ယင်းမာပင် – ၂၀၂၃ မေ ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဟာ တောင်ကုန်းပေါ်ကနေ ဒရုန်းနဲ့ဗုံးသီးတွေချပြီး ကျေးရွာတွေကို တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီကနေ့ နံနက်ပိုင်းမှာ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းတံတားအနောက်ဘက်၊ ရွှေတောင်ဦးကုန်းပေါ်ကနေ မြောက်ဘက်က စည်သူရွာသစ်ကွင်းနဲ့ အနီးအနားတဝိုက်ကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာလို့ ဒေသခံကပြောပါတယ်။
လတ်တလောမှာ ထိခိုက်ဒဏ်ရာမရရှိသေးပေမယ့် စိုးရိမ်ပူပန်မှုတွေတော့ရှိနေတယ်လို့ ဒေသခံကပြောပါတယ်။
အဲဒီကုန်းပေါ်မှာ အာဏာသိမ်းစစ်တပ်ဟာ ဒီနှစ် မတ်လကတည်းက အထိုင်ချတပ်စွဲနေပြီး ၁၂၀ မမ လက်နက်ကြီးကိုပါ ထိုင်ထားတယ်လို့ ဒေသခံကပြောပါတယ်။
#Dailynews

