ဇန်နဝါရီလထုတ်-၂၀၁၄၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၁)မှ အင်တာဗ ျူ းဆောင်းပါးဖြစ်ပါသည်။
နှင်းကို တွေ့မေးသည်။
မော်ကွန်း။ ။ မြန်မာနိုင်ငံဟာ လှူရေးတန်းရေးလုပ်ငန်းတွေမှာ အမေရိကန်ပြီးရင် ကမ္ဘာမှာ အရက်ရောဆုံးနိုင်ငံ ဖြစ်နေတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံဟာ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် ရပ်တည်နေတယ်။ ဒါတွေဟာ ဘာကြောင့် ဖြစ်ရလဲဆိုတာကို ဆရာမရဲ့ ထင်မြင်ချက်လေး ပြော ပြပေးပါ။
ဒေါ်သန်းမြင့်အောင်။ ။ လှူဒါန်းချင်တဲ့စိတ်ကတော့ မြန်မာလူမျိုး တွေရဲ့ ပင်ရင်းကိုယ်ခံအားလို့ပဲ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်မတို့မြန်မာလူမျိုးတွေဟာ ကြင်နာတတ်တယ်၊ ဗြဟ္မစိုရ် တရားရှိတယ်။ ဒါကို အခြေခံပြီး နေထိုင်လာတဲ့အတွက်ကြောင့် စာနာတတ်တဲ့စိတ်၊ ပေးကမ်းချင်တဲ့စိတ်က လူတိုင်းမှာရှိပါတယ်။
သို့သော် တချို့ကျတော့ လှူတဲ့နေရာလွဲနေတာ တွေ့ရ တယ်။ ကမ္ပည်းထိုးပြီး မှတ်တမ်းတင်ခံရတဲ့နေရာမျိုးမှ လှူချင် တာ။ ကိုယ့်နာမည်ကမ္ပည်းထိုး၊ ကိုယ့်မှတ်တမ်းပါဆိုတဲ့ သဘော ပေါ့။ လှူတာတန်းတာ များလာလေလေ၊ လှူတန်းတဲ့နေရာတွေ ကနေရတဲ့ဘွဲ့တံဆိပ်တွေကို ရဖို့ပဲ ဦးစားပေးလှူကြတာကို တွေ့ရ တယ်။ အဲဒီမှတ်တမ်းတွေကို စုပြီး ဘွဲ့တံဆိပ်တွေရဖို့ လျှောက်ကြ တယ်။ ဘွဲ့တံဆိပ်ဆိုတာကလည်း ကိုယ်လှူဒါန်းခဲ့တာတွေကို မှတ်တမ်းပြုပြီး လျှောက်ယူမှ ရတာကိုး။ အဲဒီလို လှူဒါန်းတာတွေ က ထိရောက်မှုတချို့တော့ ရှိကောင်းရှိမယ်။ ဒါပေမဲ့ အောက်ခြေ လူတန်းစားများရဲ့ ဆင်းရဲနွမ်းပါးမှု လျော့ကျသွားဖို့အတွက် ကိုယ် စားမပြုဘူး။ အားလုံးကိုတော့ မဆိုလိုချင်ပါဘူး။ ပြောချင်တာ ကတော့ လှူဒါန်းမှုလေးတွေ နည်းနည်းလွဲနေတယ်။
နောက်တစ်ခုပြောချင်တာက ဘုရားတည်တာ၊ ကျောင်း ဆောက်တာကို မှားတယ်လို့မဆိုပါဘူး။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ အတွက် သာသနာရဲ့ သင်္ကေတတွေ၊ အထိမ်းအမှတ်တွေကတော့ ရှိရမှာပဲ။ ဒါမှ နောင်လာနောက်သားတွေအတွက် ကိုးကွယ်လို့၊ ကြည်ညိုလို့၊ ရှုမြင်လို့ရမယ်။ သို့သော်လည်း အဲဒီလို လှူတဲ့အပိုင်း မှာ ရှိသလိုမျိုး တစ်ဖက်မှာလည်း နှလုံးသားမှာ ဘုရားတည်တဲ့ အလှူမျိုး ရှိဖို့ လိုလာတယ်။ ဘာလဲဆိုတော့ အသိပညာတွေ၊ အသိဉာဏ်တွေ၊ ဘာသာတရားရဲ့ အဆုံးအမတွေကို ကလေး သူငယ်တွေ၊ အောက်ခြေလူတန်းစားတွေ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲ၊ နှလုံးထဲမှာ ကိန်းအောင်းစေမယ့် အလှူမျိုးဖြစ်စေချင် တယ်။
ဒါက ဘာသာရေးကို အခြေခံတဲ့အလှူမျိုးမှ လှူမယ်ဆိုရင် ပေါ့။ ဘာသာရေးမှာ အခြေခံပြီးလှူတယ်ဆိုတာက ဘုရားတည် တာ၊ ကျောင်းဆောက်တာမှ ဘာသာရေးမဟုတ်ပါဘူး။ ဒါက တော့ ရုပ်လုံးပေါ်တဲ့ နောင်နှစ်ပေါင်းများစွာရှည်ကြာမှ မြင်ရ တဲ့အလှူမျိုးပေါ့။ သို့သော်လည်း မမြင်ရနိုင်တဲ့ သီလစောင့် ထိန်းမှု၊ မမြင်ရနိုင်တဲ့ စာရိတ္တနဲ့ ကိုယ်ကျင့်တရားဆိုတာမျိုးတွေကို အားကောင်းလာစေမယ့် နှလုံးသားမှာ ဘုရားတည်ဆိုတာမျိုးကို လည်း ပိုင်းခြားပြီး လှူစေချင်တယ်။
ပြောချင်တာကတော့ ဒီလို ဘုရား၊ကျောင်း၊ ကန်၊ ဇရပ်ကြီး တွေ ရှိနေသော်လည်းပဲ အောက်ခြေလူတန်းစားတွေရဲ့ နှလုံးသား မှာ ဘုရားမတည်နိုင်ရင်၊ သူတို့ရဲ့ စာရိတ္တတွေကို မြင့်မားအောင် မလုပ်ပေးနိုင်ရင် ဆင်းရဲနွမ်းပါးမှုနွံထဲမှာ ရှာဖွေစားသောက်ရတဲ့ သူတွေရဲ့ လုပ်ငန်းတွေမှာ သမ္မာအာဇီဝ မကျတာတွေပါ ရော ယှက်လာတယ်။ ဥပမာ-အရက်ပုန်းရောင်း၊ နှစ်လုံးရောင်း၊ ချဲ ရောင်းတာတွေပေါ့။ နောက် မူးယစ်ဆေးဝါးကိစ္စတွေပါ ဖြစ်လာ ကြတယ်။ ဆင်းရဲတဲ့အောက်ခြေလူတန်းစားတွေဟာ စီးပွားဖြစ် မဟုတ်တောင်မှ တစ်ပိုင်တစ်နိုင် လုပ်ကိုင်စားသောက်လာတာ တွေ ဖြစ်လာတယ်။
ဆင်းရဲတယ်ဆိုတဲ့နေရာမှာလည်း ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲ မှု(မဝတ်နိုင်၊ မစားနိုင်၊ မသောက်နိုင်)အပြင် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲမှု (အသိဉာဏ်မဖွံ့ဖြိုးမှု၊ စာရိတ္တတွေ၊ ကိုယ်ကျင့်တရား တွေ မထိန်းသိမ်းနိုင်မှု) တွေလည်း ရှိပါတယ်။
ဒီတော့ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲမှုတွေကို လိုက်ဖြည့်ပေးနေ လို့ ဘယ်တော့မှ ပြည့်မှာမဟုတ်ဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေခံသီလတွေကိုပါ ဖြည့်ပေးမှရမယ်။ စိတ်ပိုင်းဆိုင်ရာကို မဖြည့်ပေးတဲ့အတွက် ဆင်းရဲခြင်းကနေ ထွက်ပေါက်ရှာတဲ့ လမ်း ကြောင်းတွေ မှားကုန်ကြတယ်။ ကိုယ့်ရှိတာလေးကို ခြိုးခြံပြီး သုံး ဖို့ဆိုတာကို ဘယ်သူမှမစဉ်းစားကြဘူး။
ပြောချင်တာကတော့ လှူတယ်ဆိုတဲ့နေရာမှာ အသက် မွေးဝမ်းကျောင်းပညာတွေ၊ အသိဉာဏ်တွေကို လှူစေချင်တယ်။ ပညာရေးလုပ်ငန်းတွေမှာ လှူစေချင်တယ်။ ကျန်းမာရေးကို လှူ စေချင်တယ်။ ပညာမြင့်မားပြီး ကျန်းမာရေးကောင်းမယ်ဆို လူ တွေရဲ့ ဆင်းရဲနွမ်းပါးမှုကတော့ လျော့ကျသွားမယ်လို့ ကျွန်မ မြင် တယ်။ အဓိကတော့ အသိပညာ၊ အတတ်ပညာ လှူဒါန်းစေချင် တာပဲ။
မော်ကွန်း။ ။ စောစောကပြောသလို မြန်မာနိုင်ငံအနေနဲ့ အလှူ အတန်းရက်ရောတယ်ဆိုပေမယ့် ဘာသာရေးလုပ်ငန်းတွေမှာပဲ အားကောင်းနေပြီး အမှန်တကယ်လိုအပ်တဲ့ လူမှုရေးလုပ်ငန်း တွေမှာတော့ အားနည်းတာ ဘာကြောင့် ဖြစ်လာရတယ်လို့ ဆရာမ ထင်ပါသလဲ။
ဒေါ်သန်းမြင့်အောင်။ ။ ကျွန်မထင်ပါတယ်။ တကယ်တမ်းလှူကြ၊ တန်းကြတဲ့သူတွေဟာ တတ်နိုင်လို့ လှူတဲ့သူတွေချည်းပါပဲ။ လှူ ချင်တဲ့စိတ်လည်း ရှိလို့ လှူတယ်။ သို့သော်လည်း သူတို့တွေ ဒီ နေရာ (ဘုရားတည်၊ ကျောင်းဆောက်)တွေမှာ လှူကြတယ်ဆို တာ ဟိုနေရာ(အမှန်တကယ်လိုအပ်တဲ့နေရာ)တွေကို မသိတာ လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ လက်လှမ်းမမီတာလည်း ဖြစ် နိုင်တယ်။ ဒါကြောင့် ကိုယ့်နိုင်ငံမှာ ဘယ်လိုလူတွေက ဘယ် လောက်အထိ ဒုက္ခရောက်နေတယ်ဆိုတာကို မီဒီယာတွေက ထောက်ပြစေချင်တယ်။
အခြေခံလူ့အဖွဲ့အစည်းတွေ၊ ကျေးလက်တောရွာတွေမှာ ရှိတဲ့ အုပ်ချုပ်မှုအဆင့်ဆင့်ကလည်း ဘယ်နေရာမှာ ဘာတွေ လို အပ်နေတယ်ဆိုတာကို လှူနိုင်၊ တန်းနိုင်တဲ့သူတွေအထိ အဆင့် ဆင့် သတင်းပို့ဖို့ လိုပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် ပြီးခဲ့သော အစိုးရအဆက်ဆက်က (အခု ဒီကာလမတိုင်ခင်အထိ) ပရဟိတလုပ်ငန်းတွေ၊ ပရဟိတ အဖွဲ့ အစည်းတွေကို သိပ်ပြီးတော့ အားကောင်းမောင်းသန်ဖြစ်ခွင့် မပေးခဲ့ဘူး။ အဆင့်ဆင့်ကို သတင်းပို့တဲ့နေရာမှာလည်း အစိုးရ တာဝန်ရှိတဲ့သူတွေက ဒီနယ်မြေမှာ ကျန်းမာရေးကောင်းသလား ဆို ကောင်းတယ်ပဲ ပြောတယ်။ စီးပွားရေးကောင်းသလား ဆို ကောင်းပါတယ်။ ဖူလုံသလားဆို ဖူလုံပါတယ်ဆိုပြီး ပြန်တင်ပြ ကြတယ်။
တကယ့်တကယ်ကျတော့ မြန်မာနိုင်ငံရဲ့ အစွန် အဖျားတွေ၊ လူသူမရောက်နိုင်တဲ့ဒေသတွေကို ရောက်သွားလေ မူလတန်း ကျောင်းလေးဆိုရင် အမိုးအကာတွေ မရှိဘူး။ စာသင်တဲ့ခုံတွေ မရှိဘူး။ ကလေးတွေအတွက် လုံခြုံမှုမရှိသလို ပညာရေးမှာ သင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ စွမ်းရည်ကလည်း ကလေး တွေကို သင်နိုင်တဲ့ ဆရာကောင်းများရဲ့ စွမ်းရည်မရှိဘူး။
ဥပမာ-ကျွန်မတို့သွားခဲ့တဲ့ မကွေးတိုင်းထဲက ရွာလေးတစ် ရွာဆိုရင် မူလတန်းကျောင်းက လုံးဝကို ပျက်စီးနေတာ။ အကာ အရံတွေကလည်း မရှိသလောက် ကျိုးပဲ့နေတယ်။ ကြမ်းပြင်ဆိုရင် လည်း အပေါက်တွေနဲ့၊ ကလေးတွေအတွက် သိပ်ကို အန္တရာယ် ကြီးပါတယ်။ လှေကားတွေ လက်ရန်းမရှိဘူး။ အချိန်မရွေး ပြုတ် ကျသွားနိုင်တယ်။ စာသင်ခုံတွေ မရှိဘူး။ မရှိလို့ ကိုယ်ထူကိုယ်ထ စနစ်နဲ့ လုပ်မယ်ဆိုပြီး သွားလေ့လာ၊ ဓာတ်ပုံဘာညာရိုက်နဲ့ ကိုယ့်ဘာသာကိုယ် လှူကြမယ်၊ လုပ်ကြမယ်ဆိုတော့ ကျောင်း အုပ်ဆရာမကြီးက လက်မခံဘူး။ ဘာလို့တုံးဆိုတော့ ကျောင်း အုပ်ဆရာမကြီးက ကြောက်လို့ လက်မခံတာ။
အဲဒီဒေသရဲ့ ဖွဲ့စည်းပုံအုပ်ချုပ်မှုပုံစံအဆင့်ဆင့်က ဒီနေရာမှာ ဒီလိုကျောင်းမျိုးရှိပါတယ်ဆိုတာကို ဘယ်သူ့ကိုမှ ပေးမသိစေ ရဘူး။ အစိုးရလည်း မသိစေရဘူး။ ဆိုတော့ အားလုံးကောင်းပါသည်ဆိုပြီးလုပ်ထားကြတော့ ဆင်းရဲမှုက ပိုရှည်လာတာပေါ့။ တကယ်လို့သာ မူလတန်းကျောင်းကို ပြင်ခွင့်ပေးမယ်ဆိုရင် ကျွန်မတို့ပဲ မတတ်နိုင်ရင် တတ်နိုင်တဲ့သူတွေ အလှူခံမှာပေါ့။ ဒီ လူတွေကလည်း တကယ်လိုအပ်နေတယ်ဆိုရင် လှူမှာပဲ။ ကိုယ့် အတွက် ဘွဲ့လိုချင်တဲ့သူကသာ မလှူမှာ၊ လှူချင်တဲ့စိတ် ရှိတဲ့သူ ကတော့ လှူမှာပါပဲ။
အဲဒီတော့ အလှူအတန်း ရက်ရောပါတယ်ဆိုတဲ့သူတွေ အတွက်လည်း ဘယ်နေရာမှာတော့ ဘယ်လိုလှူရင် ထိရောက် တယ်ဆိုတာ သိခွင့်မရှိတာတွေ ရှိပါတယ်။ ခေတ်စားနေတဲ့စကား လိုပြောရင် ပွင့်လင်းမြင်သာမှု မရှိတာပဲ။ အခု ဒီဘက်ခေတ်မှာ ပြည်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောရဲဆိုရဲ ရှိလာပြီ ဆိုပေမယ့် အစိုးရအဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေ တဲ့သူတွေက ပြောရဲဆိုရဲရှိဖို့ လိုသေးတယ်။ အရင်လိုပဲ မပြောရဲ၊ မဆိုရဲ နေလို့မရတော့ဘူး။ အုပ်ချုပ်မှုအဆင့်ဆင့်ရဲ့ အောက်ခြေ အဖွဲ့အစည်းလေးတွေက မပြောရဲသေးဘူး။
နောက်တစ်ခုက ပညာသည် ဆင်းရဲခြင်းရဲ့ ထွက်ပေါက်ပဲ။ တစ်နိုင်ငံလုံး ပညာတတ်မဖြစ်သေးသရွေ့ အဆင့်မြင့်ပညာရေး သင်ကြားခွင့်မရသေးသရွေ့တော့ ကျွန်မတို့ မြန်မာနိုင်ငံဟာ ဆင်းရဲခြင်းကနေ လွတ်မှာမဟုတ်သေးဘူး။
မော်ကွန်း။ ။ ဆရာမပြောသလို တကယ်တမ်း အလှူအတန်းရက် ရောတဲ့ အလှူရှင်တွေအတွက် ဘယ်နေရာတွေမှာ ဘယ်လို လှူဒါန်းရင်တော့ ဘယ်လိုအကျိုးရတယ်ဆိုတာကို တကယ်တမ်း လမ်းညွှန်ပေးနိုင်ဖို့ သံဃာတော်တွေရဲ့ အခန်းကဏ္ဍကလည်း ဘယ်လောက်အထိ အရေးပါတယ် ဆိုတဲ့အပေါ်မှာ ဆရာမရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။
ဒေါ်သန်းမြင့်အောင်။ ။ အရမ်းအရေးပါပါတယ်။ ကျွန်မတို့ဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက်ကြောင့် သံဃာတော်တွေကနေ လူထုကို ဦးဆောင်တဲ့နေရာမှာ အထိရောက်ဆုံးပဲ။ တရားဟော ဓမ္မကထိက ပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတွေဟာ သူတို့မှာရှိတဲ့ ဒကာ၊ ဒကာမတွေ၊ လှူနိုင်တန်းနိုင်တဲ့သူတွေအများကြီးပဲ။ ဒါ ကြောင့် ကျွန်မတို့ ပရဟိတသမားတွေက သံဃာတော်တွေကို သိပ်အားကိုးတာပဲ။ ဘယ်နေရာမှာ ဘာလိုတယ်ဆိုတာကို ကျွန်မ တို့က သိတယ်။ ရဟန်းသံဃာတော်တွေကို လျှောက်တင်မယ်၊ သတင်းအချက်အလက်ပေးမယ်။ ဆရာတော်၊ သံဃာတော်တွေ ကနေ သူတို့ရဲ့ ဒကာ၊ ဒကာမတွေကို ဒီနေရာတွေမှာ လှူကြဖို့ လမ်းညွှန်ပေးလို့ရတယ်။ အစိုးရလုပ်လို့ တိုက်ရိုက်ရောက်ချင်မှ ရောက်မယ်၊ ရဟန်းသံဃာတွေ လုပ်ရင် တိုးလျှိုပေါက် ရောက်ပါ တယ်။
တကယ့်ကို သွားရလာရခက်ခဲတဲ့ ပြည်သူလူထုတိုင်းရင်း သားတွေ၊ တကယ့်ဆင်းရဲတဲ့သူတွေ လက်ထဲကို ရောက်မှ ဆင်း ရဲနွမ်းပါးတဲ့ မိသားစုတွေထဲက ကလေးသူငယ်တွေဟာ ပညာ တတ်တွေ အများကြီး ဖြစ်ဖို့လိုတာပါ။ အခုဖြစ်နေတာက အဲဒီ ကလေးတွေက ပညာတတ်ဖြစ်စရာအကြောင်းမရှိသလိုကို ဖြစ် နေတာ။ စောစောကပြောခဲ့သလို ပညာဆိုတာ ဆင်းရဲခြင်းရဲ့ ထွက်ပေါက်ပဲလေ။ ပညာဆိုတဲ့နေရာမှာလည်း အတန်းပညာတင် မဟုတ်ဘူး။ အတတ်ပညာကလည်း ပညာပဲ။
မော်ကွန်း။ ။ ဘုန်းတော်ကြီးတွေ၊ ဆရာတော်၊ သံဃာတော်ကြီး တွေဟာ လူတွေကို သံသရာမှ လွတ်ရာလွတ်ကြောင်းကို လမ်း ညွှန်လမ်းပြပေးနေကြသလို ဆင်းရဲတွင်းထဲ ရောက်နေတဲ့ လူတွေ ကိုလည်း ဆွဲထုတ်ကယ်တင်နိုင်ဖို့ဆိုရင် ဘုန်းတော်ကြီးတွေ အနေနဲ့ ဘယ်လိုမျိုးလမ်းòန်မှုတွေ ပေးသင့်ပါသလဲ။
ဒေါ်သန်းမြင့်အောင်။ ။ တကယ့်တကယ်ကျတော့ သံဃာတော် တွေရဲ့ အလုပ်ဟာ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ အားထုတ် တယ်။ ပြီးတော့ လူပုဂ္ဂိုလ်တွေကို နိဗ္ဗာန်ရောက်နိုင်မယ့် နည်း လမ်းကောင်းတွေကို ပေးကြဖို့ ဟောပြောညွှန်ပြ လမ်းပြပေးတာ ဟာ မြတ်စွာဘုရားလမ်းòန်တဲ့ သံဃာတော်တွေရဲ့ အဓိက အလုပ်ပဲ။ ကိုယ်ကျင့်တရားတွေ မြဲမြံလာအောင်၊ သီလဆောက် တည်လာနိုင်အောင်၊ သံသရာတိုအောင် ဟောပြောလမ်းညွှန် ပေးတာဟာ သံဃာတော်တွေရဲ့ အလုပ်ပဲ။
သို့သော် မြန်မာနိုင်ငံမှာတော့ အဲဒီလောက်နဲ့ မလုံလောက် တော့ဘူး။ ဒါကြောင့် သံဃာတော် တွေဟာ လူပုဂ္ဂိုလ်လူတန်းစား မရွေးကို ကယ်တင်တဲ့၊ စိတ်ဓာတ် ပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေ အပြင် ရုပ်ပိုင်းဆိုင်ရာတွေကို ကယ်တင်လှူဒါန်းရတဲ့ အလုပ်တွေ ကို လုပ်လာရတယ်။ သူတို့ကိုယ်တိုင် လှူနိုင်ရင် လှူတယ်။ မလှူ နိုင်ရင် ဒကာ၊ ဒကာမတွေရဲ့ အင်အားကို ယူတယ်။ ဘာသာရေး ဆန်ဆန်၊ လူမျိုးရေးဆန်ဆန် ပဋိပက္ခတွေ၊ မငြိမ်းချမ်းတဲ့ လက် နက်ကိုင်အုပ်စုတွေကြားထဲမှာလည်း ဆရာတော်တွေက ဝင် ရောက်ဖြေရှင်းပေးနေရတယ်။
ရုပ်ပိုင်းဆိုင်ရာ ဖြေရှင်းပေးမှု ဆိုရင် အဝတ်အထည်တွေ၊ အစား အစာတွေကိုလည်း ဆရာတော် တွေက ဖြေရှင်းပေးနေရပါ တယ်။ ဆိုတော့ ဆရာတော်တွေရဲ့ အခန်းကဏ္ဍမှာဆိုရင် သူတို့ရဲ့ ဒကာ၊ ဒကာမတွေကို စည်းရုံးသိမ်းသွင်းပြီးတော့ တကယ်လို အပ်တဲ့နေရာတွေမှာ ဆရာတော်တွေက ဆောင်ရွက်ပေးနေရ တယ်။ ဒါပေမဲ့ ဆရာတော်တိုင်းကတော့ ဒါတွေကို လုပ်ပေး နိုင်မှာမဟုတ်ဘူး။ ဆရာတော်တွေထဲမှာ တစ်ပိုင်းက တရားဓမ္မနဲ့ မြန်မာနိုင်ငံကို တည်ဆောက်နိုင်ဖို့ စိတ်ပိုင်းဆိုင်ရာတည်ဆောက် မှု။ နောက်တစ်ပိုင်းကတော့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ ပါ တည်ဆောက်မှုကို လုပ်ရတယ်။
ဒါတွေကို ဆရာတော်တွေက လမ်းညွှန်ပေးနေပါတယ်။ သို့သော် ပထမဦးစားပေးအဖြစ် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ဆိုကြတယ်။ လူတိုင်းရဲ့ရင်ထဲမှာ ယူချင်တဲ့စိတ်တွေထက် ပေးချင် တဲ့ စိတ်တွေကို သွင်းပေးဖို့ လိုမယ်လို့ ထင်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဆင်းရဲတွင်း နက်နေ တဲ့ ပြဿနာအရပ်ရပ်ကို ကြည့်ရင် သိရကြားရတဲ့ သတင်းအချက်အလက်တွေရဲ့ အား နည်းမှုကို ပထမတွေ့ရတယ်။ ဒါတွေကို ကျယ်ပြန့်အောင်သိဖို့ လုပ်ရမယ်။ နောက်တစ်ခုက ကျွန်မတို့ အနယ်နယ်အရပ်ရပ်သွား တဲ့အခါမှာ ဆရာတော်၊ သံဃာတော်တွေရဲ့ အခန်းကဏ္ဍအား ကောင်းတာတွေလည်း တွေ့ရပါတယ်။ တစ်ပိုင်တစ်နိုင် ဘက ကျောင်း(ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)တွေ လုပ်တာရှိ တယ်။ ပရဟိတဂေဟာတွေ တည်ဆောက်တာ တွေ့တယ်။ တဖြည်းဖြည်းတော့ အားကောင်းလာမှာပါ။ နောက်ပိုင်းမှာ သံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ ဒီပရဟိတ လုပ်ငန်းတွေမှာ ပိုပြီးတော့ အားကောင်းလာပါလိမ့်မယ်။
မော်ကွန်း။ ။ ဆရာမအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသေး သလဲ။
ဒေါ်သန်းမြင့်အောင်။ ။ ဆင်းရဲတာကတော့ လှူဒါန်းမှုကြောင့် ဆင်းရဲနေတာမဟုတ်ဘူး။ ဒါဆို သူ့ဘာသာသူ ဆင်းရဲတာလား ဆိုတော့လည်း မဟုတ်ဘူး။ လှူဒါန်းမှုတွေက တချို့နေရာတွေမှာ မှားယွင်းနေတဲ့အတွက်ကြောင့်ပဲ။ လှူဒါန်းမှုတွေထဲမှာ ရုပ်ပိုင်း ဆိုင်ရာတွေအပြင် စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်တွေပါ လှူဒါန်း တဲ့ပုံစံမျိုးတွေ လိုအပ်နေသေးတယ်။ အလှူတကာ့အလှူထဲမှာ ဘယ်အလှူအမြတ်ဆုံးလဲဆိုရင် ကျွန်မတို့ဗုဒ္ဓဘာသာမှာတော့ တရားအလှူက အမြတ်ဆုံးပဲ။ မိဘကျေးဇူးကိုတောင် တရားနဲ့ ဆပ်ခဲ့သေးတာပဲ။ တရားဆိုတာ ဘာလဲ၊ အသိပဲ၊ ဉာဏ်ပဲ။ ဒီအသိ ရှိရင် ဆင်းရဲရင်လည်း ဆင်းရဲပျော်တယ်။ ငတ်ရင်လည်း ငတ် ပျော်တယ်။ ငါ ဒီမနက် ထမင်းတစ်နပ် မစားရဘဲနဲ့ မနေနိုင်ဘူး ဆိုတာ အသိမရှိသေးလို့ပဲ။ ငါ ထမင်းတစ်နပ်မစားရရင်လည်း ဟောဒီသီလလေးကို စောင့်လိုက်ရတဲ့အတွက်၊ မကောင်းတာ လေးကို မကျင့်လိုက်တဲ့အတွက် ငါအငတ်ခံနိုင်တယ်ဆိုတာ အင်အားပဲ။
ပြောကြပါတယ်၊ အူမတောင့်မှ သီလစောင့်နိုင်တာဆိုတာ မျိုး။ အူမတောင့်ပြီး သီလမစောင့်နိုင်တာတွေ အများကြီးပဲ။ ရဟန်းသံဃာတွေ၊ ထေရ်ကြီးဝါကြီးတွေဆိုရင် အူမမှ မတောင့် တာ ဘာလို့သီလစောင့်နိုင်တာလဲ။ ထမင်းတစ်နပ်ပဲစား၊ ဆွမ်း တစ်နပ်ပဲ ဘုဉ်းပေးပြီးတော့ ဘာကြောင့် သီလစောင့်နိုင်တာလဲ။ သီလဆိုတဲ့စိတ်ကလေးရဲ့ တန်ခိုးနဲ့ အူမက အလိုလို တောင့်လာ တာပါ။
စိတ်ဓာတ်စွမ်းအင်တွေ၊ ခံနိုင်ရည်ရှိမှုတွေဟာ ဘယ် လောက် ငါတို့ဆင်းရဲ၊ ဆင်းရဲ သီလမပျက်ဘူးဆိုတဲ့ ခံနိုင်ရည်ရှိတဲ့ စိတ်စွမ်းအင်တွေဖြစ်ဖို့အတွက် တရားအလှူလိုပါတယ်။ ကိုယ် ကျင့်တရားအလှူတွေလိုပါတယ်။ ရုပ်ဝတ္ထုတွေဖြစ်တဲ့ ငွေကြေး အလှူထက် တရားအလှူ၊ အသိÓဏ်အလှူတွေလည်း လိုပါ တယ်။ ရုပ်ဝတ္ထုဖြစ်တဲ့ တန်ဆောင်းကြီးဆောက်လိုက်မယ့်အစား စာသင်ကျောင်းကြီး ဆောက်လှူလိုက်မှာပေါ့။ တကယ့်လိုအပ်တဲ့ နေရာတွေမှာ လှူဖို့လည်း အရေးကြီးပါတယ်။ ။ အပိုင်း( ၂ )သို့

