ကနီ – ၂၀၂၃ ဇန်နဝါရီ ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ထဲမှာ ဒီနေ့နံနက်အစောပိုင်းက တံငါလှေတစ်စီးကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က သေနတ်ပစ်ဖောက်ကာ ကမ်းကပ်ခိုင်းရာ တံငါသည်အမျိုးသမီးတစ်ဦးထိတ်လန့်ကြောက်ရွံ့ပြီးသေဆုံးခဲ့ရပါတယ်။ သေဆုံးသူ တံငါသည်အမျိုးသမီးမိသားစုဟာ ချင်းတွင်းမြစ်တစ်လျှောက်မှာ ငါးဖမ်းလုပ်ငန်းနဲ့အသက်မွေးကြသူတွေပါ။ သူတို့မိသားစုဟာ ချင်းတွင်းတံတားကိုရောက်နေတာ ငါးရက်ရှိပြီး ဒီနေ့နံနက်မှာ ကနီနယ်ထဲကို ခရီးဆက်ဖို့ ထွက်ရင်း လမ်းမှာအကြမ်းဖက်စစ်တပ်နဲ့တွေ့ခဲ့တာပါ။ သေဆုံးသူအမျိုးသမီးရဲ့ခင်ပွန်းက “နံနက် ၅:၀၀ နာရီလောက်ဆန်တာပေါ့၊ မိုးလင်းတော့ ကနီမြို့နယ် သပြေတောရွာအနီးရောက်တော့ သေနတ်ပစ်ဖောက်ပြီးကမ်းကပ်ခိုင်းတယ်။ အဒီအချိန်မှာ ပြသနာစတော့တာဗျ။ ကျွန်တော့်ဇနီးမှာ နှလုံးရောဂါ အခံရှိတော့ လန့်ပြီးအကြောတက်တာလိုလိုဖြစ်ပြီး တက်တော့တာပဲ။ သတိလည်အောင်လုပ်ကြည့်တယ်။ ရင်ဘက်ဖိတယ် သတိကလည်မလာဘူး” လို့ မော်ကွန်းကို ပြောပါတယ်။ ကမ်းကပ်တဲ့အခါမှာ အကြမ်းဖက်စစ်တပ်ကဝင်ရောက်စမ်းသပ်ပြီး သေပြီဖြစ်ကြောင်း၊ ရှေ့ဆက်မသွားဖို့နဲ့ အဆင်ပြေတဲ့နေရာမှာ ဖြစ်သလိုသဂြိုလ်ဖို့ပြောခဲ့တယ်လို့ သူကပြောပါတယ်။ […]
စစ်ကိုင်းတိုင်း – ၂၀၂၃ ဇန်နဝါရီ ၂၉ (မော်ကွန်း) စစ်အာဏာရှင်ကို လူထုသပိတ်တွေနဲ့ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတဲ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ၆၈၉ ရက်မြောက်နေ့အဖြစ် အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်နဲ့အတူ လမ်းမပေါ်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၃ ဇန်နဝါရီ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းနဲ့အတူ ဒေသခံပြည်သူလူထုဟာ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကြောင်း ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော် #Dailynews
အရာတော် – ၂၀၂၃ ဇန်နဝါရီ ၂၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာမှာအထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့ပျူစောထီးစခန်းကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကမနေ့ညနေပိုင်းကစတင်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း – ၇ ဆီကသိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မြေပြင်သတင်းအရ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဘက်ကအရာရှိတစ်ဦး အပါအဝင်စစ်သားရှစ်ဦးသေဆုံးပြီး ပျူစောထီးတွေလည်း သေဆုံးမှုရှိတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့တပ်ရင်းက တာဝန်ရှိသူကပြောပါတယ်။ “ကျွန်တော်တို့စသွားတာက ညနေ၆:၀၀နာရီမှာ၊လက်နက်ကြီးနဲ့ကောစက်ကလေးနဲ့ကောပစ်တယ်၊ လက်နက်ကြီးနဲ့ဘန်ကာတွေကိုပစ်တယ်၊စက်ကလေးနဲ့လိုက်တယ်၊ နောက်ဆုံးစခန်းကိုသိမ်းရခဲ့ပါတယ်”လို့ အဆိုပါအဖွဲ့တာဝန်ရှိသူကပြောပါတယ်။ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ငါးနာရီ ကျော်ကြာ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က ဆုတ်ခွာသွားကာ မူးမြစ်ကိုဖြတ်ပြေးသူတွေလည်းရှိတယ်လို့သူကဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ စခန်းသိမ်းနိုင်ပြီးနောက် သလဲဘာကျေးရွာအတွင်းမှာ ပျူစောထီး ငါးယောက်ဝန်းကျင်သာကျန်ရှိတော့တယ်လို့သူကပြောပါတယ်။ သလဲဘာကျေးရွာက အရာတော်မြို့နယ်မှာ အင်အား အကြီးဆုံး အာဏာသိမ်းစစ်တပ် အခြေစိုက် ပျူစောထီးစခန်းဖြစ်တယ်လို့ ဆိုပါတယ်။ #Dailynews
ရေစကြို – ၂၀၂၃ ဇန်နဝါရီ ၂၈ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ထန်းဘိုကျေးရွာနဲ့ဘောင်ဘဲ့တန်းကျေးရွာကြားမှာ အာဏာသိမ်းစစ်တပ်စစ်သားတွေ ဒီနေ့မနက် ၁၁:၀၀ ဝန်းကျင်က တိုက်ခိုက်ခံခဲ့ရပြီး စစ်သားခြောက်ဥိီးနေရာတင်သေဆုံးခဲ့တယ်လို့ မြိုင် ပကဖဆီကသိရပါတယ်။ ရေစကြိုမြို့နယ် ရှင်မတောင်ဘက်ကနေ အင်အား ၆၀ လောက်နဲ့ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖတာဝန်ရှိသူ Cross ကပြောပါတယ်။ “အကောင်ကြီးတစ်ကောင် ဒက်ရာရလို့ ထော်လာကြီကားနဲ့ ပြန်ပို့တဲ့အချိန် ရှင်မတောင်နဲ့ စစ်ကြောင်းကြား နေရာယူပီး ပစ်ခတ်ခဲ့တာပါ”လို့ တာဝန်ရှိသူ Cross ကပြောပါတယ်။ ရေစကြိုမြို့နယ် ချင်းယားကုန်းရွာကအာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ မနေ့က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်တပ်အရာရှိကို ပြန်ပို့ချိန်မှာ ၁၅မိနစ်ခန့်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။ တိုက်ခိုက်မှုဖြစ်ပြီးနောက် နောက်စစ်ကြောင်းကပ်လာတာကြောင့်လက်နက်မသိမ်းနိုင်ခဲ့ဘူးလို့ သူကပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်တပ်ရင်း-၂ ၊လျှပ်စီးပြောက်ကျားတပ်ဖွဲ့ […]
ယင်းမာပင် – ၂၀၂၃ ဇန်နဝါရီ ၂၈ (မော်ကွန်း) စစ်ကိုင်းတိုင်းထဲမှာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း နေ့စဉ်မပြတ်ချီတက်ဆန္ဒထုတ်ဖော်နေတဲ့သပိတ်တစ်ခုဖြစ်တဲ့ ယင်းမာပင်မြို့နယ်က “သွေးမအေးတဲ့ရွှေနွယ်သွေး”သပိတ်ဟာ ဒီကနေ့မှာ ၆၂၂ ရက်မြောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၃ ဇန်နဝါရီ ၂၈ (မော်ကွန်း) စစ်အာဏာရှင်ကို လူထုသပိတ်တွေနဲ့ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတဲ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ၆၈၈ ရက်မြောက်နေ့အဖြစ် လမ်းမပေါ်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ တိုင်းပြည်ကို အာဏာသိမ်းပြီး တရားမဝင်တဲ့ အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လူထုက ထောက်ခံခြင်းမပြုကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ယင်းမာပင် – ၂၀၂၃ ဇန်နဝါရီ ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်းထဲမှာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း နေ့စဉ်မပြတ်ချီတက်ဆန္ဒထုတ်ဖော်နေတဲ့သပိတ်တစ်ခုဖြစ်တဲ့ ယင်းမာပင်မြို့နယ်က “သွေးမအေးတဲ့ရွှေနွယ်သွေး”သပိတ်ဟာ ဒီကနေ့မှာ ၆၂၁ ရက်မြောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ဒီပဲယင်း – ၂၀၂၃ ဇန်နဝါရီ ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်ထဲကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးပြီး လေးရက်အတွင်း ကျေးရွာဆယ်ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသိရပါတယ်။ ဒီပဲယင်းမြို့နယ်ထဲကို ဇန်နဝါရီ ၂၄ ကနေ ဒီကနေ့ထိ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ညောင်လှ၊ လက်ယက်ကုန်း၊ မူးခတွင်း၊ အောင်ချမ်းသာ၊ သရက်တော၊ မရကန်၊ အုန်းတစ်ပင်၊တိုင်နတ်၊ယဥ်ကျေး၊ ပေါက်ရင်းရွာ၊ အုံးတပင်ရွာတွေကိုမီးရှို့ခဲ့တယ်လို့မြေပြင်ကာကွယ်ရေးအဖွဲ့တွေဆီကသိရပါတယ်။ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက အုန်းတစ်ပင်ရွာကိုမနေ့ကမီးရှို့ချိန်မှာ ကျေးရွာအတွင်း က သက်ကြီးအဘွားအိုတစ်ဦးမီးလောင်သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောပါတယ်။ ” သူတို့ရွာမီးရှို့ပြီးတဲ့ချိန်မှ အဘွားအိုအလောင်းကိုတွေ့တာပါ၊ နေအိမ်ထဲရှိတာသိလို့ရှို့လား၊ မသိလို့ရှို့လားဆိုတာတော့အတည်မပြုနိုင်သေးဘူး၊မီးရှို့သတ်ခံထားရတာတော့သေချာတယ်”လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောပါတယ်။ အာဏာသိမ်းစစ်တပ်စစ်သားတွေဟာ ဒီကနေ့မှာလည်း ဒိုင်နတ်ကျေးရွာကနေအိမ် ၂၀၀ ဝန်းကျင်ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီပဲယင်းမြို့နယ်ထဲကကျေးရွာ ဆယ်ရွာကျော်ကို အကြမ်းဖက်စစ်တပ်ကမီးရှို့ခဲ့ပေမယ့် စုစုပေါင်းလောင်ကျွမ်းပျက်စီးတဲ့နေအိမ်အတိအကျကိုမသိရသေးပါဘူး။ အာဏာသိမ်းစစ်တပ်ရဲ့ ခမရ ၃၆၄နဲ့ခလရ ၇၀၁ တပ်တွေစစ်ကြောင်းထိုးနေတာဖြစ်ကာ ဒေသခံသောင်းနဲ့ချီနေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး […]
အရာတော် – ၂၀၂၃ ဇန်နဝါရီ ၂၆ (မော်ကွန်း) စစ်အာဏာရှင်ကို နေ့စဉ်မပြတ်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ လူထုသပိတ်ဦးဆောင်ကော်မတီကနေ ဒေသခံပြည်သူလူထုကို ဟောပြောပွဲတစ်ခု ဒီကနေ့ညမှာ ပြုလုပ်ခဲ့ပါတယ်။ အင်တာနက်ဖြတ်တောက်ကာ သတင်းအချက်အလက်အမှောင်ချခံထားရတဲ့ ကျေးရွာတွေက ပြည်သူ ၂၀၀ ကျော်တက်ရောက်ခဲ့တယ်လို့ အရာတော်လူထုသပိတ်ဦးဆောင်ကော်မတီတာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့ သတင်းတွေနဲ့ လတ်တလောတော်လှန်ရေး၊ နိုင်ငံရေးအခြေအနေတွေကို ဒေသခံပြည်သူတွေသိရှိအောင် အခုလို ပြုလုပ်ရတာလို့ဆိုပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ပခုက္ကူ – ၂၀၂၃ ဇန်နဝါရီ ၂၆ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဒီကနေ့ညနေပိုင်းက ပေါက်ကွဲမှုတွေဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ လ.ဝ.က၊ ခရိုင်ရဲရုံးနဲ့ က.ည.နရုံးတွေဖြစ်တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။ ” ညနေပိုင်းကကွဲတာ၊သတိပေးဖောက်ခွဲတာလား၊တိုက်ခိုက်တာလားမသိရသေးဘူး၊ အထိခိုက်တော့မကြားသေးဘူး၊အစစ်ဆေးတွေတော့တင်းကြပ်နေပြီ”လို့ ပခုက္ကူမြို့ခံတစ်ဦးကပြောပါတယ်။ ဒီပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ တော်လှန်ရေးအဖွဲ့တွေဘက်ကထုတ်ပြန်တာ လတ်တလောမှာမတွေ့ရသေးပါဘူး။ ပခုက္ကူနဲ့မဝေးတဲ့ မြစ်ခြေမှာလည်း ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်တပ်က အဲဒီမှာလည်း တင်းကြပ်စစ်ဆေးနေတယ်လို့ဒေသခံကပြောပါတယ်။ #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၃ ဇန်နဝါရီ ၂၆ (မော်ကွန်း) စစ်အာဏာရှင်ကို လူထုသပိတ်တွေနဲ့ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတဲ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ၆၈၆ ရက်မြောက်နေ့အဖြစ် လမ်းမပေါ်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ တိုင်းပြည်ကို အာဏာသိမ်းပြီး တရားမဝင်တဲ့ အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လူထုက ထောက်ခံခြင်းမပြုကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."