ရန်ကုန်- ၂၀၂၃ ဩဂုတ် ၂၂ (မော်ကွန်း) ရခိုင်ကို အင်းအားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်ဖျက်ဆီးသွားခဲ့တာ လေးလကျော်ခဲ့ပေမယ့် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသခံတွေကတော့ အခုထိအကူအညီတွေလိုအပ်နေဆဲဖြစ်ပြီး တချို့နေရာတွေမှာ အာဏာပိုင်တွေရဲ့ အထောက်အပံ့မရသလောက်ဖြစ်နေတယ်လို့ အကူအညီပေးနေသူတွေနဲ့ ဒေသခံတချို့က ပြောပါတယ်။ မုန်တိုင်းသင့်မြို့နယ်တစ်ခုဖြစ်တဲ့ ပေါက်တောမြို့နယ်ထဲက တံငါလုပ်ငန်းနဲ့အများစုအသက်မွေးကြပြီး လူဦးရေ ၄၀၀ ဝန်းကျင်နေထိုင်တဲ့ ကြိမ်ခွေမော်ရွာကဒေသခံတွေဆိုရင် မုန်တိုင်းဝင်ပြီးကတည်းက ဆန်နို့ဆီဗူးနှစ်ဗူး ထောက်ပံ့တာ တစ်ကြိမ်ကလွဲရင် ဘာအကူအညီမှမရသေးဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။ “ အရင်တိုင်းပါပဲဗျာ၊ ဘာမှမထူးဘူး။ ပြီးခဲ့တဲ့လတွေတုန်းကတော့ အစိုးရက ဆန် တစ်အိမ်နှစ်ဗူးပေးတယ်။ အဲဒါကလွဲပြီး ဘာအထောက်အပံ့မှမရှိဘူး။ ကိုယ့်ဘာသာရှာဖွေစားနေရတာ။ ချောင်ကျနေလို့များ ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေက မတွေ့ဘဲကျော်ကျော်သွားတာလား မသိတော့ပါဘူး” လို့ သူကပြောပါတယ်။ မုန်းတိုင်းသင့်မြို့နယ်တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ပေါ်မှာတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြီးသလောက်ရှိနေပေမယ့် ကျေးလက်ဒေသတွေမှာတော့ အများကြီး […]
ဝက်လက် – ၂၀၂၃ စက်တင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြိုနယ်တောင်ပိုင်း မန္တလေး-မြစ်ကြီးနားရထားလမ်းတစ်လျောက်ကရွာတွေကို စစ်ကောင်စီတပ်တွေက ရထားလမ်းပြင်ရင်း ဒီနေ့အထိ စစ်ကြောင်းထိုးနေတာကြောင့် ရထားလမ်းအနီးမှာရှိတဲ့ ရွာတွေက ထောင်ချီတဲ့ဒေသခံတွေ ထွက်ပြေးနေ ရတယ်လို့ ဝက်လက်ဒေသခံတွေကပြောပါတယ်။ “သူတိုက ရထားသံလမ်းကို တစ်မိုင်လောက်ပြင်ပြီးလိုက် တစ်ခါမောင်းလိုက်နဲ့ စစ်ကြောင်းထိုးပြီးမောင်းလာတာ။ ဒေသခံကထောင်ချီတယ်ပြေးနေရတာ။ ရိက္ခာဆေးဝါးအကူအညီတွေလည်း လိုနေတယ်” လို့ ရထားသံလမ်းဘေးမှာရှိတဲ့ သုံးဆင့်ကန်ရွာခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ အဲဒီရထားလမ်းကို ဩဂုတ်လ အစောပိုင်းကစလို့ ပြင်ဆင်နေတာဖြစ်ပြီး ရထားလမ်းပြင်ဆင်တဲ့ကာလတစ်လျောက် ရထားလမ်းအနီးကရွာတွေကို စစ်ကြောင်းထိုးရင်း ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲတချို့ဖြစ်ပွားခဲ့ပါသေးတယ်။ မနေ့ကညပိုင်းက ရထားလမ်းပြင်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ကူကောင်းရွာထဲကို လက်နက်ကြီးငယ်ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ ရွာကိုမီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “ပျက်စီးဆုံးရှုံးမှုကတော့ မသိရသေးဘူး။ အဲဒီရွာကဒေသခံတွေကော အနားကရွာတွေပါအကုန်ပြေးနေရတာ။သူတို့(စစ်ကောင်စီတပ်တွေ)က စစ်ကိုင်းကနေ ဝက်လက်ထိသွားချင်တာ။ အခုက […]
ရန်ကုန် – ၂၀၂၃၊ စက်တင်ဘာ ၂၂ (မော်ကွန်း) ဒလမြို့နယ်၊ တွံတေးတူးမြောင်းအနီးက ကျောင်းစုရပ်ကွက်မှာ မြစ်ကမ်းပါးပြိုလို့ ဘေးလွတ်ရာတိမ်းရှောင်နေရသူတွေဟာ အိမ်မပြန်နိုင်သေးဘဲ အကူအညီတွေလိုအပ်နေတယ်လို့ လူမှုကူညီရေးအသင်းဥက္ကဌက ပြောပါတယ်။ “မြေကတအိအိပြိုကျနေလို့ သူတို့နေအိမ်ပြန်လို့မရသေးဘူး။ လောလောဆယ်တော့ လူ ၃၅၀ ကျော်ကို အောင်တောင်မူပုညရာမကျောင်းတိုက်မှာပဲရှိပါသေးတယ်။ ကမ်းပြိုတုန်းက နေအိမ်တွေအလုံးလိုက် ပါသွားတော့ သူတို့မှာဘာမှမကျန်တော့ဘူး။ လောလောဆယ်တော့ ပြည်သူအချင်းချင်း ကူညီထောက်ပံ့နေကြတာတွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုပ်ပေးနေပါတယ်။ ထိရောက်တဲ့အကူအညီတွေလည်းလိုအပ်နေတယ်” လို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်က မိုးများပြီး ရန်ကုန်မြစ်ရေတက်လာတာကြောင့် ကမ်းပါးပြိုကျခဲ့သလို မနေ့ကလည်း ကမ်းပါးထပ်ပြိုကျတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်နေဖို့သင့်မသင့် စစ်ဆေးနေပါတယ်။ အဲဒီရပ်ကွက် က အိမ်ထောင်စု ၉၆ စု နဲ့ လူဦးရေ ၃၅၂ ဦးကို အောင်တောင်မူပုညရာမကျောင်းတိုက်ကို ပြောင်းရွှေ့ထားတယ်လို့သိရပါတယ်။ အဲဒီကမ်းပါးပြိုကျမှုကြောင့် […]
ကျွန်းလှ-၂၀၂၃ စက်တင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ မကြာခဏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမြဲတမ်းစစ်ရှောင် သုံးသောင်းကျော်ဟာ စစ်ရှောင်ရတဲ့အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေးပိုကြပ်တည်းလာနေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးကမော်ကွန်းကို ပြောပါတယ်။ “အမြဲတမ်းစစ်ရှောင်တွေကိုကျ ကူညီမယ့်သူမျိုးက တော်တော်ရှားတယ်။ တချို့စစ်ရှောင်စခန်းတွေဆို ဘယ်လိုလုပ်နေရလဲဆိုတော့ စစ်ရှောင်စခန်းပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေကနေပြီးတော့မှ လစဉ်ဆန်တို့ဆီတို့ အလှူခံရတာမျိုးတွေရှိတယ်၊ အဲဒီလိုအလှူခံပြီးမှ ရပ်တည်နေရတဲ့ အနေအထားပေါ့။ ဆေးဝါးမလုံလောက်တာတွေလည်းရှိတယ်” လို့ ပြောပါတယ်။ အဲဒီစစ်ရှောင်သုံးသောင်းကျော်ဟာ ရွာတွေမီးရှို့ခံရလို့ ပြန်စရာအိမ်မရှိတော့တာနဲ့ စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ နေရာတွေနဲ့နီးလို့ နေရပ်ပြန်မရတော့တဲ့သူတွေများတယ်လို့ သူကဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ အခုလအစောပိုင်းက ကန့်ဘလူနဲ့ကျွန်းလှမြို့နယ်ထဲက ကျေးရွာတွေကို မကြာခဏစစ်ကြောင်းထိုးပြီး ဒေသခံတွေသတ်ဖြတ်တာတွေရှိသလို စစ်ရှောင်စခန်းတွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေရှိတာကြောင့် အခက်အခဲတွေပိုကြုံတွေ့လာရတယ်လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။ “အခုရက်ပိုင်းတော့ စစ်ကြောင်းထိုးတာနည်းသွားတယ်၊ သူတို့ပြန်ပြီးအရှိန်ယူနေတာထင်တာပဲ။ သတိတော့ထားနေရတာပေါ့။ သူတို့စစ်ကြောင်းထိုးပြီဆိုလည်း တစ်ရွာဝင်တစ်ရွာထွက်ထိုးတာ။ […]
ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၂၂ (မော်ကွန်း) အခုလ ၁ ရက်ကနေ ၂၁ ရက်အထိ သုံးပတ်တာကာလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ နိုင်ငံအနှံ့က ပြည်သူ ၄၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့ညနေက ထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသာ ၃၃ ဦးဖြစ်ပြီး အဲဒီထဲက ရန်ကုန်တိုင်းက ၁၀ ဦးနဲ့ အများဆုံး ဖမ်းဆီးခံထားရတယ်လို့ AAPP ကဆိုပါတယ်။ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးကတော့ ရန်ကုန်တိုင်းအတွင်းဖမ်းဆီးခံရသူအများစုဟာ ဖုန်းတွေစစ်ရင်း ဖမ်းခံရတာများတယ်လို့ဆိုပါတယ်။ “ဧည့်စစ်ရင်း ဖုန်းတွေယူစစ်တာပါ။ လူငယ်တွေနေတာများတဲ့ဆီဆိုပိုစစ်တယ်။ ပစ္စည်းတွေပါမွှေနှောက်စစ်တာ။ တခါတလေ လမ်းတွေမှာ စစ်တဲ့အခါတွေလည်းရှိတယ်။ ဖုန်းထဲမှာ NUG,PDF နဲ့ပတ်သက်ပြီး Like ပေးတာ၊ share တာမျိုးတွေ့ရင်ဖမ်းပြီး […]
ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၂၂ (မော်ကွန်း) NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကျင်းပဖို့ စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ မနေ့ကနဲ့ဒီနေ့ နှစ်ရက်ကြာ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာကနေ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဟာ လာမယ့်အောက်တိုဘာလမှာကျရောက်မယ့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတဲ့ ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်မှာ ကျင်းပဖို့စီစဉ်နေတာပါ။ RCSS နဲ့ နှစ်ရက်ကြာ ဆွေးနွေးပွဲမှာ NCA ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပရေး၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ဒေသတွင်းမှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ရာမှာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။ အဆိုပါ ဆွေးနွေးပွဲ သဘောတူညီချက်တွေနဲ့ပတ်သက်လို့ RCSS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူဆီကို […]
ရန်ကုန် – ၂၀၂၃၊ စက်တင်ဘာ ၂၂ (မော်ကွန်း) ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က နေ့စဉ် ရန်ကုန်မြို့မှာ စည်းကမ်းမလိုက်နာတဲ့ YBS ယာဉ်မောင်း ၁၀၀ ကျော်ကို ဖမ်းဆီးအရေးယူနေပေမယ့် ထိရောက်မှုမရှိဘူးလို့ ရန်ကုန်မြို့နေထိုင်သူတွေကပြောပါတယ်။ ရန်ကုန်မြို့ကားမှတ်တိုင်တွေနဲ့ နေရာအနှံ့မှာ YRTC ရဲ့ ယာဉ်စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့က မီးနီဖြတ်မောင်းတာ၊ ကားတံခါးဖွင့်မောင်းတာ၊ မှတ်တိုင်မရပ်တာ၊ ပြိုင်မောင်းတဲ့ YBS ဘတ်စ်ကား အစီးရေ တစ်ရာကျော်ကိုနေ့စဉ် ဒဏ်ကြေးရိုက်အရေးယူနေတယ်လို့ YRTC ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျှန်ကျင့်မန်ကပြောပါတယ်။ ဒါ့အပြင် YRTC မော်တော်ကားနဲ့ လှည့်ကင်းပတ်အရေးယူတာတွေလည်းလုပ်နေတယ်လို့သူကပြောပါတယ်။ “စည်းကမ်းမလိုက်နာတဲ့သူတွေကို ကျွန်တော်တို့အရေးယူတာ တစ်နေ့တစ်နေ့ကို မနည်းဘူး။ တစ်ရာကျော်တယ်။ တစ်လလုံးဆို တစ်ထောင်ကျော်လောက်ရှိတယ်။ မီးနီဖြတ်တာဆို သုံးသောင်းရိုက်တယ်။ သုံးခါဖြတ်ရင် ယာဉ်လိုင်းကနေအလုပ်ထုတ်တဲ့အထိလုပ်တယ်။ ဘေးတံခါးဖွင့်မောင်းတာတို့၊ ယှဉ်မောင်းတာတို့ […]
ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက ကျေးရွာတွေကို အခုလအတွင်း စစ်ကောင်စီတပ်တွေ စီးနင်းပြီး ဒေသခံတွေကို သတ်ဖြတ်တာကြောင့် စစ်ကိုင်းမြို့အနီးမှာရှိတဲ့ ကျေးရွာတချို့ ကဒေသခံတွေ စစ်ရှောင်ကြဖို့ ကြိုပြင်ဆင်နေရတယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းမြို့အနီးကရွာတစ်ရွာဖြစ်တဲ့ သလွန်ဖြူရွာမှာ အခုလ ၁၃ ရက်က မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲတပ်ဖွဲ့က ဒုရဲအုပ်နဲ့ ဇနီး ပစ်သတ်ခံရပြီးနောက် ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက အဲဒီရွာကိုအင်အားတစ်ရာကျော်နဲ့ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံခုနစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သလွန်ဖြူရွာနဲ့ကပ်လျက်မှာရှိတဲ့ ညောင်ကုန်းရွာကိုလည်း နောက်ထပ်စစ်ကြောင်းတစ်ခုက စီးနင်းခဲ့ပြီး ဒေသခံတွေကို စစ်ကိုင်းမြို့ဘက် ဖမ်းခေါ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီဖြစ်စဉ်တွေကြောင့် သလွန်ဖြူနဲ့ ညောင်ကုန်းရွာအနီးမှာရှိတဲ့ ကျေးရွာတွေက ဒေသခံအများအပြားထွက်ပြေးရပြီး စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်နိုင်မယ့် လမ်းကြောင်းပေါ်မှာရှိနေတဲ့ […]
ရန်ကုန်- ၂၀၂၃ စက်တင်ဘာ ၂၁ (မော်ကွန်း) ယခုနှစ် မိုးစပါးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတ်မှတ်လိုက်တဲ့ ရည်ညွှန်းဈေးနှုန်းဟာ လယ်သမားတွေ တွက်ခြေမကိုက်နိုင်ဘူးလို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။ စပါးတင်း ၁၀၀ ကို ရွှေဘိုပေါ်ဆန်း ကျပ် ၁၈ သိန်းမှ သိန်း ၂၀၊ ဧရာဝတီပေါ်ဆန်း ကျပ် ၁၆ သိန်းမှ ၁၈ သိန်း၊ ဧည့်မထ/ငစိန်စပါး ကျပ် ၁၃ သိန်းမှ ၁၅ သိန်း၊ ဧရာမင်း၊ ဧရာပဒေသာစပါး ကျပ် ၁၆ သိန်းမှ ၁၈ သိန်း အတွင်း သတ်မှတ်ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ ယခုနှစ်မှာ ထွက်ရှိမယ့် မိုးစပါးတွေကို အသင်းဝင်ကုမ္ပဏီတွေ၊ ဆန်စပါးကုန်သည်တွေဟာ အထက်ဖော်ပြပါ ဈေးနှုန်းတွေအတိုင်း သတ်မှတ်ဝယ်ယူပေးဖို့ အကြောင်းကြားထားပြီး […]
ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၂၁ (မော်ကွန်း) ပဲခူးမြို့မှာ မြစ်ရေပြန်ကျသွားပေမယ့် နေအိမ်တွေရေမြုပ်ခဲ့လို့ ရေဘေးရှောင်တွေဟာ နေအိမ်တွေကိုမပြန်နိုင်ကြသေးဘူးလို့ ဒေသအခြေစိုက်ကူညီကယ်ဆယ်ရေးအသင်းထံမှသိရပါတယ်။ “ရေဘေးကနှစ်ခါကြုံလိုက်ရတော့ နေအိမ်တွေပျက်စီးသွားလို့ နလန်မထူနိုင်တော့တဲ့မိသားစုတွေရှိတယ်။ မြို့သစ်ရပ်ကွက်မှာဆို အိမ်ထောင်စု ၁၁ စုဆို နေအိမ်အလုံးလိုက်ရေမြုပ်သွားလို့ အခုထိမပြန်နိုင်သေးဘူး။ ဓမ္မာရုံမှာပဲသူတို့ကိုထားထားရတယ်” လို့ ကူညီကယ်ဆယ်ရေးအသင်းတာဝန်ခံကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ပဲခူးမြစ်ရေတက်လာလို့ ရထားလမ်းတွေပေါ်မှာ တဲအိမ်ထိုးပြီး ရေဘေးရှောင်ခဲ့ရတဲ့ အိိမ်ထောင်စု ၂၀ နီးပါးဟာလည်း ရေမြုပ်ပြီးနေအိမ်တွေပျက်စီးကုန်လို့ မပြန်နိုင်ကြဘဲ သူတို့ရဲ့အသိမိတ်ဆွေတွေ၊ ဆွေမျိုးအိမ်တွေမှာ ရွှေ့ပြောင်းနေထိုင်နေကြတယ်လို့ ပဲခူးမြို့လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှသိရပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တော့ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်အောက်ပြန်ကျသွားပြီလို့ထုတ်ပြန်ပါတယ်။ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေကရင်စို့လောက်ကျန်သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဩဂုတ်လပထမအပတ်ကတစ်ကြိမ် စက်တင်ဘာတတိယအပတ်မှာတစ်ကြိမ် ပဲခူးမြစ်ရေတက်ခဲ့လို့ ရေဘေးနှစ်ခါကြုံခဲ့ရတာပါ။ ပဲခူးမြို့မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကတော့ “ဒီတစ်ခေါက်ရေကြီးတာ ဒေသခံ ရာနဲ့ချီ ရေဘေးကြုံခဲ့ရတယ်လို့ပြောလို့ရတယ်။ အခုတော့ […]
ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၀ (မော်ကွန်း) လိုင်စင်ရ နိုင်ငံခြားငွေလဲလှယ်ရေးကုမ္ပဏီ ၁၀၀ ကျော်ကို ထုတ်ပြန်ထားတဲ့ညွှန်ကြားချက်တွေ မလိုက်နာတာကြောင့် လိုင်စင်ရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီဗဟိုဘဏ်က မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ လိုင်စင်ရုပ်သိမ်းခံရတဲ့ ငွေလဲကောင်တာအများစုဟာ ရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့ ငွေလဲကောင်တာတွေဖြစ်ပြီး ဆီဒိုးနားဟိုတယ်အပါအဝင် ဟိုတယ်လုပ်ငန်း၊ ခရီးသွားအေဂျင်စီလုပ်ငန်းနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီစုစုပေါင်း ၁၂၃ ခု ပါဝင်တယ်လို့ ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ နိုင်ငံခြားသုံးငွေကြေး စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်းတွေနဲ့ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့အတွက် ဗဟိုဘဏ်ရဲ့ အလုပ်အမှုဆောင်ကော်မတီဆုံးဖြတ်ချက်အရ အခုလို လိုင်စင်တွေ ရုပ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ လိုင်စင်ရုပ်သိမ်းခံရတဲ့ကုမ္ပဏီအများစုဟာ အရောင်းအဝယ်မလုပ်ဘဲ ပိတ်ထားတဲ့ကုမ္ပဏီတွေနဲ့ ပြင်ပပေါက်ဈေးတွေနဲ့ အရောင်းအဝယ်ပြုလုပ်နေတဲ့ ကုမ္ပဏီတွေဖြစ်တယ်လို့ ဒေါ်လာဝယ်ရောင်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ ယခုလပိုင်းကစပြီး စစ်ကောင်စီဗဟိုဘဏ်နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) […]
ရန်ကုန်- ၂၀၂၃ စက်တင်ဘာ ၂၀ (မော်ကွန်း) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်လိုက်ပါပို့ဆောင်သူတွေကို လေဆိပ်ပရိဝုဏ်အတွင်း ဝင်ခွင့်ပြုလိုက်ပြီလို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကထုတ်ပြန်ပါတယ်။ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေ ဆိုက်ရောက်၊ ထွက်ခွာတဲ့ Terminal 1 မှာ ခရီးသည် လိုက်ပါ ပို့ဆောင်/ကြိုဆိုကြမယ့် မိသားစုဝင်တွေ ၊ မိတ်ဆွေ၊ ဆွေမျိုးတွေ ကို မနေ့နေ့လယ် ၁၁:၃၀ ကစပြီး လေဆိပ် ပရိဝုဏ်အတွင်း ဝင်ရောက်ခွင့်ပြုလိုက်ပြီလို့ အဲဒီ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ “ပြည်တွင်းကောပြည်ပခရီးစဉ် နှစ်ခုစလုံးပါ၊ လူဦးရေတော့ အကန့်အသတ်မရှိပါဘူး။ မှတ်ပုံတင်တစ်ကတ် ကို လူငါးယောက် ဝင်ခွင့်ပြုမှာပါ။ ၁၀ ယောက်ဆိုရင် မှတ်ပုံတင်နှစ်ကတ် ထားခဲ့ရမယ်” လို့ ရန်ကုန်လေဆိပ်မှာ တာဝန်ကျနေတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) မှ အရာရှိတစ်ဦးက ပြောပါတယ်။ ခရီးသည်တွေဟာ ဂိတ်အမှတ် (၃) […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."