သတင်းများ

အကြမ်းဖက်စစ်တပ်ရဲ့ BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးစခန်းဝင်စီးနင်းခံရပြီး အရာရှိနှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံး

February 11, 2023

ပခုက္ကူ – ၂၀၂၃ ဖေဖော်ဝါရီ ၁၁ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမှာရှိတဲ့ BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးစခန်းကို ဒီနေ့မနက် အစောပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီး အာဏာသိမ်းစစ်တပ်က အရာရှိနှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့တယ်လို့ မြိုင်ပကဖက တာဝန်ရှိသူ ဗိုလ် Cross က မော်ကွန်းကိုပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ဒီနေ့မနက် ၆း၀၀ နာရီကနေ ၈း၀၀ နာရီကျော်အထိ အနီးကပ်ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဗိုလ် Cross ကပြောပါတယ်။ “ကျွန်တော်တို့အနီးကပ်ဝင်စီးတာပါ၊အဆောင်တွေလည်း တော်တော်မီးရှို့ခဲ့တယ်၊အဆောင်တွေတော့ပြာကျသွားတယ်၊ မြင်းတွေကိုလည်းသယ်ဖို့အဆင်မပြေတော့ လွှတ်ပေးလိုက်တယ်၊မြင်းကအကောင်၂၀လောက်ရှိပါတယ်”လို့ ဗိုလ် Cross ကပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တဲ့ အာဏာသိမ်းစစ်တပ်စခန်းမှာ စစ်သားနဲ့ရဲ ၅၀ ဝန်းကျင်ရှိပြိီး နေထိုင်တဲ့မိသားစုဝင် ၁၀၀ ဝန်းကျင်ရှိကာ ထိတွေ့တိုက်ပွဲကြောင့် […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာလို့ ဒေသခံတွေစစ်ရှောင်နေရ

February 11, 2023

ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၁၁ (မော်ကွန်း) အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးကာ နေအိမ်တွေကို ဖျက်ဆီးမီးရှို့နေလို့ ဒေသခံတွေထွက်ပြေးနေရပါတယ်။ ဒီကနေ့ နံနက်ပိုင်းမှာ မုံရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်ကားနှစ်စီးနဲ့ ချင်းတွင်းတံတားကိုဖြတ်ပြီး ကွေ့ချောင်းရွာရဲ့ စာသင်ကျောင်းကို ဝင်ရောက်တပ်စွဲခဲ့ပါတယ်။ အဲဒီရွာမှာပဲ ဆော့ကစားနေတဲ့ ၁၀ နှစ်အရွယ်ကလေးငယ်အပါအဝင် ဒေသခံ ၁၄ ယောက်ကိုဖမ်းဆီးခဲ့ကာ နဘူးတောရွာကို အကြမ်းဖက်စစ်တပ်ဟာ ဆက်လက်စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ နဘူးတောရွာမှာ ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နောက်ထပ်စစ်ကြောင်း၊ ပျူစောထီးတွေနဲ့ ပူးပေါင်းကာ ရွာထဲက ပြည်သူတွေပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းဥစ္စာတွေကို ခိုးယူကာ ဘုံးဘီးဆိုင်ကယ်တွေနဲ့ပါ သယ်ယူသွားကြတယ်လို့ ဒေသခံကပြောပါတယ်။ “ကျွန်တော့်အထင်တော့ သူတို့ချင်း စစ်ကြောင်းအချိန်းအချက်လုပ်ရင်း ရိက္ခာပါလိုချင်လို့ လုပ်တာလို့ထင်တယ်”လို့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မရမ်းကုန်းမှာ ကေဘယ်ကြိုးအခိုးခံရလို့ လျှပ်စစ်မီးပြတ်တောက်နေ

February 10, 2023

ရန်ကုန် – ၂၀၂၃ ဖေဖေါ်ဝါရီ ၁၀ (မော်ကွန်း) မရမ်းကုန်းမြို့နယ်ကို လျှပ်စစ်ဓာတ်အားပေးနေတဲ့မိန်းကေဘယ်ကြိုး အခိုးခံရပြီးကြိုးပြတ်နေတာကြောင့် ၎င်းမြို့နယ်အတွင်းကရပ်ကွက်အချို့မှာ မနေ့ညကစတင်ကာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပါတယ်။ ဒီလိုဓာတ်အားပြတ်တောက်မှုနဲ့ပတ်သက်လို့ မရမ်းကုန်းမြို့နယ်လျှပ်စစ်ရုံးကို ဆက်သွယ်မေးမြန်းရာမှာ မိန်းကေဘယ်ကြိုး အခိုးခံရတာကြောင့်ဖြစ်ပြီး အမြန်ဆုံးလျှပ်မီးပေးနိုင်အောင် လက်ရှိမှာ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ မနေ့ညနေ ၅:၀၀ နာရီကစတင်ကာ မီးပျက်သွားတာဖြစ်ပြီး ဒီနေ့မနက် ၁၁ နာရီခွဲထိ မီးမလာ သေးဘူးလို့ မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရပ်ကွက်နေ ပြည်သူတွေကပြောပါတယ်။ ဒီလို အချိန်ကြာမြင့်စွာမီးပြတ်နေတာကြောင့် သုံးရေအခက်ခဲဖြစ်ပေါ်နေတယ်လို့ ရပ်ကွက်နေပြည်သူတွေကဆိုပါတယ်။ ‘အစ်မတို့မြို့သစ်ဘက်ကတော့ တစ်ညလုံးရော ၊အခုတစ်မနက်လုံးရောမလာသေးဘူး အဲ့လောက်အကြာကြီးပြတ်တော့ အဓိကကတော့ ရေအခက်ခဲဖြစ်တယ်။ ဒီဘက်တွေကတိုက်ခန်းတွေချည်းပဲဆိုတော့ ရေမရှိရင် အပေါ့၊အလေးသွားဖို့တောင် မလွယ်ဘူးလေ။ ချက်ရပြုတ်ရတာလည်း တိုက်ခန်းတွေဆိုတော့ မီးပြတ်ရင် ဒုက္ခရောက်တယ်” လို့ သမိုင်း […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်မှာ စစ်ကြောင်းထိုးပြီး ပြည်သူတစ်ဦးကို အာဏာသိမ်းစစ်တပ် သတ်သွား

February 10, 2023

ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျောက်ကုန်းရွာက အရပ်သားပြည်သူတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ဖေဖော်ဝါရီ ခုနစ်ရက်က စစ်ကြောင်းထိုးချိန်မှာ သတ်ဖြတ်သွားတာဖြစ်ကာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ထွက်ခွာသွားပြီးနောက်ရက် ရွာသားတွေ ရွာထဲကို ပြန်ဝင်ချိန် အလောင်းကိုတွေ့ရှိခဲ့တာပါ။ “ဘုန်းတော်ကြီးကျောင်း ဘုရားများရဲ့ အနောက်မြောက်ဘက်ထောင့်မှာ တွေ့ခဲ့တယ်၊ သေနပ်နဲ့ပစ်သတ်ခဲ့တယ်၊ မသေခင်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေတွေ့တယ်၊ G3(သေနတ်) လို့ ယူဆရတယ်”လို့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။ သတ်ဖြတ်ခံရသူဟာ ‌ကိုမြင့်ဆွေဖြစ်ပြီး ‌အကြမ်းဖက်စစ်တပ်က ဦးခေါင်းကို သေနတ်နဲ့ပစ်ခတ်သွားခဲ့တာပါ။ ကိုမြင့်ဆွေဟာ နားမကြားတဲ့မိခင်နဲ့ မိသားစုကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ပြီး အကြမ်းဖက်စစ်တပ်တွေ ဝင်လာတဲ့နေ့က မိသားစုကို ရွာရဲ့အနောက်ဘက်ကို ပြေးခိုင်းပြီး သူကတော့ ဆိုင်ကယ်ကျန်ရစ်ခဲ့လို့ ပြန်ယူတဲ့အချိန်မှာ အသတ်ခံခဲ့ရတာပါ။ “သူက […]

အပြည့်အစုံဖတ်ရန်

ဆိုင်ကယ်တွေကိုသာဖမ်းပေမယ့် ဆိုင်ကယ်စီးလုယက်သူတွေကို စကစမဖမ်းနိုင်

February 9, 2023

ရန်ကုန် – ၂၀၂၃ ဖေဖေါ်ဝါရီ ၉ (မော်ကွန်း) ရန်ကုန်တိုင်းအတွင်းမှာ ဆိုင်ကယ်မစီးရအမိန့်တွေကို စစ်ကောင်စီကထုတ်ပြန်ထားပေမယ့်လည်း ဆိုင်ကယ်စီးလုယက်မှုတွေ နေ့စဥ်နီးပါးကြုံတွေ့နေရတယ်လို့ ရန်ကုန်ဒေသခံတွေကပြောပါတယ်။ ရန်ကုန်မှာ ဆိုင်ကယ်စီးနင်းတာကို အရင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပ ၁၂ မြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်အရ ခွင့်ပြုထားပေမယ့် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီလိုခွင့်ပြုထား တဲ့မြို့နယ်တွေမှာပါ လုံခြုံရေးအကြောင်းပြချက်နဲ့ ဆိုင်ကယ်စီးနင်းခွင့်ကို ကန့်သတ်ပိတ်ပင်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မူလထဲက ဆိုင်ကယ်စီးခွင့်တားမြစ်ထားတဲ့ မြို့နယ်တွေမှာတော့ ဆိုင်ကယ်စီးပြီး ပစ္စည်းလုယူမူတွေကို နေ့စဥ်နီးပါးကြုံတွေ့နေရတယ်လို့ ရန်ကုန်ဒေသခံတွေကဆိုပါတယ်။ “အရင်ကဆိုင်ကယ်တရား၀င်စီးခွင့်မရှိပေမယ့် စီးနေကြတာပဲ၊ အဲဒီတုန်းကတောင် အခုလိုလုယက်မှာကို ကြောက်မနေရဘူး။ အခုသူတို့အာဏာသိမ်းပြီးမှ ဆိုင်ကယ်နဲ့လုယက်တာတွေက တော်တော်ဆိုးလာတယ်။ လမ်းသွားရင်ပိုက်ဆံအိတ်နဲ့ဖုန်းကို ပိုက်ထားရတယ်။ ဖုန်းလာရင်တောင်မပြောရဲဘူး၊ အဲ့လိုပြောနေရင်းနဲ့ အလုခံရတာတွေက မြင်ရတော့ တော်တော်သတိထားနေရတယ်” လို့ မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။ ဒါ့အပြင် အာဏာမသိမ်းခင်ထဲက […]

အပြည့်အစုံဖတ်ရန်

သိမ်ဖြူလမ်းပေါ်က ဆမ်ဆောင်းပြခန်းမီးလောင်

February 8, 2023

ရန်ကုန် – ၂၀၂၃၊ ဖေဖော်ဝါရီ ၈ (မော်ကွန်း) မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမပေါ်မှာရှိတဲ့ Samsung Customer Service ရုံး ဒီနေ့နံနက် ၁၀:၀၀ နာရီကျော်မှာ မီးလောင်ခဲ့ပါတယ်။ အဲဒီရုံးအနီးအနားကလူတွေကတော့ “ဝါယာရှော့ဖြစ်တာ ဘေးအိမ်တွေကဝိုင်းပြီးမီးသတ်ဆေးဘူးတွေနဲ့ဖြန်းပေးကြတာ” လို့ မီးလောင်ခဲ့တာနဲ့ပတ်သတ်ပြီး တီးတိုးပြောနေကြပါတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကတော့ နံနက် ၁၀:၂၉ နာရီမှာ မီးလောင်ခဲ့ပြီး ၁၀:၄၆ နာရီ မှာ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့မဖော်ပြပါဘူး။ လက်ရှိမှာတော့ မီးငြိမ်းသွားပြီဖြစ်သလို အဲ့ဒီရုံးရှေ့အနီးတဝိုက်မှာတော့ ညှော်နံ့တထောင်းထောင်းရနေတုန်းပါ။ ဒီမီးလောင်မှုကြောင့် အပျက်အစီးနဲ့လူအထိအခိုက် ဘယ်လောက်ရှ်ိတယ်ဆိုတာကိုတော့လတ်တလောမသိရသေးပါ။ Photo – Mawkun #Dailynews

အပြည့်အစုံဖတ်ရန်

မင်္ဂလာဒုံက ဖျက်သိမ်းခံခဲ့ရတဲ့စံသမာဓိရပ်ကွက်မှာ ပြန်လည်နေထိုင်ခွင့်ရရေး အသံတိတ်ဆန္ဒဖော်ထုတ်

February 7, 2023

ရန်ကုန် – ၂၀၂၃ ဖေဖော်ဝါရီ ၇(မော်ကွန်း) ဖျက်သိမ်းခံထားရတဲ့ မင်္ဂလာဒုံမြို့နယ် စံသမာဓိရပ်ကွက်မှာ ပြန်လည်နေထိုင်ခွင့်ရဖို့ တောင်းဆိုတဲ့ ပြည်သူအချို့ဟာ ဒီနေ့မှာ သုံးရက်မြောက်အဖြစ်ဆက်လက်တောင်းဆိုနေကြဆဲဖြစ်ပါတယ်။ ရပ်ကွက်အတွင်းပြန်လည်နေထိုင်ခွင့်ရရေးနဲ့ပတ်သက်လို့ အသံတိတ်တောင်းဆိုမှူအဖြစ် အခုလ ၅ ရက်နေ့ကစတင်ကာ စံသမာဓိရပ်ကွက်နေပြည်သူရာနဲ့ချီပြီး တောင်းဆိုမှုကိုလုပ်ဆောင်နေတာပါ။ ရပ်ကွက်ဖျက်သိမ်းခံလိုက်ရပြီး နေအိမ်တွေဆုံးရှုံးသွားတဲ့ ဒေသခံပြည်သူတွေအနေနဲ့ လက်ရှိမှာ စားဝတ်နေရေး အဖက်ဖက်ကအခက်ခဲတွေ ကြုံတွေနေ့ရတဲ့အတွက် အခုလိုပြန်လည်နေထိုင်ခွင့်ရရေးလာရောက် တောင်းဆိုတာဖြစ်တယ်လို့ စံသမာဓိရပ်ကွက်နေသူတွေကပြောပါတယ်။ “ကိုယ့်ရပ်ကွက်လေးမှာပြန်နေခွင့်ရဖိုမျှော်လင့်ချက်နဲ့ လာတာပါ။ တောင်းဆိုမှုလုပ်တဲ့နေရာမှာလည်း ဒီတိုင်းထိုင်ပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲတောင်းဆိုတာပါ။အခုအရမ်းခက်ခဲနေတယ် အိမ်ငှါးခတွေက သိန်းချီနေတော့ ဘယ်လိုမှမတတ်နိုင်တော့ဘူးလို့”တောင်းဆိုမှုမှာပါ၀င်တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။ တောင်းဆိုတာနဲ့ပတ်သက်လို့ ပျဥ်းမပင်ကျေးရွာအုပ်ချုပ်ရေးမှုးက ခေါ်ယူညှိနှိုင်းတာမျိုးရှိပေမယ့်လည်း အာမခံချက်မပေးနိုင်ဘဲ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကိုသာ စာတင်ဖို့ပြောဆိုတယ်လို့ တောင်းဆိုမှုမှာ ပါ၀င်သူတွေကဆိုပါတယ်။ “မြေအစားပြန်ပေးမယ်ဆိုပြီး ပျဥ်းမပင်အုပ်ချုပ်ရေးမှူးကခေါ်ညှိတာမျိုးတော့ရှိတယ်၊ တိတိကျကျလည်း မဟုတ်ပါဘူး။ ပထမဆုံးတောင်းဆိုတဲ့နေ့ကတော့ သူတို့က ရတယ်ထိုင် တစ်လပဲထိုင်ထိုင်ဆိုပြီးပြောတယ်။နောက်ရက်တွေကျ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်က စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာပြတ်လပ်နေ

February 7, 2023

ရန်ကုန် – ၂၀၂၃ ဖေဖေါ်ဝါရီ ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေ နေ့စဉ်စစ်ကြောင်းထိုးနေလို့ ဒေသခံစစ်ဘေးရှောင်တွေ စားနပ်ရိက္ခာပြတ်နေပြီလို့ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။ “စားစရာကအကုန်ပြတ်ပြီဗျာ။ ဘာမှမရှိတော့ဘူး။ ဘယ်လိုလုပ်စားနေရလဲဆိုတော့ တောထဲမှာ သူများအခင်းတွေကနေ ချက်စားလို့ရတဲ့ဟာလေးတွေယူချက်စားပေါ့။ အဲ့လိုနေနေရတာ” လို့ စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးထောက်ပံ့ပို့အတွက်လည်း စစ်ကောင်စီတပ်တွေက အစစ်ဆေးတင်းကြပ်နေတာကြောင့် လက်ရှိအချိန်မှာပို့ဖို့မလွယ်ဘူးလို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်မှာ ကျေးရွာအုပ်စုပေါင်း ၄၂ ခုရှိပြီး လက်ရှိအချိန်မှာ ထွက်ပြေးရတဲ့ ကျေးရွာအုပ်စုပေါင်း ၂၅ စုဝန်းကျင်ရှိပြီး စစ်ဘေးရှောင်ဦးရေ ရှစ်ထောင်နီးပါးရှိလာနေပြီလို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ယခုလဆန်းပိုင်းကစပြီး အင်အားအများအပြားနဲ့ လက်ရှိအချိန်အထိစစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က […]

အပြည့်အစုံဖတ်ရန်

MPT အိတ်ချိန်းရုံးမီးလောင်၊ အင်တာနက်လိုင်းများနှေးကွေး

February 7, 2023

ရန်ကုန် – ၂၀၂၃၊ ဖေဖော်ဝါရီ ၇ (မော်ကွန်း) မရမ်းကုန်းမြို့နယ် ၊၈ မိုင် မှ MPT exchange ရုံးရှိ စက်ခန်းမီးလောင်မှုဖြစ်ပွါးပြီး အင်တာနက်လိုင်းဆွဲအားတွေနှေးကွေးနေပါတယ်။ “စက်ခန်းကဝါယာရှော့ဖြစ်တာ။ အဲ့ဒါကြောင့်အခုလိုင်းတွေကျနေတာ။မီးကတော့ငြိမ်းသွားပါပြီ” လို့ MPT မှ ဝန်ထမ်းတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က တော့ MPT exchange ရုံးမှာ ဒီနေ့မနက် ၁၀:၂၃ နာရီမှာ မီးလောက်မှုဖြစ်ပွါးပြီး ၁၀:၄၅ နာရီမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ လက်ရှိMPT အသုံးပြုသူတွေအနေနဲ့ဖုန်းခေါ်ဆိုလို့သာရပြီး အင်တာနက်သုံးရတာနှေးကွေးနေတယ်လို့ပြောကြပါတယ်။ “ဖုန်းခေါ်လို့တော့ရတယ်။လိုင်းကလုံးဝကိုမတက်တာ၊ နှေးနေတယ်” လို့ MPT အသုံးပြုသူတစ်ဦးကပြောပါတယ်။ MPT exchange ရုံးဆိုတာ အသုံးပြုသူတွေကို မြို့နယ်အသီးသီးမှာ ဖုန်းဆင်းကဒ်ဝန်ဆောင်မှုတွေ၊ ဖုန်းဘေဆောင်တာတွေ နဲ့ ဝန်ဆောင်အမျိုးမျိုးပေးနေတဲ့နေရာပါ။ #Dailynews

အပြည့်အစုံဖတ်ရန်

အထည်ချုပ်အလုပ်သမားတွေ အခွင့်အရေးဆုံးရှုံးနေ

February 6, 2023

ရန်ကုန် – ၂၀၂၃ ဖေဖော်ဝါရီ ၆(မော်ကွန်း) ယာယီပိတ်သိမ်းတဲ့ အထည်ချုပ်စက်ရုံအချို့လုပ်ငန်းပြန်စတဲ့အခါ ဝန်ထမ်းဟောင်းတွေဟာ နေ့စားအဖြစ်သာလုပ်ကိုင်ကြရပြီး အလုပ်သမားအခွင့်ရေးနစ်နာဆုံးရှုံးမှုတွေရှိနေတယ်လို့ အထည်ချုပ်အလုပ်သမား အသိုင်းဝိုင်းကပြောပါတယ်။ အထည်ချုပ်စက်ရုံအချို့ဟာ ကုန်ကြမ်းရရှိမှုနဲ့ အော်ဒါရရှိမှုအခက်ခဲတွေကြောင့် စက်ရုံကိုယာယီရပ်နားတဲ့အခါ ဝန်ထမ်းလျှော့ချမှု တွေပါလုပ်ဆောင်တာပါ။ စက်ရုံပြန်လည်ပတ်တဲ့အခါမှာတော့ ဝန်ထမ်းပြန်လည်ခန့်အပ်တာမျိုးမရှိတော့ဘဲနေ့စားအနေနဲ့ အလုပ်လုပ်ဖို့သာခေါ်ယူတာဖြစ်ပါတယ်။ “ကျွန်တော်တို့စက်ရုံဆိုရင် အော်ဒါမရတာ၊အော်ဒါရရင်လည်း ကုန်ကြမ်းက ဒီကိုရောက်ဖို့ကြာနေတာတွေကြောင့် စက်ရုံကတစ်ခါနားရင် လနဲ့ချီကြာတယ်။အဲ့လိုနားရတော့ ဝန်ထမ်းတွေလျှော့ပစ်တယ်။စက်ရုံက အလုပ်ပြန် လည်ပတ်တဲ့အခါကျတော့ ဝန်ထမ်းထပ်မခန့်တော့ပဲ နေ့စားသဘောမျိုးပဲခေါ်တော့တယ်။နေ့စားကျ လခစားဝန်ထမ်းလို အလုပ်သမားအခွင့်ရေးအပြည့်မရဘူး လုပ်ခအနေနဲ့လည်း တစ်ရက်ကို ၄,၈၀၀ပဲရတော့ အဆင်မပြေဘူး”လို့ အမည်အဖော်လိုတဲ့ အထည်ချုပ်အလုပ်သမားတစ်ဦးကပြောပါတယ်။ ဒီလိုနေ့စားနဲ့လုပ်ရတာကြောင့် ကျန်းမာရေးကိစ္စအပါအ၀င် အကြောင်းကြောင်းကြောင့် အလုပ်မဆင်းနိုင်ရင် ပိုက်ဆံမရတဲ့အတွက် ရေရှည်မှာရပ်တည်ဖို့ခက်ခဲမှုတွေရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်ရပ်နားတဲ့ အခါမှာလည်း နစ်နာကြေးတွေနဲ့ပတ်သက်လို့ ဝန်ထမ်းတွေရပိုင်ခွင့်ရှိတဲ့ အခွင့်ရေးအတိုင်း အပြည့်အဝမရရှိပဲ အလုပ်ရှင်ရဲ့ သဘောအတိုင်းသာ […]

အပြည့်အစုံဖတ်ရန်

လွိုင်ကော် ဇရပ်ဖြူရွာလမ်းမှာ အိမ်စီးကားတစ်စီးမိုင်းထိ

February 6, 2023

လွိုင်ကော် – ၂၀၂၃ ဖေဖော်ဝါရီ ၆ (မော်ကွန်း) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ဇရပ်ဖြူရွာအကျော်လမ်းမှာ ဒီကနေ့ နေ့လည် ၂ နာရီဝန်းကျင်က အမျိုးသားခြောက်ဦးလိုက်ပါလာတဲ့ အိမ်စီးကားတစ်စီး မိုင်းထိပြီး လေးဦးပွဲချင်းပြီးသေဆုံး သွားတယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “မော်ချီးကိုတက်တဲ့ ခရီးသည်ကားပေါ့လေ။ ရှေ့ကကားလွတ်သွားတယ်။ နောက်ကားကမိုင်းနင်းမိတာ။ လေးယောက်ကသေသွားပြီ။ နှစ်ယောက်က အခြေအနေမကောင်းဘူးဗျ။ အခုထိသတိကိုမလည်ဘူး။ လွိုင်ကော်ဆေးရုံကိုပို့ထားတာ” လို့ လက်ရှိအခြေအနေကို ပြောပြပါတယ်။ မိုင်းထိတဲ့ အိမ်စီးကားဟာ Toyota Ipsum အမျိုးအစား မော်တော်ယာဉ်ဖြစ်ပြီး လွိုင်ကော်ကနေ မော်ချီးဘက်ကိုသွားတာဖြစ်တယ်လို့ ပရဟိတအသင်းက တာဝန်ရှိသူကပြောပါတယ်။ အဲဒီမိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကမိုင်းထောင်ခဲ့တယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ မော်ကွန်းအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ Photo-ရွှေလွိုင်ကော်ပရဟိတအသင်း #Dailynews

အပြည့်အစုံဖတ်ရန်

ပုလဲရဲစခန်းက အာဏာသိမ်းစစ်တပ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး

February 6, 2023

ပုလဲ – ၂၀၂၃ ဖေဖော်ဝါရီ ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကို မနေ့ည ၁၀ : ၀၀ နာရီကစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့ ဂဠုန်နက်အဖွဲ့ကတာဝန်ရှိသူ ကိုဂဠုန်က​ပြောပါတယ်။ ပုလဲမြို့မရဲစခန်းမှာ အာဏာသိမ်းစစ်တပ်စစ်သားတွေအင်အား ၅၀ ဝန်းကျင်ရှိပြီး ည ၁၀:၀၀ နာရီကနေ မနက် ၁:၀၀ နာရီအထိ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ ” ကျွန်တော်တို့ဘက်က ၁၂ ယောက်အနီးကပ်ဝင်ပစ်တာ၊ တခြားမဟာမိတ်အဖွဲ့တွေကတော့ လက်နက်ကြီးနဲ့ပစ်ကူတာ၊သူတို့လက်နက်ကြီးဘက်ကို အာရုံထားနေချိန်အနောက်ကနေ ဝင်လုံးခဲ့တာ၊မျက်မြင်နှစ်ယောက်သေတယ်”လို့ကိုဂဠုန်ကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်က စက်ကလေးတွေနဲ့ ပြန်ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကရဲဘော်တစ်ဦးရဲ့ဦးခေါင်းကျည်ရှပ်ထိမှန်ပြီး ခြောက်ချက် ချုပ်ထားရတယ်လို့ သူကပြောပါတယ်။ ပုလဲရဲစခန်းထဲကိုလက်နက်ကြီးနဲ့ သုံးကြိမ်ပစ်ခတ်ခဲ့ပြီး စခန်းထဲကျရောက်ပေါက်ကွဲခဲ့တာရှိပေမယ့်ဘေးပတ်ဝန်းကျင်ကိုထိခိုက်တာမရှိဘူးလို့ပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 150 151 152 153 154 155 156 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."