စစ်ကိုင်းတိုင်း – ၂၀၂၃ ဇန်နဝါရီ ၂၈ (မော်ကွန်း)
စစ်အာဏာရှင်ကို လူထုသပိတ်တွေနဲ့ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတဲ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ၆၈၈ ရက်မြောက်နေ့အဖြစ် လမ်းမပေါ်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
တိုင်းပြည်ကို အာဏာသိမ်းပြီး တရားမဝင်တဲ့ အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လူထုက ထောက်ခံခြင်းမပြုကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

