တန့်ဆည် – ၂၀၂၁ စက်တင်ဘာ ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ကျီးကုန်းရွာသို့ စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး ရွာကိုမီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နံနက်ဆယ်နာရီခန့်ကစပြီး တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စု၊ ကျီကုန်းကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာလို့ ရွာသူရွာသားတွေထွက်ပြေးနေရပြီး ရွာကတော့ မီးရှို့ခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
“သေနတ်သံတွေဆက်တိုက်ကြားနေရသလို ရွာထဲ နေရာသုံးခုကနေ မီးခိုးတွေတက်လာတယ်။ ဘယ်သူမှမသွားရဲလို့ ဘယ်နှစ်အိမ်လောက်ပါမယ်ဆိုတာ မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စက်တင်ဘာလ ၂၂ရက်နေ့ညက အဆိုပါ ကျီးကုန်းကျေးရွာနေ ပျူစောထီးအဖွဲ့ဝင်လို့ လူပြောများနေတဲ့ အမျိုးသားတစ်ဦးနဲ့ သူ့ဇနီး၊ သူ့သမီး ရဲဝန်ထမ်းနှစ်ယောက်၊ စုစုပေါင်း လေးယောက် အသတ်ခံခဲ့ရကြောင်း၊ ဒီလိုသတ်ဖြတ်ခံရမှုကြောင့် ဝင်ရောက်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးသမီးတစ်ယောက်ရဲ့ ယောကျာ်းဖြစ်သူဟာလည်း တန့်ဆည်မြို့ ရဲစခန်းက ရဲတစ်ယောက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံနေရတဲ့ ကျီးကုန်းရွာကို တန့်ဆည်ရဲစခန်းမှ စစ်ကောင်စီတပ်တွေအပြင် အနီးနားရှိ နဘတ်ကြီး၊ ကံထူးမ အစရှိတဲ့နေရာတွေက စစ်ကောင်စီတပ်တွေလည်း ဆိုင်ကယ်တွေ ကားတွေနဲ့ ရောက်ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဓါတ်ပုံ-ဒေသခံ
#Dailynews

