ပုံစာ – လှိုင်လျှပ်စစ်ဌာနရုံး။ ဓါတ်ပုံ – မော်ကွန်းမဂ္ဂဇင်း ရန်ကုန် – ၂၀၂၁ ဇူလိုင် ၈ ( မော်ကွန်း) မနေ့ညဦးပိုင်းက လှိုင်မြို့နယ် လျှပ်စစ်မီတာရုံး ဗုံးပေါက်မှုဖြစ်ပွါးခဲ့သော်လည်း ယနေ့မနက်မှာတော့ မီတာခဆောင်သူနဲ့ လုံခြုံရေးတွေအများအပြားရှိနေတယ်လို့ လှိုင်မြို့နယ်နေ မျက်မြင်တွေ့သူတချို့က မော်ကွန်း မဂ္ဂဇင်းကိုပြောပါတယ်။ “ မနေ့က ရက်ကွက်တော်တော်များများကို မီးလိုက်ဖြတ်တယ်လေ။ အဲ့တာကြောင့် အခု မီတာဆောင်သူတွေများနေတာပေါ့ဗျာ။ ကျွန်တော်တို့အိမ်လည်းမီးဖြတ်ခံလိုက်ရတယ် “လို့ ပြည်သူတစ်ဦးက ပြောပါတယ်။ မနေ့က လှိုင်မြင့်မိုရ်အိမ်ယာကို မီးလိုက်ဖြတ်တဲ့အချိန်မှာ စစ်တပ်နဲ့ ရဲများက လုံခြုံရေးယူထားတယ်လို့လည်းဆိုပါတယ်။ မနေ့က တာမွေမြို့နယ် လျှပ်စစ်ရုံးမှာလည်း ဗုံးပေါက်ခဲ့ပြီး မြို့နယ်တိုင်းရှိ မီတာရုံးများကို လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားတာတွေ ရှိနေပါတယ်။ #Dailynews
ဓါတ်ပုံ – CJ ရေဦး – ၂၀၂၁ ဇူလိုင် ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း ရေဦးမြို့မှာ ယမန်နေ့ ဇူလိုင်လ ၇ ရက် ညပိုင်းက စစ်အုပ်စုရဲ့ ကင်းလှည့်ရဲကား မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်သားတစ်ဦးနဲ့ ပစ်ခတ်သူဘက်က တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရေဦးမြို့၊ မန်ကျည်းတောလမ်းထိပ်၊ ကြာပန်းအဝိုင်းအနီးမှာ ယမန်နေ့ည ၁၀ နာရီခွဲဝန်းကျင်မှာ PAJERO 4 W နဲ့ ကင်းလှည့်နေတဲ့ ရဲတပ်သားလေးယောက်လောက်ပါတဲ့ ရဲကားကို မိုင်းခွဲ တိုက်ခိုက်ခံရတာဖြစ်ပြီး ကားရပ်ချိန် တူမီးတွေနဲ့ ဝိုင်းပစ်တာခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စုဘက်က ရဲတပ်သားတစ်ဦး သေဆုံးပြီး ၂ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ […]
ဓါတ်ပုံ-PANDA၊ NSTZ မန္တလေး – ၂၀၂၁ ဇူလိုင် ၅ (မော်ကွန်း) မန္တလေးမြို့မှာ ဒီကနေ့ နံနက်ပိုင်းက မန္တလေးလူငယ်များသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်တွေက ဖြိုခွင်းဖို့ရောက်လာခဲ့ပေမယ့် အောင်မြင်စွာလူစုခွဲနိုင်ခဲ့တယ်လို့ ပါဝင်သူလူငယ်တွေက ပြောပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ မန္တလေးလူငယ်များ သပိတ်စစ်ကြောင်းဟာ မနော်ဟရီလမ်းမကြီးပေါ် တက်ရောက်ဆန္ဒပြနေချိန်မှာပဲ စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ ရောက်ရှိလာလို့ အပြေးအလွှားလူစုခွဲလိုက်ရကြောင်း ပါဝင်သူလူငယ်တစ်ဦးက ပြောပါတယ်။ မန္တလေးလူငယ်များ သပိတ်စစ်ကြောင်းအပြင် မန္တလာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနဲ့ ပြည်သူများကလည်း စုပေါင်းသပိတ်စစ်ကြောင်းအဖြစ် မြို့တွင်းမှာ လှည့်လည် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းကလည်း သိပ္ပံလမ်းမကြီးပေါ်ထိတက်ကာ စစ်အာ ရူးကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးမှာ မနေ့က ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးနဲ့ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်းက လူငယ်တစ်ဦးကို စစ်ကောင်စီတပ်တွေက […]
ဓါတ်ပုံ – မိသားစုဝင် ပုံစာ – အဖမ်းမခံရမီအချိန်များက မသိမ့်စန္ဒီစိုးပုံ။ မိုးကုတ် – ၂၀၂၁ ဇူလိုင် ၃ (မော်ကွန်း) ဖခင်ဖြစ်သူအစားအဖမ်းခံရတဲ့ မိုးကုတ်မြို့က သပိတ်ခေါင်းဆောင်ရဲ့ သမီးအကြီးဖြစ်သူ မသိမ့်စန္ဒီစိုးဟာ အချုပ်ထဲမှာ ကျန်းမာရေးအခြေနေစိုးရိမ်နေရတယ်လို့ မိသားစုဝင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “သမီးအငယ် လေးနှစ်ကလေးက လွတ်လာပြီ၊ တတိယနှစ် ကျောင်းသူ မသိမ့်စန္ဒီစိုးက အချုပ်ထဲမှာ ကျန်းမာရေး အခြေနေစိုးရိမ်နေရတယ်”လို့ အဲဒီမိသားစုဝင်က ဆိုပါတယ်။ မသိမ့်စန္ဒီစိုးဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ ဖမ်းဆီးတာကိုမခံရခင် နှစ်ရက်အလိုလောက်ကစပြီး နေမကောင်းဖြစ်နေတာလို့ ပြောပါတယ်။ သူ့မှာ သွေးလေးဘက်နာရောဂါရှိပြီး အေးလွန်းတဲ့မိုးကုတ်မြို့ ရာသီဥတုကြောင့် ကျန်းမာရေးအခြေနေ ပိုမိုဆိုးရွားလာကာ ဆေးကုသခွင့်မရဘူးလို့လည်း ဆိုပါတယ်။ မိုးကုတ်မြို့သပိတ်ခေါင်းဆောင် ဦးစိုးဋ္ဌေးကို စစ်အုပ်စုက ဖမ်းဆီးဖို့ အပူတပြင်း လိုက်လံရှာဖွေခဲ့ကြပေမယ့် လွတ်မြောက်ကာ […]
ဓါတ်ပုံ – ပြည်သူ့ မီဒီယာ ကွန်ယက်-မုံရွာ မုံရွာနယ် – ၂၀၂၁ ဇွန် ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း မုံရွာမြို့က မုံရွာပင်မသပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့မှာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းဆီ သွားရောက်ပူးပေါင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြပါတယ်။ မုံရွာပင်မသပိတ်ဦးဆောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြည်သူလူထုကို နိုင်ငံရေးတရားများ မကြောက်တရားများဟောပြောခဲ့ပြီး စစ်အာဏာရှင်ကိုအမြစ်ဖြတ်တိုက်ထုတ်ရမည်ဖြစ်ကြောင်း၊ “ဘူး” သပိတ်ကိုပိုမိုအားကောင်းအောင် ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ သပိတ်စစ်ကြောင်းများရဲ့ အရေးပါမှုအခန်းကဏ္ဍနဲ့ PDF များစစ်ရေးအရပြင်ဆင်မှုများတွင် လုံခြုံရေး အထူးသတိရှိကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက မြို့နယ်နှစ်ခုပေါင်း ကျေးရွာသပိတ်စစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ် ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြောက်ခြမ်းတို့ ပေါင်းစည်းထားတာဖြစ်ပြီး လူထုအင်အား အများအပြား ပါဝင်ခဲ့ကြပါတယ်။ #Dailynews
ဓါတ်ပုံ-Simulation၊ PANDA၊ POISON မန္တလေး – ၂၀၂၁ ဇွန် ၂၉ (မော်ကွန်း) မန္တလေးမြို့က စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ကြတဲ့အဖွဲ့တွေထဲမှာ အားကောင်းတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ “မန္တလေးအင်ဂျင်နီယာများအဖွဲ့”ဟာ ဒီကနေ့ ဇွန်လ ၂၉ရက်နေ့မှာ မြို့တွင်းအဓိကကျတဲ့လမ်းမတွေထက် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက “မန္တလေးအင်ဂျင်နီယာများအဖွဲ့”ဟာ စစ်အာဏာရှင်စနစ်ကို လုံးဝ(လုံးဝ) လက်မခံကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုသာ ရရှိလိုကြောင်း၊ အင်အားအများအပြားနဲ့ မန္တလေးမြို့တွင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။ “တော်လှန်ရေးလည်းလုပ်ကြမယ်၊ ကျန်းမာအောင်လည်းနေကြမယ်”လို့ “မန္တလေးအင်ဂျင်နီယာများအဖွဲ့”က နှိုးဆော်ခဲ့ပါသေးတယ်။ နံနက်ပိုင်းကလည်း မန္တလာတက္ကသိုလ်ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်းဟာ မန္တလေးမြို့တွင်းတစ်နေရာမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးလူငယ်များသပိတ်စစ်ကြောင်းကတော့ သိပ္ပံလမ်းမကြီးပေါ်အထိတက်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #Dailynews
မိုးကုတ် – ၂၀၂၁ ဇွန် ၂၈(မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီကနေ့ နောက်ဆုံးရရှိတဲ့သတင်းအချက်အလက်အရ COVID – 19 အတည်ပြုလူနာ ၅၉ဦးထိရှိလာပြီး သုံးဦးသေဆုံးထားတယ်လို့လူမှုကူညီရေးအသင်းတစ်ခုက သိရပါတယ်။ ဇွန်လ ၂၅ရက်နေ့မှာ မိုးကုတ်မြို့အရှေ့ပိုင်း အောင်သာယာရပ်ကွက်က အသက် ၆၁နှစ်အရွယ် အမျိုးသားတစ်ဦး ဆေးကုသမှုခံယူနေရင်း သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းရဲ့ အသင်းသားက ဆိုပါတယ်။ ဇွန်လ ၂၆ရက်နေ့မှာ မိုးကုတ်မြို့အနောက်ပိုင်းက လူနာတစ်ဦးအသက်ရှူကြပ်သေဆုံးတာကြောင့် RDTနဲ့ စစ်ဆေးရာမှာ ရောဂါပိုးတွေ့ခဲ့တယ်လို့ဆိုပါတယ်။ ဒီကနေ့မှာတော့ ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ “မိုးကုတ် အဝင်အထွက် တွေမှာ ကိုဗစ်စစ်ဆေးရေးဂိတ်တွေပြန်ဖွင့်ထားတယ် ၊ စံတော်ဝင်ကွာရတင်းစင်တာကို လဲ ပြန်ဖွင့်ထားတယ် ၊လူနာတွေကိုတော့ မိုးကုတ်ပြည်သူ့ဆေးရုံကြီးမှာ ပို့ထားတယ်လို့ အဲဒီအသင်းသားက ဆိုပါတယ်။ လက်ရှိမိုးကုတ်မှာ ပိုးတွေ့လူနာ […]
ရှမ်းမြောက် – ၂၀၂၁ ဇွန် ၂၈ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အဝင် မန့်ခမ်းရွာကစပြီး SSPP/SSA(ဝမ်ဟိုင်း) အဖွဲ့က ဇွန်လ ၂၂ ရက်ဝန်းကျင်ကစပြီး ရွာတစ်ရွာကို လူ ၁၅ယောက်တောင်းပြီး တပ်သားသစ်စုဆောင်းနေတယ်လို့ ရွာသားတစ်ဦးကဆိုပါတယ်။ “ရွာတစ်ရွာကို လူ ၁၅ ယောက်တောင်းတယ်။ လူမလိုက်ရင် ပိုက်ဆံငါးသိန်းပေးရမယ်ပြောတယ်။ မလိုက်ရင် တွေ့တဲ့သူဆွဲခေါ်သွားမယ်လို့ခြိမ်းခြောက်သေးတယ်။ဆက်ကြေးဆိုလဲ သုံးဖွဲ့တောင်ကောက်တယ်။ ရွာသူရွာသားတွေက ဘယ်မှကို မထွက်ရဲကြတော့ဘူး “လို့ ဆိုပါတယ်။ အခုအခြေနေလို ဆက်ကြေးတင်မကဘဲ လူတွေပါ စစ်သားအဖြစ်စုဆောင်းနေတာကြောင့် ရွာသူရွာသားတွေက စိုးရိမ်ပူပန်နေကြပါတယ်။ SSPP က တပ်သားသစ်တွေစုဆောင်းပြီး ရှမ်းလူမျိုးအချင်းချင်းတိုက်ခိုင်းမှာကို ဒေသခံဖြစ်တာကြောင့် သိနေတယ်လို့ ရွာသားတစ်ဦးက ဆိုပါတယ်။ SSPP အဖွဲ့သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က အပစ်ရပ်လက်မှတ်ထိုးထားခဲ့ဖူးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ #Dailynews
ဓါတ်ပုံ-Simulation၊ CJ မန္တလေး – ၂၀၂၁ ဇွန် ၂၇ (မော်ကွန်း) မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေရဲ့ ဖြိုခွင်းမှု မကြာခဏ ခံရတဲ့ မြတောင်သပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ လူငယ်တွေအများဆုံးဖြစ်ပြီး မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ကြတာပါ။ နံနက်ခင်းပိုင်းကလည်း အောင်မြေသာစံပညာရေး သပိတ်စစ်ကြောင်းနဲ့ သမဝါယမတက္ကသိုလ် ကျောင်းသားများ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ချီတက်လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ #Dailynews
ဓါတ်ပုံ-Simulation မန္တလေး – ၂၀၂၁ ဇွန် ၂၆(မော်ကွန်း) ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဉီးကွယ်လွန်ခြင်း ၄၅နှစ်ပြည့် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မန္တလာ တက္ကသိုလ်ကျောင်းသား/သူများ၏ သပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ #Dailynews
ဓါတ်ပုံ-myingyan gtc students’ union – abfsu မြင်းခြံ – ၂၀၂၁ ဇွန် ၂၆ (မော်ကွန်း) မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ချင်းအမျိုးသားကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၅ နှစ်ပြည့်အထိမ်းအမှတ်” အဖြစ် ဒီကနေ့ နံနက်ပိုင်းကစစ်အာဏာရှင်ကျဆုံးရေးအတွက် ကျောင်းသားလူငယ်တွေဦးဆောင်ကာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ မြင်းခြံနည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ ပြည်သူလူထုဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် စံပြစျေးအတွင်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ “ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်”ဆိုတဲ့ နဖူးစည်းကိုကိုင်ဆောင်ပြီး လမ်းလျှောက်ချီတက် သပိတ်မှောက်ခဲ့ကြပါတယ်။ ၂၀၀၈ ခြေဥ ဖျက်သိမ်းရေး၊ ဒီမိုကရေစီ ရရှိရေး၊ ဖက်ဒရယ် ဒီမိုကရေစီဖွဲ့စည်းပုံသစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံနိုင်ငံရေးအကျဥ်းသားများ ချက်ချင်းလွှတ်၊ဖိရင်ကြွမယ် ထိရင်ချမယ် ဖက်ဆစ် စစ်တပ် အမြစ်ဖြတ် စတဲ့ကြွေးကြော်သံတွေနဲ့အတူ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒီကနေ့ဟာ “ချင်းအမျိုးသားကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး […]
ဓါတ်ပုံ – CJ ဖားကန့် – ၂၀၂၁ ဇွန် ၂၅ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့က နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းတွေဟာ စစ်အာဏာရှင်ကို နေ့စဉ် ဆန့်ကျင်တော်လှန် ဆန္ဒပြနေတဲ့ ဒီကနေ့ မြင်ကွင်းတွေဖြစ်ပါတယ်။ #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."