ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၁၅ (မော်ကွန်း) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကြေးနန်းရုံးအနီး ဗောဓိလမ်းမှာ ဒီနေ့လယ်ပိုင်းက အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ အလောင်းသယ်ယူခဲ့တဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “နေ့လယ် ၁၂ နာရီခွဲမှာ ကျွန်တော်တို့ဆီဖုန်းဝင်လာတာ။ သွေးအိုင်ထဲမှာ လူတစ်ယောက်လဲနေတယ်ဆိုပြီးဖုန်းဆက်တာ။ အဲဒါနဲ့ ကျွန်တော်တို့သွားတဲ့အချိန်မှ ပစ်ခတ်မှုဖြစ်ခဲ့တယ်ဆိုတာသိရတာ။ အဲ့ဒါနဲ့ သက်ဆိုင်ရာတွေကို အကြောင်းကြားပြီးတော့ ကျွန်တော်တို့ အလောင်းကို စစ်တွေဆေးရုံကြီး ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တာခင်ဗျ” လို့ သူကပြောပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ အမျိုးသားဟာ အသက် ၃၀ ဝန်းကျင်အရွယ်ရှိပြီး ဘယ်သူဘယ်ဝါဆိုတာ မသိရသေးသလို ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာလည်း မသိရသေးဘူးလို့ သူကပြောပါတယ်။ သူဟာ နားထင်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့အခင်းဖြစ်ရာနေရာနဲ့ အနီးပတ်ဝန်းကျင်းကို စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကြပ်ထားတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။ ပုံစာ-သေနတ်နဲ့ပစ်ခံရလို့သေဆုံးသွားတဲ့အမျိုးသား […]
ရန်ကုန် – ၂၀၂၃၊ စက်တင်ဘာ ၁၅ (မော်ကွန်း) ပဲခူးမြို့မှာ တစ်လကျော်ကြာပြီးနောက် ဒုတိယအကြိမ်မြစ်ရေထပ်တက်လာလို့ မြေနိမ့်ပိုင်းရပ်ကွက်က အိမ်ထောင်စု ၂၀၀ နီးပါးကို ကယ်ဆယ်ရေးစခန်းတွေကိုပို့ဆောင်ထားရတယ်လို့ ပဲခူးမြို့ကူညီကယ်ဆယ်ရေးအသင်းတာဝန်ခံကပြောပါတယ်။ “မြို့သစ် ဂ ရပ်ကွက်၊ ဇိုင်းတောင်၊ ကျွန်းသာယာ ကနေအိမ်တွေကို အခုပြောင်းရွှေ့ဖို့လုပ်နေတယ်။ လောလောဆယ် ဂ ရပ်ကွက်က အိမ်ထောင်စု ၁၉၇ စု၊ လူဦးရေ ၇၂၀ ကို ဆုတောင်းပြည့်ဘုန်းကြီးကျောင်းကိုရွှေ့ပြောင်းပေးထားတယ်။” လို့ ပဲခူးမြို့ကူညီကယ်ဆယ်ရေးအသင်းတာဝန်ခံက ပြောပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနကတော့ ပဲခူးမြစ်ရေဟာ လာမယ့် ၂၄ နာရီ အတွင်းမှာ စိုးရိမ်ရေမှတ်ကျော်မယ်လို့ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ ပဲခူးမြို့ရဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေကိုရေတက်လာလို့ နေအိမ်တွေရေမြုပ်သွားတဲ့ မြို့သစ် (ဂ) ရပ်ကွက်၊ မင်္ဂလာလမ်းက အိမ်ထောင်စုခုနစ်စု၊ လူဦးရေ ၂၇ ဦးကိုလည်း ဆွမ်းလောင်းဓမ္မာရုံတစ်ခုကိုပို့ဆောင်ပေးထားတယ်လို့ ကယ်ဆယ်ရေးအသင်းထံမှသိရပါတယ်။ […]
ဒူးပလာယာ – ၂၀၂၃ စက်တင်ဘာ ၁၅ (မော်ကွန်း) ထိုင်း-မြန်မာနယ်စပ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်ထဲက အာဏာသိမ်းစစ်တပ်ရဲ့ ရေတံလျှောက်စခန်းကို KNU ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KNU ဗဟိုက ဒီကနေ့ကြေညာပါတယ်။ တပ်မဟာ ၆ ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း ၁၈ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ နံနက်ပိုင်းမှာ ရေတံလျှောက်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နာရီဝက်လောက်အတွင်းမှာ စခန်းသိမ်းနိုင်ခဲ့ပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က ကိုးဦးသေဆုံးပြီး ကျန်သူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ KNU ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ တစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ငယ် ကိုးလက်၊ RPG-7 လက်နက်ကြီးတစ်လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းတစ်လက်နဲ့ ခဲယမ်းများစွာသိမ်းဆည်းရရှိထားပါတယ်။ လက်နက်ကြီးကျည်တွေဖြစ်တဲ့ ၆၀ […]
မိုးကုတ် – ၂၀၂၃ စက်တင်ဘာ ၁၅ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်နေရာတချို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီကနေ့မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေချိန် ကုန်းစံကျေးရွာဘက်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ညနေ ၄း၀၀ နာရီဝန်းကျင်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “ခုလေးတင်ပဲ လေယာဥ်နဲ့ သုံးလုံးကြဲသွားတယ်၊ ဘယ်နေရာထိသွားတယ်တော့မသိရသေးဘူး၊ရွာနဲ့နည်းနည်းဝေးတယ်လေ၊ သုံးခါတော့ချသွားတယ် “လို့ မော်ကွန်းက ဒီကနေ့ညနေပိုင်း ဆက်သွယ်ချိန်မှာ ဒေသခံအမျိုးသားတစ်ဦးကပြောပြပါတယ်။ မိုးကုတ်မြို့နယ်၊ ကုန်းစံကျေးရွာမှာ အခုလ ၁၀ ရက်ကစတင်ပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ အာဏာသိမ်းစစ်တပ်တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့ မိုးကုတ်အခြေပြုတပ်ရင်းများဆီကသိရပါတယ်။ ကုန်းစံကျေးရွာမှာ အာဏာသိမ်းစစ်တပ်နဲ့ TNLA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဖြူရောင်ကျေးရွာ၊ ညောင်ကုန်းကျေးရွာနဲ့ အနီးကျေးရွာတွေကဒေသခံတွေ မိုးကုတ်မြို့ပေါ်ကိုတိမ်းရှောင်လာရတယ်လို့ […]
ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောခုနစ်စီးကို ကနီမြို့နယ်အရောက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ယခုလ ၁၂ ရက်က စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာက ပြန်ကြားရေးတာဝန်ရှိသူက မော်ကွန်းကို အတည်ပြုပြောပါတယ်။ “ ကျွန်တော်တို့ စနိုက်ပါကို အဓိကထားအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်လို့ ခွေးသုံးကောင်သေတယ်။ သေတာကို ဘယ်လိုအတည်ပြုနိုင်လဲဆိုတော့ ခွေးအိုင်ကွန်နံပါတ်ကို ကျွန်တော်တို့ရထားတဲ့အတွက် လိုင်းပူးပြီး သူတို့ပြောတာနဲ့ ကျွန်တော်တို့အတည်ပြုနိုင်ခဲ့တာ” လို့ သူကပြောပါတယ်။ အဲဒီ့စစ်ကောင်စီတပ်သင်္ဘောအုပ်စုဟာ မုံရွာကနေစထွက်လာကတည်းက မြစ်ကမ်းတစ်လျောက်မှာရှိတဲ့ သူတို့မသင်္ကာတဲ့ရွာတွေကို လက်နက်ကြီးငယ်နဲ့ရမ်းသမ်းပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ KLG တပ်မဟာက တာဝန်ရှိသူကပြောပါတယ်။ လက်ရှိအချိန်မှာတော့ ခန္တီးမြို့ကနေ ကျောက်စိမ်းတင်လာတဲ့ စစ်သင်္ဘောအုပ်စုတစ်ခုလည်း မြစ်ကြောင်းအတိုင်းစုန်ဆင်းလာနေတာကြောင့် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဆိုပါတယ်။ […]
ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်ရင်း အခုလ ၄ ရက်က ဒေသခံနှစ်ဦး မြွေဆိုးကိုက်ခံရကာ တစ်ဦးဆေးကုသခွင့်မရလိုက်ဘဲ သေဆုံးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မော်ကွန်းကိုပြောပါတယ်။ “အမျိုးသမီးတစ်ယောက်က စစ်ကြောင်းထိုးလို့ရှောင်ရင်းက ကိုက်ခံလိုက်ရတာ။ မြွေကိုက်ခံရပေမယ့် စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ပစ်ခတ်စစ်ကြောင်းထိုးနေတော့ ပြေးရင်းလွှားရင်းသေသွားတာ။ ကုသဖို့လုပ်ဖို့ ခက်သွားတာပေါ့။ နောက်တစ်ယောက်ကတော့ ရှင်တယ်လို့ပြောတယ်။ ဒီလထဲတော့ ကိုက်ခံရတဲ့စာရင်း အသေးစိတ်တော့ မသိရသေးဘူး” လို့ သူကပြောပါတယ်။ မြွေကိုက်ခံရလို့ အသက်သေဆုံးခဲ့တဲ့အမျိုးသမီးဟာ ထန်းကုန်းတိုက်နယ်၊ အင်းလယ်ကြီးရွာက ၃၈ နှစ်အရွယ် မမာရီဆိုသူဖြစ်ပြီး အမျိုးသားတစ်ဦးကတော့ အချိန်မီဆေးကုသနိုင်ခဲ့တာကြောင့် အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း သူကပြောပါတယ်။ ကန့်ဘလူကျွန်းလှနယ်မှာ အဆိပ်ပြင်းမြွေအမျိုးအစားတွေဖြစ်တဲ့ မြွေပွေးနဲ့ မြွေဟောက်တွေပေါများပြီး စစ်ကောင်စီတပ်စစ်ကြောင်းထိုးလို့ ထွက်ပြေးချိန် […]
ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၁၄ (မော်ကွန်း) ကရင်ပြည်နယ်၊ ဆောထိမြို့နယ်အတွင်း သံဆိပ်စခန်းမှာနေတဲ့ စစ်ကောင်စီတပ် ခမရ-၃၅၀ က တပ်သားနှစ်ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ ဆီ အခုလ ၁၁ ရက် မနက်ပိုင်းက လက်နက်တွေနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ KNU က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးဟာ အသက် ၂၅ နှစ်အရွယ် တပ်သား မောင်ဒဿနဲ့ ၂၁ နှစ်အရွယ် တပ်သားမောင်ဖြိုးကိုကိုတို့ဖြစ်ပြီး သူတို့နဲ့အတူ MA 1 တစ်လက်၊ MA 2 တစ်လက်နဲ့ ကျည် ၂၃၇ တောင့်တို့ကိုပါ ယူဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစစ်ကောင်စီတပ်သားနှစ်ဦးကို ခလယ်လွီထူခရိုင် တာဝန်ရှိသူတွေက တစ်ဦးကို ထောက်ပံ့ငွေ ကျပ်သိန်း ၄၀ စီ […]
ရန်ကုန်- ၂၀၂၃ စက်တင်ဘာ ၁၄ (မော်ကွန်း) အိန္ဒိယနယ်စပ် တမူးမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကလေး-တမူး ကားလမ်းကို ယခုရက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ ဒေသခံတွေနဲ့ ခရီးသွားလာရေးလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။ အဆိုပါ ကလေး-တမူး ကားလမ်းဟာ အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအရ အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ယခုနှစ် ဇွန်လပိုင်းမှာ လမ်းကိုပိတ်ထားရတာပါ။ အဆိုပါ လမ်းကြောင်းပိတ်ထားတဲ့အတွက် သယ်ယူပို့ဆောင်ရေးအခက်အခဲတွေဖြစ်နေတာဖြစ်ပြီး လမ်းပိတ်ထားတာ သုံးလနီးပါးအကြာမှာတော့ လမ်းကို ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။ ကလေး-တမူးလမ်းပေါ်ကို ဆိုင်ကယ်တွေနဲ့ ကားလေးတွေ မနေ့ကစတင်ဖြတ်သန်းခွင့်ပြုခဲ့ပြီး ကလေးမြို့ကနေ နေ့ချင်းပြန် ခရီးသည်တင်ကားလေးတွေလည်း စတင်ပြေးဆွဲနေပြီလို့ “ချင်းတောင်တန်း” ခရီးသည်ကားလေးဝန်ဆောင်မှုလုပ်ငန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “လမ်းခရီးအခြေအနေက ကားကြီးတွေတော့ တက်လို့ရနိုင်မရနိုင်တော့ သိပ်မသေချာသေးတော့ ကားကြီးသမားတွေက စောင့်နေတုန်းပဲ။ […]
ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၁၄ (မော်ကွန်း) ဧရာဝတီမြစ်ရေတက်လာလို့ ကမ်းပြိုပြီး ရေဘေးရှောင်နေရတဲ့ ဟင်္သာတမြို့နယ်က ရေဘေးသင့်ဒေသခံတစ်ထောင်ကျော်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ဒေသအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ခံကပြောပါတယ်။ “ကမ်းပြိုပြီး ရေကခေါင်မိုးထိတက်လာတော့ နေအိမ်တွေဖျက်ပြီးရွှေ့ခဲ့ရတာ။ တစ်ချို့ဆို နေအိမ်အလုံးလိုက်ရေတွေဝင်ကုန်လို့ ဘာမှမလုပ်နိုင်ဘဲ ဒီတိုင်းထားခဲ့ရတာ။ အခု တာရိုးပေါ်ကယာယီတဲလေးတွေမှာနေနေရတာ။ အဓိကကတော့ အိမ်သုံးဆေးဝါးတွေ၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေလိုအပ်နေတယ်” လို့ သူကပြောပါတယ်။ စိုးရိမ်ရေအမှတ်ကျော်နေတဲ့ ဧရာဝတီမြစ်ရေရဲ့တိုက်စားမှုကြောင့် ဩဂုတ်လဆန်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုမှာ ကမ်းပြိုမှုဖြစ်ပွါးခဲ့တဲ့အပြင် အခုလဆန်းပိုင်းမှာလည်း တာကျိုးပေါက်မှုကြောင့် ရွာလေးရွာက နေအိမ်အလုံးနှစ်ရာဝန်းကျင်ရေမြုပ်ခဲ့ပြီး လူဦးရေ တစ်ထောင်ကျော်ဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရတယ်လို့ဆိုပါတယ်။ လက်ရှိမှာဧရာဝတီမြစ်ရေဟာ တစ်ဖြည်းဖြည်းတက်လာနေလို့ ဒေသခံတွေဟာ ဘေးလွတ်ရာကိုအကြိမ်ကြိမ်ရွှေ့ပြောင်းနေရတယ်လို့ ကူညီကယ်ဆယ်ရေးအသင်းတွေထံမှသိရပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ ပြန်မကျသေးဘူးလို့ပြီးခဲ့တဲ့ နာရီပိုင်းက ထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြစ်ရေဟာ ဟင်္သာတနဲ့ ဇလွန်မြို့နယ် […]
ရန်ကုန်- ၂၀၂၃ ၊ စက်တင်ဘာ ၁၄ (မော်ကွန်း) ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေတာကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးများပြီးရေကြီးရေလျှံတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး လာမယ့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် ကိုဖြတ်ကျော်နိုင်တယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။ အဲဒီအရှိန်ကြောင့် မြန်မာနိုင်ငံရဲ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူး နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ မိုးများပြီးရေကြီးနိုင်တာကြောင့် သတိပြုကြဖို့ မိုးဇလ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။ “ဝင်တာကတော့ အိန္ဒိယပြည်နယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာလည်း လာမယ့်တစ်ရက်၊ နှစ်ရက်အတွင်း မိုးများလိမ့်မယ်။ အဓိကကတော့ မြန်မာနိုင်ငံရဲ့ တောင်ပိုင်းဒေသတွေမှာ မိုးကြီးမယ်၊ လမ်းပေါ်တွေမှာရေကြီးရေလျှံတာတွေဖြစ်လာလိမ့်မယ်။ မိုးနှောင်းကာလ၊ ရေကြီးကာလလည်းဖြစ်တော့ မြစ်ရေတွေကလည်း ထပ်တက်ဦးမှာပါ။ ငဝန်မြစ်တို့မှာဆိုလည်းစိုးရိမ်ရေအမှတ်တွေကျော်နေတယ်။ ပြည်သူတွေအနေနဲ့သတိပြုကြပါ။” လို့ […]
ရန်ကုန်- ၂၀၂၃ စက်တင်ဘာ ၁၃ (မော်ကွန်း) တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ဦးရေ သုံးသောင်းခွဲကျော်ထိရှိလာပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရေးထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ထားဝယ်၊ လောင်းလုံ၊ ပုလော၊ တနင်္သာရီ၊ ကော့သောင်း အစရှိတဲ့မြို့နယ်တွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲတွေဖြစ်ကာ ဒေသခံတွေကို ဖမ်းဆီးမှုတွေကြောင့် ဩဂုတ်လအတွင်းမှာ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်အရေအတွက် မြင့်တက်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ ဒေါန-တနင်္သာရီစစ်ဘေးရှောင် အထောက်အကူပြုအဖွဲ့က မနေ့ကထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်အရေအတွက်ဟာ ဇူလိုင်လအတွင်းက သုံးသောင်းကျော်ထိ ရှိခဲ့ပြီး ဩဂုတ်လမှာတော့ သုံးသောင်းခွဲကျော်အထိ မြင့်တက်ခဲ့တယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုအဖွဲ့ရဲ့ အစီရင်ခံစာ ဖော်ပြချက်တွေအရ သိရပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ တကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်မှုတွေကြောင့် ထားဝယ်ခရိုင် အရှေ့တောဒေသမှာ စစ်ဘေးရှောင် ၂,၀၀၀ ကျော်ခန့်၊ […]
ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၁၃ (မော်ကွန်း) မြန်မာနိုင်ငံရဲ့ တတိယရေကြီးကာလဖြစ်တဲ့အခုလမှာ သံလွင်မြစ်နဲ့ ဧရာဝတီမြစ်အောက်ပိုင်းဒေသတွေမှာ ရေကြီးမှုတွေကြုံရနိုင်တာကြောင့် သတိပြုကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။ ဧရာဝတီမြစ်အောက်ပိုင်းက ဆိပ်သာ၊ ဟင်္သာတ နဲ့ ဇလွန်မြို့နဲ့ သံလွင်မြစ်ဖြတ်သန်းစီးဆင်းတဲ့ ဘားအံမြို့မှာ ရေကြီးမှုတွေထပ်ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ “မြန်မာနိုင်ငံမှာ ဇူလိုင်၊ ဩဂုတ်လပြီးရင် စက်တင်ဘာလက ရေကြီးကာလ တတိိယအပတ်ဖြစ်တယ်။ မြစ်အထက်ပိုင်းက ရေတွေဆင်းလာပြီး မြစ်အောက်ပိုင်းကဒေသတွေမှာရေကြီးမှုတွေဖြစ်လာမယ်။ ဧရာဝတီမြစ်အောက်ပိုင်းဆိုတာ ဆိပ်သာ၊ ဟင်္သာတ၊ နဲ့ ဇလွန်မြို့တွေပေါ့။ နောက်ပြီး ပြီးခဲ့တဲ့ရက်တွေက စိုးရိမ်ရေအမှတ်ရောက်သွားတဲ့ သံလွင်မြစ်လည်းသတိထားဖို့လိုပါတယ်။” လို့သူကပြောပါတယ်။ ဧရာဝတီမြစ်ရေဟာ လက်ရှိ ဆိပ်သာ၊ ဟင်္သာတ၊ နဲ့ ဇလွန်မြို့တွေမှာ စိုးရိမ်ရေအမှတ်ကျော်လွန်နေတယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။ စိုးရိမ်ရေအမှတ်ကျော်နေတဲ့ ဧရာဝတီမြစ်ရဲ့ မြစ်လက်တက် ငဝန်မြစ်ဟာလည်း ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."