ရန်ကုန်-၂၀၂၄ ဇွန် ၂၇ (မော်ကွန်း)
ရန်ကုန်မြို့တစ်ဖက်ကမ်းက လယ်ယာလုပ်ငန်းခွင်တွေမှာ တော့ လယ်သမားတွေဟာ ပျိုးနုတ်၊ ကောက်စိုက်နဲ့ လယ်ယာလုပ်ငန်းဝင်နေကြပါပြီ။
စိုက်ပျိုးစရိတ်ကြီးမြင့်တာ၊ စပါးဈေးကောင်းမရတာ၊ ရာသီဥတုဖောက်ပြန်လို့ အထွက်နှုန်းကျတာတွေကို လယ်သမားတွေ ရင်ဆိုင်နေကြရင်းပဲ လုပ်ငန်းခွင်ကို ဆက်ဝင်နေကြပါတယ်။
စက်သုံးဆီဈေးကြီးမြင့်တာ၊ ဓါတ်မြေဩဇာဈေးကြီးမြင့်တာနဲ့ လယ်ယာလုပ်သားရှားပါးမှုဒဏ်ကိုလည်း သူတို့ရင်ဆိုင်နေကြရပါတယ်။
အောက်ကဓါတ်ပုံတွေကတော့ ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ်ထဲက တောင်သူတချို့ရဲ့ လုပ်ငန်းခွင်အတွင်းက ပုံရိပ်တွေပဲ ဖြစ်ပါတယ်။
ဓါတ်ပုံ_ မော်ကွန်း

