သတင်းများ

ကံပေါက်ဒေသ အသံတိတ်သပိတ်ပါဝင်မှုမြင်ကွင်း

February 1, 2023

တနင်္သာရီ – ၂၀၂၃ ဖေဖော်ဝါရီ ၁ (မော်ကွန်း) စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်တဲ့ ဒီကနေ့မှာ စစ်အာဏာရှင်ကို အလိုမရှိ၊ မထောက်ခံကြောင်း ပြည်သူတွေပြသတဲ့ အသံတိတ်သပိတ်မှာ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ဒေသရဲ့ ပါဝင်မှုမြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပြည်သူလူထုရဲ့ စစ်အာဏာရှင်ကိုပြတ်သားစွာအံတုမှုဟာ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ထိုက်တန်တယ်လို့ ကလေးမြို့သပိတ်ခေါင်းဆောင်ပြော

February 1, 2023

ကလေးမြို့ – ၂၀၂၃ ဖေဖော်ဝါရီ ၁ (မော်ကွန်း) တစ်နိုင်ငံလုံးနဲ့ ကလေးမြို့က ပြည်သူလူထုရဲ့ ဒီကနေ့စစ်အာဏာရှင်အပေါ် ပြတ်သားစွာအံတုမှုမြင်ကွင်းဟာ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီနဲ့ ထိုက်တန်ပြီး ဂုဏ်ယူကြောင်း ကလေးမြို့ပင်မသပိတ်အင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဗိုက်ပူက မော်ကွန်းကိုပြောပါတယ်။ တိုင်းပြည်ရဲ့အာဏာကို လုယူပြီး လူသတ်၊အကြမ်းဖက်မီးရှို့မှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေ ကျူးလွန်နေတဲ့ စစ်အာဏာရှင်ကို ဒီကနေ့မှာ မြန်မာပြည်သူလူထုက ဆန့်ကျင်ကြောင်း အသံတိတ်သပိတ်နဲ့ဆန္ဒထုတ်ဖော်ရာမှာစစ်ကိုင်းတိုင်း၊ ကလေးမြို့ကလည်း ပါဝင်ခဲ့ပါတယ်။ “ပြည်သူ့အာဏာသိမ်းယူခံလိုက်ရတဲ့ နှစ်နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ လိုလားတောင့်တတဲ့ ဆန္ဒတွေကို ဒီကနေ့ထိ နည်းနာမျိုးစုံနဲ့ဖော်ထုတ်တဲ့အပေါ် ဂုဏ်ယူရသလို တစ်နိုင်ငံလုံးအနေနဲ့ ပြသလိုက်တဲ့အပေါ် စစ်အာဏာရှင်တွေအနေနဲ့ တုန်လှုပ်ခြောက်ခြားမယ်လို့ယုံကြည်ပါတယ်”လို့ ကိုဗိုက်ပူကပြောပါတယ်။ ကလေးမြို့နဲ့ပြည်သူလူထုအားလုံးရဲ့ ပါဝင်မှုတွေကိုကြည့်မယ်ဆိုရင် စစ်အာဏာရှင်ကျဆုံးဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ ထိုက်တန်တယ်လို့ သူကဆိုပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်အင်အားစုဟာ နေ့စဉ်မပြတ် စစ်အာဏာရှင်ကို […]

အပြည့်အစုံဖတ်ရန်

အပြင်ထွက်ကြဖို့ ယင်းမာပင်မှာ အကြမ်းဖက်စစ်တပ်က လော်နဲ့လိုက်အော်ခဲ့ရ

February 1, 2023

ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၁ (မော်ကွန်း) အသံတိတ်သပိတ်မှာ အပြတ်အသတ်အံတုပါဝင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အပြင်ကိုထွက်ကြဖို့ ဒီနေ့လော်စပီကာနဲ့ လိုက်လံကာအော်ဟစ်ခဲ့ရတယ်လို့ မြို့ခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “မြို့ဟာ သုဿန်တစပြင်လိုခြောက်ကပ်နေလို့ ရပ်ကွက်တွေ၊ လမ်းတွေတိုင်းမှာ လော်စပီကာနဲ့လိုက်ပြီးတော့ ပုံမှန်သွားလာနေထိုင်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်ဆိုပြီး လှည့်နေတာ”လို့ မြို့ခံကပြောပါတယ်။ စစ်အာဏာရှင်ကို မထောက်ခံကြောင်း၊ ဆန့်ကျင်ကြောင်းနဲ့ အသံတိတ်သပိတ်မှာ ယင်းမာပင်မြို့ရဲ့ပါဝင်မှုဟာ များပြားတယ်လို့ သူကဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ကို တစ်ခဲနက် ဒီနေ့မှာဆန့်ကျင်ပြသခဲ့ကြပေမယ့် ဖိအားပေးပြီးဈေးဆိုင်တွေဖွင့်ခိုင်းတာတွေရှိတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ဖိအားပေးပြီး အတင်း ဈေးဆိုင်တွေဖွင့်ခိုင်း၊ ထိုင်ခိုင်းတာတွေရှိခဲ့ပါတယ်” လို့ မြို့ခံကဆိုပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ အသံတိတ်သပိတ်မစတင်ခင်ရက် အနည်းငယ်ကလည်း နယ်မြို့တချို့မှာ ဆိုင်ကယ်တွေဖမ်းဆီးပြီး သပိတ်ပြုလုပ်မယ့်ရက်မှာ လာရွေးခိုင်းတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ ပုံစာ – ယင်းမာပင်မြို့ ယနေ့မြင်ကွင်း […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့အသံတိတ်သပိတ်နေ့မှာပိတ်ထားတဲ့ဆိုင်တွေကို အကြမ်းဖက်စစ်တပ်က ခြိမ်းခြောက်ပြီးဖွင့်ခိုင်း

February 1, 2023

မိုးကုတ် – ၂၀၂၃ ဖေဖော်ဝါရီ ၁ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီနေ့ပိတ်ထားတဲ့ဆိုင်တွေကို အာဏာသိမ်းစစ်တပ်ကရဲတွေက သေနတ်ထောက်ပြီးဆိုင်ပြန်ဖွင့်ခိုင်းခဲ့တယ်လို့ ဒေသခံတွေ​ဆီကသိရပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်းအောင်ချမ်းသာရပ်ကွက်မှာရှိတဲ့အောင်ချမ်းသာစျေးက စျေးဆိုင်တွေဟာ ဒီနေ့မနက်အစောပိုင်းကတည်းပိတ်ထားကြတာကြောင့် အာဏာသိမ်းစစ်တပ်ကရဲတွေက ပြန်ဖွင့်ခိုင်းခဲ့တယ်လို့ ရပ်ကွက်နေဒေသခံတစ်ဦးကပြောပါတယ်။ “ဆိုင်တွေကမနက်ကတည်းကပိတ်ထားတာ၊၁၁:၀၀နာရီလော​က်ကရဲတွေ ရောက်လာပြီးအထက်အမိန့်ဆ်ိုပြီးသေနတ်ထောက်ဖွင့်ခိုင်းတာ၊စျေးထဲကဆိုင်တွေကို ဖုန်းဆက်ပြီး ဖွင့်ခိုင်းတာ၊မဖွင့်ရင်တရားစွဲမယ်လို့​ပြောသွားသေးတယ်”လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းစစ်တပ်လက်အောက်ခံရဲတွေ ဆိုင်​ပြန်ဖွင့်ခိုင်းပေမယ့် ပုံမှန်လူစည်ကားတဲ့ စျေးကြီးမှာဒီနေ့ညနေအထိတိတ်ဆိတ်နေခဲ့တယ်လို့ ရပ်ကွက်နေဒေသခံတွေဆီကသိရပါတယ်။ မိုးကုတ်မြို့အ​ရှေ့ပိုင်းနဲ့အနောက်ပိုင်းလမ်းမတွေအပြင် ရပ်ကွက်လမ်းတွေမှာပါ တိတ်ဆိတ်နေပြီး အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဒေသခံတွေဆီသိရပါတယ်။ ပုံစာ – ယနေ့မိုးကုတ်မြို့တစ်နေရာ ဓာတ်ပုံ – Supplied #Dailynews

အပြည့်အစုံဖတ်ရန်

“သွေးမအေးတဲ့ ရွှေနွယ်သွေး”လူထုသပိတ် ၆၂၅ ရက်မြောက်နေ့အဖြစ်ချီတက်ဆန္ဒထုတ်ဖော်

February 1, 2023

ယင်းမာပင် – ၂၀၂၃ ဇန်နဝါရီ ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်းထဲမှာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း နေ့စဉ်မပြတ်ချီတက်ဆန္ဒထုတ်ဖော်နေတဲ့သပိတ်တစ်ခုဖြစ်တဲ့ ယင်းမာပင်မြို့နယ်က “သွေးမအေးတဲ့ရွှေနွယ်သွေး”သပိတ်ဟာ ဒီကနေ့မှာ ၆၂၅ ရက်မြောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ် မနေ့ကမီးရှို့ထားတဲ့ ပခုက္ကူက ရွာနှစ်ရွာ ပြည်သူတွေ စားနပ်ရိက္ခာအကူအညီလိုအပ်နေ

January 31, 2023

ပခုက္ကူ – ၂၀၂၃ ဇန်နဝါရီ ၃၁ (မော်ကွန်း) မနေ့က အာဏာသိမ်းအကြမ်းဖက်စစ်တပ်မီးရှို့ထားတဲ့ ပခုက္ကူမြို့၊ ကန်တော်ရွာနဲ့ဆားကျင်းရွာက စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေပါတယ်။ “အခုကရွာထဲ ပြန်ဝင်လို့မရသေးဘူးဆိုတော့အဓိက စားနပ်ရိက္ခာပဲလိုအပ်နေတာပါ၊ ခုလောလောဆယ်တော့ စားဖို့ဆန်ရှိနေသေးပေမယ့်ရေရှည်အတွက်ဆိုလိုအပ်ချက်ရှိလာပြီ”လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။ ပခုက္ကူမြို့ကန်တော်ရွာနဲ့ဆားကျင်းရွာကိုအာဏာသိမ်းစစ်တပ်မီးရှို့တာကြောင့် အနီးနားကျေးရွာကဒေသခံရွာသားတွေအပါအဝင် ဒေသခံ ၂,၀၀၀ ဝန်းကျင် စစ်ရှောင်နေရပါတယ်။ လက်ရှိမှာစစ်ရှောင်ဒေသခံတွေ စစ်ကြောင်းနဲ့ဝေးတဲ့တောတွေထဲမှာတိမ်းရှောင်နေထိုင်နေရပြီး စောင်နဲ့အနွေးထည်လိုအပ်ချက်တွေလည်းရှိနေတယ်လို့ပ.အ.ဖတာဝန်ရှိသူက ပြောပါတယ်။ ပခုက္ကူမြို့နယ်နဲ့ ကမ္မမြို့ကြား ကန်တော်ရွာကို အာဏာသိမ်းစစ်တပ်၊ တပ်မ ၁၀၁နဲ့ ပျူစောထီးတွေ အင်အား ၂၀၀ ဝန်းကျင်လောက်ဟာ မနေ့ညနေ ၄:၀၀ နာရီက စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက်မီးရှို့ခဲ့တာပါ။ ကမ္မမြို့နဲ့ မြစ်ချေကြားက ဆားကျင်းကျေးရွာကိုလည်း အာဏာသိမ်းစစ်တပ်နဲ့ပျူစောထီးအင်အား ၁၀၀ ဝန်းကျင်ဟာ ဒီနေ့မနက် ၅:၀၀ နာရီဝန်းကျင်က ထပ်မံမီးရှို့ ခဲ့တာလို့ ပ.အ.ဖတာဝန်ရှိသူကပြောပါတယ်။ “ကန်တော်ရွာကတော့ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မှာ အာဏာသိမ်းစစ်တပ်က ဆိုင်ကယ်ဖမ်းပြီး မနက်ဖြန် Silent သပိတ်နေ့မှာလာရွေးခိုင်း

January 31, 2023

မိုးကုတ် – ၂၀၂၃ ဇန်နဝါရီ ၃၁ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းနဲ့အရှေ့ပိုင်းမှာ အာဏာသိမ်းစစ်တပ်က မနေ့ကနဲ့ ဒီနေ့နှစ်ရက်ဆက်တိုက် ဆိုင်ကယ်တွေကိုဖမ်းဆီးနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်းရဲစခန်းအရှေ့နဲ့ အနီးတစ်ဝိုက်မှာဖမ်းပြီး အရှေ့ပိုင်းမှာလည်း အထိုင်ချဖမ်းဆီးတာရှိသလိုကားနဲ့လှည့်ဖမ်းတာလည်းရှိတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။ “အနောက်ပိုင်းမှာတော်တော်များတယ်၊ စခန်းရှေ့တင်ဖမ်းတာ၊လူတွေကမမြင်ကြတာဆိုးတယ်၊ပေါ်တင်ဖမ်းတာကိုဝင်သွားကြတာ၊ဟိုကစစ်ပြီးဖမ်းတာ”လို့ ကျပ်ပြင်ရပ်ကွက်ဒေသခံတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို၊ ကျပ်ပြင်ရဲစခန်းရှေ့မှာ ဖြတ်သွားသမျှဆိုင်ကယ်တွေကိုတားစီးကာ အကြောင်းအမျိုးမျိုးပြပြီးဆိုင်ကယ်သိမ်းသွားတာလို့ အဆိုပါဒေသခံကပြောပါတယ်။ သိမ်းထားတဲ့ဆိုင်ကယ်တွေကို မနက်ဖြန် ဖေဖော်ဝါရီတစ်ရက်မှာပိုက်ဆံပေးဖို့မလိုဘဲ ရဲစခန်းမှာလာရောက်ထုတ်ယူရမယ်လို့ အဖမ်းခံရသူတစ်ဦးကပြောပါတယ်။ မနက်ဖြန်ဟာ တိုင်းပြည်ရဲ့အာဏာကို စစ်တပ်က တရားမဝင်သိမ်းယူထားတဲ့ နှစ်နှစ်ပြည့်ဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မှာဖြစ်ပါတယ်။ မိုးကုတ်မှာ ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်အစီးအရေအတွက်အတိအကျကိုတော့မသိရသေးပါဘူး။ #Dailynews

အပြည့်အစုံဖတ်ရန်

“တစ်သံတည်းညီ၊ တစ်ချီတည်းရုန်း” ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်

January 31, 2023

စစ်ကိုင်းတိုင်း – ၂၀၂၃ ဇန်နဝါရီ ၃၁ (မော်ကွန်း) စစ်အာဏာရှင်ကို လူထုသပိတ်တွေနဲ့ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတဲ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ၆၉၁ ရက်မြောက်နေ့အဖြစ် လမ်းမပေါ်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပခုက္ကူမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အကြမ်းဖက်စစ်တပ်နဲ့ပျူတွေကိုတိုက်ခိုက်၊ ပျူနှစ်ဦးအရှင်ဖမ်းမိ

January 31, 2023

ပခုက္ကူ – ၂၀၂၃ ဇန်နဝါရီ ၃၁ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့ပျူစောထီးတွေကို ဒီနေ့မွန်းလွဲ ၂:၀၀ နာရီဝန်းကျင်ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးနှစ်ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ Earthquake Peoples Defense Force က သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပိန်ကပြောပါတယ်။ ပခုက္ကူမြို့က အကြမ်းဖက်စစ်တပ်၊ တပ်မ ၁၀၁နဲ့ အနောက်ဘုန်းကန်ကျေးရွာကပျူစောထီးတွေ ဒီဇင်ဘာ ၃၀ရက်နေ့က ကန်တော်ရွာကို စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကိုပိန်ကပြောပါတယ်။ ” အရင်ဆုံးလက်နက်ငယ်နဲ့ ပစ်ခဲ့တာ၊အပြန်အလှန်ပစ်ခတ်မှုနာရီဝက်လောက်ကြာတယ်၊ သူတို့ဘက်ကလည်းလက်နက်ကြီး၊ လက်နက်ငယ်နဲ့ပြန်ပစ်တယ်၊ သူတို့ပစ်တဲ့နားကို အီနာဂါချလိုက်တော့ထပ်မပစ်တော့ဘူး၊အဲမှာတော်တော်အထိနာသွားကြတယ်”လို့ ကိုပိန်ကပြောပါတယ်။ အနောက်ဘုန်းကန်ရွာက အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်နေချိန်မှာ သတင်းထောက်လှမ်းဖို့ရောက်လာတဲ့ ပျူစောထီးနှစ်ဥဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကာ လက်ရှိမှာထိန်းသိမ်းထားတယ်လို့ သူကပြောပါတယ်။ အနောက်ဘုန်းကန်ရွာက အာဏာသိမ်းစစ်တပ်ကို Earthquake People’s Defence Force နဲ့ […]

အပြည့်အစုံဖတ်ရန်

“တစ်သံတည်းညီ၊ တစ်ချီတည်းရုန်း” ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်

January 30, 2023

စစ်ကိုင်းတိုင်း – ၂၀၂၃ ဇန်နဝါရီ ၃၀ (မော်ကွန်း) စစ်အာဏာရှင်ကို လူထုသပိတ်တွေနဲ့ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတဲ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ၆၉၀ ရက်မြောက်နေ့အဖြစ် လမ်းမပေါ်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပြည်ကြီးတံခွန်သပိတ် ၆၅၀ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်

January 30, 2023

မန္တလေး – ၂၀၂၃ ဇန်နဝါရီ ၃၀ (မော်ကွန်း) စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်က “အသံမတိတ်၊ အလံမလိပ်၊ ပြည်/ခွန်သပိတ်” ဟာ ဒီကနေ့မှာ ၆၅၀ ရက်မြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ သပိတ်ဦးဆောင်သူ ဆရာတော်အရှင်အဂ္ဂဝံသက “ဦးဇင်းတို့ တစ်ရက်မပြတ်အကြမ်းဖက်စစ်တပ်ကိုတော်လှန်နေတာဟာ ဒီတိုက်ပွဲနိုင်မယ်ဆိုတာလည်းယုံကြည်လို့ နောက်ပြီး လူထုအနေနဲ့လည်း စိတ်ဓာတ်မကျဖို့ ဒီတိုက်ပွဲမှာလူထုကနိုင်မယ်ဆိုတာကိုလည်းသတင်းစကားပေးချင်လို့ နေ့စဥ်ဆန္ဒဖော်ထုတ်နေခြင်းဖြစ်ပါတယ်” လို့ မော်ကွန်းကို မိန့်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အကြမ်းဖက်စစ်တပ်က သေနတ်ပစ်ဖောက်ခေါ်လို့ တံငါသည်အမျိုးသမီးထိတ်လန့်ကာ သေဆုံး

January 30, 2023

ကနီ – ၂၀၂၃ ဇန်နဝါရီ ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ထဲမှာ ဒီနေ့နံနက်အစောပိုင်းက တံငါလှေတစ်စီးကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က သေနတ်ပစ်ဖောက်ကာ ကမ်းကပ်ခိုင်းရာ ထိတ်လန့်ကြောက်ရွံ့ပြီးတံငါသည်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပါတယ်။ သေဆုံးသူ တံငါသည်အမျိုးသမီးမိသားစုဟာ ချင်းတွင်းမြစ်တစ်လျှောက်မှာ ငါးဖမ်းလုပ်ငန်းနဲ့အသက်မွေးကြသူတွေပါ။ သူတို့မိသားစုဟာ ချင်းတွင်းတံတားကိုရောက်နေတာ ငါးရက်ရှိပြီး ဒီနေ့နံနက်မှာ ကနီနယ်ထဲကို ခရီးဆက်ဖို့ ထွက်ရင်း လမ်းမှာအကြမ်းဖက်စစ်တပ်နဲ့တွေ့ခဲ့တာပါ။ သေဆုံးသူအမျိုးသမီးရဲ့ခင်ပွန်းက “နံနက် ၅:၀၀ နာရီလောက်ဆန်တာပေါ့၊ မိုးလင်းတော့ ကနီမြို့နယ် သပြေတောရွာအနီးရောက်တော့ သေနတ်ပစ်ဖောက်ပြီးကမ်းကပ်ခိုင်းတယ်။ အဒီအချိန်မှာ ပြသနာစတော့တာဗျ။ ကျွန်တော့်ဇနီးမှာ နှလုံးရောဂါ အခံရှိတော့ လန့်ပြီးအကြောတက်တာလိုလိုဖြစ်ပြီး တက်တော့တာပဲ။ သတိလည်အောင်လုပ်ကြည့်တယ်။ ရင်ဘက်ဖိတယ် သတိကလည်မလာဘူး” လို့ မော်ကွန်းကို ပြောပါတယ်။ ကမ်းကပ်တဲ့အခါမှာ အကြမ်းဖက်စစ်တပ်ကဝင်ရောက်စမ်းသပ်ပြီး သေပြီဖြစ်ကြောင်း၊ ရှေ့ဆက်မသွားဖို့နဲ့ အဆင်ပြေတဲ့နေရာမှာ ဖြစ်သလိုသဂြိုလ်ဖို့ပြောခဲ့တယ်လို့ သူကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်
1 … 152 153 154 155 156 157 158 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."