ရန်ကုန် – ၂၀၂၃ ဇွန် ၂၂ (မော်ကွန်း)
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံမီးငြိမ်းသွားပြီးလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှသိရပါတယ်။
“လောလောဆယ်တော့မီးငြိမ်းသွားပြီဆိုတဲ့ သတင်းပဲရောက်သေးတယ်။ ဘာကြောင့်မီးလောင်တယ်ဆိုတာတော့မသိရသေးပါဘူး။ အထိအခိုက်တော့မရှိပါဘူး” လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဒီနေ့နံနက် ၁၀ နာရီကျော်လောက်က ထိန်ပင်အမှိုက်ပုံမှာ မီးလောင်ခဲ့ပြီး နေ့လယ် ၁၂:၀၀ မှာ မီးထိန်းနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
ထိန်ပင်အမှိုက်ပုံမီးလောင်မှုကို သွားရောက်ကူညီခဲ့တဲ့ ကြယ်စင်စုလူငယ်ပရဟိတအသင်းတာဝန်ခံကတော့ “ကျွန်တော်တို့သိထားရတာကတော့ ဓာတုပစ္စည်းတွေကနေမီးစလောင်တယ်လို့သိထားရတယ်၊ မီးတော့ငြိမ်းသွားပြီ၊ အထိအခိုက်တော့မရှိဘူး” လို့ပြောပါတယ်။
မီးလောင်တဲ့ထိန်ပင်အမှိုက်ပုံကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 2 အဆင့် ယာဉ်အုပ်စုနဲ့ တစ်နာရီအကြာငြှိမ်းသတ်ခဲ့ရတယ်လို့ဖော်ပြပါတယ်။
ထိန်ပင်အမှိုင်ပုံဟာ ၂၀၁၈ ကလည်း လောင်ကျွမ်းခဲ့ဖူးပြီး မီးသတ်တပ်ဖွဲ့တွေ ရက်နဲ့ချီငြိမ်းသတ်ခဲ့ရတာပါ။
Photo-Myanmar Fire Service Department
#Dailynews