မြေပုံ- ၂၀၂၄ အောက်တိုဘာ ၂ ( မော်ကွန်း)
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲမှုကြောင့် ရခိုင်မှာ အရပ်သား ၃၃ ဦးသေပြီး ၄၆ ဦးဒဏ်ရာရခဲ့တာကို မော်ကွန်းကစာရင်းပြုစုထားနိုင်ပါတယ်။
ဒါဟာ ဩဂုတ်လအတွင်း ရခိုင်မှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် သေခဲ့ရတဲ့ အရပ်သား အရေအတွက်ထက် ၁၂ ဦးပိုများပြီး ဒဏ်ရာရသူ ခုနစ်ဦး ပိုတိုးလာတာပါ။
ဩဂုတ်မှာ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သား ၂၁ ဦး သေပြီး ၃၉ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီဟာ စက်တင်ဘာလအတွင်း အာရက္ခတပ်တော်(AA) သိမ်းပိုက်လွှမ်းမိုးထားတဲ့ ရခိုင်ပြည်နယ်ထဲက တောင်ကုတ်၊ သံတွဲ၊ ပုဏ္ဏားကျွန်းနဲ့ မြေပုံမြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ အခုလိုပိုမိုမြင့်မားလာနေတာ ဖြစ်ပါတယ်။
” ကျွန်တော်တို့ မြို့ကိုဆိုရင် ဥပုသ်နေ့ကြီး လာပစ်သွားတာ၊ ကျွန်တော့် တူမလေးကလည်း ဘုန်းကြီးကျောင်းကအပြန်မှာ လေယာဉ်သံကြားလို့ပြေးရင်း ဗုံးစထိပြီးသေသွားတာ။ အခုဆို ဥပုသ်နေ့တောင် မသွားရဲကြတော့ဘူး။လေယာဉ်သံကြားတာနဲ့ ကြောက်ပြီးတုန်နေကြပြီ။ စစ်ကောင်စီက စစ်ရှုံးလာလေ၊ ပြည်သူတွေကို မညှာမတာသတ်လေ လုပ်နေတာ။ ပြည်သူတွေရဲ့အသက်က သူတို့အတွက် ဘာမှအသုံးမဝင်ဘူး” လို့ စက်တင်ဘာလ ၂၅ ရက်က ဗုံးကြဲခံရတဲ့ ကမ်းထောင်းကြီးမြို့က ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေထံကို အနည်းဆုံး မြို့ပေါင်း ၈၀ လက်လွှတ်ထားရပြီးနောက် အဲဒီမြို့တွေထဲက တချို့ကို လေကြောင်းနဲ့ ဗုံးကြဲဖျက်ဆီးနေတဲ့အတွက် အရပ်သားသေဆုံးထိခိုက်မှုတွေလည်း တိုးနေတာပါ။
AA ရဲ့ မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်နဲ့ တအာင်းတပ် ထိန်းချုပ်ရာမြို့တွေကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲနေတာတွေကြောင့်လည်း ရှမ်းမြောက်ဒေသက မြို့၊ရွာတွေမှာ အရပ်သား သေဆုံးမှု တိုးနေသလို သူ့ကို ခုခံတော်လှန်နေတဲ့ စစ်ကိုင်း၊ ချင်း၊ ကရင်နီ၊ ကရင်၊ မကွေး၊ မန္တလေးနဲ့ ကချင်ဒေသဘက်တွေမှာလည်း လေယာဉ်နဲ့ဗုံးကြဲလို့ သေရတဲ့အရပ်သားတွေ နေ့စဉ်ရှိနေတယ်လို့ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ပုံစာ- သံတွဲက ရေတပ်ကို သိမ်းခဲ့စဉ် တွေ့ရတဲ့ AA တပ်ဖွဲ့ဝင်များ။
ဓါတ်ပုံ- AA Info Desk
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


