သတင်းဆောင်းပါးများ

စစ်ဘေးဒုက္ခသည်တို့၏ မှုန်ရီဝိုးဝါး အိမ်ပြန်လမ်းများ အပိုင်း(၂)

August 13, 2015

ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ဉာဏ်လင်း ရေးသည်။ သို့သော် သားသုံးယောက်က ပျောက်နေကြဆဲ။ သို့ဖြင့် ဟိုစုံစမ်း၊ ဒီ စုံစမ်းနှင့် နောက်ဆုံးသိရသည်က သား သုံးယောက် တရုတ်နယ်စပ်ရှိ ဒုက္ခသည် စခန်းသို့ ရောက်နေကြသည်ဟူ၍ဖြစ် သည်။ အခြားယာတဲများမှ အသိမိတ် ဆွေများက ကလေးတွေကိုစိုးရိမ်ကြသဖြင့် ထိုစခန်းသို့ ပို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ လအနည်းငယ်အကြာမှာ အားလုံး ပြန်ပေါင်းမိကြသည်။ ယခုတော့ သား အမိ၊ သားအဖအားလုံး ဂျာမိုင်ကောင်း ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသည်။             ”နောက်တစ်ခါဆိုရင် (ခင်ပွန်းနှင့် သားတွေ) ကံကောင်းချင်မှ ကံကောင်း တော့မှာ၊ စစ်ပွဲတွေမဖြစ်တော့ဘူးဆိုမှ ယာထဲ ပြန်သွားခိုင်းမှာ။အခုခွင့်မပြုနိုင်ဘူး”ဟု ဒေါ်ဇိန်ထုံးထုကဆိုသည်။             ဒုက္ခသည်များပြန်ပြောကြသည်က ရွာမှာကျန်နေခဲ့သည့် ပစ္စည်းပစ္စယ တချို့ကို […]

အပြည့်အစုံဖတ်ရန်

စစ်ဘေးဒုက္ခသည်တို့၏ မှုန်ရီဝိုးဝါး အိမ်ပြန်လမ်းများ အပိုင်း(၁)

August 13, 2015

ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ဉာဏ်လင်း ရေးသည်။ မပီဝိုးဝါးနိုင်လှသော အနာဂတ်ကို လှမ်းကြည့်မိတိုင်း အသက် ၆၂ နှစ်အရွယ် ဒေါ်ဂျာတောင် စိတ်မော၊ လူမောဖြစ်ရသည်။ ရင်အေးစရာကား တစ်စက်ကလေး မှမရှိ။  ဟာလာဟင်းလင်း ကျန်ရစ်ခဲ့သော ရွာကအိမ်ကလေး အကောင်းပကတိရှိမှ ရှိပါတော့မလား သောကပွားသည့်အခါ ပွားမိရဲ့။ ပိုင်ရှင် မကြည့်နိုင်တော့သော ရွာနား၊ ချောင်းနားက လယ်ခင်းယာခင်း များ ယခုချိန်ဆို ပျက်စီးကြရောပေါ့ဟု စိတ်ပူသည့်အခါ ပူမိရဲ့။ ပြီးတော့ တရုတ် – မြန်မာ နယ်စပ် တွင် အလုပ်လုပ်နေကြသည့် သမီးသုံး ယောက် အရေး။ သူတို့နှင့်လည်း အမြန် ဆုံး ပြန်ဆုံချင်သည်။ သို့သော် အမေနှင့် သမီးများကြား မှာ စစ်တပ်ကြီးနှစ်တပ်က […]

အပြည့်အစုံဖတ်ရန်

ပင်လယ်လိုက်လို့ ထွက်ပြေးရတဲ့ရွာ

August 11, 2015

ဇူလိုင်-သြဂုတ် ၂၀၁၄၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ အက်ဆေး ဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ (၁) ဟုတ်တယ်။ ကျွန်တော်တို့သွားခဲ့တဲ့ အဲဒီရွာရဲ့နောက်ကို ပင်လယ်ကြီးက လိုက်လာတာ။ လိုက်လာတော့လည်း အသက် အသေမခံနိုင်တော့ တစ်ရွာလုံးထွက်ပြေးခဲ့ကြရတာပေါ့။ (၂)  ပင်လယ်ကြီးက ငွေမင်ရောင်တွေ တလက်လက်ထလို့။ ဟိုး…မိုးကုပ်စက်ဝိုင်းအစွန်းမှာ ပင်လယ်နဲ့ ကောင်းကင်ကြီးက ထိစပ်လို့။ အပြာရောင်အနားသတ်ထားတဲ့ စက်ဝိုင်းခြမ်းကြီး တစ်ခုလို။ ကောင်းကင်ပြာကြီးရဲ့ ရင်ခွင်ထဲမှာ တိမ်လိပ်တွေက အထွေးလိုက်။ လေပြင်းတစ်ချက်ဝှေ့တော့ လှိုင်းခေါင်းဖြူလေး တွေက ရေပြင်ပေါ်မှာ အူမြူးနေကြတယ်။ ကျွန်တော်တို့စီးလာတဲ့ စက်လှေက ငြိမ့်ခနဲ၊ ငြိမ့်ခနဲ ရေ ပြင်ကိုထိုးခွဲလို့ ခုတ်မောင်းနေတယ်။ ရေမှုန်ရေမွှားလေးတွေက လည်း တစ်ချက်တစ်ချက် မျက်နှာကို ပြေးလာပြီး တဖြန်းဖြန်း ရိုက်တယ်။ နှာဝကို ပြေးလာပြီး မိတ်ဆက်တဲ့ပင်လယ်လေက လတ်ဆတ်လိုက်တာဗျာ။ […]

အပြည့်အစုံဖတ်ရန်

ညောင်တုန်းမြို့နယ်၊ ဆင်တုံးကျေးရွာအုပ်စု၊ ရွှေသောင်ယံကျေးရွာတွင် ဆန်၊ ဆီ၊ သောက်ရေနှင့် ဆေးဝါးများလိုအပ်လျက်ရှိ

August 8, 2015

ညောင်တုန်းမြို့နယ်၊ ဆင်တုံးကျေးရွာအုပ်စု၊ ရွှေသောင်ယံကျေးရွာ၌ အိမ်ခြေ ၈၉လုံးရှိရာတွင်အိမ်ခြေ၈၀ ရေနစ်မြှပ်လျက်ရှိသည်။ ရွှေသောင်ယံကျေးရွာ သည် မြစ်ကမ်းဘေးတွင်ရှိသဖြင့် မြစ်ရေတိုက်စားမှုကြောင့် အိမ်ခြေ ၂၇လုံးပျက်စီးသွားခဲ့ သည်။ လက်ရှိတွင် ကျေးရွာသူ၊ ကျေးရွာသားများ ဆန်၊ ဆီ၊ သောက်ရေနှင့် ဆေးဝါးများလိုအပ်လျက်ရှိသည်။ ရွှေသောင်ယံကျေးရွာသည် ညောင်တုန်းမြို့မှ စက်လှေဖြင့် နှစ်မိုင်ခန့်သွားရသည့် ရွာတစ်ရွာဖြစ်သည်။ ဆက်သွယ်လှူဒါန်း မှုများပြုလုပ်လိုပါက ကျေးရွာနယ်မြေမှူး ဦးတင့်ဆွေဦး ၀၉၃၁၆၉၈၀၆၇ သို့ဆက်သွယ်လှူဒါန်းနိုင်သည်။ ဓါတ်ပုံ-သက်ဦးမွန်

အပြည့်အစုံဖတ်ရန်

အေအာတီဆေး အမြန်ဆုံးပေး အပိုင်း(၂)

August 6, 2015


အပြည့်အစုံဖတ်ရန်

အေအာတီဆေး အမြန်ဆုံးပေး အပိုင်း(၁)

August 6, 2015

ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ဉာဏ်လင်း နှင့် ဇေယျာလှိုင် ရေးသည်။ သူ့မိသားစု ရှင်သန်ရပ်တည်ရေးအတွက် ဘယ်လို နည်း နှင့်မှ သူတုံးလုံးလဲသွားလို့မဖြစ်ဟု ကိုတင်ထွန်းခံယူထားသည်။ သူလဲသွားပါက ဇနီးသည်နှင့် ဥမမည်စာမမြောက် ကလေး နှစ်ယောက်တို့ ရှင်သန်ရပ်တည်ရေးမှာ အခက်ကြီးခက်ကြမည် မှာ သေချာသည်။ လင်ရောမယားပါ HIVကူးစက်ခံနေရသည့် ကိုတင်ထွန်း တို့ ဇနီးမောင်နှံတွင် ငါးနှစ်အရွယ်ကလေးတစ်ယောက်နှင့် တစ်နှစ် နှစ်လ အရွယ် ကလေးတစ်ယောက်တို့ရှိသည်။ ကိုတင်ထွန်းက ကားဝပ်ရှော့လုပ်ရင်း၊ ဝါးထရံရက်ရင်းဖြင့် တစ်မိသားစုလုံးကို ရှာကျွေးနေခဲ့သူဖြစ်သည်။ ကျန်းကျန်းမာမာနှင့် အလုပ်တွေဆက်လုပ်ပြီး မိသားစုကို ကျွေးမွေးနိုင်ဖို့ လောလောဆယ်မှာ သူ အလိုအပ်ဆုံး အရာက Antiretrovial Therapy(ART) အေအာတီခေါ် ခုခံအားကျဆင်း နေသူများအား တိုက်ကျွေးသော ပိုးထိန်းဆေးပဲဖြစ်သည်။ […]

အပြည့်အစုံဖတ်ရန်

ပဋိပက္ခလွန်ကာလ ရခိုင်ပြည်နယ်ရေးရာကို လှမ်းမျှော်ကြည့်ခြင်း အပိုင်း(၂)

August 4, 2015

ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃) မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ ဉာဏ်လင်း၊ကျော်ဇေယျာထွန်း၊ ဇေယျာလှိုင် ရေးသည်။ ကုထုံးကို ဖွေရှာ အစိုးရကမူ ပဋိပက္ခနောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူ များကို စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဟုဆိုသည်။ သမ္မတ ရုံးက အောက်တိုဘာ  ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေ ညာချက်တစ်စောင်တွင် ပြဿနာနောက်ကွယ်၌ ပြည်တွင်း ပြည်ပ အဖွဲ့အချို့၊ နိုင်ငံရေးအဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေသည်ဟု ဆိုထားသည်။ ထိုသို့ ဖော်ပြထားသော်လည်း အဆိုပါ သွေးထိုးလှုံ့ဆော် သူများမှာ မည်သူမည်ဝါတွေဖြစ်သည်ကို တိတိပပ ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပေ။ စင်စစ်တွင် ပြဿနာ၏နောက်ကွယ်မှ မီးထိုးပေးသူများကို စုံစမ်းဖော်ထုတ် အရေးယူလိုက်ရုံနှင့် ပဋိပက္ခက ပြေလည်သွား လိမ့်မည်တော့မဟုတ်။ နှစ်ပေါင်းများစွာစုပုံလာသည့် အမုန်း […]

အပြည့်အစုံဖတ်ရန်

ပဋိပက္ခလွန်ကာလ ရခိုင်ပြည်နယ်ရေးရာကို လှမ်းမျှော်ကြည့်ခြင်း အပိုင်း(၁)

August 4, 2015

ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃) မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ ဉာဏ်လင်း၊ကျော်ဇေယျာထွန်း၊ ဇေယျာလှိုင် ရေးသည်။ ပဋိပက္ခလွန်ကာလ ရခိုင်ပြည်နယ်၌ ရခိုင်လူမျိုးများနှင့် အစိုးရ အခေါ် ဘင်္ဂါလီ၊ နိုင်ငံတကာအခေါ် ရိုဟင်ဂျာများအား ပြန်လည်နေရာ ချထားရေးကိစ္စမှာ ဦးသိန်းစိန်ခေါင်းဆောင်သော အရပ်သား အစိုးရအတွက် ခေါင်းခဲစရာကိစ္စကြီးတစ်ခုဖြစ် လာသလို  အစိုးရသစ်၏ အရည်အချင်းကို စိန်ခေါ်စမ်းသပ်မည့် စာမေးပွဲကြီးတစ်ခုလည်း ဖြစ်လာလိမ့်မည်။ ဇွန်လ ၈ ရက်မှ စတင်ဖြစ်ပွားခဲ့သော လူအုပ်စု နှစ်ခုကြားက သွေးမြေကျပဋိပက္ခမှာ ယခုအချိန်ထိ ပြေ လည်မည့် အခြေအနေ မရှိသေးသလို မည်မျှအထိ ကြာရှည် နိုင်ဦးမည်ကိုလည်း မသိရှိနိုင်သည့် အနေအထားမျိုး ဖြစ်နေသည်။ အစိုးရထုတ်ပြန်သော ကိန်းဂဏန်းများအရ လောလောဆယ်အထိ သေဆုံးသူဦးရေမှာ ၁၆၇ ဦးရှိပြီး အိုးအိမ်မဲ့ အရေအတွက်မှာ  […]

အပြည့်အစုံဖတ်ရန်

သဘာဝဘေးများ ဝန်းရံနေသော ကျွန်ုပ်တို့နိုင်ငံ အပိုင်း(၂)

August 3, 2015

၂၀၁၄၊ ဇူလိုင်-သြဂတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန်၊ဉာဏ်လင်း ရေးသည်။ ခင်မောင်မြင့် ပံ့ပိုးသည်။ ကြိုတွေးသင့်သော ငလျင်ဘေး အထက်တစ်နေရာတွင် ဖော်ပြထားသည့်အတိုင်း ငလျင် အန္တရာယ်ကလည်း အချိန်မရွေးကျရောက်နိုင်သည့် အခြေအနေ တွင်ရှိရာ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ တည် ဆောက်ကြရေးနှင့် ငလျင်ဖြစ်လာလျှင် အန္တရာယ်မကျရောက် အောင် မည်သို့ပြုမူလှုပ်ရှားရမည်ကိုကျယ်ကျယ်ပြန့်ပြန့် ပညာ ပေးမှုများပြုလုပ်သင့်သည်ဟု ပညာရှင်များက ထောက်ပြပါသည်။ မြန်မာနိုင်ငံအနေနှင့်မူ တကယ်တမ်းငလျင်လှုပ်လာပါက နိုင်ငံတွင်းရှိအဆောက်အအုံများမှာ စိုးရိမ်ဖွယ်ရာအနေအထားတွင်ရှိသည်ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ဦးစိုးသူရထွန်း က ဆိုပါသည်။ ”အထူးသဖြင့်တို့တစ်တွေ စိုးရိမ်တာက ၁၉၉ဝ နဲ့ ၂ဝဝဝ ကြားမှာဆောက်တဲ့အဆောက်အအုံတွေပေါ့။ ဘာလို့လဲဆိုတော့ စစ်အစိုးရတက်ပြီးတဲ့နောက်မှာ ကန်ထရိုက်တိုက်တွေ အကြီး အကျယ်ပေါ်လာတယ်။ အဲဒီအချိန်မှာ အင်ဂျင်နီယာပိုင်းရော ကန်ထရိုက်ပိုင်းရော အကုန်လုံးအားနည်းတယ်”ဟု ၎င်းက ထောက်ပြသည်။ […]

အပြည့်အစုံဖတ်ရန်

သဘာဝဘေးများ ဝန်းရံနေသော ကျွန်ုပ်တို့နိုင်ငံ အပိုင်း(၁)

August 3, 2015

၂၀၁၄၊ ဇူလိုင်-သြဂုတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။   သက်ဦးမွန်၊ဉာဏ်လင်း ရေးသည်။ ခင်မောင်မြင့် ပံ့ပိုးသည်။ နာဂစ်ဆိုင်ကလုန်းဒဏ်ကို ဆိုးရွားစွာခံခဲ့ရသည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် က ရွာများအဖို့ မိုးကာလသည် ထိတ်လန့်စရာကောင်းသော ကာလတစ်ခု ဖြစ်နေဆဲပါ။ယခုလို မိုးကာလရောက်လာလျှင် မိုးလေဝသသတင်းကို အမြဲမပြတ် နားထောင်ကြရသကဲ့သို့ ကြိုတင်ပြင်ဆင်မှုများကိုလည်း ဂရုတစိုက်လုပ်ကြ ရသည်။ ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲအတွင်းရှိ ရွာပေါင်း ၁၄ ရွာ၏ အုပ်ချုပ်ရေးမှူး ဦးမြင့်ကြည်ဆိုလျှင် ယခုရက်ပိုင်းအတွင်း အလုပ်တော်တော်များလျက်ရှိသည်။ သူအုပ်ချုပ်သည့် ကျေးရွာ များအတွက် ဦးမြင့်ကြည် လောလောဆယ် အလိုအပ်ဆုံးအရာက သူတို့ဒေသတစ်ကြောတွင် ‘ဟွန်း’ ဟု ခေါ်ဝေါ်နေကြသည့် အသံ ချဲ့စက်ပင်ဖြစ်သည်။ ဦးမြင့်ကြည် အသံချဲ့စက်လိုချင်သည်မှာ အရေးပေါ် မိုးလေ ဝသသတင်းများကို အမြန်ဆန်ဆုံး ထပ်ဆင့်ကြေညာပေးနိုင်ရန်ဖြစ်ပါသည်။ […]

အပြည့်အစုံဖတ်ရန်

သယံဇာတစီမံခန့်ခွဲမှု နှင့် မြန်မာနိုင်ငံအနာဂတ် အပိုင်း(၂)

July 30, 2015

၂၀၁၃၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၉)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ မော်ကွန်းသတင်းအဖွဲ့ ရေးသည်။ မျှော်လင့်ချက်ရောင်ခြည်             ပညာရှင်များကတော့ အရပ်သားအစိုးရတက်လာသည့် အတွက် သယံဇာတစီမံခန့်ခွဲမှုအပိုင်းမှာ ပိုမို ကောင်းမွန်လာနိုင် သည်ဟု မျှော်လင့်နေကြသည်။ ယခင်အစိုးရအဆက်ဆက်က ဖြစ်ချင်တိုင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ပြင်ဆင်ဖို့ အခွင့် သာလာပြီဟုလည်း မျှော်လင့်နေကြပါသည်။             သို့သော်လည်း ယခင်အစိုးရအဆက်ဆက်လုပ်ဆောင်ခဲ့သည်များကို ချက်ချင်းပြောင်းလဲပြင်ဆင်လို့တော့ ရနိုင်မည် မဟုတ်ဟု ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးသိန်း လွင်က သုံးသပ်ပါသည်။             ”ပြုပြင်ပြောင်းလဲမှုက ဗြုန်းခနဲ လုပ်လို့မရဘူးလေ။ အရင် တုန်းက ရာစုနှစ်တစ်ဝက်လောက်က စနစ်တစ်ခုနဲ့ လုပ်ခဲ့တယ်။ အခုမှ အစိုးရသစ်တက်လာတာ နှစ်နှစ်ခွဲကျော်ကျော်ပဲရှိသေး တယ်။ နှစ်ငါးဆယ်လောက်လုပ်ခဲ့တာကို နှစ်နှစ်ခွဲနဲ့တော့ မရဘူး၊ အချိန်ယူရဦးမယ်” ဟု […]

အပြည့်အစုံဖတ်ရန်

သယံဇာတစီမံခန့်ခွဲမှု နှင့် မြန်မာနိုင်ငံအနာဂတ် အပိုင်း(၁)

July 30, 2015

၂၀၁၃၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၉)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ မော်ကွန်းသတင်းအဖွဲ့ ရေးသည်။ မြန်မာနိုင်ငံ၏ သယံဇာတနှင့်ပတ်သက်ပြီး ပြည်သူလူထု အများစု သိရှိထားသည့်အချက်မှာ မြန်မာနိုင်ငံသည် မြေပေါ်မြေ အောက် သယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ် သည်ဆိုတာလောက်ပဲဖြစ်သည်။ ထိုသယံဇာတများကို အစိုးရက မည်သို့ စီမံနေသည်၊ ယင်း မှ ရရှိသည့် ငွေကြေးများကို မည်သည့်နေရာတွင် မည်သို့အသုံး ချနေသည်ကိုမူ ရေရေရာရာ မသိရှိကြပါ။ ထို့ကြောင့်လည်း အဆက်ဆက်သော အစိုးရများသည် ပြည်သူလူထုအပေါ် ပွင့်လင်းရိုးသားမှုမရှိခဲ့ဟု ပညာရှင်များနှင့် လေ့လာသူများက ထောက်ပြကြခြင်းဖြစ်သည်။သယံဇာတ မည်မျှပင် ပေါများကြွယ်ဝသော်လည်း စီမံခန့် ခွဲမှုလွဲမှားပြီဆိုလျှင် သယံဇာတ၏ အကျိုးစီးပွားကို ပြည်သူများ မခံစားရသည့်အပြင် ထိုအစား သယံဇာတကျိန်စာပဲ ခံစားရတတ် သည်ဟု ပညာရှင်များက ဆိုပါသည်။ စက်တင်ဘာလအတွင်းက ထွက်ရှိခဲ့သည့် ဘဏ္ဍာရေးဆိုင် […]

အပြည့်အစုံဖတ်ရန်
1 21 22 23 24 25 26 27 29

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."