ရေစကြို – ၂၀၂၃ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ နေရင်းရွာမကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက် ၁၀:၀၀ ဝန်းကျင်က မီးရှို့တာကြောင့် နေအိမ် အလုံး ၃၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မင်းရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်သား တွေနဲ့ပျူစောထီးတွေ ပေါက်တောရွာကို သွားပြီးအပြန်နေရင်း ရွာမကိုဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
” ပေါက်တောကနေမင်းရွာကိုသူတို့ပြန်တဲ့အချိန်ကြားက နေရင်းရွာမကို မီးရှို့သွားတာ၊ပြည်သူတွေကတော့ရှောင်နေရတာကြာပြီ၊ရွာထဲ ပြန်နေကြသူတွေကတော့ ပြန်ပြေးကြရတာပေါ့’လို့ ဒေသခံတစ်ဦးကပြောပါတယ်။
နေရင်းရွာမထဲမှာ နေအိမ် ၂၀၀ ဝန်းကျင်ရှိပြီး အာဏာသိမ်းစစ်တပ်က မီးရှို့တာကြောင့် နေရင်းရွာမအတွင်းကနေအိမ် ၃၀ ဝန်းကျင်မီးလောင်ပျက်စီးခဲ့ရပါတယ်။
နေရင်းရွာမဒေသခံတွေဟာ၂၀၂၂ ခုနှစ် ဇူလိုင်ကတည်းက တိမ်းရှောင်နေရတာဖြစ်ပြီး ရွာထဲ ပြန်ဝင်နေထိုင်သူအနည်းငယ်သာရှိတယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ မီးရှို့လို့ ပြည်သူ့နေအိမ်ပေါင်း ၅,၅၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ရကာ မကွေးတိုင်းမှာ နေအိမ် ၉,၀၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ Data For Myanmar က ၂၀၂၃ ဖေဖော်ဝါရီလဆန်းမှာထုတ်ပြန်ထားပါတယ်။
ပုံစာ – မီးရှို့ခံထားရတဲ့ နေရင်းရွာမ
ဓါတ်ပုံ – ရေလယ်ကျွန်းသတင်း၂
#Dailynews

