၁ တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူးဖြစ်လာသူ မိုးကြိုးကြီးဆိုသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပဲခူးတိုင်းထဲက နွေဦးတော်လှန်ရေးအင်အားစုတွေက အရေးယူပေးဖို့ NUG ကို တိုင်ကြားတောင်းဆိုထားပါတယ်။ ဒီအမှုမှာ တရားမျှတမှုရရှိရေးအတွက် ဦးဆောင်ပါဝင်နေတဲ့ ကိုလူအေးကို မော်ကွန်းက ဩဂုတ် ၃၀ ရက်မှာ ဆက်သွယ်မေးမြန်းထားပါတယ်။ မော်ကွန်း – ၃၈၀၁အခုလက်ရှိ ယာယီတပ်ရင်းမှူးမိုးကြိုးနဲ့ပါတ်သတ်တဲ့သတင်းကို ကျွန်တော်တို့ လိုက်နေပါတယ်၊ မနေ့တုန်းကမနက်ပိုင်းမှာ သူတို့တွေ တပ်ရင်းတစ်ရင်းလုံး အစည်းဝေးလုပ်တယ်၊ အစည်းအဝေးလုပ်းပြီးတော့ ဗိုလ်မိုးကြိုးကြီးကို ယာယီတပ်ရင်းမှူးအနေနဲ့ တရားဝင်ခန့်အပ်လိုက်တယ်ဆိုတာ သိလိုက်ရတယ်။ ကိုလူအေး – မဟုတ်ဘူးအစ်ကို၊ ၈.၈.၂၀၂၄ ကသူတို့တွေ တပ်ရင်းအစည်းအဝေးလုပ်ကြတယ်။ တပ်ခွဲမှူးတွေရယ် […]
ရန်ကုန် – ၂၀၂၄ ဩဂုတ် ၅ (မော်ကွန်း) လားရှိုးမြို့မှာအခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာချုပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းပိုက်လိုက်ပါတယ်။ ဒါဟာ စစ်တပ်က အာဏာသိမ်းထားတဲ့သုံးနှစ်ကျော်ကာလအတွင်း ပထမဦးဆုံး တိုင်းစစ်ဌာချုပ်တစ်ခု ကျဆုံးမှုဖြစ်လာခဲ့တာပါ။ အဲဒီလို တိုင်းစစ်ဌာချုပ်တစ်ခု ပြိုလဲသွားတာဟာ နွေဦးတော်လှန်ရေးနဲ့ နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မော်ကွန်း – လားရှိုးမြို့မှာအခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းလိုက်ပါတယ်။ သူတိုက လားရှိုးကို ပြီးခဲ့တဲ့လပိုင်း ၃ ရက်နေ့မှာ စတိုက်ခဲ့ပြီး အခုလ ၃ ရက်နေ့မှာ သိမ်းနိုင်ခဲ့တာပေါ့ဆရာ။ တစ်လအတွင်းကို တိုင်းစစ်ဌာနချုပ်တစ်ခုက ဘာကြောင့် အခုလို […]
ရန်ကုန် – ၂၀၂၄ ဇူလိုင် ၃ (မော်ကွန်း) ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပါတယ်။ စစ်ကောင်စီနဲ့ အပစ်ရပ်သဘောတူခဲ့တဲ့ TNLA အဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲအဖြစ် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ် စတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို အခုရက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့ပြင် ဒီထိုးစစ်ဟာ ပိုမိုကျယ်ပြန့်လာပြီး မြန်မာနိုင်ငံအလယ်ပိုင်းဖြစ်တဲ့ မန္တလေးတိုင်းဒေသအထိပါ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီစစ်ရေးအပြောင်းအလဲတွေ၊ အလားအလာတွေနဲ့ပတ်သက်ပြီး စစ်ရေးနိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ မော်ကွန်း – ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲဆိုပြီးတော့ TNLA က ထုတ်ပြန်ပြီး ထိုးစစ်တွေ စတင်လာတယ်။ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ် စတဲ့ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်လာတယ်ပေါ့ဆရာ။ အဲဒီတစ်ကျော့ပြန်ထိုးစစ်က ဘာလို့ […]
ရန်ကုန် – ၂၀၂၄ ဖေဖေါ်ဝါရီ ၂၇ (မော်ကွန်း) ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) ဟာ စစ်ကောင်စီစခန်းတွေ တစ်ခုပြီးတစ်ခုကို ဆက်တိုက်သိမ်းပိုက်နေပြီး ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်က မြို့တွေကိုပါ သိမ်းပိုက်ထိန်းချုပ်လာနေပြီဖြစ်ပါတယ်။ AA ဟာ ရခိုင်ပြည်နယ်တစ်ခုလုံးက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ထုတ်သွားမယ်လို့ ထုတ်ပြောလာပြီး တိုက်ပွဲတွေလည်းဆက်လက်ပြင်းထန်နေပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ AA ရဲ့ မြေပြင်စိုးမိုးမှု အခြေအနေ၊ စစ်ရေးအခြေအနေတွေနဲ့ AA က ထိန်းချုပ်ထားတဲ့ ဒေသတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဝါရင့်ရခိုင်နိုင်ငံရေးသမားဖြစ်သူ၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို မော်ကွန်းကဆက်သွယ်မေးမြန်းထားပါတယ်။ မော်ကွန်း – လက်ရှိ ရခိုင်ဒေသမှာ AA ဟာ ပလက်ဝဒေသအပါအဝင် မြို့တွေကိုလည်း ထိန်းချုပ်သိမ်းပိုက်နိုင်တာတွေ ရှိလာပြီလို့သိရပါတယ်။ ဆက်ပြီးတော့လည်း တိုက်ပွဲတွေဖြစ်နေပါတယ်။ မြေပြင်မှာ […]
ကိုမိုးနေလ- ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်(P.I.O/P.I.A)၊ ဗဟိုကော်မတီဝင် ရန်ကုန် – ၂၀၂၄ ဖေဖေါ်ဝါရီ ၁၄ (မော်ကွန်း) အရွယ်ရောက်သူတိုင်းကို စစ်ထဲဝင်ခိုင်းဖို့ရည်ရွယ်တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီကိုခုခံတော်လှန်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ဝင်ရောက်လာတဲ့ တပ်သားသစ်တွေရှိနေပြီလို့ တော်လှန်ရေးတပ်ဖွဲ့တချို့က ထုတ်ဖော်ပြောလာကြပါတယ်။ ဒါပေမဲ့ အရေအတွက်အတိအကျကိုတော့ အဲဒီအဖွဲ့တွေဘက်က ထုတ်မပြောကြပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီဥပဒေအရ အကြုံးဝင်တဲ့နိုင်ငံသား ၁၃ သန်းကျော် ရှိတယ်လို့ BBC နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်(P.I.O/P.I.A)ဟာ လူငယ်တော်လှန်ရေးသမားတွေနဲ့ ဖွဲ့စည်းထားတာပါ။ ကရင်နီစစ်မြေပြင်အပါအဝင် စစ်ကောင်စီကိုတော်လှန်နေတဲ့ အခြားတိုင်းရင်းသားတွေနဲ့အတူ တိုက်ခိုက်နေတဲ့အဖွဲ့ပါ။ ဒီအဖွဲ့ ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ကိုမိုးနေလကတော့ စစ်ကောင်စီပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ အများပြည်သူကို တရားဝင်ပေါ်တာဆွဲခွင့် ဖန်တီးယူလိုက်တာလို့ ပြောပါတယ်။ သူနဲ့ ဆွေးနွေးချက်တစ်ချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ […]
မွန်ပြည်သစ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး ခွဲထွက်အဖွဲ့ရဲ့ နိုင်ငံရေး၊စစ်ရေးဆိုင်ရာဦးဆောင်အဖွဲ့ဒုအဖွဲ့ခေါင်းဆောင်နဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားလယ်နှင့်မေးမြန်းခြင်း ရန်ကုန် – ၂၀၂၄ ဖေဖေါ်ဝါရီ ၁၄ (မော်ကွန်း) NCA ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီလက်အောက်က အထွေထွေအတွင်းရေးမှူး၊ ဒုစစ်ဦးစီးချုပ်အပါအဝင် ပါတီဝင်တွေ၊ တပ်မှူးတွေဟာ ခွဲထွက်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ကိုဖွဲ့စည်းကာ စစ်ကောင်စီကိုတိုက်ခိုက်သွားမယ်ဆိုတဲ့ ကြေညာချက်ကို ဒီနေ့ ထုတ်ပြန်လာပါတယ်။ မွန်ပြည်သစ်ပါတီ (NMSP) ဟာ စစ်ကောင်စီနဲ့ သုံးကြိမ်တွေ့ဆုံခဲ့ပြီး စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲအချို့မှာ ဝင်ရောက်ပါဝင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အဖွဲ့အတွင်းမှာ နိုင်ငံရေးနဲ့စစ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေဖြစ်လာပြီး အဖွဲ့အတွင်းခွဲထွက်မှုဖြစ်လာခဲ့တာပါ။ အခုလို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ကို ဖွဲ့စည်းကာ ပါတီကနေခွဲထွက်ရတဲ့ အကြောင်းရင်းနဲ့ စစ်ကောင်စီကိုတိုက်ခိုက်သွားမယ့်အခြေအနေတွေနဲ့ပတ်သက်လို့ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး ခွဲထွက်အဖွဲ့ရဲ့ နိုင်ငံရေး၊စစ်ရေးဆိုင်ရာဦးဆောင်အဖွဲ့ဒုအဖွဲ့ခေါင်းဆောင်နဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် […]
ရန်ကုန် – ၂၀၂၄ ဖေဖေါ်ဝါရီ ၁၃ (မော်ကွန်း) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး ဥပဒေမူကြမ်းထုတ်ပြန်ရာမှာပါဝင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီက အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်နှင့်မေးမြန်းခြင်း။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ ကိုယ်စားလှယ်များကော်မတီ(PRCF) ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံမူကြမ်းတစ်စောင်ကို မနေ့ကကျရောက်တဲ့ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ ကိုယ်စားလှယ်များကော်မတီ (PRCF) မှာ စစ်ကောင်စီလက်ထက်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းမရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကရင် အမျိုးသားပါတီ(KNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (DNDP)၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP)၊ ကယန်းအမျိုးသားပါတီ (KNP)၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP)တို့ အပါအဝင် မွန်ရေးရာအဖွဲ့ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."