ရန်ကုန်-၂၀၂၅ ဇန်နဝါရီ ၂၈ (မော်ကွန်း)
တရုတ်ရိုးရာ ပြက္ခဒိန်အရ ‘မြွေ’ နှစ် ကျရောက်တဲ့ ဒီ ၂၀၂၅ ဇန်နဝါရီမှာ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို အစဉ်အလာကြီးတဲ့ ရန်ကုန်မြို့လယ်က တရုတ်တန်း(လသာ၊လမ်းမတော်မြို့နယ်) မှာ မြို့လယ်က အဓိက လမ်းမကြီးဖြစ်တဲ့ မဟာဗန္ဓု လလမ်းကိုပိတ်ပြီး ကျင်းပနေပါတယ်။
ဒီပွဲတော်ကြောင့် ရန်ကုန်မြို့လယ်မှာ ယာဉ်ကျောပိတ်ဆို့မှုတွေ ဖြစ်နေတာကို မြင်ရပါတယ်။
တရုတ်ရိုးရာ အယူအဆအရ ဒီနှစ်မှာမွေးဖွားသူတွေဟာ ထိုးထွင်းသိမြင်နိုင်စွမ်းမြင့်သူတွေလို့ ဆိုကြပါတယ်။ တရုတ်နိုင်ငံတည်ထောင်သူ ကွယ်လွန်သူခေါင်းဆောင် မော်စီတုန်းဟာ ‘မြွေ’နှစ်ဖွားတစ်ဦး ဖြစ်ပါတယ်။
စစ်တပ်ရေးဆွဲတဲ့ အခြေခံဥပဒေထဲမှာ တိုင်းရင်းသားအဖြစ် မပါဝင်ပေမယ့် ခေတ်အဆက်ဆက် အလေးထားခံရတဲ့ မြန်မာနိုင်ငံဖွား တရုတ်လူမျိုးတွေဟာ အထွဋ်အမြတ် နှစ်ကူးပွဲတော်ကို စစ်ဖြစ်နေတဲ့နိုင်ငံမှာ အကြီးအကျယ် ကျင်းပနေပါတယ်။
ဒီလ ၂၉ ရက်မှာကျရောက်မယ့် ရန်ကုန်မြို့လယ်က တရုတ်တန်းမှာ ကျင်းပနေတဲ့ နှစ်သစ်ကူးပွဲတော် ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။

ဓါတ်ပုံ- မော်ကွန်း

