ရန်ကုန်-၂၀၂၃၊ ဇွန် ၂၆ (မော်ကွန်း) မူးယစ်ဆေးဝါးတွေကို အရှိန်အဟုန်မြှင့်ဖမ်းဆီးအရေးယူသွားမယ်လို့ ဒီနေ့ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့မှာ စစ်ကောင်စီကပြောနေပေမယ့်မူးယစ်ဆေးဝါးမှုနဲ့ဖမ်းဆီးခံရတယ်ဆိုတာမရှိသလောက်ရှားလာတယ်လို့ ရန်ကုန်ကမူးယစ်ဆေးဝါးရောင်းဝယ်သူတွေကပြောပါတယ်။ “အခုရန်ကုန်မှာမူးယစ်ဆေးဝါးမှုနဲ့ဖမ်းခံရတယ်ဆိုတာခင်ဗျားကြားမိလား၊ အကောင်ကြီးကြီးတွေက ဒီကောင်တွေ(ရဲတပ်ဖွဲ့)နဲ့ပေါင်းပြီးလုပ်တာ။ ရန်ကုန်မှာဖမ်းခံရတယ်ဆိုတာ ကအသေးစားရောင်းတဲ့ကောင်တွေပဲ။ အကောင်ကြီးတွေဖမ်းခံရတယ်ဆိုတာရှိကိုမရှိတာ” လို့ မူးယစ်ဆေးဝါးကိုယ်စားလှယ်ဖြန့်ချိပေးသူတစ်ဦးက ပြောပါတယ်။ မကြာသေးမီက တာမွေမြို့နယ်မှာ မူးယစ်ဆေးမှုနဲ့သူ့ရဲ့အသိမိတ်ဆွေတွေဖမ်းခံရတာရှိပေမယ့် ရဲတပ်ဖွဲ့ကို ကျပ်ငွေသိန်းတစ်ရာကျော်ပေးပြီးတဲ့နောက် ပြန်လွတ်လာခဲ့တယ်လို့သူကပြောပါတယ်။ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ရဲ့ ဆောင်ပုဒ်ကိုတော့ “ခွဲခြားနှိမ့်ချကင်းစင်ဝေး၊ ကာကွယ်ရေးကို အလေးပေး၊ လူသားအားလုံးကျန်းမာရေး”လို့သတ်မှတ်ထားပါတယ်။ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးနေ့ကို အစိုးရအဆက်ဆက် နှစ်စဉ်ကျဉ်းပလာခဲ့သလို ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးကြတာတွေရှိပေမယ့် ရန်ကုန်မြို့မှာတော့ အရောင်းအဝယ်ကောင်းနေသလို ပစ္စည်းကလည်းလိုသလောက်ရနေတယ်လို့ ရန်ကုန်မြို့မူးယစ်ဆေးဝါးရောင်းသူ၊ ဝယ်သူ တစ်ချို့ထံမှသိရပါတယ်။ ရာဘဆေးပြားတစ်လုံးကို တစ်ထောင်ကျပ်၊ ဆေးခြောက်တစ်ဂရမ်ကို တစ်သောင်းကျပ်ဝန်းကျင်ဈေးပေါက်တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့မှာ ဆင်းရဲချမ်းသာမရွေး ဝယ်ယူအသုံးပြုနိုင်တဲ့ ရာဘဆေးပြားတွေ ဒေသအခေါ်အဝေါ် (အသီး) […]
မိုးကုတ် – ၂၀၂၃ ဇွန် ၂၆ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အုံဒန်ကျေးရွာကို အခုလ ၂၀ ရက်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ ဗုံးနှစ်လုံးဟာမပေါက်ကွဲဘဲ ကျန်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က အဆိုပါဗုံးသီးနှစ်လုံးကို ဖောက်ခွဲမပစ်ဘဲ ဒီတိုင်းထားတာကြောင့် အချိန်မရွေးပေါက်ကွဲနိုင်ပြီး ဗုံးစတွေ ထိမှန်မှာကို ဒေသခံတွေစိုးရိမ်နေပါတယ်။ အာဏာသိမ်းစစ်တပ်ကြဲချသွားတဲ့ ဗုံးတွေဟာ ပေါင် ၂၀၀ ဗုံးသီးတွေလို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေကဆိုကြပြီး အခုထိ လယ်ကွင်းထဲမှာရှိနေသေးတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “ဗုံးလည်း လယ်ကွင်းထဲမှာဒိီတိုင်းရှိနေတယ်၊ စစ်သားတွေလည်းရွာထဲအပြည့်ပဲ၊ ခုရွာထဲကိုဘယ်သူမှအဝင်မခံဘူး၊ရွာထဲမကျဘဲ လယ်ကွင်းထဲကျလို့ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး”လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ အုံဒန်ကျေးရွာအနီးက အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို အခုလ ၂၀ရက်မှာ မိုးကုတ်အခြေပြုတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရာ လေကြောင်းကနေ ခုလိုဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ အုံဒန်ကျေးရွာတိုက်ပွဲမှာစစ်သားတွေထိခိုက်သေဆုံးမှုများတာကြောင့် အနီးနားရွာက ပြည်သူတွေနဲ့ကားတွေကို အဓမ္မစေခိိုင်းပြီး မိုးကုတ်မြို့ထဲကို […]
ရန်ကုန် – ၂၀၂၃ ဇွန် ၂၅ (မော်ကွန်း) အိန္ဒိယအစိုးရပိုင် လက်နက်ကုမ္ပဏီ Bharat Electronics Limited က မြန်မာစစ်တပ်ကို ၂၀၂၂ နိုဝင်ဘာကနေ ၂၀၂၃ ဧပြီအထိ ခြောက်လအတွင်း အမေရိကန်ဒေါ်လာငါးသန်းကျော်တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေတင်ပို့ပြီး စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေကို ပံ့ပိုးကူညီခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar က မနေ့က ထုတ်ဖော်လိုက်ပါတယ်။ အဲဒီကုမ္ပဏီဟာ မြန်မာစစ်တပ်နဲ့စစ်တပ်ရဲ့လက်နက်ပွဲစားတွေကတစ်ဆင့် ခြောက်လအတွင်း စစ်သင်္ဘောတွေမှာအသုံးပြုမယ့် အသံလှိုင်းသတ္ထုအကာတွေ၊ ဂတ်စကတ်တွေ၊ လမ်းညွှန်ဂီယာစနစ်တွေ၊ ရေဒီယိုထုတ်လွှင့်တာနဲ့ ရေဒါတွေမှာ အသုံးပြုတဲ့ပစ္စည်းအမျိုးမျိုးနဲ့ စစ်မြေပြင်ဆက်သွယ်ရေးအတွက် ကျောပိုးရေဒီယိုတွေလည်း ပို့ဆောင်ခဲ့တယ်လို့ JFM က ဆိုပါတယ်။ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အိန္ဒိယအစိုးရနဲ့ အစိုးရပိုင်လက်နက်ကုမ္ပဏီတွေဟာ စစ်အုပ်စုကပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေကျူးလွန်နေတဲ့ မြန်မာနိုင်ငံမှာ ပုံမှန်အတိုင်း […]
ဆားလင်းကြီး – ၂၀၂၃ ဇွန် ၂၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာရဲစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် အာဏာသိမ်းစစ်တပ်ဟာ ညောင်ပင်ကြီးရွာအပါအဝင် အနီးအနားကရွာတွေကို နေ့စဉ်လိုလိုမီးရှို့နေပြီး ဒီကနေ့မှာလည်း ရွာနှစ်ရွာကိုမီးရှို့ခဲ့ပါတယ်။ “ညောင်ပင်ကြီးစခန်းသိမ်းပြီးတဲ့နောက် စခတွေက ညောင်ပင်ကြီးရော၊ ထိစပ်နေတဲ့အနားကရွာတွေရောရှို့နေတာ”လို့ဒေသခံကပြောပါတယ်။ ဒီနေ့နံနက် ၁၀:၀၀ နာရီလောက်က ညောင်ပင်ကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်ဟာ အောင်ချမ်းစီကျေးရွာနဲ့ထန်းတောလေးကျေးရွာတွေကို မီးရှို့ခဲ့တာဖြစ်ပါတယ်။ အိမ်ခြေဆုံးရှုံးမှုကိုတော့ အတည်မပြုနိုင်သေးဘဲ ဒေသခံတွေထွက်ပြေးနေရပါတယ်။ အောင်ချမ်းစီ၊ ထန်းတောလေးရွာတွေဟာ ညောင်ပင်ကြီးရွာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာပါ။ အခုလ ၉ ရက်က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာရဲစခန်းမှာ အထိုင်ချတပ်စွဲနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ရဲတွေကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ပုံစာ – ဒီနေ့ မီးရှို့ခံနေရတဲ့ […]
စစ်ကိုင်း – ၂၀၂၃ ဇွန် ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုက သိမ်တော်ရွာနဲ့ ရွှေအင်းလေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ပိုင်းက မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံအများအပြား ထွက်ပြေးနေရတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ အကြောင်းမဲ့ရှို့တာဗျ။ ဒီနေ့မနက် ရှစ်နာရီကျော် ကိုးနာရီလောက်မှာ မီးခိုးတွေစမြင်ရတယ်၊ အစက မီးခိုးလုံးကတစ်ခုတည်းမြင်တာ၊ နောက်ပိုင်းကျတော့ နှစ်နေရာခွဲရှို့တာတွေ့ရတယ်။ တိုက်ပွဲဖြစ်တာလည်း မကြားရဘူးဗျ။ ဘူဒိုဇာတွေနဲ့ထိုး မီးတွေရှို့လာတာတွေလုပ်လာတော့ အခုချိန်ထိ နေရပ်ပြန်ဖို့အဆင်မပြေဘူး။ တချို့ကျတော့လည်း ပြန်စရာနေရာကိုမရှိတော့ဘူးပေါ့ဗျာ” လို့ ၎င်းကပြောပါတယ်။ လက်ရှိအချိန်အထိတော့ စစ်ကောင်စီတပ်တွေရှိနေသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးဘူးလို့ဆိုပါတယ်။ အခုလ ၉ ရက်က ညောင်ပင်ကြီးရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဝင်စီးပြီးကတည်းက စစ်ကောင်စီတပ်တွေဟာ ညောင်ပင်ကြီးကျေးရွာအုပ်စုကရွာတွေကို မီးရှို့နေတာဖြစ်ပြီး အိမ်ခြေရာကျော်ပျက်စီးဆုံးရှုံးထားတယ်လို့ […]
ရန်ကုန် – ၂၀၂၃ ဇွန် ၂၄ (မော်ကွန်း) မြန်မာနဲ့ရုရှားတို့ ဦးဆောင်ကျင်းပဖို့ လုပ်နေတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုဟာ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ကူညီလေ့ကျင့်ပေးတာဖြစ်လို့ ချက်ချင်းဖျက်သိမ်းဖို့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ADMM ကို လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar က ဇွန် ၂၂ ရက်က တောင်းဆိုလိုက်ပါတယ်။ အာဆီယံဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီရမယ့်တာဝန်ပျက်ကွက်ရုံမကဘဲ စီစဉ်ထားတဲ့စစ်ရေးလေ့ကျင့်မှုလို စစ်တပ်ရဲ့ရာဇဝတ်မှုဆိုင်ရာအပြုအမူတွေကို တက်တက်ကြွကြွကူညီအားပေးနေတယ်လို့ JFM က ထုတ်ပြန်ပါတယ်။ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ ကမ္ဘာ့အသိုက်အဝန်းအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ဟာ မအောင်မြင် အလုပ်မဖြစ်ကြောင်း အထောက်အထားတွေ လိုအပ်နေသေးတယ်ဆိုရင် အာဆီယံရဲ့အကြမ်းဖက်မှုနှိမ်နင်းရေးမှာ ပြည်သူတွေကို နေ့စဉ်အကြမ်းဖက်နေတဲ့ မြန်မာစစ်အုပ်စုတပ်ဖွဲ့တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့လုပ်ရပ်ဟာ […]
ရန်ကုန် – ၂၀၂၃ ဇွန် ၂၃ (မော်ကွန်း) ဆန်စပါးသိုလှောင်တဲ့ဂိုဒေါင်တွေကို လာမယ့် သီတင်းပတ်အတွင်း ကွင်းဆင်းပြီးစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဆီက သိရပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနဲ့ မန္တလေးတိုင်းအတွင်းက စပါးတင်း ၅,၀၀၀ နဲ့ ဆန်တန်ချိန် ၅၀ အထက် သိုလှောင်ထားတဲ့ဆန်သိုလှောင်ရုံတွေကို လာမယ့် ဇွန် ၂၆ ရက်မှာ နောက်ဆုံးမှတ်ပုံတင်လျှောက်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မနေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလိုမှတ်ပုံတင်ကာလပြီးဆုံးပြီးနောက်မှာ ဆန်စပါးဂိုဒေါင်တွေကို စားသုံးသူရေးရာ ဦးစီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့က အစိုးရ-ပုဂ္ဂလိက ပူးပေါင်းစစ်ဆေးမှုတွေ လာမယ့်သီတင်းပတ်အတွင်း ပြုလုပ်သွားဖို့ရှိတယ်လို့ ဧရာဝတီတိုင်းကဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ “အခုက ပူးပေါင်းစစ်ဆေးမှာ အစိုးရနဲ့ဆန်စပါးအသင်းချုပ်နဲ့၊ မှတ်ပုံတင်လုပ်ထားတဲ့ ဂိုဒေါင်တွေမှာ ဆန်ဘယ်လောက်လှောင်ထားလဲဆိုတဲ့ ပမာဏတွေပေါ့၊ ရောင်းချတဲ့အရောင်းအဝယ်မှတ်တမ်းစာရင်းတွေ၊ ဈေးနှုန်းတွေကို စစ်ဆေးမလို့ ပြောတယ်၊ အဓိကတော့ […]
ရန်ကုန် – ၂၀၂၃ ဇွန် ၂၃ (မော်ကွန်း) ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေမှာ မေလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ၃၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၆ ဦးသေဆုံးကာ ၄၀ ဦးဒဏ်ရာရပြီး သုံးဦးစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတယ်လို့ KNU က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ K.N.D.O ၊ လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတွေဘက်က ငါးဦးဒဏ်ရာရခဲ့ပြီး တစ်ဦးကျဆံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ မေလအတွင်းစစ်ကောင်စီဘက်က ဒူးပလာယာခရိုင်အတွင်း ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှု ကိုးကြိမ်၊ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှု ၁၀၂ ကြိမ်ခန့် လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း ဒေသခံပြည်သူ ၁၇ ဦးဒဏ်ရာရပြီး ၁၃ […]
ရန်ကုန်- ၂၀၂၃ ဇွန် ၂၃ (မော်ကွန်း) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအုပ်ချုပ်တဲ့ကာလ လွန်ခဲ့တဲ့ငါးနှစ် ၂၀၁၇ က ခရီးသည်တွေကိုမချေမငံဆက်ဆံပြောဆိုတဲ့ စည်းကမ်းမဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီ (မထသ) ယာဉ်လိုင်းစနစ်မှ YBS စနစ်သို့စတင် ပြောင်းလဲခဲ့ပါတယ်။ ယာဉ်လိုင်းတွေပေါ်မှာ ယာဉ်နောက်လိုက်မပါတာတွေ၊ ယာဉ်စီးခကို ပုံးထဲထည့် (သို့) ကဒ်နဲ့ပေးချေတာတွေ၊ ခရီးသည်တွေရဲ့လုံခြုံရေးအတွက် cctv ကင်မရာတွေတပ်ဆင်ပေးတာတွေ နဲ့ သက်တောင့်သက်သာရှိမှုတွေကြောင့် အများပြည်သူတွေရဲ့ အပြုသဘောဆောင်တဲ့မှတ်ချက်တွေရှိခဲ့တာပါ။ သယ်ယူပို့ဆောင်ရေးကဏ္ဍဖြစ်တဲ့ YBS ယာဉ်လိုင်းစနစ်ဟာ အစိုးရတစ်ရပ်ရဲ့ စီမံခန့်ခွဲနိုင်စွမ်းကို ဆန်းစစ်တဲ့ပေတံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာ အသစ်ပြောင်းလဲခဲ့တဲ့ YBS ယာဉ်လိုင်းစနစ်ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာဘာတွေပြောင်းလဲသွားပြီလဲ၊ ရန်ကုန်မြို့နေပြည်သူတစ်ချို့က YBS စီးရတဲ့ သူတို့ရဲ့အတွေ့အကြုံကိုပြောပြထားပါတယ်။ “မလုံခြုံဘူး” […]
ရန်ကုန် – ၂၀၂၃ ဇွန် ၂၂ (မော်ကွန်း) ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံမှာ ဒီကနေ့ ၁၀:၀၀ နာရီကျော်လောက်က မီးစတင်လောင်ကျွမ်းနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ အခုချိန်ထိမီးငြိမ်းသတ်နေပြီး မီးဘယ်ကစတင်လောင်ကျွမ်းတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ လက်ရှိမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 2 အဆင့် ယာဉ်အုပ်စုနဲ့ငြိမ်းသတ်နေတယ်လို့ဆိုပါတယ်။ ထိန်ပင်အမှိုက်ပုံဟာ ၂၀၁၈ တုန်းကလည်း လောင်ကျွမ်းခဲ့ဖူးပြီး မီးသတ်တပ်ဖွဲ့တွေ ရက်နဲ့ချီငြိမ်းသတ်ခဲ့ရတာပါ။ Photo- Myanmar Fire Service Department #Dilynews
ရန်ကုန်-၂၀၂၃ ဇွန် ၂၂ (မော်ကွန်း) ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်တွေက ဒီမနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်တချို့ပျက်စီးသွားတယ်လို့ ကယောလူငယ်အစည်းအရုံးတာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “စစ်ကြောင်းထိုးတာမျိုးမရှိဘူး၊ ဒီတိုင်းလာချ(ဗုံးကြဲ)သွားတာ။ ဘယ်လိုရည်ရွယ်ချက်နဲ့ လာကြဲသွားလဲ အတိကျမသိဘူး။ ခန့်မှန်းခြေက မနက် ၁၂ နာရီခွဲမှာလာတယ်၊ တစ်နာရီခွဲလောက်မှာ ပြန်သွားတယ်။ သုံးကြိမ်ကြဲတယ်။ လူနေအိမ်သုံးလုံးတော့ ထိခိုက်သွားတယ်။ လူကတော့ မထိဘူး” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဗုံးကြဲခဲ့တဲ့ ဖရူဆိုအနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေမရှိသလို စစ်ကြောင်းထိုးတာတွေလည်းမရှိဘူးလို့ သူကပြောပါတယ်။ လက်ရှိအချိန်မှာ ဗုံးကြဲခံရတဲ့ကျေးရွာကဒေသခံ သုံးရာဝန်းကျင် နီးစပ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပက်သပ်ပြီး သတင်းတစ်စုံတစ်ရာထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။ ပုံစာ-ဒီနေ့မနက်အစောပိုင်းကစစ်ကောင်စီလေတပ်ရဲ့ဗုံးကြံခံရလို့ ပျက်စီးသွားတဲ့ နေအိမ်များ Photo-supplied #Dailynews
ရန်ကုန် – ၂၀၂၃ ဇွန် ၂၂ (မော်ကွန်း) ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံမီးငြိမ်းသွားပြီးလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှသိရပါတယ်။ “လောလောဆယ်တော့မီးငြိမ်းသွားပြီဆိုတဲ့ သတင်းပဲရောက်သေးတယ်။ ဘာကြောင့်မီးလောင်တယ်ဆိုတာတော့မသိရသေးပါဘူး။ အထိအခိုက်တော့မရှိပါဘူး” လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒီနေ့နံနက် ၁၀ နာရီကျော်လောက်က ထိန်ပင်အမှိုက်ပုံမှာ မီးလောင်ခဲ့ပြီး နေ့လယ် ၁၂:၀၀ မှာ မီးထိန်းနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ ထိန်ပင်အမှိုက်ပုံမီးလောင်မှုကို သွားရောက်ကူညီခဲ့တဲ့ ကြယ်စင်စုလူငယ်ပရဟိတအသင်းတာဝန်ခံကတော့ “ကျွန်တော်တို့သိထားရတာကတော့ ဓာတုပစ္စည်းတွေကနေမီးစလောင်တယ်လို့သိထားရတယ်၊ မီးတော့ငြိမ်းသွားပြီ၊ အထိအခိုက်တော့မရှိဘူး” လို့ပြောပါတယ်။ မီးလောင်တဲ့ထိန်ပင်အမှိုက်ပုံကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 2 အဆင့် ယာဉ်အုပ်စုနဲ့ တစ်နာရီအကြာငြှိမ်းသတ်ခဲ့ရတယ်လို့ဖော်ပြပါတယ်။ ထိန်ပင်အမှိုင်ပုံဟာ ၂၀၁၈ ကလည်း လောင်ကျွမ်းခဲ့ဖူးပြီး မီးသတ်တပ်ဖွဲ့တွေ ရက်နဲ့ချီငြိမ်းသတ်ခဲ့ရတာပါ။ Photo-Myanmar Fire Service Department #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."