ပခုက္ကူ – ၂၀၂၃ ဇန်နဝါရီ ၂၆ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဒီကနေ့ညနေပိုင်းက ပေါက်ကွဲမှုတွေဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေရာတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ လ.ဝ.က၊ ခရိုင်ရဲရုံးနဲ့ က.ည.နရုံးတွေဖြစ်တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
” ညနေပိုင်းကကွဲတာ၊သတိပေးဖောက်ခွဲတာလား၊တိုက်ခိုက်တာလားမသိရသေးဘူး၊ အထိခိုက်တော့မကြားသေးဘူး၊အစစ်ဆေးတွေတော့တင်းကြပ်နေပြီ”လို့ ပခုက္ကူမြို့ခံတစ်ဦးကပြောပါတယ်။
ဒီပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ တော်လှန်ရေးအဖွဲ့တွေဘက်ကထုတ်ပြန်တာ လတ်တလောမှာမတွေ့ရသေးပါဘူး။
ပခုက္ကူနဲ့မဝေးတဲ့ မြစ်ခြေမှာလည်း ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်တပ်က အဲဒီမှာလည်း တင်းကြပ်စစ်ဆေးနေတယ်လို့ဒေသခံကပြောပါတယ်။
#Dailynews