ရန်ကုန်-၂၀၂၁ ဖေဖော်ဝါရီ ၂ (မော်ကွန်း)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ခေါင်းဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ကို ဖွဲ့စည်းကြောင်း ယနေ့ညဦးပိုင်းက ထုတ်ပြန်လိုက်သည်။
မဲစာရင်းမှားယွင်းမှုများကြောင့် အာဏာသိမ်းရခြင်း ဖြစ်သည်ဟု တပ်မတော်ကအကြောင်းပြထားသည်။
သမ္မတအပါအဝင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးခဲ့သည့် အာဏာသိမ်းတပ်မတော်သည် တစ်နှစ်အတွင်း ရွေးကောက်ပွဲများကျင်းပမည်ဟု ထုတ်ပြန်ထားသည်။
#Dailynews

