မိုးကုတ် – ၂၀၂၁ စက်တင်ဘာ ၂၂ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီကနေ့ ညနေ ၄နာရီဝန်းကျင်က အာဏာသိမ်းစစ်ကောင်စီရဲ့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစန်းအေးဆိုသူဟာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
” လျှပ်စစ်ရုံးထဲကို သူရှိတဲ့နေရာကိုဝင်ပစ်သွားတာ ပစ်ခံရသူကစစ်တပ်က နည်းပညာဘက်ကအသက်ကြီးလာလို့ ဒီကိုပို့လိုက်တာ မီတာစာရွက်ကောက်တာတွေ မီးဖြတ်တာတွေသူပဲလုပ်တာ”လို့ဒေသခံတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့မှာ မြို့နယ်လျှပ်စစ်မီတာရုံးကနေ ငါးလစာ မီတာခတွေအိမ်အရောက်ကောက်ခံနေတာတွေရှိနေတယ်လို့ ဆိုပါတယ်။
သေနတ်နဲ့ပစ်ခံရသူဦးစန်းအေးဟာ မိုးကုတ်မှာ စစ်တပ်က အာဏာသိမ်းစအချိန် အစိုးရဌာနတွေ CDM နဲ့ သပိတ်တွေစတင်ချိန်မှာ မိုးကုတ်ကိုရောက်ရှိတာဝန်ကျလာသူဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
#Dailynews

