ရန်ကုန် – ၂၀၂၄ ဇူလိုင် ၄ (မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်နဲ့ ငပလီကမ်းခြေတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီး ဒေသခံသောင်းနဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေသူတွေနဲ့ ကိုယ်တိုင်စစ်ဘေးရှောင်လာသူတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ကစပြီးတော့ သံတွဲနဲ့ငပလီဒေသခံအများစုဟာ တောင်ပိုင်းအစွန်ဆုံးဖြစ်တဲ့ ဂွမြို့ကို အလုံးအရင်းနဲ့ ဆက်တိုက်တိမ်းရှောင်နေကြတာဖြစ်ပြီး ငွေကြေးတတ်နိုင်သူတချို့ကတော့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေနဲ့ ရန်ကုန်မြို့တွေအထိ တိမ်းရှောင်လာကြရတယ်လို့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။ သံတွဲမှာပိတ်မိနေတဲ့စစ်ဘေးရှောင်တွေကို ပရိတအသင်းတွေက ကူညီကယ်ထုတ်ပေးနေသလို ဒေသခံတချို့ရဲ့ အိမ်စီးကားတွေနဲ့ ကူညီခေါ်ဆောင်နေတာလည်းရှိတယ်လို့ သံတွဲစစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။ “ငပလီဆိုရင် ကမ်းခြေတစ်လျှောက် ရွာတွေအကုန်လုံး ရွာလုံးကျွတ်ပဲ။ သံတွဲမြို့ပေါ်ဆိုရင်လည်း တော်တော်များများ ထွက်သွားကြပြီ။ မြို့ပေါ်မှာတော့ မပြောင်းသေးတဲ့သူတွေတော့ နည်းနည်းပဲကျန်တော့တာ” လို့ ၎င်းစစ်ဘေးရှောင်တွေကိုကူညီနေသူက ပြောပါတယ်။ […]
လားရှိုး- ၂၀၂၄ ဇူလိုင် ၃ (မော်ကွန်း) ‘၁၀၂၇-စစ်ဆင်ရေး’ အပိုင်း(၂) ဖော်ဆောင်ပြီး ရှစ်ရက်မြောက်မှာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားလာသလို လက်နက်ကြီးကျည်ဆန်ကျရောက်ပေါက်ကွဲလို့ အရပ်သားသေဆုံးတာတွေရှိတယ်လို့ လားရှိုးမြို့ခံတချို့က ပြောပါတယ်။ မနေ့ည ၁၀ နာရီလောက်ကစပြီး လက်နက်ကြီးပစ်သံတွေ၊ ပေါက်ကွဲသံတွေကို စတင်ကြားရသလို ဒီနေ့လယ်အထိလည်း ပစ်ခတ်ပေါက်ကွဲနေတုန်းပဲလို့ လားရှိုးမြို့အခြေစိုက်၊ အမှတ်(၄၁) ခြေလျင်တပ်အနီးမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ “ဗျူဟာလမ်းမဘေးက အိမ်တွေကို လက်နက်ကြီးကျလို့ ခြောက်ယောက်သေတယ်လို့တော့ ကြားတယ်။ ဒီမနက်မှာပဲ ဖြစ်တာ။ အဲဒါက လားရှိုး အမှတ်(၁) ရပ်ကွက်အပိုင်ထဲမှာဖြစ်တာ။ ခြေတွေလက်တွေပြတ်ပြီးကို သေတာလို့ ဆေးရုံမှာသွားကြည့်ခဲ့သူက ပြန်ပြောပြတယ်” လို့ အထက်ပါပုဂ္ဂိုလ်က ပြောပါတယ်။ ‘၁၀၂၇-စစ်ဆင်ရေး’ အပိုင်း(၂) စကတည်းက လားရှိုးမြို့ပြင်မှာ ကိုးကန့်တပ်(MNDAA)နဲ့ မဟာမိတ်တပ်တွေက […]
ရန်ကုန် – ၂၀၂၄ ဇူလိုင် ၂ (မော်ကွန်း) စစ်ကောင်စီဟာ ရန်ကုန်မြို့ပေါ်က ဈေးတွေနဲ့ ရပ်ကွက်တွေထဲကဆန်ဆိုင်တွေကို ဒီနေ့မှာ အင်အားအလုံးအရင်းနဲ့စစ်ဆေးခဲ့ပြီး သူတို့သတ်မှတ်ဈေးအတိုင်းရောင်းချဖို့ ဖိအားပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ ဆန်ဆိုင်ပိုင်ရှင်တချို့က ပြောပါတယ်။ ဒီမနက်ပိုင်းမှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်က ဆန်ဆိုင်တချို့ကို စစ်ကောင်စီရဲ့ စစ်ဆေးရေးအဖွဲ့တွေ လာရောက်စစ်ဆေးခဲ့ပြီး အဲဒီစစ်ဆေးရေးအဖွဲ့မှာ စစ်သား၊ ရဲ၊ ထွေအုပ်ဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အများအပြားပါဝင်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ ဒါ့ပြင် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က ဈေးတွေနဲ့ဆန်ဆိုင်တွေကိုလည်း စစ်ကောင်စီတပ်သားတွေနဲ့ ထွေအုပ်တွေပါဝင်တဲ့အဖွဲ့တွေ ဒီမနက်ပိုင်းမှာ ဝင်ရောက်စစ်ဆေးခဲ့ပြီး ဖမ်းဆီးတာတော့မရှိခဲ့ဘူးလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။ ဒီလိုစစ်ဆေးရာမှာ သူတို့သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချခြင်းရှိ၊ မရှိကို အဓိကထား စစ်ဆေးသွားခဲ့ကာ ဈေးနှုန်းတွေကိုမေးမြန်းခဲ့ပြီး သတ်မှတ်ဈေးနဲ့ မရောင်းချပါက […]
မြစ်ကြီးနား-၂၀၂၄ ဇူလိုင် ၂ (မော်ကွန်း) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေမြစ်ရေမြင့်တက်မှုကြောင့် မနေ့ကစလို့ တစ်မြို့လုံးနီးပါးရေလွှမ်းမိုးနေပြီး ဒီနေ့မှာတော့ မြို့ပေါ်ရပ်ကွက်တချို့မှာရေပြန်ကျသွားပေမယ့် မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေနစ်မြုပ်နေသေးတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ “သုံးပေလောက်ကျသွားပြီဗျ။ မြေနိမ့်ပိုင်းတွေကတော့ (ရေ)ကျန်ဦးမယ်။ ပြီးတော့ တချို့ရပ်ကွက်တွေကျန်ဦးမယ်။ အဲဒီမှာက အိမ်ခေါင်မိုးတွေကအစ အကုန်မြုပ်ထားတာ။ အခုအနေအထားဆိုရင်တော့ အောက်တစ်ဝက်လောက်တော့ ကျန်ဦးမယ်။ရေက မြို့ပေါ်လောက်ပဲကျသေးတယ်” လို့ မျိုးဆက်သစ်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ရေမြုပ်နေသေးတဲ့ရပ်ကွက်တွေက ရမ်ပူ၊ ကြက်ပေါင်ခြံ၊ အနောက်လယ်ကုန်း၊ ခေမာသီရိ စတဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တယ်လို့ သူကဆိုပါတယ်။ “အရေးပေါ်လိုအပ်တဲ့အကူအညီကတော့ နေစရာနဲ့ စားသောက်စရာလောက်ပါပဲ။ တစ်မြို့လုံးနီးပါးရှောင်နေရတဲ့ အတိုင်းအတာတစ်ခုမှာကျတော့ ရှောင်ဖို့အတွက် သီးသန့်နေရာမရှိတဲ့အတွက်ကြောင့်မို့ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေ၊ စာသင်ကျောင်းတွေမှာ ဝင်ခိုလှုံရတာလေ။ အဲဒီခိုလှုံရတဲ့နေရာတိုင်းလိုလိုကတော့ စားသောက်ကုန်နဲ့ရေကတော့ လိုနေတာပဲ” လို့ သူကဆိုပါတယ်။ မြစ်ကြီးနားတစ်မြို့လုံးနီးပါး […]
ရန်ကုန် – ၂၀၂၄ ဇူလိုင် ၁ (မော်ကွန်း) စစ်ကောင်စီက ဆန်ဈေးနှုန်းသတ်မှတ်လိုက်ပြီးနောက် ကုန်သည်တွေက စပါးအရောင်းအဝယ်တွေ ရပ်တန့်လိုက်တာကြောင့် စပါးဈေးထိုးကျသွားပြီး စပါးစိုက်တောင်သူတွေ အရှုံးပေါ်နေတယ်လို့ လယ်သမားတွေကပြောပါတယ်။ သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခဲ့တဲ့ ဆန်စပါးလုပ်ငန်းရှင်တချို့နဲ့ ဈေးဝယ်စင်တာတွေက တာဝန်ရှိသူတချို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်လာပါတယ်။ ဒီလိုလုပ်ဆောင်လာတာကြောင့် ဆန်ကုန်သည်တွေဟာ အရောင်းအဝယ်တွေကို ရပ်ထားလိုက်ပြီး အောက်ခြေက စပါးဈေးဟာလည်း ထိုးကျသွားတယ်လို့ ဧရာဝတီတိုင်းပုသိမ်မြို့က စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။ မိုးမကျခင်က ဆန်ကြမ်းအမျိုးအစားဖြစ်တဲ့ ရက်ကိုးဆယ်သီးထပ်စပါးဟာ တင်း ၁၀၀ ကို ၂၅ သိန်းကျပ်ခန့် ပေါက်ဈေးရှိခဲ့ပေမယ့် လက်ရှိမှာ ကျပ် ၁၃ သိန်းဝန်းကျင်တောင် မနည်းရောင်းနေရတယ်လို့ ပုသိမ်မြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။ ဒါ့ပြင် ကုန်သည်တချို့က စပါးကိုဈေးနှိမ်ဝယ်နေကြတာကြောင့် စပါးရိတ်သိမ်းပြီးသား တောင်သူတွေဟာ […]
မတ္တရာ – ၂၀၂၄ ဇူလိုင် ၁ (မော်ကွန်း) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်တပ်ကို စစ်ကူသွားမယ့်စစ်ကြောင်းကို စလေတောင်ရွာအနီး တောင်ကြောမှာ ပြီးခဲ့တဲ့လ ၂၉ရက်က တိုက်ခိုက်ရာ တိုက်ပွဲအတွင်း ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ကြီး (SSTF)က ရဲအုပ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်ကျဆုံးခဲ့တယ်လို့ SSTF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဆယ်တော်ကြီး၊ အင်ကြင်းမြိုင်တပ်ကို စစ်ကူသွားမယ့် တပ်မ ၁၀၁ လက်အောက်ခံ၊ခလရ ၂၅၁တပ်က အင်အား ၈၀ခန့်ပါ စစ်ကြောင်းနဲ့ တိုက်ပွဲချိန် ၁:၂၀မိနစ်ကြာဖြစ်ပွားခဲ့တယ်လို့ သူကပြောပါတယ်။ ” တိုက်ပွဲဖြစ်စဉ်အတွင်း SSTF မှ ကိုယ်ပိုင်အမှတ် S-1044၊ ရဲအုပ်ဘုန်းကြီး လက်နက်ကြီးထိမှန်ကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦးထိခိုက်(မစိုးရိမ်)ဒဏ်ရာ ရရှိခဲ့ပါတယ်”လို့ သူကပြောပါတယ်။ လက်နက်ကြီးထိမှန်သေဆုံးခဲ့တဲ့ ရဲဘော်က ရဲအုပ် ဘုန်းကြီး(ခ)နောင်နောင်ထက်ဖြစ်ပြီး ၂၀၂၁ […]
မုံရွာ-၂၀၂၄ ဇူလိုင် ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲကြားမှာ ခရီးသည်တင်ယာဉ်ရှစ်စီးပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ မနေ့က မနက်ပိုင်းက မုံရွာမြို့တစ်ဖက်ကမ်း ဝမ်ပေါင်ကြေးနီစီမံကိန်းကနေထွက်လာတဲ့ ကြေးနီတင်ကားတွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ချောင်းဦးမြို့နယ်အကျော် မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်က ငါးယှန်ကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်နေတာကြောင့် ခရီးသည်ယာဉ်တွေ ဆက်မသွားဘဲရပ်ထားချိန် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်က တိုက်ပွဲကြားကို ကားဆက်မောင်းခိုင်းခဲ့တယ်လို့ မနေ့ကဖြစ်စဉ်မှာ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ “သူတို့ကလမ်းမှာရပ်ထားတုန်း ‘မင်းတို့ဘာလို့ရပ်နေတာတုန်း’ ဆိုပြီးပြောတာ။ ‘ရှေ့ကကားတွေလည်း ရပ်နေလို့ ရပ်ထားတာ’လို့ပြောလိုက်တယ်။ အဲဒီမှာ သူတို့က လက်မှတ်တွေစစ် လူတွေလမ်းဆင်းလျှောက်ခိုင်း၊ ပြီးတော့ကားပေါ်ပြန်တက်ခိုင်းပြီး ကားထွက်ခိုင်းတာ” ကားလည်းထွက်ကော စစ်ဆေးရေးဂိတ်ကပစ်တာ။ ကားသမားတချို့သေတယ်။ လူတွေလည်းမှန်တယ်။ စိန်ဌေးလှိုင်ကားဆိုရှေ့ကဖြစ်နေတော့ တည်ပြီးပစ်တာ။ သူတို့ကသွားခိုင်းပြီးမှပစ်တာ” လို့ သူကပြောပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မနေ့ကတိုက်ပွဲမှာပါဝင်ခဲ့တဲ့ […]
ရန်ကုန် – ၂၀၂၄ ဩဂုတ် ၁ (မော်ကွန်း) ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော် အစရှိတဲ့ မြို့ကြီးတွေမှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီတွေပြတ်လပ်နေပြီး နာရီနဲ့ချီကာ တန်းစီဝယ်ယူနေရတယ်လို့ အဲဒီဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ရန်ကုန်မြို့မှာဆိုရင်လည်း ဆီဆိုင်တချို့ဟာ ဆီအကန့်အသတ်နဲ့ပဲ ရောင်းပေးနေသလို၊ တချို့ဆီဆိုင်တွေဟာလည်း ဆိုင်ပိတ်ထားတာကြောင့် ရရှိတဲ့ ဆိုင်တွေမှာ တန်းစီဝယ်ယူနေရတဲ့ ကားတန်းတွေကို မနေ့ကစပြီး မြင်တွေ့လာရပါတယ်။ ရန်ကုန်မြို့က အငှားယာဉ်မောင်းတစ်ဦးကတော့ ဒီနေ့မနက်ပိုင်းမှာ စက်သုံးဆီဖြည့်တင်းဖို့ နှစ်နာရီခန့်ကြာအောင် တန်းစီစောင့်ဆိုင်းခဲ့ရတယ်လို့ ပြောပါတယ်။ “တချို့ဆိုင်တွေက လုံးဝပိတ်ထားတယ်။ တချို့ကျတော့ သုံးသောင်းဖိုးထိပဲ အများဆုံးထည့်ပေးတာလည်းရှိတယ်။ လိုသလောက်ရတဲ့ဆိုင်တွေတော့ရှိတယ်။ လောလောဆယ် Max တို့လို ဆိုင်ကြီးတွေတော့ ရတယ်။ အဲဒီမှာတော့ ကားတန်းက အရှည်ကြီးပဲ” လို့ ၎င်း အငှားယာဉ်မောင်းက […]
ရန်ကုန် – ၂၀၂၄ ဇူလိုင် ၁ (မော်ကွန်း) ရက်ပိုင်းကပဲ သင်တန်းဆင်းခဲ့တဲ စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းဆင်းတပ်သားတွေကို ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်က ရှေ့တန်းတပ်စခန်းတွေကို ပို့လွှတ်ခဲ့တယ်လို့ တပ်သားသစ်တွေရဲ့ မိသားစုဝင်တချို့က ပြောပါတယ်။ စစ်ကောင်စီလက်ထက်မှာ အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေအရဆင့်ခေါ်ခဲ့တဲ့ စစ်မှုထမ်းသင်တန်း ပထမအပတ်စဉ်ကို ယခုနှစ် ဧပြီလက စတင်ခဲ့တာပြီး ဇွန်လ ၂၈ ရက်မှာ သင်တန်းဆင်းခဲ့ပါတယ်။ စစ်မှုထမ်းအပတ်စဉ် ၁ မှာပါဝင်တဲ့ တောင်ဒဂုံမြို့နယ်က သင်တန်းဆင်းတပ်သားတစ်ဦးရဲ့ မိခင်ဖြစ်သူကတော့ သူ့ရဲ့သားကို ရခိုင်ပြည်နယ်ကို ပို့လွှတ်ခဲ့ပြီး သူ့သားနဲ့အတူပါသွားတဲ့ ရပ်ကွက်ထဲက လူငယ်တစ်ဦးကိုလည်း ရှမ်းမြောက်ကို ပို့လွှတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့ပြင် ဒီလိုပို့လွှတ်တာကို မိသားစုကိုလည်း အသိမပေးခဲ့ဘဲ အဲဒီဒေသတွေကို ရောက်ရှိမှပဲ ဖုန်းတစ်ကြိမ်ဆက်ခွင့်ပေးခဲ့တယ်လို့ ပြောပါတယ်။ သင်တန်းဆင်းတဲ့နေ့က […]
မိုးကုတ် – ၂၀၂၄ ဇွန် ၃၀ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းမှာ ဒီနေ့မနက်ပိုင်းကစလို့ မန္တလေးကိုစစ်ရှောင်သွားမယ့်ကားအစီးရေ ရာချီပိတ်မိနေပြီး ပစ်ခတ်ခံရမှုကြောင့် ပြည်သူထိခိုက်ထားတာရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။ ကားပိတ်မိနေတာရယ်၊ တိုက်ပွဲတွေပြင်းထန်နေတာတွေရယ်ကြောင့် တချို့လည်း ဆက်မသွားတော့ဘဲ ပြန့်လှည့်လာကြရတယ်လို့ တွေ့ကြုံခဲ့ရသူတွေကပြောပါတယ်။ ” မနက် ၄း၀၀ နာရီစထွက်တာပဲ၊ အနောက်ပိုင်းရောက်တော့လမ်းပိတ်ထားတယ်ဆိုပြီးကားတွေပိတ်နေလို့ ပြန်လှည့်လာရတယ်၊ ပန်းမဘက်ကိုလက်နက်ကြီးကျလို့ ကားပေါ်ပါမိသားစုသုံးယောက်ထိခိုက်ထားတယ်”လို့သူကပြောပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်းကနေ မန္တလေးကို ဒီနေ့ နံနက် ၃း၃၀ လောက်က ဆင်းသွားတဲ့ ကားအနည်းငယ်သာ ဆက်သွားလို့ရပြီး ပိတ်မိနေတဲ့ပြည်သူရာချီပြန်လှည့်လာခဲ့ရတယ်လို့ သူကပြောပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင်ရပ်ကွက်မှာလည်း မနေ့က လက်နက်ကြီးထိမှန်လို့ နေအိမ်နှစ်လုံးပျက်စီးပြီး ပြည်သူတစ်ဦးသေဆုံးခဲ့တယ်လို့ အနောက်ပိုင်းနေထိုင်သူတွေကပြောပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်းမှာ အင်တာနက်လိုင်းတွေလည်းပြတ်တောက်နေတာကြောင့်ဆက်သွယ်ရေးပြတ်တောက်နေပြီး မနေ့ညပိုင်းထိ တိုက်ပွဲတွေဖြစ်တုန်းလို့ ဒေသခံတွေကပြောပါတယ်။ မိုးကုတ်မြို့တိုက်ပွဲအတွင်းမှာ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေဟာ […]
ရန်ကုန်-၂၀၂၄ ဇွန် ၂၈ (မော်ကွန်း) ရှမ်းပြည်မြောက်ပိုင်းမှာ တစ်ကြော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာချိန် အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲကို တိုင်းနဲ့ပြည်နယ်တွေက တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ဒီနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။ စစ်မှုထမ်းသင်တန်းအပတ်စဉ်(၁)ကို အခုနှစ် ဧပြီ ၈ ရက်က စတင်ခဲ့တာဖြစ်ပြီး အခြေခံစစ်ရေးသင်ကြားကာ သုံးလအကြာဒီနေ့မှာ သင်တန်းဆင်းခဲ့တာပါ။ အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းသင်တန်းဆင်းသူတွေကို ဘယ်လိုနေရာတွေမှာ တာဝန်ချထားမယ်ဆိုတာ ထုတ်ပြန်မထားပါဘူး။ ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတစ်ဦးကတော့ သင်တန်းဆင်းသူတွေကို မြို့တွင်းလုံခြုံရေးအတွက်ပဲ အသုံးပြုသွားမှာလို့ ဆိုပါတယ်။ “သူတို့ကို ရန်ကုန်ကလူက ရန်ကုန်မြို့တွင်း၊ မန္တလေးကလူက မန္တလေးမြို့ထဲ အဲဒီလို သူတို့နေတဲ့မြို့နယ်တွေမှာပဲ လုံခြုံရေးပြန်လုပ်ရမှာ၊ ကင်းတွေစောင့်ရမှာပေါ့။ ဘယ်လိုလုပ် ရှေ့တန်းပို့လို့ရမှာလဲ။ ပစ်တာခတ်တာ သုံးလလောက်ပဲသင်ပြီး ရှေ့တန်းပို့ရင် အကုန်သေကုန်မှာပေါ့” လို့ သူကဆိုပါတယ်။ ဒါပေမယ့် နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ […]
ရန်ကုန်-၂၀၂၄ ဇွန် ၂၇ (မော်ကွန်း) ရန်ကုန်မြို့တစ်ဖက်ကမ်းက လယ်ယာလုပ်ငန်းခွင်တွေမှာ တော့ လယ်သမားတွေဟာ ပျိုးနုတ်၊ ကောက်စိုက်နဲ့ လယ်ယာလုပ်ငန်းဝင်နေကြပါပြီ။ စိုက်ပျိုးစရိတ်ကြီးမြင့်တာ၊ စပါးဈေးကောင်းမရတာ၊ ရာသီဥတုဖောက်ပြန်လို့ အထွက်နှုန်းကျတာတွေကို လယ်သမားတွေ ရင်ဆိုင်နေကြရင်းပဲ လုပ်ငန်းခွင်ကို ဆက်ဝင်နေကြပါတယ်။ စက်သုံးဆီဈေးကြီးမြင့်တာ၊ ဓါတ်မြေဩဇာဈေးကြီးမြင့်တာနဲ့ လယ်ယာလုပ်သားရှားပါးမှုဒဏ်ကိုလည်း သူတို့ရင်ဆိုင်နေကြရပါတယ်။ အောက်ကဓါတ်ပုံတွေကတော့ ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ်ထဲက တောင်သူတချို့ရဲ့ လုပ်ငန်းခွင်အတွင်းက ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ဓါတ်ပုံ_ မော်ကွန်း
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."