ကော့ကရိတ် – ၂၀၂၄ ဩဂုတ် ၁၅ (မော်ကွန်း)
အခုလ ၁၃ ရက်က ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ ဒေါနတောင်တန်းတစ်နေရာကို ကော့ကရိတ်မြို့မှာ တပ်စွဲထားတဲ့ စစ်suupupdate
updaကောင်စီတပ်က အတွဲလိုက်တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ကာ ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။
လက်နက်ကြီး ကျရောက်ခဲ့တဲ့နေရာဟာ ကော့ကရိတ်တောင်ပိုင်းနဲ့ သင်္ကန်းညီနောင်မြို့သစ်တို့ထိစပ်ရာ ထီးမူးထရွာဖြစ်ပြီး အဲဒီဒေသတွေဟာ ကေအဲန်ယူ-တပ်မဟာ ၆ ၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်းဖြစ်တဲ့ ကော်ဘရာစစ်ကြောင်း ထိန်းချုပ်ဒေသဖြစ်ကာ NUG ရဲ့ ကျားသစ်နက်စစ်ကြောင်းလည်း အခြေချပါတယ်။
“ဒီနေ့တော့ လူမသေဘူး၊ မနေ့ကတော့ ရွာသားတွေလည်း ထိတယ်၊ တစ်ဦးသေတယ်”လို့ ဒေါနတောင်တန်းပေါ်က ဒေသခံအမျိုးသမီးတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ဒေါနတောင်တန်းပေါ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်မရရှိတာကြောင့် ဒီလိုလက်နက်ကြီးထိမှန်ပြီး အရပ်သားတွေသေဆုံးရတဲ့ သတင်းတွေဟာ လူသိနည်းပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကလည်း ကော့ကရိတ်တောင်ပိုင်း၊ သုံးဆယ့်သုံးဆူကျေးရွာကို ကော့ကရိတ်မြို့ပေါ်ကနေ အတွဲလိုက်တာဝေးပစ်လက်နက်ကြီးနဲ့ပစ်ခတ်လို့ နေအိမ်တွေပျက်စီးကာ ဒေသခံတချို့လည်း ဒဏ်ရာရခဲ့ပါတယ်။
ဒေါနတောင်တန်းပေါ်ကိုတော့ ခုလို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာဟာ နေ့တိုင်းနီးပါးဖြစ်ပါတယ်။
မော်ကွန်းကရောက်ရှိနေချိန်မှာလည်း ဘားအံ-ကော့ကရိတ်-မြဝတီအာရှလမ်းရဲ့ ဘေးတစ်ဘက်တစ်ချက်စီကနေ စစ်ကြောင်းထိုးနေတဲ့ အောင်ဇေယျစစ်ကြောင်းအတွက် ကော့ကရိတ်ကနေ အတွဲလိုက်တာဝေးပစ်ဒုံးကျည်တွေနဲ့ နေ့လယ်ပိုင်းမှာ ပစ်ခတ်ပေးနေတာကိုလည်း ကြားရပါတယ်။
လက်ရှိအချိန်ထိတော့ အာဏာသိမ်းစစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းဟာ နွေရာသီကတည်းကနေ အခုထိ ရှေ့မတိုးနိုင်သေးဘဲ ကေအဲန်ယူ – ကော်ဘရာနဲ့ ကျားသစ်နက်စစ်ကြောင်းတွေက ပိတ်ဆို့ထားပါတယ်။
မြဝတီမြို့ကိုတော့ ဗိုလ်မှူးချစ်သူရဲ့ နယ်ခြားစောင့်တပ်တွေက ထိန်းချုပ်ထားပြီး သင်္ကန်းညီနောင်ကိုတော့ ကော်ဘရာက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

