သတင်းများ

စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ ဆားလင်းကြီးဒေသမြင်ကွင်းများ

June 22, 2023

ဆားလင်းကြီး – ၂၀၂၃ ဇွန် ၂၂ (မော်ကွန်း) ဒီကနေ့ နံနက် အစောပိုင်းမှာ စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်ကားတစ်စီးဟာ ချင်းတွင်းတံကနေတဆင့် ပုသိမ်-မုံရွာလမ်းအတိုင်းဝင်ရောက်လာပြီး ဆားလင်းကြီးက မြန်မာဝမ်ပေါင်တရုတ်ကြေးနီစီမံကိန်းအတွက် လုံခြုံရေးယူဖို့ စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ယင်းမာပင်ခရိုင်ရဲတပ်ရင်းက ရဲတွေနဲ့ပါပူးပေါင်းပြီး မြောက်ယမာတံတားဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီစစ်ကြောင်းတွေဟာ ‌တရုတ်ကြေးနီစီမံကိန်းထဲက ကြေးတွေ သယ်ယူဖို့နဲ့ ရိက္ခာတွေသယ်ပို့ဖို့အတွက် လုံခြုံရေးယူပေးရင်း ခုလိုပစ်ခတ်တာဖြစ်ကြောင်းနဲ့ မကြာခဏဒီလို ပြုလုပ်လေ့ရှိကြောင်းလည်း ဒေသခံတွေကပြောပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးမှုတွေကြောင့် ကံကုန်း၊ ဒုန်းတော၊ ဂုဏ်တော၊ ရွာသာ၊ ဘိန်းနွယ်ချောင်၊ ကျေးစာကျနဲ့ ပေကုန်းရွာတွေက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ပုံစာ – ယနေ့ထွက်ပြေးနေရတဲ့ ‌ဆားလင်းကြီးဒေသခံများ ဓါတ်ပုံ – Mawkun […]

အပြည့်အစုံဖတ်ရန်

ဆန်စပါးထုတ်လုပ်မှုကျဆင်းမှုကြောင့် ဆန်ဈေးနှုန်းမြင့်တက်နေ

June 22, 2023

ရန်ကုန် – ၂၀၂၃ ဇွန် ၂၂ (မော်ကွန်း) ပြီးခဲ့တဲ့နှစ်အတွင်းက ဆန်စပါးထုတ်လုပ်မှုကျဆင်းခဲ့တာကြောင့် ပြည်တွင်းဆန်ဈေးနှုန်းဟာ စံချိန်တင်မြင့်တက်နေတယ်လို့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ဖြစ်တဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ FAO က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ Food Price Monitoring and Analysis အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အခုလိုထည့်သွင်းထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ဆန်စပါးထုတ်လုပ်မှုဟာ ၂၀၂၂ အတွင်း ကျဆင်းခဲ့တာကြောင့် ပြည်တွင်းဆန်ဈေးကွက်အပေါ် ရိုက်ခတ်မှုများစွာဖြစ်လာခဲ့ပြီး ပြည်တွင်းမှာရောင်းချတဲ့ဆန်ဈေးနှုန်းတွေဟာ အဆမတန်မြင့်တက်လျက်ရှိတယ်လို့ အစီရင်ခံစာကဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာစားသုံးနေတဲ့ ဧည့်မထဆန်ရဲ့ ဈေးနှုန်းဟာ ၂၀၂၂ မေလကဈေးနှုန်းနဲ့ ယခုနှစ်ဈေးနှုန်းဟာ ၁၂၀ ရာခိုင်နှုန်းထိ ဈေးမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုခါဆိုက်ကလုန်းမုန်တိုင်းနဲ့ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ […]

အပြည့်အစုံဖတ်ရန်

စစ်ကြောရေးမှာသတ်ဖြတ်ခံရသူ ၉၁ ဦးရှိ

June 22, 2023

ရန်ကုန်-၂၀၂၃ ဇွန် ၂၂ (မော်ကွန်း) စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ အခုနှစ် ဇွန် ၂၁ ရက်အထိ နှစ်နှစ်ကျော်ကာလအတွင်း စစ်ကြောရေးမှာ သတ်ဖြတ်ခံရသူပေါင်း ၉၁ ဦးအထိရှိလာပြီး အမျိုးသမီးသုံးဦးပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့ကထုတ်ပြန်ပါတယ်။ စစ်ကြောရေးမှာ သတ်ဖြတ်ခံရသူတွေဟာ ၂၀၂၁ ဖေဖော်ဝါရီကနေ ဒီဇင်ဘာအထိ ၁၁ လအတွင်း ၄၅ ဦး၊ ၂၀၂၂ မှာ ၃၂ ဦးနဲ့ အခုနှစ် ဇန်နဝါရီကနေ ဇွန်၂၁ ရက်အတွင်း ၁၄ ဦးသတ်ဖြတ်ခံရပါတယ်။ စစ်ကြောရေးမှာသတ်ဖြတ်ခံရမှုအများဆုံးဟာ မန္တလေးတိုင်းကဖြစ်ပြီး အယောက်၂၀ အထိ သတ်ဖြတ်ခံထားရတယ်လို့ AAPP ကထုတ်ပြန်ပါတယ်။ တွံတေးမြို့ပေါ်မှာ ၂၀၂၂ အတွင်းက စစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးခံရကာ စစ်ကြောရေးမှာနှိပ်စက်ခံခဲ့ရပြီး ပြန်လွတ်လာသူတစ်ဦးက သူ့ရဲ့စစ်ကြောရေးအတွေ့အကြုံကို အခုလိုပြန်ပြောပြပါတယ်။ […]

အပြည့်အစုံဖတ်ရန်

နိုင်ငံပိုင်ဘဏ်နှစ်ခု အရေးယူပိတ်ဆို့ခံရပြီးနောက် ဒေါ်လာဈေးမြင့်တက်

June 22, 2023

ရန်ကုန် – ၂၀၂၃ ဇွန် ၂၂ (မော်ကွန်း) ပြည်တွင်းမှာ နိုင်ငံခြားငွေလွှဲ၊ ပို့မှုတွေပြုလုပ်နေတဲ့ နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့တဲ့စာရင်းထဲ ထည့်သွင်းလိုက်ပြီးနောက်မှာ ဒေါ်လာဈေးတွေဟာ မြင့်တက်သွားတယ်လို့ ငွေကြေးဈေးကွက်အတွင်းက သိရပါတယ်။ ဗဟိုဘဏ်လက်အောက်က နိုင်ငံပိုင်ဘဏ်နှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ( MFTB ) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ( MICB ) တို့ကို အမေရိကန်အစိုးရက မနေ့က ဇွန် ၂၁ ရက်မှာ အရေးယူပိတ်ဆို့တဲ့ စာရင်းထဲ တရားဝင်ထည့်သွင်းလိုက်ပါတယ်။ အဆိုပါဘဏ်တွေကို အရေးယူပိတ်ဆို့လိုက်တဲ့နေ့မှာပဲ တစ်ဒေါ်လာကို ၂,၉၀၀ ကျပ် ကျော်ဝန်းကျင်ရှိနေရာက ၃,၀၀၀ ကျပ် ကျော်ထိ မြင့်တက်သွားခဲ့တာလို့ ဈေးကွက်အတွင်းက သိရပါတယ်။ “မနေ့ကစပြီးတက်သွားတာ၊ ဒီနေ့ကတော့ ညနေပိုင်းအထိကို ဈေးမဖွင့်သေးဘူး၊ မနေ့က […]

အပြည့်အစုံဖတ်ရန်

“နွေဦးမှသည် ဖက်ဒရယ်ဆီသို့” ယင်းမာပင်မြောက်ခြမ်းက စစ်အာဏာရှင်ကိုတော်လှန်တဲ့ နံနက်ခင်းသပိတ်

June 21, 2023

ယင်းမာပင် – ၂၀၂၃ ဇွန် ၂၁ (မော်ကွန်း) စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း နေ့စဉ်မပြတ်ဆန္ဒထုတ်ဖော်နေတဲ့ အညာဒေသ သပိတ်တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုဟာ ဒီကနေ့ နံနက်အစောပိုင်းမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ နယ်မြေဒေသမတည်ငြိမ်ပေမယ့်လည်း သပိတ်ကိုနေ့စဉ်ထွက်နေဆဲပဲလို့ သပိတ်အင်အားစုကဆိုပါတယ်။ ဓာတ်ပုံ – ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစု #Dailynews

အပြည့်အစုံဖတ်ရန်

နိုင်ငံပိုင်ဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့မယ့်သတင်းကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေစိုးရိမ်မှုရှိလာ

June 21, 2023

ရန်ကုန် – ၂၀၂၃ ဇွန် ၂၁ (မော်ကွန်း) ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မယ်ဆိုတဲ့ သတင်းကြောင့် ပြည်တွင်းက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေ စိုးရိမ်မှုတွေရှိလာတယ်လို့ အဆိုပါလုပ်ငန်းရှင်တွေကပြောပါတယ်။ အမေရိကန်အစိုးရက စစ်ကောင်စီအပေါ် ထပ်မံ ဖိအားပေးမှုပြုလုပ်တဲ့အနေနဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) တို့ကို ပိတ်ဆို့အရေးယူမှာဖြစ်တယ်လို့ သံတမန် သတင်းအရင်းအမြစ်တွေကိုကိုးကားပြီး Thai PBS World သတင်းဌာနက မနေ့ကသတင်းဖော်ပြခဲ့ပါတယ်။ အဆိုပါနိုင်ငံပိုင်ဘဏ်နှစ်ခုမှာ နိုင်ငံခြားငွေနဲ့ ကုန်သွယ်မှုလုပ်နေတဲ့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းအများစု ဘဏ်စာရင်းဖွင့်ကာလုပ်ဆောင်နေရတဲ့အတွက် ပြည်တွင်းကစီးပွားရေးလုပ်ငန်းရှင်တွေ စိုးရိမ်မှုတွေရှိတယ်လို့ ရေထွက်ပို့ကုန် ပြည်ပတင်ပို့နေသူတစ်ဦးက ပြောပါတယ်။ “လက်ရှိပြည်တွင်းမှာ ဒေါ်လာကရှားပါးဖြစ်နေတယ်၊ အကန့်အသတ်ရှိနေတော့ တကယ်လို့ ဒီဘဏ်တွေကို နိုင်ငံတကာကပိတ်ဆို့ခဲ့ရင်တော့ ကုန်သွယ်ရေးတော့ ထိခိုက်မှာသေချာတယ်၊ ငွေပေးချေရာမှာ ပြဿနာတွေတက်လာနိုင်တယ်၊ အခုက ပြည်တွင်းနဲ့ပြည်ပငွေပေးချေမှုတွေ […]

အပြည့်အစုံဖတ်ရန်

မိုခါအလွန်တစ်လကျော်အကြာထိ ပေါက်တောမှာ အကူညီတွေမရောက်သေး

June 21, 2023

ပေါက်တော- ၂၀၂၃၊ ဇွန် ၂၁ (မော်ကွန်း) မိုခါမုန်တိုင်းအလွန်တစ်လကျော်အကြာ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ပိုက်ဆိပ်ကျေးရွာမှာ စားဝတ်နေရေးအကူအညီအထောက်အပံ့တွေအရေးပေါ်လိုအပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ “ကျွန်တော်တို့ရွာက ဘင်္ဂလားပင်လယ်အော်နဲ့ ပေ ၅၀ ပဲဝေးတယ်။ ရေလမ်းနဲ့ပဲသွားရတာ။ အဲဒီတော့အကူအညီတွေကလည်းမရောက်နိုင်ဘူး၊ ငါးတွေလည်းအရင်ကလောက်မရတော့ဘူး။ စားဝတ်နေရေးကလည်းဖြစ်သလိုစားနေရတာ” လို့ ကြိမ်ခွေမော်ပိုက်ဆိပ်ရွာအုပ်ချုပ်ရေးမှူးက ဒီနေ့လယ်မှာပြောပါတယ်။ ကြိမ်ခွေမော်ပိုက်ဆိပ်ရွာမှာ အိမ်ခြေ ၈၀ ကျော်သာရှိပြီး လူဦးရေ ၃၈၀ ကျော်နေထိုင်ကြတဲ့ တံငါရွာလေးပါ။ မိုခါမုန်တိုင်းကြောင်း ကြိမ်ခွေမော်ပိုက်ဆိပ်တိုက်ရွာမှာအိမ်ခြေအားလုံးနီးပါးထိခိုက်ပျက်စီးသွားတယ်လို့သူကပြောပါတယ်။ မိုခါမုန်တိုင်းဖြစ်ပြီးတော့အဲ့ဒီရွာကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က တစ်အိမ်ကျပ်တစ်သောင်းခွဲနဲ့ စစ်ကောင်စီက တစ်အိမ်ကို ဆန်တစ်ပြည်ပေးဝေခဲ့တာတွေရှိခဲ့ပေမယ့် စားဝတ်နေရေးအကူအညီလိုအပ်ချက်တွေကတော့မြင့်မားနေဆဲပဲလို့ အဲဒီရွာရဲ့အုပ်ချုပ်ရေးမှူးကပြောပါတယ်။ အဲဒီရွာမှာ ငါးဖမ်းလုပ်ငန်းကိုပဲအဓိကလုပ်ကိုင်ကြတာပါ။ ရွာအနီးအနားမြစ်ချောင်းတွေကငါးတွေဖမ်းပြီးပြန်ရောင်းကာ စားဝတ်နေရေးအတွက်ဖြေရှင်းကြတာပါ။ အခုဆိုမုန်တိုင်းမဖြစ်ခင်ကလောက် ငါးတွေသိပ်မရတော့လို့စားဝတ်နေရေးအခက်တွေ့နေတယ်လို့ဆိုပါတယ်။ သောက်ရေကန်နဲ့သုံးရေကန် နှစ်ကန်စလုံးလည်း ဆားငံရေတွေအခုချိန်ထိမစုတ်ထုတ်နိုင်သေးတာကြောင့် ရွာမြောက်ပိုင်းက ကုန်းလမ်းနဲ့ဆို တစ်နာရီခရီးဝေးတဲ့ ကြိမ်ခွေမော်ရွာကနေသောက်သုံးရေသွားခတ်ရတယ်လို့ဒေသခံတွေကပြောပါတယ်။ “ဥူးဇင်းတို့ဆီမှာ […]

အပြည့်အစုံဖတ်ရန်

တပ်တွင်းပေါက်ကွဲမှုဖြစ်ပြီးနောက် မုံရွာ၊ ကျောက်စစ်ပုံအမြောက်တပ်စခန်းအနီး နေအိမ်တွေကို ပြောင်းရွှေ့ခိုင်း

June 21, 2023

မုံရွာ – ၂၀၂၃ ဇွန် ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်ကျောက်စစ်ပုံအမြောက်တပ်စခန်းအနီး ရပ်ကွက်ထဲကနေအိမ်တွေကို အာဏာသိမ်းစစ်တပ်က ပြောင်းရွှေ့နေထိုင်ခိုင်းတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကျောက်စစ်ပုံအမြောက်တပ်စခန်းထဲမှာ ဇွန်လ ၁၈ရက်က ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီးနောက် အနီးအနားနေအိမ် ၂၀ ဝန်းကျင်ကို ရွေ့ခိုင်းခဲ့တာလို့ ရပ်ကွက်နေဒေသခံတစ်ဦးကပြောပါတယ်။ ” အဆောက်အဦးအချို့လည်းပျက်စီးတာရှိတယ်၊ သူတို့တပ်ထဲပွက်လောရိုက်နေတာပဲ၊ နောက်ရက်ကျ ရွှေ့ခိုင်းတာ၊ ဘယ်ရက်ထိရွှေ့နေရမယ်ဆိုတာတော့မသိဘူး”လို့ရပ်ကွက်နေအမျိုးသားဒေသခံတစ်ဦးကပြောပါတယ်။ အမြောက်တပ်စခန်းပတ်ဝန်းကျင်က နေအိမ် ၂၀ ဝန်းကျင်ကို စစ်တပ်က ရွှေ့လို့သာပြောတာကြောင့် ဘယ်နေ့မှာ အိမ်ပြန်လာရမလဲဆိုတာ မသိဘူးလို့ ဒေသခံတွေကပြောပါတယ်။ တခြားပြောင်းစရာနေရာလည်းမရှိတာကြောင့် နီးစပ်ရာဆွေမျိုးနေအိမ်တွေကိုပြောင်းရွှေ့နေရပြီး ဒီနေ့မှာတော့ နေအိမ်အားလုံးရွေ့သွားကြပြီလို့ ဒေသခံတွေကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်တွေထားတဲ့အဆောင်နဲ့အရာရှိဆောင်တွေမှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် လူနာတင်ကားတွေအဝင်အထွက်ရှိခဲ့သလို သတင်းထွက်မှာစိုးရိမ်တာကြောင့် ခုလိုရွှေ့ခိုင်းတာဖြစ်နိုင်ကြောင်း ဒေသခံတွေကပြောပါတယ်။ မုံရွာမြို့ ကျောက်စစ်ပုံအမြောက်တပ်စခန်းကို ဇွန် ၁၈ရက်နေ့ ညနေက ဒရုန်းငါးစင်းနဲ့ ဗုံး […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီလက်ထက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်လျှောက်ထားသူ ငါးသောင်းကျော်ရှိလာ

June 20, 2023

ရန်ကုန် – ၂၀၂၃ ဇွန် ၂၀ (မော်ကွန်း) ကုန်ပစ္စည်းအမှတ်တံဆိပ် မူပိုင်ခွင့်တွေအတွက် လျှောက်ထားတဲ့လုပ်ငန်းပေါင်း ငါးသောင်းကျော်ထိရှိလာပြီလို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မူပိုင်ခွင့်ဦးစီးဌာနဆီက သိရပါတယ်။ စစ်ကောင်စီလက်ထက်မှာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို လာမယ့်အောက်တိုဘာလမှာ စတင်အသက်ဝင်လာအောင် လုပ်ဆောင်နေပြီး ကုန်အမှတ်တံဆိပ်တွေကို ပြီးခဲ့တဲ့ဧပြီလကစပြီး မှတ်ပုံတင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ “ကုန်အမှတ်တံဆိပ်မှတ်ပုံတင်တာကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ တရားဝင်လက်ခံခဲ့တယ်။ ဧပြီ၊ ဇွန် နှစ်လအတွင်းပေါ့။ ရန်ကုန်၊ နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးဆို လျှောက်ထားသူအရေအတွက်ငါးသောင်းကျော်သွားပြီ” လို့ မူပိုင်ခွင့်ဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို ဦးရာလူစနစ်နဲ့ မှတ်ပုံတင်ခွင့်ပြုနေတာကြောင့် မှတ်ပုံတင်ပြုလုပ်သူတွေ များပြားနေတာဖြစ်တယ်လို့ ကုန်ပစ္စည်းအမှတ်တံဆိပ် မှတ်ပုံတင်ပြုလုပ်ခဲ့တဲ့ စားသောက်ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ “အခုက ဦးရာလူအရင်တင်ခွင့်ပြုတဲ့စနစ်နဲ့ဆိုတော့ ကိုယ်မတင်ရင် ကိုယ့်အမှတ်တံဆိပ်ကို သူများယူတင်သွားမှာဆိုတော့ အပြိုင်အဆိုင်မှတ်ပုံတင်နေကြတာပေါ့၊ အခုက […]

အပြည့်အစုံဖတ်ရန်

ပန်းပန်လို့အဖမ်းခံရသူတွေထဲက သုံးဦးပြန်လွတ်လာ

June 20, 2023

ရန်ကုန် – ၂၀၂၃ ဇွန် ၂၀ (မော်ကွန်း) မနေ့က ကမာရွတ်မြို့နယ်မှာ ပန်းပန်၊ ပန်းဝယ်သူ ၁၅ ဦးကို စစ်ကောင်စီကဖမ်းဆီးထားပြီး အဲဒီ့ထဲကသုံးဦး မနေ့ညကပြန်လွတ်လာပြီလို့ Kamayut Information မှတာဝန်ခံကပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ မနေ့က နေ့လယ် ၁၁ နာရီခွဲဝန်းကျင်လောက်က ဆင်မလိုက်ဈေးထဲကိုရောက်လာပြီး ဈေးသည်သုံးဦးအပါအဝင် ပန်းပန်ထားသူငါးဦးကို ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ “ဖမ်းဆီးခံရသူတွေထဲက ဆင်မလိုက်ဈေးကဈေးသည်သုံးဦးကိုတော့မနေ့ညကပြန်လွတ်ပေးလိုက်ပြီဆိုတာကတော့ထပ်မံအတည်ပြုပါတယ်။ ဒီအခြေအနေတစ်ခုကိုပဲအတည်ပြုထားနိုင်ပါသေးတယ်။” လို့ Kamayut Information အဖွဲ့ကတာဝန်ရှိသူကပြောပါတယ်။ ကျန်တဲ့ဖမ်းဆီးခံရသူတွေရဲ့အခြေအနေကိုတော့လတ်တလောမသိရသေးဘူးလို့ဆိုပါတယ်။ မနေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့မှာ ပန်းသပိတ်ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေကလှုံ့ဆော်ခဲ့ပြီးနောက် စစ်ကောင်စီက ပန်းပန်၊ ပန်းဝယ်သူတွေကို ဖမ်းဆီးတာတွေလုပ်လာခဲ့တာပါ။ ကမာရွတ်မြို့နယ်ထဲက ဖမ်းဆီးခံရသူတွေထဲမှာ အမှတ် (၃) ရပ်ကွက်၊ လှည်းတန်း ၆ လမ်းထိပ် King လက်ဖက်ရည်ဆိုင်က […]

အပြည့်အစုံဖတ်ရန်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်မှာ နှင်းဆီပန်းတွေပိုရောင်းရ

June 19, 2023

ရန်ကုန် – ၂၀၂၃ ဇွန် ၁၉ (မော်ကွန်း) မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ကျရောက်တဲ့ ၇၈ နှစ်မြောက်မွေးနေ့မှာ နိုင်ငံတစ်ဝန်း ပန်းသပိတ်ဆင်နွှဲဖို့ တော်လှန်ရေးအင်အားစုတွေက လူထုကိုလှုံ့ဆော်ခဲ့ပြီးနောက် ရန်ကုန်မြို့ကဈေးတချို့မှာ နှင်းဆီပန်းတွေ ရောင်းမလောက်အောင်ပြတ်လတ်တဲ့အထိ ရောင်းချရတယ်လို့ ဈေးသည်တွေကပြောပါတယ်။ ” ပန်းတွေကကုန်နေပြီ။ ညကတည်းက အော်ဒါတွေ ထပ်မှာနေရတာ။ နှင်းဆီပန်းတွေက ပိုရောင်းရတယ်။ တစ်ပွင့်ကစ အများကြီးအထိ ဝယ်ကြတယ်” လို့ ဗဟန်းမြို့နယ်ထဲကပန်းသည်တစ်ဦးက ပြောပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးထဲက ပန်းသည်တချို့ကလည်း ဒီနေ့မှာ တခြားပန်းတွေထက် နှင်းဆီပန်းအနီနဲ့အဖြူရောင်တွေ ပိုရောင်းရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပန်းဈေးတွေလည်း အနည်းငယ်မြင့်တက်လာတယ်လို့ ဒီနေ့ပန်းသပိတ်မှာ ပါဝင်သူတွေကလည်း ဆိုပါတယ်။ “နှင်းဆီအနီတွေပိုဈေးတက်တာ။ သူတို့(ဈေးသည်)လည်း ဒီနေ့ နှင်းဆီပန်းမှာရတာခက်တယ်ပြောတယ်။ ဒါပေမယ့် အမေ့မွေးနေ့မို့ ဒီနေ့ဝယ်ရခက်တော့ ဈေးတက်တာနားလည်တယ်။ ဒါပေမဲ့ဝယ်ခဲ့လိုက်တယ်” […]

အပြည့်အစုံဖတ်ရန်

မုံရွာမှာလည်း ဒေါ်စုမွေးနေ့ ပန်းသပိတ်လှုပ်ရှားမှုပြုလုပ်

June 19, 2023

မုံရွာ – ၂၀၂၃ ဇွန် ၁၉ (မော်ကွန်း) စစ်ကောင်စီကလုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ဒီနေ့ကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က စစ်ကောင်စီတပ်၊ တပ်ရင်း (၁၆)အနီးနဲ့ ကန်သာယာမှာ သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ Monywa People’s Force – MPF Support Team က မော်ကွန်းကို ပြောပါတယ်။ ” လုံခြုံရေးတင်းကြပ်ပြီး အိမ်စီးကားတွေနဲ့လည်း ပတ်နေတယ်ဗျ။ မုံရွာမှာ အများစုက ပန်းသပိတ်မှာ ပါဝင်ဆင်နွှဲပေးနေကြပါတယ်။ အမေအနေနဲ့ ကျန်းမာဘေးကင်းပြီး အားတင်းထားပါအုံးလို့။ ကျနော်တို့တွေ အမေဖြစ်ချင်တဲ့ဒီမိုရေကစီကို ရအောင်ဖော်ဆောင်ပေးသွားပါမယ်လို့ အမှတ်တရပြောချင်ပါတယ်” လို့ Monywa People’s Force – MPF Support Team က ပြောပါတယ်။ မြို့ထဲမှာ […]

အပြည့်အစုံဖတ်ရန်
1 … 119 120 121 122 123 124 125 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."