စစ်တွေ – ၂၀၂၃ ဇွန် ၁၆ (မော်ကွန်း) မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်မှာ ကျောင်းတွေစဖွင့်တာ လဝက်ကျော်လာပေမယ့် အပျက်အစီးတွေကြားထဲ စာသင်နေကြရဆဲပဲလို့ ကျောင်းဆရာတွေနဲ့ အကူအညီပေးရေးလုပ်နေသူတွေကပြောပါတယ်။ စစ်ကောင်စီဟာ ကျောင်းဖွင့်ရာသီအစ ပြီးခဲ့တဲ့ ဇွန် ၁ ရက်မှာ ရခိုင်ပြည်နယ်ကကျောင်းတွေအားလုံး ပြန်ဖွင့်ရမယ်လို့အမိန့်ထုတ်ထားပေမယ့် မိုခါမုန်တိုင်းဒဏ်သင့်လို့ စာသင်ကျောင်းတွေအများအပြားပျက်စီးခဲ့ရပြီး ပြန်မပြင်နိုင်သေးတဲ့ကျောင်းတွေရှိနေပါသေးတယ်။ “သရွဲရွာကမူလတန်းကျောင်းကိုမနေ့ကကျွန်တော်ရောက်ခဲ့တယ်၊ အဲဒီ့ကျောင်းမှာ ခေါင်မိုးလန်သွားတာ။ အခုထိဒီတိုင်းပဲဘာမှတောင်မပြင်ရသေးဘူး။ တာပေါ်လင်တွေမိုးပြီးဖြစ်သလို သင်နေကြတယ်” လို့ ပေါက်တောမြို့နယ်မှာ အကူအညီပေးရေးဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။ မြောက်ဦးမြို့နယ်မှာဆိုရင်လည်း စာသင်ကျောင်းတွေပျက်စီးသွားလို့ အခုထိမပြင်နိုင်သေးတဲ့စာသင်ကျောင်းတွေ လည်းရှိတယ်လို့ မြောက်ဦးမြို့နယ်၊ အုက္ကံကျေးရွာက ကျောင်းဆရာတစ်ဦးကပြောပါတယ်။ “မြောက်ဦးမြို့နယ်၊ အုက္ကံကျေးရွာမှာဆို ကျောင်းနှစ်ကျောင်းရှိတယ်။ တစ်ကျောင်းကလုံးဝပျက်သွားပြီး၊ တစ်ကျောင်းကမပျက်ဘူး။ ပျက်တဲ့အဆောင်ကိုတော့ဒီတိုင်းထားပြီး ဘုန်းကြီးကျောင်းတွေမှာ ကလေးတွေကို စာသင်ပေးနေရတယ်။ ဒီလကုန်ကြရင်တော့ ရန်ကုန်ကအင်ဂျင်နီယာတွေလာပြီးဆောက်လုပ်ပေးမယ်လို့တော့ ကြားတယ်”လို့ သူကပြောပါတယ်။ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က […]
ရန်ကုန်- ၂၀၂၃ ဇွန် ၁၆ (မော်ကွန်း) ရွှေဈေးနှုန်းကျဆင်းရေးအတွက် စစ်ကောင်စီက ဖိအားပေးမှုတွေ ပြုလုပ်လာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းဆီက သိရပါတယ်။ ယခုရက်ပိုင်းမှာ ပြည်တွင်းရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ် ၃၁ သိန်းကျော်ထိ မြင့်တက်သွားပြီးနောက်မှာ ရန်ကုန်နဲ့မန္တလေးမြို့က ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီကဖွဲ့ထားတဲ့ ရွှေနဲ့ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီက ခေါ်ယူမေးမြန်းမှုတွေရှိခဲ့တယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ “ဖမ်းဆီးတာတော့ မဟုတ်ဘူး၊ ရွှေဈေးကွက်စောင့်ကြည့်ရေးကော်မတီက ခေါ်တွေ့တယ်၊ မေးမြန်းတာတွေရှိတယ်၊ ဘာလို့ဈေးတက်နေလဲပေါ့၊ ပြီးတော့ ဈေးပြန်ကျအောင်လုပ်ဖို့ ဖိအားပေးတဲ့သဘောရှိတယ်” လို့ သူကပြောပါတယ်။ အဲဒီလို ဖိအားပေးလုပ်ဆောင်ခဲ့ပြီးနောက်မှာ မန္တလေးမြို့ ရွှေလုပ်ငန်းရှင်များအသင်းက ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၃၀ ကျော်နဲ့ ရောင်းချပေးသွားမယ်လို့ ဒီနေ့လယ်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီနေ့ကစပြီး မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ မီးလင်းအခေါက်ရွှေတုံးတွေကို တစ်ကျပ်သားကို ၃,၀၅၀,၀၀၀ (သိန်းသုံးဆယ်ငါးသောင်း) […]
စစ်ကိုင်း – ၂၀၂၃ ဇွန် ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ပေါက်မ(တောင်)ရွာကို စစ်ကောင်စီတပ် အင်အားအများအပြားနဲ့ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က စီးနင်းမီးရှို့ခဲ့ပြီး ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ထိတွေပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ပေါက်မရွာခံတွေက မော်ကွန်းကိုပြောပါတယ်။ “စစ်ကောင်စီတပ်က အင်အားအတော်များတယ်။ နှစ်ဖွဲ့လာတာ။ မီးခိုးတွေဆို လုံးခဲနေတာပဲ၊ လှမ်းမြင်နေရတာ။ လောလောဆယ်တော့ ရွာခံတွေအဖမ်းခံရတာ မကြားရသေးဘူး။ အကုန်လုံးအပြင်ထွက်ပြေးရတာ။ PDF တွေနဲ့လည်း သူပစ်ကိုယ်ပစ် ပစ်နေကြတာ။ လက်နက်ကြီးတွေနဲ့လည်း ထုတယ်” လို့ ပေါက်မ(တောင်)ရွာခံတစ်ဦးက ပြောပါတယ်။ မီးရှို့ခံရတဲ့ ပေါက်မ(တောင်)ရွာဟာ အိမ်ခြေငါးရာဝန်းကျင်ရှိပြီး စစ်ကိုင်း-ရွှေဘို ကားလမ်းမကြီးဘေးမှာရှိတာပါ။ ပေါက်မ(တောင်)ရွာကို ဒီနေ့မနက်မီးရှို့တဲ့စစ်ကောင်စီစစ်ကြောင်းဟာ အခုလ ၁၃ ရက်ကလည်း ပေါက်မ(တောင်)ရွာ အနီးက သာဇင်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ မီးရှို့မှုကြောင့် သာဇင်ရွာမှာ […]
ရန်ကုန်- ၂၀၂၃ ဇွန် ၁၅ (မော်ကွန်း) ဒီလအတွင်း ပြည်တွင်းရွှေဈေးဟာ ဆက်တိုက်မြင့်တက်လာနေပြီး အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၁ သိန်းကျော်အထိ ရှိလာတယ်လို့ ရန်ကုန်ရွှေဈေးကွက်အတွင်းက သိရပါတယ်။ ပြီးခဲ့တဲ့မေလကုန်ပိုင်းအထိ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၃၀ ကျော်ဝန်းကျင်မှာရှိနေရာက ဇွန်ဒုတိယအပတ်က စပြီး ၃၁ သိန်းကျော်ကို မြင့်တက်သွားခဲ့တယ်လို့ ရွှေအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ “ဆက်တိုက်ပြန်တက်လာတယ်။ နေ့တိုင်းလိုထောင်ဂဏန်း၊သောင်းဂဏန်းတက်နေတာ၊ ၃၅ သိန်း အထိတက်မယ်ဆိုပြီး ကောလာဟလလိုလို၊ စသလိုနောက်သလိုပြောကြတာ၊ အခုကအဲဒီလောက်ထိ တကယ်တက်လာနိုင်ချေရှိနေတယ်” လို့ သူကပြောပါတယ်။ ပြင်ပဈေးကွက်မှာ ရွှေဈေးနှုန်းဟာ ကျပ် ၃၁ သိန်းကျော်သွားပြီဖြစ်ပေမယ့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားတဲ့ ဈေးနှုန်းကတော့ တစ်ကျပ်သားကို ကျပ် ၂၂ သိန်းကျော်လို့ တွက်ချက်ထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းဟာ စစ်ကောင်စီဗဟိုဘဏ်ရဲ့ သတ်မှတ်ရည်ညွှန်းငွေလဲလှယ်နှုန်းဖြစ်တဲ့ […]
စစ်တွေ-၂၀၂၃၊ ဇွန် ၁၅ (မော်ကွန်း) မိုခါမုန်တိုင်းတစ်လပြည့်တဲ့အထိ ရခိုင်ပြည်နယ်၊ ပေါက်တာမြို့နယ်က ကြိမ်ခွေမော်ကျေးရွာကို အကူအညီမရောက်သေးလို့ ဒေသခံတွေစားဝတ်နေရေးကြုံသလိုဖြေရှင်းနေရတယ်လို့ ကြိမ်ခွေမော်ရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကမိန့်ပါတယ်။ “ဒီမှာက ဘာအကူအညီမှ ရောက်မလာသေးဘူး။ အမိုးအကာတွေလည်း မရှိဘူး၊ ဖြစ်သလိုနေ ဖြစ်သလိုစားနေကြရတာ။ ဉူးဇင်းတို့ကျောင်းမှာလည်း ဒကာ၊ ဒကာမ တွေလှူဖို့ထက် သူတို့ကို ဉူးဇင်းက ပြန်ကျွေးနေရတာ” လို့ ဆရာတော်က မိန့်ပါတယ်။ ကြိမ်ခွေမော်ရွာမှာ အိမ်ခြေ ၃၈၉ လုံး ရှိပြီး မုန်တိုင်းကြောင့် အိမ် ၅၇ လုံးပျက်စီးခဲ့ပြီ ကျန်တဲ့အိမ်တွေလည်း သွပ်မိုးလန်တာတွေ၊ ဝါးထရံတွေပြိုကျသွားတာကြောင့် ဒေသခံတွေဟာ အမိုးအကာတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။ အဲဒီရွာဟာ ဘင်္ဂလားပင်လယ်အော်နားမှာ တည်ရှိပြီး အဓိကကတော့ တောင်ယာလုပ်ငန်းပဲ လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။ မိုခါမုန်တိုင်းကြောင့် ကျွဲနွားအကောင် ၁၅၀ လောက်သေသွားခဲ့ပြီး […]
ဆားလင်းကြီး – ၂၀၂၃ ဇွန် ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာက ဒေသခံပြည်သူတစ်ဦးကို အာဏာသိမ်းစစ်တပ်က ဒီနေ့ပစ်သတ်လိုက်ကြပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ပစ်သတ်ခံလိုက်ရသူဟာ မီးမလောင်သေးဘဲ ကျန်နေတဲ့အိမ်တွေက ပစ္စည်းတွေကို ပြည်သူတွေ အမြန်သယ်ထုတ်နေချိန် ကင်းစောင့်ပေးနေတဲ့သူလို့သိရပါတယ်။ “ကျန်တဲ့အိမ်တွေက ပစ္စည်းတွေ ပြည်သူတွေသယ်ယူဖို့ကင်းစောင်ရင်း ရွာထိပ်မှာ စခတွေနဲ့ ထိပ်တိုက်တွေ့ပြီး အပစ်ခံရတာ၊ ခုညအချိန်ထိ အလောင်းမကောက်ရဲသေးဘူး”လို့ ဒေသခံကပြောပါတယ်။ ပစ်သတ်ခံရသူအပြင် ပစ္စည်းသယ်တဲ့ ဒေသခံသုံးဦးလည်း လက်နက်ကြီးထိမှန်တာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဇွန် ၁၀ ရက်ကစလို့ ဒီနေ့အထိ ညောင်ပင်ကြီးရွာကို မီးဆက်တိုက်ရှို့နေတာဖြစ်ပြီး နေအိမ် ၅၀၀ ဝန်းကျင် မီးလောင်ကျွမ်းပြီးသွားပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ ပုံစာ – ယနေ့မီးရှို့ခံနေရသည့် ညောင်ပင်ကြီးရွာ ဓါတ်ပုံ – […]
မုံရွာ – ၂၀၂၃ ဇွန် ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်းအတွင်းကမြို့နယ်တွေကို စစ်ကောင်စီတပ်တွေက အခုလအစောပိုင်းကစပြီး နေ့စဉ်နီးပါး စစ်ကြောင်းထိုး၊ ရွာမီးရှို့နေတာကြောင့် စစ်ရှောင်ဦးရေ နေ့စဉ်တိုးလာနေပြီး စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်းက စစ်ရှောင်အရေးကူညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။ ” ဒီရက်ပိုင်းက ယင်းမာပင်ဘက်ကရွာတွေကို စစ်ကြောင်းထိုးတာများလာတော့ ပြေးစရာနေရာလည်း ကျဉ်းကျဉ်းလာတယ်။ စားနပ်ရိက္ခာက အခက်အခဲအတော်လေးဖြစ်နေတာ။ မြို့ကနေလည်း ဝယ်လို့မရဘူး။ ဆန်ကော ဆေးဝါးကော အကုန်(စစ်ကောင်စီက) ပိတ်ထားတာ။ စစ်ရှောင်တွေကလည်းပိုများလာတော့ စားနပ်ရိက္ခာ အခက်အခဲက ပိုပြီးဆိုးလာတယ်” လို့ ယင်းမာပင်မြို့နယ်ထဲမှာ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ ဒီလအတွင်းမှာ ယင်းမာပင်နဲ့ဆားလင်းကြီးမြို့နယ်နှစ်ခုပေါင်းမှာ စစ်ဘေးရှောင်တစ်သောင်းကျော်အထိ ရှိလာနေပြီလို့ သူကပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ယခုလ ၉ ရက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဝင်စီးနင်းခဲ့တဲ့နောက် ညောင်ပင်ကြီးကျေးရွာအုပ်စုထဲကရွာတွေကို […]
စစ်ကိုင်း-၂၀၂၃ ဇွန် ၁၄ (မော်ကွန်း) မီးရှို့ဖျက်ဆီးခံရမှုကြောင့် မေလအတွင်း စစ်ကိုင်းတိုင်းက ကန့်ဘလူနဲ့ကျွန်းလှမြို့နယ်နှစ်ခုမှာ နေအိမ် ၆၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံသုံးဦးသေဆုံးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတပ်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘလူခရိုင်က ဒီနေ့လယ်က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ သူတို့လေ့ကျင့်လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျွန်းလှမြို့နယ်က ရွာလေးရွာမှာ နေအိမ် ၂၅ လုံး၊ ဆေးပေးခန်းတစ်ခု၊ စပါးတိုက်သုံးလုံးပျက်စီးပြီး ကန့်ဘလူမြို့နယ်က ရွာ ၁၃ ရွာမှာ နေအိမ် ၆၂၈ လုံး၊ စာသင်ဆောင်နှစ်ခု ပျက်စီးခဲ့တာလို့ထုတ်ပြန်ထားပါတယ်။ သေဆုံးခဲ့သူသုံးဦးဟာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးဖြစ်ပြီး သူတို့ဟာ လက်နက်ကြီးထိမှန်တာ၊ ဖမ်းဆီးပြီးမှ သတ်ဖြတ်ခံရတာတွေကြောင့် သေဆုံးခဲ့တာလို့ဆိုထားပါတယ်။ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၁ မေ ၁ ရက်ကနေ […]
ရန်ကုန် – ၂၀၂၃ ဇွန် ၁၄ (မော်ကွန်း) ဖယ်ခုံနယ်က ၁၁ ရက်ကြာတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ၂၇ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်းရခဲ့တယ်လို့ ဖယ်ခုံ PDF က ဒီနေ့ သတင်းထုတ်ပြန်တယ်။ ဖယ်ခုံမြို့ဟာ ရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်အစပ်မှာရှိတဲ့ မြို့နယ်ဖြစ်ပြီး အောင်ပန်း- ပင်လောင်း- လွိုင်ကော် ကားလမ်းမကြီးပေါ်မှာရှိတဲ့ မြို့ဖြစ်ပါတယ်။ ဒီလ ၃ ရက်ကနေ ၁၃ ရက်နေ့အထိဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ ခေါင်းအိရွာနဲ့ စက်တော်ရွာကို စစ်ကောင်စီရဲ့ အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်အပါအဝင် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေက ထိုးစစ်ဆင်တာကြောင့် ဖယ်ခုံ PDF တပ်ရင်းအမှတ် (၁၀၀၂) နဲ့ မဟာမိတ်အဖွဲ့ ရှစ်ဖွဲ့တို့က ပြန်လည်တိုက်ခိုက်ရာမှာ ရက်ရှည်တိုက်ပွဲဖြစ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်က […]
ရန်ကုန် – ၂၀၂၃ ဇွန် ၁၄ (မော်ကွန်း) ဒီလကုန်မှာ အိန္ဒိယနဲ့မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံပြည်တွင်းသုံးငွေကြေးအသုံးပြုကာ တိုက်ရိုက်ကုန်သွယ်နိုင်ရေး စတင်နိုင်တော့မယ်လို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ယခုရက်ပိုင်းမှာ အိန္ဒိယနိုင်ငံကိုသွားရောက်ခဲ့ပြီး အိန္ဒိယကုန်သွယ်ရေးမူဝါဒရေးရာကော်မတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလိုထုတ်ပြန်လာတာပါ။ ကုန်သွယ်မှုမှာ တိုက်ရိုက်ငွေကြေးဖလှယ်နိုင်ဖို့အတွက် ပန်ဂျပ်အမျိုးသားဘဏ် (Punjab National Bank – PNB) ကို အိန္ဒိယနိုင်ငံဘက်ကခန့်အပ်ထားပြီး PNB ဘဏ်ဟာ မြန်မာနိုင်ငံက CB၊ UAB ဘဏ်တို့နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါအပြင် စီစဉ်ထားတဲ့အတိုင်းဆောင်ရွက်နိုင်ပါက အိန္ဒိယနဲ့မြန်မာကုန်သွယ်ရေး နှစ်ဆမြင့်တက်လာဖွယ်ရှိတယ်လို့လည်း စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောပါတယ်။ အိန္ဒိယဘက်ကို ပဲမျိုးစုံတင်ပို့နေတဲ့ကုန်သည်တစ်ဦးကတော့ ဘဏ်တွေရဲ့ငွေလဲလှယ်မှုနှုန်းထားတွေဟာ အပြင်ပေါက်ဈေးနဲ့ မကွာဟဖို့လိုအပ်တယ်လို့ ပြောပါတယ်။ “ နယ်စပ်မှာတော့ အရင်တည်းက […]
စစ်တွေ-၂၀၂၃၊ ဇွန် ၁၄ (မော်ကွန်း) အင်အားပြင်းဆိုက်ကလုန်းမုန်တိုင်း ရခိုင်ပြည်နယ်ကိုဝင်ရောက်တိုက်ခတ်ခဲ့တာ ဒီနေ့တစ်လပြည့်ပြီဖြစ်ပေမယ့် မုန်တိုင်းဒဏ်သင့်သူတွေကတော့ လုံလောက်တဲ့ကူညီထောက်ပံ့မှုမရကြသေးဘဲ ဒုက္ခပေါင်းစုံနဲ့ဖြတ်သန်းနေကြရတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။ ပြီးခဲ့တဲ့မေ ၁၄ ရက်က စစ်တွေမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ဒီမုန်တိုင်းကြောင့် ရခိုင်မှာ လူပေါင်းရာနဲ့ချီသေဆုံးခဲ့ရပြီး နေအိမ်နဲ့ အဆောက်အအုံ သိန်းနဲ့ချီပျက်စီးခဲ့သလို ကျွဲ၊နွားတွေသေဆုံး၊ စိုက်ပျိုးမြေတွေပျက်စီး၊ ရေအရင်းအမြစ်တွေ ညစ်ပတ်ခဲ့ရတာပါ။ “ ဒီဘက်မှာအကူအညီတွေ တကယ်လုံးဝမရောက်သေးတဲ့ ရွာတွေလည်းရှိတယ်၊ ရောက်တဲ့ရွာတွေလည်းရှိတယ်။ ဒါပေမယ့် သွပ်ပြားတွေမဟုတ်ဘူး။ တာပေါ်လင်တွေလောက်ပဲရောက်သေးတယ်။ တစ်ခြားအဖွဲ့အစည်းတွေကလည်း ထိထိရောက်ရောက် လာရောက်ကူညီပေးတာတွေတော့ မရှိသေးဘူး။ အချိန်ကြန့်ကြာနေတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေက ခန့်မှန်းခြေ ၆၀ ရာခိုင်နှုန်းလောက်ပဲ ပြီးသေးတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်တိုးတက်ရေးလူငယ်အသင်း (PDYO) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ ရွာပေါင်းသုံးရာနီးပါးရှိပြီး မုန်တိုင်းကြောင့် ရွာ […]
လွိုင်ကော် – ၂၀၂၃ ဇွန် ၁၃ (မော်ကွန်း) ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းလိုက်ပြီးနောက် ကျန်တဲ့ပြည်နယ်တွေမှာလည်း အလားတူအုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ပေါ်ထွက်လာမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ – Interim Executive Council of Karenni State (IEC) ကို ပြည်နယ်အတွင်းမှာ စစ်ကောင်စီကို တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ခြောက်ဦးနဲ့ ဇွန် ၆ ရက်က စတင်ဖွဲ့စည်းလိုက်ပြီး စုပေါင်းခေါင်းဆောင်မှုနဲ့ ပြည်နယ်အတွင်း အုပ်ချုပ်ရေး ဖော်ဆောင်သွားမယ်လို့ IEC က အများပြည်သူကို ဇွန် ၁၂ ရက်က ထုတ်ပြန်အသိပေးပါတယ်။ ဦးသန်းစိုးနိုင်ကတော့ အခုလိုထွက်ပေါ်လာတဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ နောင်ပေါ်ပေါက်လာမယ့် ပြည်နယ်အစိုးရတွေရဲ့ရှေ့ပြေးအခြေခံဖြစ်ပြီး တစ်နိုင်ငံလုံး ဖက်ဒရယ်ဒီမိုကရေစီအစိုးရဖွဲ့စည်းတဲ့အခါ အခြေခံအင်အားတွေဖြစ်လာမယ်လို့ သုံးသပ်ပါတယ်။ “ တစ်ပြည်လုံးအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမပေါ်သေးခင် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."