စည်သူ ရန်ကုန် -၂၀၂၀ ဇန်နဝါရီ ၁၂(မော်ကွန်း) ရွေးကောက်ပွဲတရားမဲ့ပြုကျင်မှု၊ ဥပဒေမဲ့ဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးခွဲက အမှုပေါင်း ၅၀ ကျော်တိုင်ကြားထားတယ်လို့ ပါတီခရိုင်ရုံးမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပါတယ်။ ” နိုင်မယ့်အမှုမျိုးကို တင်ပြထားတာဖြစ်တယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့ မတရားပြုကျင့်မှုတွေ၊ ပါတီပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေပါတယ်”လို့ တိုင်းကြားခဲ့တဲ့ အခြေအနေကို ပါတီရဲ့ ခရိုင်ကော်မတီဝင် ဦးမျိုးဝင်းကျော်က ပြောပါတယ်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို ၄၅ မှု ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ငါးမှုနဲ့ ရဲစခန်းကို ငါးမှု တိုင်ကြားထားတာဖြစ်တယ်လို့ ဦးမျိုးဝင်းကျော်က ပြောပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဒေါက်တာကျော်စိုးဝင်ကတော့ တိုင်ကြား ထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။ USDP ပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ […]
အောင်ပိုင် ဇန်နဝါရီ ၁၁ ၊၂၀၂၁ (မော်ကွန်း) လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေမန်နေဂျာအား အဂတိလိုက်စားမှုဖြင့် အရေးယူ လိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ သတင်းထုတ်ပြန်သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေ မန်နေဂျာ ဦးစိုးပိုင်သည် ရာထူးအလွဲသုံးစားလုပ်၍ ပြည်ပလေကြောင်းလိုင်းများထံမှ လေကြောင်းဖြတ်ကျော် ပျံသန်းခွင့်ပါမစ် အမြန်ရရှိအောင် ငွေတောင်းခံခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ ကော်မရှင်၏ တွေ့ရှိချက်အရ ၎င်းသည် ပြည်ပနိုင်ငံတွင် ဘဏ်အကောင့်ဖွင့်၍ ပါမစ်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၀၀၊ ၆၀၊ ၄၀ စသဖြင့် တောင်းခံခဲ့ပြီး ပြည်ပလေကြောင်းလိုင်းများ ၁၂ ခု ထံမှ အကြိမ်ကြိမ်ပေးပို့ခဲ့သော အမေရိကန်ဒေါ်လာ ၇၂, ၀၀၀ ကျော်ကို လက်ခံရယူခဲ့သည်။ ထို့ကြောင့် ၎င်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၃၀ (မော်ကွန်း) တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကိုးကားထုတ်ပြန်နေသည့် မဲစာရင်းများသည် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် နောက်ဆုံးမဲစာရင်းမဟုတ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ထုတ်ပြန်ရှင်းလင်းသည်။ ၎င်းမဲစာရင်းများသည် ဒုတိယအကြိမ်မြောက် ကြေညာသည့် မဲစာရင်းများသာဖြစ်ပြီး ထိုမဲစာရင်းများတွင် မှားယွင်းနေသည့် အချက်အလက်များကို ပြန်လည်ပြင်ဆင်ခွင့် တောင်းခံခဲ့သည့် မဲဆန္ဒရှင်များလည်းရှိသည်ဟု ကော်မရှင်က ထုတ်ပြန်သည်။ ယခုအချိန်သည် ရွေးကောက်ပွဲပြစ်မှုများနှင့် တရားမဲ့ပြုကျင်မှုများအတွက် တင်သွင်းလာသည့် ကန့်ကွက်လွှာများ စစ်ဆေးနေသည့်ကာလဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်ပျက်ပြားစေရန် ရွေးကောက်ပွဲရလဒ်ကို လက်မခံသည့်သဘောသက်ရောက်စေသည့် သဘောထားထုတ်ပြန်ချက်၊ အလားတူဆောင်ရွက်ချက်များကို နိုင်ငံရေးပါတီများကဖြစ်စေ၊ အဖွဲ့အစည်းများကဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်း မပြုကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မဲစာရင်းမှားယွင်းမှုများနှင့်ပတ်သက်၍ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်မည်ဟု နေပြည်တော်တွင် ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ နိုဝင်ဘာ […]
စည်သူ ရန်ကုန် -၂၀၂၀ ဒီဇင်ဘာ ၂၈ (မော်ကွန်း) နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုခံထားရတာကြောင့် တစ်နှစ်ကျော်ပုန်းအောင်းနေတဲ့ လွှတ်တော်အမတ်ဟောင်း ဘူးလက်လှဆွေကို ဒီကနေ့ အနောက်ပိုင်းခရိုင်တရားရုံးမှာ ချုပ်ရက်ရမန်ယူပြီး အင်းစိန်ထောင်ပို့လိုက်တယ်လို့ အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းကပြောပါတယ်။ “ဦးလှဆွေက အရင်တုန်းက တရားခံပြေးပေါ့။ ပြန်လည်ဖမ်းဆီးရမိတဲ့အတွက်ကြောင့် ရာဇဝတ်ကြီး ပြန်ဖွင့်ရတာပေါ့။စစ်ခဲ့တဲ့သက်သေတွေကို တရားခံရှေ့မှောက်မှာအကုန်လုံး ပြန်စစ်မှာ။သူကလည်း ချေပပိုင်ခွင့်ရှိပါတယ်”လို့ ၎င်းက ပြောပါတယ်။ အဆိုပါအမှုကို လျောက်ထားသူဘက်က တရားလိုနဲ့ တရားလိုပြသက်သေ ခြောက်ဦးတင်ပြထားပြီး ဦးလှဆွေဘက်ကလည်း ရှေ့နေငှားရမ်းပြီး ထုချေမှာဖြစ်တယ်လို့ တင်ပြခဲ့ပါတယ်။ ၂၀၁၉ ဩဂုတ်လ ၄ရက်နေ့က ရန်ကုန်တိုင်း မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန်နိုင်ငံမှ မြန်မာ့ တပ်မတော် ထိပ်တန်းအရာရှိများ အပေါ်အရေးယူပိတ်ဆို့မှုများ အားဆန့်ကျင်ရှုတ်ချပွဲမှာ ဘူးလက်လှဆွေရဲ့ ပြောကြားချက်တွေဟာ […]
ရေဂင် ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၂၄ (မော်ကွန်း) တားမြစ်ချက်များကို ချိုးဖောက်၍ KTV ဖွင့်လှစ်ခဲ့မှုကြောင့် လူပေါင်းရာချီ ပိုးကူးစက်ခံခဲ့ရသည့် သဃ်န်းကျွန်းမြို့နယ်ရှိ Music Zone KTV မြေနေရာကို နိုင်ငံပိုင်အဖြစ် ပြန်သိမ်းမည်ဖြစ်သော်လည်း ထိုနေရာကို အများပြည်သူအကျိုးပြုလုပ်ငန်းများဖော်ဆောင်နိုင်ရန် ဆက်လက် ကြိုးပမ်းရဦးမည်ဟု ယင်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောသည်။ အဆိုပါ မြေနေရာနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ပြည်သူပိုင်သိမ်းရန် အစီအစဥ်ရှိ၊ မရှိ မေးခွန်းအား ဒီဇင်ဘာ ၁ ရက်က စာပို့ မေးမြန်းခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနကနိုင်ငံတော်ပိုင်အဖြစ် ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည် ဦးရွှေလှဝင်းက ရှင်းပြသည်။ “နိုင်ငံတော်က ပိုင်တဲ့မြေကို နိုင်ငံတော်က ပြန်ယူလိုက်တဲ့ သဘောပါပဲ။ ရှေ့ဆက်ပြီး ဒီမြေကို ပြည်သူ့အကျိုးပြု လုပ်ငန်းတွေလုပ်တဲ့ […]
ကျော်ဇေယျ ရန်ကုန်-၂၀၂၀ ဒီဇင်ဘာ ၂၁ (မော်ကွန်း) မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းတွေကြောင့် တစ်ရက်ကို အရပ်သား တစ်ဦးနှုန်း သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားနေတယ်လို့ မြေမြုပ်မိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲစေသောလက်နက်ပစ္စည်းများစောင့်ကြည့်လေ့လာရေးအဖွဲ့(ICBL) က ဒီနေ့ ကျင်းပတဲ့ မြန်မာနိုင်ငံဆိုင်ရာမြေမြုပ်မိုင်းအစီရင်ခံစာ(၂၀၂၀) သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ၂၀၁၉ မှာ မြေမြုပ်မိုင်းကြောင့် သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရသူ ၃၅၈ ဦး ရှိခဲ့ပြီး အဲဒီအထဲက ၈၉ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ မြေမြုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသောလက်နက်ပစ္စည်းများစောင့်ကြည့်ရေး သုတေသီ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်က ပြေပါတယ်။ ၂၀၁၉ ဇန်နဝါရီကနေ ဒီဇင်ဘာအထိ နိုင်ငံအတွင်း မြေမြုပ်မိုင်းကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုတွေကို မှတ်တမ်းပြုစုကာ ၂၀၂၀ ခုနှစ်အစီရင်ခံစာ အဖြစ် ထုတ်ပြန်တာပါ။ ” […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၁၁ (မော်ကွန်း) NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစိုးရနှင့် ဒီဇင်ဘာလအတွင်းတွေ့ဆုံရန် ရက်မသတ်မှတ်နိုင်သေးကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။ “ကျွန်တော်တို့အထဲမှာတော့ ညှိနှိုင်းနေကြဆဲပါ။ နောက်ပြီးတော့ တစ်ဖွဲ့ချင်းစီအနေအထားကြတော့လည်း အခုလောလောဆယ် အစိုးရနဲ့ တွေ့ဖို့က ဆွေးနွေးနေတယ်”ဟု ၎င်းက ပြောသည်။ အစိုးရဘက်က ဒီဇင်ဘာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆွေးနွေးရန် အဆိုပြုထားခြင်းဖြစ်သည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်းကလည်း အစိုးရနှင့်တွေ့ဆုံနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်များဘက်တွင် ၁၀ ဖွဲ့ဖြစ်နေသည့်အတွက် တစ်ဖွဲ့ချင်းစီအဆင်ပြေနိုင်မည့်ရက်ကို ညှိနှိုင်းနေကြခြင်းဖြစ်သည့်အတွက် ရက်မသတ်မှတ်နိုင်သေးကြောင်း ပြောသည်။ “၂၀၂၀ အလွန်မှာ အဆင့်လိုက်အကောင်အထည်ဖော်ဖို့ လုပ်ငန်းစဉ်တွေ ရှိတယ်။ အဲဒီဟာတွေကို ကျွန်မတို့က တိုးတက်မှုပြမှတ်တိုင်တွေအဖြစ် ဘယ်လိုအကောင်အထည်ဖော်သွားမလဲဆိုတာကို စဉ်းစားကြတယ်။ အဲဒီမှတ်တိုင်ဆိုတာ ဘယ်လိုမှတ်တိုင်မျိုးဖြစ်မလဲဆိုတာကိုလည်း […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၁၀ (မော်ကွန်း) လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှအား ဆွီဒင်နိုင်ငံအခြေစိုက် Civil Rights Defenders အဖွဲ့က ယခုနှစ်အတွက် Civil Rights Defender of the Year Award ဆိုကို ပေးအပ်လိုက်ကြောင်း ယနေ့ ကြေညာသည်။ ယင်းအဖွဲ့၏ ကြေညာချက်တွင် နော်အုန်းလှမှ ရရှိခဲ့ခြင်းမှာ သူ၏ နှစ်(၃၀)ကျော်ကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ အဓိကရုဏ်းများ၊ တိုင်းရင်းသားများနှင့် လူမျိုးရေးခွဲခြားမှုများ၊ စနစ်တကျ အကွက်ချ ဖိနှိပ်မှုများ၊ နှိပ်ကွပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်များမှ တရားမျှတမှု ပေါ်ပေါက်လာစေရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများရှိလာစေရေးအတွက် လှုပ်ရှားရုန်းကန် ကြိုးစားခဲ့သည်များကို အသိအမှတ်ပြုခြင်းကြောင့် ရရှိခဲ့ခြင်းဖြစ်ပါသည်ဟု ဖော်ပြထားသည်။ ဆုရရှိသူ နော်အုန်းလှက […]
စည်သူ ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၈ (မော်ကွန်း) COVID-19 ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်စေခဲ့တဲ့ Music Zone KTV ပိုင်ရှင် ဦးဇော်မင်းနဲ့ဆိုင်မန်နေဂျာတို့ဟာ ကျန်းမာရေး မကောင်းတာကြောင့် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ဒီနေ့ဒုတိယအကြိမ်အာမခံလျောက်ထားတာဖြစ်တယ်လို့ စွပ်စွဲခံရသူဘက်က လိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဇော်သိန်းထွန်းက ပြောပါတယ်။ ပထမအကြိမ် အာမခံလျောက်ထားမှုကို အစိုးရရှေ့နေများက ကန့်ကွက်တာကြောင့် မြို့နယ်တရားရုံးက စောသေးတယ်ဆိုပြီး အောက်တိုဘာ ၂၇ရက်က ပယ်ချခဲ့ပါတယ်။ သူတို့ကို သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက တရားလိုပြုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီအမှုကို တရားလွှတ်တော်ရှေ့နေ ဦးဇော်သိန်းထွန်းအပါအဝင် ရှေ့နေ ငါးဦးနဲ့ Music Zone ဘက်က ရင်ဆိုင်မှာဖြစ်ပါတယ်။ စွပ်စွဲထားတဲ့ပုဒ်မအရ ပြစ်မှုထင်ရှားရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၇ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့ တိုက်ပွဲဖြစ်ပွားကြောင်း RCSS က ယနေ့မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။ ယနေ့ နံနက် ၈ နာရီခန့်တွင် TNLA တပ်မဟာ(၄) လက်အောက်ခံတပ်ရင်းများက နမ္မတူမြို့နယ်၊ မန်စံကျေးရွာ အုပ်စု၊ ပန်ကွတ်ကျေးရွာအနီးရှိ RCSS တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း RCSS ပြောခွင့်ရ ဒုဗိုလ်မှူးကြီးအုမ်ခေးက ပြောသည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့လယ် ၁၂ နာရီခန့်အထိ နှစ်ဖက်တပ်ဖွဲ့များ စစ်ရေးတင်းမာမှု ဆက်လက်ရှိခဲ့ပြီး ယခုအချိန်တွင် တည်ငြိမ်သွားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်ကလည်း TNLA […]
ဂေထော ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၃ (မော်ကွန်း) နိုင်ငံရေးပါတီအချို့၏ တရားစွဲခံထားရသော ရွေးကောက်ပွဲတာဝန်ကျပညာရေးဝန်ထမ်းများ မြန်မာနိုင်ငံရှေ့နေများကွန်ရက်ထံ လာရောက်ဆက်သွယ်ပါက အခမဲ့ လိုက်ပါဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ယင်းကွန်ရက်က ပြောသည်။ မြန်မာနိုင်ငံရှေ့နေများကွန်ရက်၊ ပြန်ကြားရေးမှူး ဦးဇော်မင်းလှိုင်က “လာပြီးအကူအညီတောင်းတဲ့ ပုဂ္ဂိုလ်ရဲ့ တရားစွဲခံရတဲ့အမှုပေါ်မှာသုံးသပ်ပြီးတော့ မှန်ကန်မှုဘယ်လောက်အတိုင်းတာရှိသလဲဆိုတဲ့အပေါ် မူတည်ပြီး ရပ်တည်သွားမှာဖြစ်ပါတယ်”ဟု မော်ကွန်းသို့ပြောသည်။ ယင်းကွန်ရက်၏ ယနေ့ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲကြီးတွင် အောင်မြင်သူနှင့် မအောင်မြင်သူတို့အကြား အငြင်းပွားမှုများကို ရွေးကောက်ပွဲကော်မရှင်သို့သာ တင်ပြကာအဆုံးအဖြတ်ခံယူရမည်ဖြစ်သည်။ တရားဥပဒေကြောင်းအရ ရှေ့ဆက်မသွားဘဲ စွဲဆိုပြီးသားအမှုများကို ပြန်လည်ရုတ်သိမ်းခြင်းဖြင့် မိမိတို့၏ သဘောထားကြီးမှုဂုဏ်ပုဒ်မအလံတော်ကို လွှင့်ထူသင့်ပါသည်ဟု ဖော်ပြထားသည်။ အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂထံ ရောက်ရှိလာသော စာရင်းများအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ပညာရေးဝန်ထမ်းများကို လွှတ်တော်ရွေးကောက်ပွဲ ပုဒ်မ ၅၈ (ဃ)နှင့် ၆၁ (က) […]
ဂေထော ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၂ (မော်ကွန်း) စပါးရိတ်သိမ်းရာသီ ရောက်ပြီဖြစ်သောကြောင့် သီးနှံရိတ်သိမ်းရန် ရခိုင်စစ်ရှောင်စခန်းများမှ မူလနေရပ်ဒေသများသို့ ယာယီပြန်သွားသူ သုံးသောင်ကျော်ရှိပြီး ၎င်းတို့မှာ မြေမြှုပ်မိုင်းအန္တရာယ်စိုးရိမ်နေရသည်ဟု Rakhine Ethnics Congress (REC) က အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း ပြောသည်။ “ ရွာတွေက အကောင်းပကတိရှိနေသေးတယ်။ လယ်ယာလုပ်ငန်းတွေလည်း ကောင်းကောင်းမွန်မွန်ရှိနေသေးတာပေါ့။ ဒီလိုမျိုးကြောင့် ပြန်ကြတာပါ။ ဒါပေမဲ့လည်း အနီးအနားမှာတိုက်ပွဲတွေရှိခဲ့တဲ့အခါကျတော့ မြေမြှုပ်မိုင်းအန္တရာယ်ကိုတော့ စိုးရိမ်ရဆဲပေါ့”ဟု သူက ဆိုသည်။ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏ ၂၀၂၀ ဇွန်လ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၌ မြေမြုပ်မိုင်းကြောင့် ထိခိုက်သူ ၇၇ ဦးရှိခဲ့ပြီး ယင်းအနက် ၂၁ ဦး သေဆုံးခဲ့သည်ဟုဖော်ပြသည်။ သေဆုံးသူများထဲတွင် ကလေးသူငယ် ရှစ်ဦးပါဝင်သည်။ သို့သော်လည်း […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."