လောင်းလုံ – ၂၀၂၃ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း) တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ ဒီကနေ့ နေ့လယ်က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအဖြစ် နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို ဒေသခံတွေနဲ့အတူ လူငယ်တွေက ပြုလုပ်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီရဲ့ အင်အားစုတစ်ခုဖြစ်တဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)က ဦးဆောင်ပြီး “ဖက်ဆစ်ရွေးကောက်ပွဲသပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ခေါင်းစဉ်နဲ့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ရုပ်သံ – DDMSC #Dailynews
ရေစကြို – ၂၀၂၃ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ နေရင်းရွာမကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက် ၁၀:၀၀ ဝန်းကျင်က မီးရှို့တာကြောင့် နေအိမ် အလုံး ၃၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မင်းရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်သား တွေနဲ့ပျူစောထီးတွေ ပေါက်တောရွာကို သွားပြီးအပြန်နေရင်း ရွာမကိုဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ ” ပေါက်တောကနေမင်းရွာကိုသူတို့ပြန်တဲ့အချိန်ကြားက နေရင်းရွာမကို မီးရှို့သွားတာ၊ပြည်သူတွေကတော့ရှောင်နေရတာကြာပြီ၊ရွာထဲ ပြန်နေကြသူတွေကတော့ ပြန်ပြေးကြရတာပေါ့’လို့ ဒေသခံတစ်ဦးကပြောပါတယ်။ နေရင်းရွာမထဲမှာ နေအိမ် ၂၀၀ ဝန်းကျင်ရှိပြီး အာဏာသိမ်းစစ်တပ်က မီးရှို့တာကြောင့် နေရင်းရွာမအတွင်းကနေအိမ် ၃၀ ဝန်းကျင်မီးလောင်ပျက်စီးခဲ့ရပါတယ်။ နေရင်းရွာမဒေသခံတွေဟာ၂၀၂၂ ခုနှစ် ဇူလိုင်ကတည်းက တိမ်းရှောင်နေရတာဖြစ်ပြီး ရွာထဲ ပြန်ဝင်နေထိုင်သူအနည်းငယ်သာရှိတယ်လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ […]
မြင်းမူ – ၂၀၂၃ ဖေဖော်ဝါရီ ၂၅ (မော်ကွန်း) မနေ့က ဖြစ်ပွါးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က ယခင်အနေအထားထက်ပိုတဲ့ တိုက်ခိုက်စွမ်းရည်မြင့်တဲ့အဖွဲ့တွေပါဝင်လာတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း ၇ တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ ” အခုဖြစ်တာကပျူတွေနဲ့ဖြစ်တာလောက်မလွယ်ဘူးဗျ၊ ခုက ကွန်မန်ဒိုအဆင့်လောက်ထိရှိတဲ့ စစ်သားတွေနဲ့ တိုက်ပွဲကြီးဖြစ်ခဲ့တာပါ၊သူတို့ဘက်ကစစ်ရေးတော်တော်လေးကျွမ်းကျင်ပါတယ်” လို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။ မြင်းမူမြို့နယ်၊ ကျောက်ပြောက်ရွာနဲ့ မင်းရွာတွေကိုစစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနှစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ မနေ့ညနေက တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး ကြာချိန် နှစ်နာရီရှိခဲ့တယ်လို့သူကပြောပါတယ်။ “ကျွန်တော်တို့ဘက်သတိထားပြီးတိုက်ခဲ့ရတဲ့အခြေနေမှာရှိပါတယ်။ သူတို့ဘက်ကမျက်မြင် ၁၀ယောက်ကျတယ်၊ကျွန်တော်တို့ဘက်ကရဲဘော်တစ်ဦးလက်မောင်းကျည်ထိမှန်ခဲ့ပေမယ့်ဒဏ်ရာတော့မစိုးရိမ်ရပါဘူး”လို့ Zero ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း ၇ တာဝန်ရှိသူကပြောပါတယ်။ အာဏာသိမ်းစစ်တပ် မီးရှို့တာကြောင့်မင်းရွာအတွင်းကနေအိမ်တွေကုန်သလောက်ရှိနေပြီး သူတို့ဘက်ကအလောင်းတွေကို နေအိမ်တွေထဲမှာပုံပြီးမနေ့ကထပ်မံမီးရှို့သွားတယ်လို့ သူကပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ရက်ကတည်းက မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့် […]
ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးမှုတွေဆက်တိုက်ပြုလုပ်နေပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့မှုတွေဖြစ်ပွားနေကာ မနေ့ကတော့ တော်လှန်ရေးရဲဘော်တွေ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။ ယင်းမာပင်၊ တာဝကျေးရွာကို မနေ့ နေ့လယ်မှာအာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးပြီး ရွာကိုမီးရှို့သွားသလို တော်လှန်ရေးရဲဘော်သုံးဦးကိုလည်းဖမ်းဆီးသွားခဲ့ပါတယ်။ တာဝရွာကို စစ်ကြောင်းထိုးချိန်မှာရဲဘော်သုံးဦးဟာ ဘတ်ထရီအိုးပြန်ယူရာကနေ အာဏာသိမ်းစစ်တပ်နဲ့ တိုးပြီး အဖမ်းခံရတာလို့ ဒေသခံကပြောပါတယ်။ “စစ်ကြောင်းထိုးလာတော့ရှောင်နေကြတာ၊ ဘတ်ထရီအိုးကပြန်သယ်စရာကျန်နေပုံရတယ်၊ အဲဒါကိုပြန်ယူတာ”လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။ အဖမ်းခံရတဲ့သုံးဦးထဲက နှစ်ဦးကို အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ခဲ့ပြီး တစ်ဦးကတော့ လက်ထိပ်တန်းလန်းနဲ့ ဒီနေ့ နံနက်မိုးမလင်းခင်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ “အသတ်ခံရတဲ့ တစ်ဦးက ရွှေကောင်းစံ အသက် ၁၈ နှစ်၊ နောက်တစ်ဦးက မောင်အောင်ဇေယျ၊ သူက CDM ၊ PDF […]
ရန်ကုန်-၂၀၂၃ ဖေဖော်ဝါရီ ၂၄ (မော်ကွန်း) ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာအတွင်းက အမှတ်၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်တွေက အနီးကကျူးကျော်ဈေးဆိုင်ခန်းတွေကို ဒီကနေ့အပြီးဖျက်ခိုင်းတာကြောင့် ယုဇနဥယျာဉ်မြို့တော်ထဲကမြေညီထပ်ခန်းတွေ ငှားရမ်းခနှစ်ဆနီးပါး မြင့်တက်သွားတယ်လို့ ဒေသခံတွေကမော်ကွန်းကိုပြောပါတယ်။ “ဆိုင်ခန်းတွေပိတ်ခံရတော့ တတ်နိုင်တဲ့သူတွေကျ လမ်းတွေထဲမှာ မြေညီထပ်တွေငှားပြီး ရောင်းမယ့်သူတွေရှိတယ်။ အဲ့ကျဘယ်လိုဖြစ်လဲဆိုတော့ မြေညီထပ်ဈေးတွေက ဒီမနက်ကမှ တက်သွားတာ။ ယုဇနတစ်ခွင်လုံး မြေညီထပ်ဈေးတွေမြင့်ကုန်တာ။ ပိတောက်ကွေ့နားဆို တစ်လကို လေးသိန်းခွဲတဲ့။ အဲ့လောက်ထိဈေးပေါက်တာ။ အရင်တုန်းက အဲ့ဘက်ဆို နှစ်သိန်းဝန်းကျင်ပဲရှိတာ၊ ဒီနေ့မနက်မှဈေးတက်သွားတာ။ နာရီပိုင်းနဲ့ကို တော်တော်ဈေးတက်သွားတာ” လို့ ယုဇနဥယျာဉ်မြို့တော်မှာ နေတဲ့သူတစ်ဦးကပြောပါတယ်။ အဲဒီလိုဈေးတွေတက်ကုန်တာကြောင့် ဆိုင်ပြန်ဖွင့်ဖို့အရင်းနှီးမရှိသူအများအပြား ဆိုင်တွေပိတ်လိုက်ရတယ်လို့ ဆိုင်ခန်းဖျက်သိမ်းခံရတဲ့ ဈေးသည်တစ်ဦးကလည်းပြောပါတယ်။ “အစ်မတို့ကျ မဖြစ်မနေရောင်းစရာဆိုင်ခန်းရှာရတော့မယ်။ အပြီးဖျက်ရမယ်ပြောတော့ အကုန်လုံးကလည်း (ဆိုင်ခန်း) ရှာကြတာပေါ့။ ရှာတဲ့အချိန်မှ ဈေးတွေကမြင့်သွားတာ။ […]
စစ်ကိုင်းတိုင်း – ၂၀၂၃ ဖေဖော်ဝါရီ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်းထဲက နေ့စဉ်သပိတ်တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်”ဟာ ဒီကနေ့မှာ ၆၄၈ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ တိုက်ခိုက်ခဲ့ပြီး စခန်းကိုမီးရှို့ကာ ရဲဘော်နှစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ပုလဲမြို့နယ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ဟာ ယင်းမာပင်မြို့နယ်၊ တာဝကျေးရွာကို ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကိုမီးရှို့သွားခဲ့တာပါ။ “လတ်တလော ရဲဘော်နှစ်ဦးအဖမ်းခံရတာကတော့သေချာပါတယ်၊ တစ်ဦးကျဆုံးတယ်ဆိုတဲ့သတင်းကတော့ အတည်ပြုလို့မရသေးဘဲ စုံစမ်းနေတုန်းပါ”လို့ အမည်မဖော်လိုတဲ့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့မှာ အင်အား ၂၀၀ ဝန်းကျင်ပါရှိပြီး ဒီကနေ့ညမှာတော့ ရွာထဲနေရာအနှံ့နဲ့ မေဓါရာမဘုန်းကြီးကျောင်းမှာတပ်စွဲထားတယ်လို့ ဒေသခံကပြောပါတယ်။ #Dailynews
အရာတော် – ၂၀၂၃ ဖေဖော်ဝါရီ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး ဒီကနေ့မှာ ကန်ရင်းရွာကို လေကြောင်းနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သလို ကျေးရွာတချို့ကိုလည်း မီးပတ်ရှို့နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။ ဒီကနေ့ မွန်းလွဲ ၂း၀၀ နာရီလောက်မှာ အာဏာသိမ်းစစ်တပ်ဟာ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ကန်ရင်းရွာကို ပစ်ခတ်တိုက်ခိုက်ဝင်ရောက်လာပြီး နောက်ကနေ Mi-17 ရဟတ်ယာဉ် သုံးစီးနဲ့ စစ်သား ၁၀၀ လာချသွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ကန်ရင်းကိုရောက်လာတဲ့ အကြမ်းဖက်စစ်တပ်အဖွဲ့ဟာ နမသင်းအရှေ့ရွာ၊ အနောက်ရွာတွေကို မီးဝင်ရှို့သွားတာကြောင့် အရှေ့ရွာမှာ နေအိမ် ၅၀ ဝန်းကျင်နဲ့ အနောက်ရွာမှာ ၄၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရွာတွေကိုမီးပတ်ရှို့နေတာကြောင့် နမသင်းအရှေ့ရွာ၊ အနောက်ရွာ၊ ကန်ရင်း၊ […]
ရန်ကုန်၊၂၀၂၃ဖေဖော်ဝါရီ၂၃(မော်ကွန်း) ၁၀တန်းစာမေးပွဲကာလအတွင်း ရန်ကုန်တိုင်းရှိ စက်မှု၊ လက်မှုလုပ်ငန်းတွေအနေနဲ့ ညပိုင်းဓာတ်အားသုံးစွဲပြီး အလုပ်မလုပ်ဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာချက်ထုတ်ပြန်ပါတယ်။ ၁၀တန်းဖြေဆိုမယ့် ကျောင်းသားတွေညပိုင်းစာကြည့်နိုင်အောင် ဓာတ်အားတိုးမြှင့်ပေးနိုင်ဖို့ အခုလိုတားမြစ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ မတ် ၁ ရက်ကနေ ၂၀ ရက်အထိ ညနေ ၅ နာရီကနေ ည ၁၀ နာရီအတွင်း ဓာတ်အားသုံးစွဲပြီး လုပ်ငန်းဆောင်ရွက်တာကို စစ်ဆေးတွေ့ရှိရင် အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ “မီးလာတဲ့အချိန်ကို ချိန်ပြီးအခုကအလုပ်လုပ်နေရတာ၊မီးကိုမှန်အောင်မပေးနိုင်ဘဲ အခုလိုလိုက်ကန့်သတ်တာက ဘယ်သူ့အတွက်မှအဆင်မပြေဘူး။တစ်ချိန်လုံး မီးပြတ်နေပြီး စာမေးပွဲရက်လေးကြမှ မီးလာပေးတာက လည်းအဆင်ပြေစရာမှမရှိတာ”လို့ မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ထောက်ပြပြောဆိုပါတယ်။ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကျင်းပတဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲကို မတ် ၈ ရက်ကနေ ၁၈ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ #Dailynews
အရာတော် – ၂၀၂၃ ဖေဖော်ဝါရီ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာကြီးကို အာဏာသိမ်းစစ်တပ်က ဒီနေ့ညနေပိုင်းမှာ လေကြောင်းကနေ လာရောက်ပစ်ခတ်တိုက်ခိုက်လို့ ရွာထဲက နေအိမ်တွေ မီးလောင်ခဲ့ရတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးသမားတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “လေကြောင်းနဲ့ပစ်တော့ ထိပြီးလောင်သွားတာ၊ စစ်ခွေးတွေက ဘေးနားကပ်ရပ် ဘုန်းကြီးကျောင်းထဲမှာ ရွာထဲဝင်မလာသေးဘူး၊ မီးက အခုတော့ငြိမ်းသွားပြီ”လို့ သူကပြောပါတယ်။ ဒီနေ့ညနေ ၄း၅၀ ဝန်းကျင်က အာဏာသိမ်းအကြမ်းဖက်စစ်တပ်က Mi-17 ရဟတ်ယာဉ်နဲ့ မင်းရွာကြီးလာရောက်ပစ်ခတ်တာကြောင့် ရွာသားတွေနဲ့ အနီးအနားက ကျေးရွာတွေပါ ထွက်ပြေးနေရပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် နေအိမ်တချို့မီးလောင်သွားပြီး လတ်တလောမှာ ရွာထဲကိုပြန်ဝင်လို့မရသေးလို့ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို မသိရသေးပါဘူး။ မင်းရွာကြီးကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ လာရောက်တိုက်ခိုက်တာဟာ နှစ်ကြိမ်မြောက်ဖြစ်ပြီး မီးလည်း နှစ်ကြိမ်ရှို့ခဲ့တယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးသမားကပြောပါတယ်။ Data For […]
ရန်ကုန်၊၂၀၂၃-ဖေဖော်ဝါရီ ၂၂(မော်ကွန်း) FOEIM မှာကျောင်းတက်နေတဲ့ ကျောင်းသားတွေရဲ့ အမည်စာရင်းနဲ့အချက်အလက်အချို့ ပေါက်ကြားပြီးနောက်လုံခြုံရေးအရ ဒီနေ့မနက်ပိုင်းစာသင်တန်းအချို့ကို ရပ်နားထားတယ်လို့ ကျောင်းသားမိဘတွေထံက သိရပါတယ်။ လုံခြုံရေးအရ လက်ရှိမှာ Zoomနဲ့ဆက်သင်ဖို့အဆင်မပြေနိုင်တာကြောင့် ကျန်ရှိနေတဲ့သင်ခန်းစာတွေအတွက် စာသင်ကြားပေးမယ့်ပုံစံပြောင်းလဲသွားမယ်ဆိုတာ စာပို့အကြောင်းကြားလာတယ်လို့ ကျောင်းသားမိဘ တွေကပြောပါတယ်။ “စာအရတော့ အခုသင်နေတာကို အခြေနေအရရပ်ထားတော့မယ်ထင်တယ်။အခုကလေးတက်နေတဲ့အတန်းက ဒေတာတွေကိုတော့ အရင်ထဲကဖျက်ထားပြီးသားမို့ စိတ်ပူစရာမလိုဘူးလို့တော့ပြောတယ်။ ဒါပေမယ့်လည်း လုံခြုံရေးကိုတော့ ဂရုစိုက်ဖို့ ဖုန်းထဲမှာရှိတဲ့အချက်အလက်တွေဖျက်ထားဖို့စာပို့အကြောင်းကြားတယ်လို့” ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။ အခုလိုအချက်အလက်တွေပေါက်ကြားလာတာကြောင့် စိုးရိမ်စိတ်နဲ့စိတ်ပူနေရသလို ကလေးပညာရေး အတွက်လည်း ဘာဆက်လုပ်ရမယ့်အခြေနေမှန်းမသိအောင်ဖြစ်မိတယ်လို့ မူလတန်းကျောင်းသားတစ်ဦးရဲ့ မိဘကပြောပါတယ်။ “စကစကျောင်းမှာမထားချင်လို့ ကိုယ်တိုင်ကလည်း အရမ်းတတ်နိုင်တဲ့ထဲမှာမပါတော့ CDMဆရာ၊ဆရာမတွေသင်တဲ့ အွန်လိုင်းကျောင်းကိုပဲ ရွေးချယ်ခဲ့တာ။အခုလိုတွေဖြစ်ပြီး ဆက်သင်ဖို့အဆင်မပြေတော့ရင် လာမယ့်နှစ် ကြကလေးစာသင်ဖို့ ဘယ်လိုလုပ်ရမလဲမသိအောင်ပဲ စကစကျောင်းသွားပြန်ထားရင်လည်း ၅တန်းတက်ရမယ့် ကလေးက တစ်တန်း၊နှစ်တန်းကနေပြန်တက်ရမှာဆိုတော့ ကလေးအတွက်လည်းအဆင်မပြေဘူးလို့” ၎င်းကပြောပါတယ်။ မနေ့ညပိုင်းကစတင်ကာ စစ်ကောင်စီလက်အောက်ခံ […]
မတူပီ – ၂၀၂၃ ဖေဖော်ဝါရီ ၂၂ (မော်ကွန်း) ချင်းပြည်နယ်၊ မတူပီမြို့မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ တင်ဒါလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်မပေးထားတဲ့အပြင် ကြာမြင့်လာတဲ့အခါ လမ်းတွေပျက်စီးလာတာကြောင့် ပြုပြင်ဖို့ လုပ်ဆောင်နေပြီး လိုအပ်ချက်အရ ဒေသထဲက စက်ယန္တရားတွေကို ယူပြီးအသုံးပြုသွားမယ်လို့ CDF – Matupi ရဲ့ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “တချို့ကလည်း CDF တွေကို ထောက်ပံ့တယ်ဆိုပြီး မင်းအောင်လှိုင်ဘက်က ပြဿနာရှာခံရမှာစိုးလို့ မပေးချင်တဲ့သူတွေလည်းရှိတယ်၊ တချို့ကလည်း ဒီတိုင်းမပေးချင်တဲ့သူတွေလည်းရှိပါတယ်၊ ဒါကြောင့် ကျွန်တော်တို့က ပေးပေးမပေးပေး လမ်းပြင်ဖို့ ယူသုံးမယ်ဆိုတာ အမိန့်ထုတ်ပြန်တာပါ”လို့ တာဝန်ရှိသူကပြောပါတယ်။ လမ်းပြင်တဲ့အခါ ဒေသခံတွေရဲ့ လူအားနဲ့အဓိကလုပ်ဆောင်ရတာဖြစ်လို့ ခရီးမတွင်ဘဲ ကြာမြင့်နေတာကြောင့် စက်ယန္တရားတွေကို အသုံးပြုဖို့ ပိုင်ရှင်တွေကို လအနည်းငယ်ကတည်းက ကြိုတင်တောင်းဆိုထားခဲ့သေးတယ်လို့ သူကပြောပါတယ်။ ဒီစက်ယန္တရားတွေဟာ အရပ်သားအစိုးရလက်ထက်က ချင်းပြည်နယ်၊ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."