ကန်ကြီးထောင့် – ၂၀၂၁ စက်တင်ဘာ ၂၂ (မော်ကွန်း)
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်းက မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ရဲ့ စခန်းတစ်ခုကို မနေ့က ညပိုင်းမှာ စစ်တပ်က ဝင်စီးခဲ့တယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သတင်းရရှိပါတယ်။
မဂူကျွန်းကျေးရွာအနောက်ဘက် ပုသိမ်နဲ့ သာပေါင်းမြို့တွေ ထိစပ်နေတဲ့ တောစပ်မှာ စခန်းလုပ်ထားတဲ့နေရာကို အာဏာသိမ်းစစ်တပ်က အင်အား ၃၀ လောက်နဲ့ရောက်လာပြီး ည ၈ နာရီကျော်လောက်က စတင်ကာ ပိတ်ဆို့ခဲ့တာလို့ သတင်းရင်းမြစ်ကပြောပါတယ်။
တော်လှန်ရေးတပ်စခန်းကို ခုလို စစ်ကောင်စီက လာရောက်တိုက်ခိုက်ခဲ့ပေမယ့် အထိအခိုက်မရှိ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်စခန်းဟာ အသေးစားစခန်းတစ်ခုဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းတွေကတော့ ထားခဲ့ရတာမို့ ဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ညကလို တော်လှန်ရေးပြောက်ကျားစခန်းဝင်ရောက်စီးနင်းခံရမှုဟာ ဧရာဝတီတိုင်းမှာ ပထမဆုံးအကြိမ်လည်းဖြစ်တယ်လို့ သိရပါတယ်။
#Dailynews

