ဆားလင်းကြီး – ၂၀၂၄ ဩဂုတ် ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ပစ်ခတ်လိုက်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးဟာ ချင်းတွင်းမြစ်တစ်ဘက်ကမ်းက ဆားလင်းကြီးမြို့နယ်၊ ပလောင်ရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ထိမှန်ပြီး ကလေးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မနေ့ကပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးဟာ မုံရွာမြို့ အိုးရှင်းဈေးဝယ်စင်တာနားမှာတပ်စွဲတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းတစ်ခုကဖြစ်ပြီး အိမ်သုံးလုံး ပျက်စီးကာ သိုးခြံတခြံထဲကျလို့ သိုး ၁၁ ကောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“အသက် ၄၀ ဝန်းကျင် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ပေါင်နဲ့ ဆ်ိီးစပ်အနားထိမှန်သွားတယ်၊ ကလေးကတော့ အသက်မကယ်နိုင်လိုက်ဘူး၊လူကြီးကလည်း အသက်လုရမယ့်အနေအထားရှိတယ်” လို့ ဆားလင်းကြီးမြို့နယ်၊ ပကဖ အဖွဲ့ဝင်တစ်ဦးဆီက သိရပါတယ်။
ဒဏ်ရာရ ကိုယ်ဝန်ဆောင်မိခင်ကို လိုက်ပို့ခဲ့တဲ့ လူမှုကူညီရေးအသင်းကလည်း ကလေးသေဆုံးပြီဂ မိခင်လည်း စိုးရိမ်ရတယ်လို့ ပြောပါတယ်။
ဒေသခံတချို့ကတော့ ၆၀ မမ လက်နက်ကြီး ဒါမှမဟုတ် ဒရုန်းနဲ့ကြဲချတယ်လို့လည်း ကြားနေရကြောင်းဆိုကြသလို အခုပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ပတ်သက်လို့ အတည်မပြုနိုင်သေးဘူးလို့ပြောကြပါတယ်။
ဒေသထဲက တော်လှန်ရေးအဖွဲ့တွေကတော့ မနေ့ညကတည်းက ဒေသခံတွေကို စစ်ရှောင်ခိုင်းထားပြီး စစ်ရှောင်ဦးရေ ၂,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ပုံစာ – လက်နက်ကြီးထိမှန်တဲ့ ကိုယ်ဝန်ဆောင်မိခင်
ဓါတ်ပုံ – Supplied
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

