သတင်းများ

စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့နယ်က ရွာတချို့ကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲ

September 3, 2024

ပုဏ္ဏားကျွန်း -၂၀၂၄ စက်တင်ဘာ၂(မော်ကွန်း) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ကျေးရွာတချို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီက ဒီနေ့လယ် ၂:၀၀ နာရီကျော်မှာ Y12 အမျိုးအစားလေယာဉ်နဲ့ ဗုံးလာကြဲခဲ့ပေမယ့် ထိခိုက်သေဆုံးမှုစာရင်းကို မသိရသေးဘူးလို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်ကတစ်ဦးက ပြောပါတယ်။ စစ်တွေမြို့နယ်က ဝါဘို၊ ညိုရင်ပြင်၊ မင်းလှကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်က ရဲရော်ပြင်၊ ခမောင်းတောနဲ့ အောင်ဇေယျကျေးရွာတွေကို ဗုံးလာကြဲခဲ့တာဖြစ်တယ်လို့ အထက်ပါ စစ်ရေး သတင်းရင်းမြစ်က ပြောပြပါတယ်။ ” ဗြုန်းစားကြီးလာပြီး အဆက်မပြတ်ကြဲသွားတာ။ ဘာတိုက်ပွဲမှလည်းမရှိဘူး။ အဓိက အရပ်သားတွေနေတဲ့ကျေးရွာတွေကိုပဲ အဓိက ပစ်မှတ်ထားပြီးလာချသွားတာပါ။ လူတွေအထိအခိုက်ရှိ၊ မရှိကိုတော့ လောလောဆယ်မသိရသေးဘူး။ ကျွန်တော်တို့စုံစမ်းနေဆဲပါ” လို့ သူက ပြောပါတယ်။ ဒီနေ့ ဗုံးကြဲခံရတဲ့ ကျေးရွာတွေထဲက စစ်တွေမြို့နယ်၊ မင်းလှကျေးရွာအနီးမှာ သြဂုတ် ၂၉ ရက်တုန်းကတော့ […]

အပြည့်အစုံဖတ်ရန်

စစ်တွေမှာ စစ်ကောင်စီက တံငါသည်တွေကို ပစ်ခတ်ဖမ်းဆီးတာကြောင့် တစ်ဦးဒဏ်ရာရပြီး ငါးဦးအဖမ်းခံခဲ့ရ

September 2, 2024

စစ်တွေ- ၂၀၂၄ စက်တင်ဘာ ၂( မော်ကွန်း) ရခိုင်ပြည်နယ် ၊ စစ်တွေမြို့မှာ တံငါသည်တွေကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်တဲ့အတွက် ငါးဦးအဖမ်းခံရပြီး တစ်ဦးဒဏ်ရာ ရသွားတယ်လို့ ဒီနေ့ အဆက်အသွယ်ရတော့ ဒေသခံတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ဩဂုတ် ၃၁ ရက် နံနက် ၃ နာရီဝန်းကျင်မှာ စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းအတွင်း ငါးဖမ်းပိုက်ချပြီးပြန်လာတဲ့ တံငါသည်တွေဟာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့အတွေ့မှာ ပစ်ခတ်ဖမ်းဆီးခံလိုက်ရတာလို့ ဆတ်ရိုးကျ ရပ်ကွက်က ဒေသခံတစ်ဦးက ပြောပါတယ်။ ” သူတို့ကလည်း ပိုက်ချ(ပြီး)လို့ အပြန်၊ စစ်သားတွေကလည်း ကင်းလှည့်လို့အလာမှာ တွေ့တော့ ငါးဖမ်းသမားတစ်ယောက်က စစ်သားတွေကို မြင်တာနဲ့ ပြေးတယ်။ အဲဒီတစ်ယောက်ကို စစ်သားတွေက သေနတ်နဲ့ တရစပ်လိုက်ပစ်တာ အချက်ပေါင်းတောင် မနည်းဘူး။ ဒါပေမဲ့ကံကောင်းချင်တော့ သူကဒဏ်ရာတွေနဲ့ ပြေးလို့ […]

အပြည့်အစုံဖတ်ရန်

ဆမီးမြို့မှာ မိုင်းနင်းမိလို့ အမျိုးသမီးတစ်ဦးသေဆုံး

September 2, 2024

ပလက်ဝ – ၂၀၂၄ စက်တင်ဘာ ၂( မော်ကွန်း) ချင်းပြည်နယ်တောင်ပိုင်းက အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်၊ ဆမီးမြို့မှာ ဟင်းစားရှာဖို့သွားတဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီးသေဆုံးသွားတယ်လို့ ဆမီးမြို့ခံတချို့နဲ့ ဒီနေ့အဆက်အသွယ်ရတော့ ပြောပြပါတယ်။ ကလေးငါးဦးမိခင်ဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ်အမျိုးသမီးဟာ ဩဂုတ် ၂၉ ရက် နေ့လယ်ပိုင်းမှာ အရင်တုန်းက စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်ခဲ့ဖူးတဲ့ ဆမီးမြို့တွင်းက လိပ်ကုန်းတောင်ဗျူဟာအနီး ဟင်းစားရှာဖွေနေရင်း မိုင်းနင်းမိပြီးသေဆုံးခဲ့တာလို့ ဆမီးမြို့ခံတစ်ဦးက ပြောပါတယ်။ ” အဲဒီနေ့က သူနဲ့အတူ တခြားအမျိုးသမီးတစ်ဦးလည်း အဖော်ပါသွားပါတယ်။ သူတို့က ဗျူဟာအောက်ကမြောင်မှာ ဟင်းသွားရှာကြတာ။ အဲဒီအချိန်မှာ မိုင်းနင်းမိပြီး တစ်ခါတည်းသေသွားတာပါ။ နောက်တစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေး ဟင်းရှာနေကြတာလို့ပြောတယ်” လို့ ဒီအကြောင်းကိုသိတဲ့ အထပ်ပါ ဒေသခံက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ဗျိုင်းဖြူရွာသား ၁၄၀ ကျော်ကို ထောင်ဒဏ်သုံးနှစ်စီချမှတ်

September 2, 2024

စစ်တွေ- ၂၀၂၄ စက်တင်ဘာ ၂( မော်ကွန်း) ရွာကိုဝင်စီးကာဖမ်းဆီးချုပ်နှောင်ခံခဲ့ကြရတဲ့ စစ်တွေမြို့နယ်၊ ဗျိုင်ဖြူရွာသား ၂၀၀ ကျော်အနက် ၁၄၀ ကျော်ကို မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) နဲ့ ထောင်ဒဏ်သုံးနှစ်စီ စစ်ကောင်စီက ချမှတ်လိုက်တယ်လို့ နစ်နာသူတစ်ဦးရဲ့မိသားစုဝင်က ပြောပါတယ်။ သုံးလနီးပါးအကြာ ဖမ်းဆီးချုပ်နှောင်ပြီးနောက် ပြီးခဲ့တဲ့ ဩဂုတ် ၃၀ မှာ စစ်ကောင်စီအထူးတရားရုံးကနေ အမိန့်ချခဲ့တာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ ” တရားစွဲခံထားရတဲ့ ၂၀၀ ကျော်ထဲက ၁၄၀ ကျော်ကို ပြစ်ဒဏ်ချမှတ်တာပါ။ အဲဒီအထဲမှာ ညီမရဲ့ဦးလေးလည်း ပါသွားတယ်။ ဒီအခြေနေကိုတော့ ညီမတို့ကြိုတွေးပီးသားပါ။ ဘာလို့လဲဆိုတော့ ညီမတို့မှာ ရှေ့နေလည်းငှါးခွင့်မရလိုက်တော့ သူတို့ (စစ်ကောင်စီ) အလိုကျဖြစ်မယ်ဆိုတာ ကြိုသိပီးသား။ အပြစ်မရှိတဲ့ ပြည်သူတွေကို အပြစ်သားဖြစ်အောင် တမင်ဖန်တီး […]

အပြည့်အစုံဖတ်ရန်

“ဂျီနီဗာကွန်ဗင်းရှင်းအရ စစ်သုံ့ပန်းမိရင်တောင် သတ်ခွင့်မရှိပါဘူး၊ သူ့ဥပဒေအတိုင်းပဲ သွားရပါတယ်”

August 31, 2024

ရန်ကုန် – ၂၀၂၄ ဩဂုတ် ၃၀ (မော်ကွန်း) ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ဆည်အနီးမှာရှိတဲ့ ဘော်ဘင်ရွာသားငါးဦးကို အဲဒီနယ်မြေမှာ လှုပ်ရှားစိုးမိုးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းအမှတ်(၃၈၀၁) က ယာယီတပ်ရင်းမှူး ဦးဆောင်တဲ့အဖွဲ့က ဖမ်းပြီးသတ်ပစ်လိုက်ပါတယ်။ အဲဒီလူတွေနဲ့ပါလာတဲ့ သစ်ဆွဲတဲ့ကျွဲ အကောင် ၂၀ ဝန်းကျင်ကိုလည်း သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ မိသားစုဝင်တစ်ဦးအဆိုအရ အဲဒီကျွဲတွေတန်ဖိုးက ကာလတန်ကြေး ကျပ်သိန်း ၂၀၀ ဝန်းကျင်ရှိပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ဒီအမှုမှာ ကျူးလွန်သူတွေကို အခုထိ အရေးယူမှုမရှိသေးဘူးလို့လည်း တော်လှန်ရေးအသိုင်းအဝိုင်း သတင်းရပ်ကွက်က ပြောကြပါတယ်။ အဲဒီ လူငါးဦးကို အပြုံလိုက်သတ်ဖြတ်တဲ့သူဟာ ဘယ်သူလဲ၊ အခု ၃၈၀၁ တပ်ရင်းမှာ ဘာတွေ ဆက်ဖြစ်နေသလဲဆိုတာကိုသိရဖို့ အဲဒီတပ်ရင်းမှာ တော်လှန်ရေးစကတည်းကနေ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေပြီး […]

အပြည့်အစုံဖတ်ရန်

ပဲခူးရိုးမထဲမှာ ရွာသားငါးဦးအား သတ်ထားသူကို ယာယီတပ်ရင်းမှူးအဖြစ် အပြီးသတ်တာဝန်လွှဲပြောင်း

August 31, 2024

ပဲခူးရိုးမ – ၂၀၂၄ ဩဂုတ် ၃၁ (မော်ကွန်း) ပဲခူးရိုးမထဲမှာ ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာသား ငါးဦးကို သတ်ဖြတ်ထားသူ မိုးကြိုးကို ယာယီတပ်ရင်းမှူးအဖြစ် တိုင်းတာဝန်ခံရဲ့ မှတ်ချက်နဲ့ ခန့်အပ်ထားတာပြီးနောက် မနေ့က အပြီးသတ်တာဝန်တွေလွှဲပြောင်းပေးလိုက်ပါတယ်။ ပဲခူးရိုးမထဲမှာရှိတဲ့ NUG အဖွဲ့လက်အောက်ခံ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ (Phoenix DF) ရဲ့ တပ်ခွဲမှူးဖြစ်သူ မိုးကြိုးကို အခုလ ၈ ရက်အစည်းအဝေးမှာ ပဲခူးတိုင်းတာဝန်ခံ ဦးတင်ဦးရဲ့ မှတ်ချက်နဲ့အတူ ဆုံးဖြတ်ခဲ့ပါတယ်။ အခုလ ၁၈ ရက်မှာတော့ ယာယီတပ်ရင်းမှူးအဖြစ် မိုးကြိုးကို တရားဝင်ခန့်အပ်ခဲ့ပြီး မနေ့က ရိုးမတစ်နေရာမှာ ယခင် ယာယီတပ်ရင်းမှူး ရန်ကျော်(ဦးကျော်ကျော်နိုင်)က တာဝန်တွေ အပြီးလွှဲပြောင်းပေးခဲ့တာပါ။ “မနေ့က တပ်ရင်းတစ်ရင်းလုံး အစည်းအဝေးခေါ်ပြီး မိုးကြိုးကို […]

အပြည့်အစုံဖတ်ရန်

တစ်ပတ်အတွင်းတိုက်ပွဲသတင်းအနှစ်ချုပ်

August 31, 2024

ရန်ကုန်- ၂၀၂၄ ဩဂုတ် ၃၁ (မော်ကွန်း) အခုသီတင်းပတ်မှာလည်း နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ဒီအထဲက တိုက်ပွဲတချို့ကို မော်ကွန်းက ကောက်နှုတ်ဖော်ပြပေးပါ့မယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ကောင်စီတပ်က သီပေါ၊ ကျောက်မဲမြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပြီး နောင်ချိုမြို့ကိုလည်း စစ်အင်အားတွေ ဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တအာင်းအမျိုးသားတပ်မတော် ( TNLA ) သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ နောင်ချိုမြို့နဲ့ မိုင် ၂၀ အကွာ တောင်ခမ်းကျေးရွာက ခလရ (၆၀၄)စခန်းနဲ့ မကျီးရေကျေးရွာအနီးက ခမရ(၃၅၄) တပ်စခန်းအနီးမှာ ဒီလ ၂၅ ရက်ကစပြီး TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ […]

အပြည့်အစုံဖတ်ရန်

ဈေးတင်ရောင်းသည်ဟုဆိုကာ ဆန်ကုန်သည် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

August 30, 2024

ရန်ကုန် – ၂၀၂၄ ဩဂုတ် ၃၀ (မော်ကွန်း) စစ်ကောင်စီက ဆန်ဈေးကို သတ်မှတ်ထားတဲ့ဈေးထက် တင်ရောင်းတယ်ဆိုကာ ရန်ကုန်က ဆန်ကုန်စည်ဒိုင်တွေမှာ အရောင်းအဝယ်လုပ်နေတဲ့ ကုန်သည် ၁၀ ဦးထက်မနည်းကို အခုရက်ပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ ဆန်ကုန်သည်တချို့က ပြောပါတယ်။ အခုလ ၂၇ ရက်မှာ ကုန်စည်ဒိုင်တစ်ခုနဲ့တစ်ခု ဆန်အရောင်းအဝယ်လုပ်နေတဲ့ ကုန်သည်ပွဲစားတွေ ကုန်စည်ဒိုင်အပြင်ဘက်မှာ အရောင်းအဝယ်လုပ်နေတဲ့အချိန် ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။ “စပါးကုန်သည်၊ ဆန်ကုန်သည်တွေပေါ့၊ ဆန်အသင်းကလူတွေတော့မဟုတ်ဘူး။ ကုန်စည်ဒိုင်ထဲမှာ ဈေးကစားတဲ့သူတွေပေါ့။ ဒီကုန်စည်ဒိုင်က ယူသွားပြီး ဘုရင့်နောင်ဘက်တို့ဘာတို့မှာ ပြန်ဖြန့်တဲ့သူတွေ။ ဖမ်းပြီးရင်တော့ ညှိမှာပေါ့။ ပိုက်ဆံညှိမယ်။ ပြီးရင်တော့ ပြန်လွှတ်မှာပါ” လို့ ၎င်း ဆန်ကုန်သည်က ပြောပါတယ်။ ပြီးခဲ့တဲ့လပိုင်းကလည်း စစ်ကောင်စီဟာ သူတို့သတ်မှတ်ဈေးထက် ပိုတင်ရောင်းတယ်ဆိုကာ လက်လီအရောင်းဆိုင်ဖြစ်တဲ့ Aeon […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီရေတပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် ရသေ့တောင်ဒေသခံနှစ်ဦးသေကာ လေးဦးဒဏ်ရာရ

August 30, 2024

ရသေ့တောင် -၂၀၂၄ သြဂုတ် ၃၀ (မော်ကွန်း) အာရက္ခတပ်တော် (AA) သိမ်းထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ဆားပြင်ကြီးရွာထဲကို စစ်ကောင်စီရေတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ရွာသားနှစ်ဦးသေကာ လေးဦးဒဏ်ရာရသွားတယ်လို့ ရသေ့တောင်ဒေသခံတချို့က ပြောပါတယ်။ ဩဂုတ် ၂၈ ရက် ည ၁၁ နာရီမှာ ဆားပြင်ကြီးကျေးရွာကို လက်နက်ကြီးကျည်ကျရောက်တာကြောင့် ၁၇ နှစ်နဲ့ ၃၇ နှစ်အရွယ် အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး ၁၀ နှစ်အောက်ကလေးငယ်နှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။ ” ညအချိန်မတော်ကြီး လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ။ အိပ်မောကျချိန်ဆိုတော့ ပုန်းချိန်လည်း မရလိုက်ဘူး။ ဒီတိုင်း အိပ်နေကြတုန်း လက်နက်ကြီးနှစ်လုံးကျလာပြီး ပေါက်ကွဲတာပါ။ ရွာထဲမှာပေါက်ကွဲသံကြားတော့မှ အကုန်လုံး ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး ထပြေးကုန်ကြတာ ” လို့ ဆားပြင်ကြီးရွာသားတစ်ဦးက […]

အပြည့်အစုံဖတ်ရန်

လူငယ်အမျိုးသားအချို့ ပျောက်ဆုံးမှုတွေ မကြာခဏဖြစ်လာ

August 29, 2024

ရန်ကုန် – ၂၀၂၄ ဩဂုတ် ၂၉ (မော်ကွန်း) ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း လူငယ်အမျိုးသားတချို့ မကြာခဏပျောက်ဆုံးလာနေတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်က အသက် ၂၇ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ဒဂုံမြို့နယ်ကို ညပိုင်းအလုပ်သွားလုပ်ရင်း ပျောက်ဆုံးနေတာ လေးရက်ခန့်ကြာနေပြီလို့ အဲဒီပျောက်ဆုံးသွားသူနဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ပျောက်ဆုံးသူရဲ့ မိသားစုက နီးစပ်ရာနေရာတွေ၊ ရဲစခန်းတွေမှာ သွားရောက်စုံစမ်းပေမယ့် လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ပြောပါတယ်။ အခုအနောက်ပိုင်း ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ်တောင်ပိုင်း အစရှိတဲ့မြို့နယ်တွေမှာဆိုရင်လည်း ညပိုင်းတွေမှာ လူငယ်တချို့ ပျောက်ဆုံးသွားတဲ့ သတင်းတွေ ရှိလာပါတယ်။ ညပိုင်းအလုပ်က နောက်ကျမှပြန်လာတဲ့လူငယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်ထိတ်လန့်မှုတွေရှိနေတယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီကို ပုဒ်မ ၃၃ အရ အရေးယူဖို့ ILO ကို အလုပ်သမားတွေ တိုက်တွန်း

August 29, 2024

ရန်ကုန်- ၂၀၂၄ ဩဂုတ် ၂၉ (မော်ကွန်း) အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) ရဲ့ အခြေခံပြဌာန်းချက်တွေကို ချိုးဖောက်နေတဲ့ စစ်ကောင်စီကို ILO ပုဒ်မ-၃၃ နဲ့ အရေးယူပေးဖို့ ပြည်တွင်းပြည်ပရှိ အထည်ချုပ်အလုပ်သမားများက တောင်းဆိုတယ်လို့ မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု(MLA)က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစစ်သားစုဆောင်းနေတဲ့ စစ်ကောင်စီဟာ အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမားအချက်အလက်ကောက်ယူတာတွေလုပ်နေသလို လုပ်ငန်းခွင်အတွင်းမှာလည်း ဖိနှိပ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေရဲ့ အချက်အလက်ကို အတင်းကောက်ယူနေတဲ့အတွက် အဓမ္မစစ်မှုထမ်းခိုင်းမှာကို အလုပ်သမားတွေက စိုးရိမ်နေကြတာလို့ ဖော်ပြပါတယ်။ ILO ပုဒ်မ ၃၃ ဆိုတာကတော့ အဖွဲ့ဝင်နိုင်ငံတွေက အခြေခံပြဌာန်းချက်တွေကို ချိုးဖောက်ရင် အရေးယူတဲ့ပုဒ်မဖြစ်ပြီး အရေး ယူခံရရင် စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ထိရောက်စွာ ဖြတ်တောက်ပိတ်ဆို့တာတွေ ဖြစ်ပေါ်လာမယ်လို့ လေ့လာသူတစ်ချို့က ပြောထားပါတယ်။ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်၊ အဓမ္မခိုင်းစေမှုတွေကို […]

အပြည့်အစုံဖတ်ရန်

AA ထိန်းချုပ်ခဲ့ပြီးနယ်မြေတွေမှာ မိုင်းရှင်းလင်းရေးလုပ်ဆောင်ပေးဖို့ ရခိုင်ဒေသခံတွေလိုလားနေ

August 29, 2024

မင်းပြား-၂၀၂၄ သြဂုတ် ၂၉ ( မော်ကွန်း) အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ စစ်ကျန်မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ မကြာခဏရှိလာတာကြောင့် ဒီမိုင်းတွေကိုရှင်းလင်းပေးဖို့ ဒေသခံတွေက ဆန္ဒ ရှိနေကြပါတယ်။ AA ထိန်းချုပ်ထားတဲ့ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ဇူလိုင်နဲ့ သြဂုတ်လအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး အရပ်သားနှစ်ဦးသေဆုံးခဲ့သလို နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။ ဒီလ ၂၄ ရက်တုန်းက ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာက အသက် ၃၇ နှစ်အရွယ် ကိုမောင်ကျော်ဌေးဆိုသူဟာ ရွာအနီးမှာသွားလာနေစဉ် မိုင်းမိသွားတာကြောင့် ညာဖက်ခြေထောက်ပြတ်ထွက်သွားပါတယ်။ ဒဏ်ရာရနေတဲ့သူကို ဆေးရုံပို့ပေးခဲ့ပေမယ့် သွေးထွက်လွန်သွားတာကြောင့် လမ်းမှာတင်သေဆုံးခဲ့ရပါတယ်။ အလားတူ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးက ဖားပြိုကျေးရွာမှာနေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် ကိုမောင်ဆန်းသိန်း ဆိုရင်လည်း ဇူလိုင် ၇ ရက်က ရွာနဲ့သုံးမိုင်လောက်ဝေးတဲ့ ဖားပြိုတောင်ပေါ်မှာ […]

အပြည့်အစုံဖတ်ရန်
1 … 42 43 44 45 46 47 48 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."