ကော်သူးလေ – ၂၀၂၄ ဩဂုတ် ၁၈ (မော်ကွန်း)
အခုလ ၁၅ ရက်က အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဌာန၊ အတိုင်ပင်ခံနဲ့ တွေ့ဆုံချိန်မှာ တော်လှန်ရေးအဖွဲ့အစည်းတွေအားကောင်းဖို့၊ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဆွေးနွေးခဲ့တယ်လို့ ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးကပြောပါတယ်။
အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဌာန၊ အတိုင်ပင်ခံ မစ္စတာတွမ်ဆူလီဗန်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တို့ အွန်လိုင်းကနေ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
အမေရိကန်ဘက်ကတော့ ဒီမိုကရစီအရေးလှုပ်ရှားသူတွေကို တိုက်ရိုက်အကူအညီတွေ ပံ့ပိုးပေးဖို့ ဆက်လက်လုပ်ဆောင်သွားမယ့်အကြောင်းကို အလေးပေးပြောကြားခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။
ပဒိုစောတောနီးကတော့ ခုလိုတွေ့ဆုံမှုဟာ လူထုတော်လှန်ရေးအတွက် ကောင်းမွန်တဲ့လက္ခဏာလို့ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရအနေနဲ့ အာဏာသိမ်းစစ်တပ်ကို တွေ့ဆုံချဉ်းကပ်တာတွေ ပြုလုပ်နေချိန်မှာ အမေရိကန်ကလည်း အခုလို တော်လှန်ရေးအဖွဲ့တွေကို တွေ့ဆုံလာပါတယ်။
“ အဓိကတော့ ကျွန်တော်တို့ဘက်မှာကတော့ လုပ်သင့်တဲ့အရာ မလုပ်သင့်တဲ့အရာကတော့ ကျွန်တော်တို့ဘက်မှာပဲ အဓိကကျပါတယ်။ တော်လှန်ရေးတစ်ခုကို ဆင်နွှဲတဲ့အခါမှာ အဓိကလူထုထောက်ခံမှုပဲလေ”လို့ ပဒိုစောတောနီးကပြောပါတယ်။
များပြားနေတဲ့ ကရင့်စစ်ရှောင်တွေကို နိုင်ငံတကာအနေနဲ့ အကူအညီတွေ တိုက်ရိုက်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ကြေညာခဲ့တာတွေရှိသလို အခုလည်း အမေရိကန်နိုင်ငံခြားရေးနဲ့ တွေ့ဆုံချိန်မှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ ပဒိုစောတောနီးကပြောပါတယ်။
ဒါတွေအပြင် အဖွဲ့တွေ ညီညွတ်ခိုင်မာအောင်စုစည်းဖို့ အကူအညီတွေပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သူကပြောပါတယ်။
“ဒီထက်ပိုရှိထားတဲ့ဟာထက်ပိုပြီး အားကောင်းဖို့ အားကောင်းနိုင်တဲ့အနေအထားတစ်ခုရောက်လာနိုင်ဖို့ ဘယ်လိုကူညီမလဲ၊ ရှိထားတဲ့ K3C ၊ NUG၊ NUCC အပြင် ပြောရမယ်ဆိုရင် ထဲထဲဝင်ဝင်မပါဝင်နိုင်သေးတဲ့အဖွဲ့တွေ အများကြီးရှိသေးတယ်၊ ဆက်လည်းလုပ်ဖို့လိုတယ်၊ အဲဒါတွေက ဘယ်လိုနည်းလမ်းနဲ့သွားကြမလဲဆိုတာ တကယ့်အလုပ်တွေပဲဖြစ်ပါတယ်”လို့ ပဒိုစောတောနီးကပြောပါတယ်။
တွေ့ဆုံမှုမှာ အမေရိကန်ရဲ့ မူဝါဒ၊ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးအင်အားစုတွေအကြား မဟာမိတ်ဖွဲ့တာ၊ ဖက်ဒရယ်ဒီမိုကရေစီအတွက် အစီအမံ၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေအတွက် ပြင်ဆင်ခြင်းတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ – အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဌာန၊ အတိုင်ပင်ခံ မစ္စတာတွမ်ဆူလီဗန်
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

