ရေစကြို – ၂၀၂၃ ဇန်နဝါရီ ၂၈ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ထန်းဘိုကျေးရွာနဲ့ဘောင်ဘဲ့တန်းကျေးရွာကြားမှာ အာဏာသိမ်းစစ်တပ်စစ်သားတွေ ဒီနေ့မနက် ၁၁:၀၀ ဝန်းကျင်က တိုက်ခိုက်ခံခဲ့ရပြီး စစ်သားခြောက်ဥိီးနေရာတင်သေဆုံးခဲ့တယ်လို့ မြိုင် ပကဖဆီကသိရပါတယ်။
ရေစကြိုမြို့နယ် ရှင်မတောင်ဘက်ကနေ အင်အား ၆၀ လောက်နဲ့ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖတာဝန်ရှိသူ Cross ကပြောပါတယ်။
“အကောင်ကြီးတစ်ကောင် ဒက်ရာရလို့ ထော်လာကြီကားနဲ့ ပြန်ပို့တဲ့အချိန် ရှင်မတောင်နဲ့ စစ်ကြောင်းကြား နေရာယူပီး ပစ်ခတ်ခဲ့တာပါ”လို့ တာဝန်ရှိသူ Cross ကပြောပါတယ်။
ရေစကြိုမြို့နယ် ချင်းယားကုန်းရွာကအာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ မနေ့က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်တပ်အရာရှိကို ပြန်ပို့ချိန်မှာ ၁၅မိနစ်ခန့်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။
တိုက်ခိုက်မှုဖြစ်ပြီးနောက် နောက်စစ်ကြောင်းကပ်လာတာကြောင့်လက်နက်မသိမ်းနိုင်ခဲ့ဘူးလို့ သူကပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်တပ်ရင်း-၂ ၊လျှပ်စီးပြောက်ကျားတပ်ဖွဲ့ ၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၉)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် ၊သံမဏိသိန်းငှက်ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖကနေ ထုတ်ပြန်ထားပါတယ်။
#Dailynews

